S & H Essentials

S & H Essentials

Share

Direct Product from BKK, check our timeline... Right Quality, Right Price, Right Customers...

31/08/2021

ကျွန်မရဲ့မိတ်ဆွေတစ်ဦးဟာ..လွန်ခဲ့တဲ့ငါးလလောက်က..အိမ်ထောင်ဘက်ဆုံးပါးသွားခဲ့ပါတယ်..

မမျှော်လင့်ဘဲနဲ့ အသက်ငယ်ငယ်နဲ့..ရုတ်တရက်ဆုံးပါးသွားခဲ့တော့.. ကျန်ခဲ့ရတဲ့သူမှာလည်း ချက်ချင်းအရုပ်ကြိုးပြတ်ဖြစ်သွားတယ်..ပတ်ဝန်းကျင်ကမိတ်ဆွေတွေအကုန်လုံးကို တရားတွေအများကြီးပြသွားခဲ့တယ် ..

အခုတော့ကျွန်မရဲ့မိတ်ဆွေက..သူလုပ်နေကျအလုပ်ကလေးတွေပြန်လုပ်နေနိုင်ပါပြီ ..သူ့ရဲ့Comment တွေ..သူတင်တဲ့ပို့စ်လေးတွေကို..တွေ့တိုင်းစိတ်ထဲမှာ..သူ့အတွက် စိတ်မကောင်းဖြစ်ရင်းကနေ..ဝမ်းသာမိပါတယ်..သူဟာဘဝကိုဆက်လက်ပြီး.. ရှင်သန်နေပြီပဲလျှောက်လှမ်းနေပြီပဲ..Move on လုပ်နေပြီ​ ပဲလို့.. ဖြစ်ရတယ်..

အခုအချိန်မှာ..လူတွေ..အတော်များများကစိတ်အဆင်မပြေမှုတွေနဲ့အတူ ဝမ်းနည်း ကြေကွဲမှုတွေ..အထီးကျန်အားငယ်မှုတွေ ..ကြောက်ရွံမှုတွေအများကြီးရှိနေကြတယ် ..

ဒီလို ခံစားမှုတွေဖြစ်ပေါ်လာခဲ့ရင်အချိန်ယူပြီး ကုစားနိုင်ဖို့က..အရေးကြီးပါတယ်.. ကိုယ့်စိတ်ကို..ကိုယ်နားလည်ဖို့ကအဓိကပါပဲ ..ဖြစ်နေတဲ့စိတ်ခံစားမှုတွေကိုအကုန်လုံး တစ်ခဏလေးနဲ့ပျောက်ကွယ်သွားအောင်.. အတင်းဖျစ်ညှစ်ပြီး ပျော်အောင်နေလိုက်ဖို့..မေ့ပစ်လိုက်ဖို့..ဆိုတာထက်..ကိုယ့်ရဲ့နာကျင်မှုခံစားရမှုတွေကို အချိန်တစ်ခုပေးပြီး ကိုယ်ကိုယ်တိုင် ကုစားမှသာ.. ရှေ့ဆက်ပြီး..ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်..

ကိုယ့်ရဲ့ကြေကွဲမှုတွေကိုအပြစ်တင်နေဖို့မလိုဘူး ..ပုံမှန်ဘဝထဲကိုပြန်မရောက်နိုင်တဲ့အတွက်..ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေဖို့မလိုဘူး..ဝမ်းနည်းကြေကွဲမှုတွေကို အချိန်အတိုင်းအတာတစ်ခုအထိခွင့်ပြုထားပေးဖို့..နားလည်ပေးဖို့လိုပါတယ်

ဒီလို..ကုစားတဲ့နေရာမှာ..စိတ်ကို အေးငြိမ်းအောင်..သတိနဲ့နေဖို့ Mindful ဖြစ်နေဖို့လည်းလိုပါတယ် ..ဒါဟာအကောင်းဆုံးသောစိတ်ကုသနည်းပါပဲ.. ကိုယ့်စိတ်ထဲမှာဖြစ်ပေါ်လာသမျှ နာကျင်မှုတွေ..ခံစားမှုတွေကိုသတိနဲ့သိပေးနေပြီး.. ဒီလိုခံစားနေရတာဟာကိုယ်တစ်ယောက်ထဲမဟုတ်ပါလား.. တခြားသောသူတွေလည်း..ဒီလိုအခြေအနေတွေကို...ကြုံဆုံ..
ဖြတ်ကျော်ခဲ့ဖူးကြတယ်.. သူတို့လည်း..နောက်ဆုံးမှာ..
ဘဝကိုရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ကြတာပဲလို့..ကိုယ့်ကိုယ်ကိုယ် ဖြေဆေးပေးကြည့်ပါ..

ဒီလိုသတိရှိတာဟာ..တရားတွေစွတ်ထိုင်နေဖို့ ဆိုလိုခြင်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုမေတ္တာတရားနဲ့ နှစ်သိမ့်ပြီး...အသိအမှတ်ပြုပေးဖို့သာ ဖြစ်ပါတယ်..

ကိုယ်ကိုယ်တိုင်နေထိုင်မကောင်းလို့ပဲဖြစ်ဖြစ် ..ကိုယ့်ဘေးနား.. ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက်ယောက်နေထိုင်မကောင်းလို့ပဲဖြစ်ဖြစ်.. ကွယ်လွန်သွားလို့ပဲဖြစ်ဖြစ်.. စိုးရိမ်ပူပန်မှုတွေ...ဝမ်းနည်းကြေကွဲမှုတွေ...ဆုံးရှုံးစွန့်လွှတ်ရမှုတွေကိုကြုံဆုံရတဲ့အခါ ချစ်ခြင်းမေတ္တာနဲ့ အားပေးမှု တွေကို..လိုအပ်တတ်ကြပါတယ်

ကိုယ့်ကိုအားပေးနိုင်တဲ့..စိတ်ခွန်အားပေးနိုင်တဲ့.. ကိုယ့်ရဲ့ခံစားချက်တွေကိုမျှဝေပေးနိုင်တဲ့.. ကိုယ်ချစ်ရတဲ့သူတွေကို အားပေးခွင့်ပြုသင့်ပါတယ်..

တချို့တွေကဝမ်းနည်းကြေကွဲမှုတွေကိုကြုံဆုံရတဲ့အခါမှာ လုံးဝတိတ်ဆိတ်ပြီး.. အမှောင်ကမ္ဘာထဲကို တိုးဝင်နေလိုက်ကြတာမျိုးရှိတယ် ကျွန်မရဲ့ချစ်ခင်ရတဲ့ ညီမလေးတစ်ယောက်ဆိုရင်..အခုဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး သူကအတော်စိတ်ထိခိုက်နေပါတယ်..

Profile Picture ကိုတောင် အမဲရောင်ပြောင်းထားခဲ့တာ..
လပေါင်းများစွာကြာခဲ့ပြီပဲ.. ဘာမှဆက်သွယ်လို့လည်းမရဘူး ..ဖုန်းဆက်တော့လည်းမကိုင်ဘူး.. မိတ်ဆွေတွေ..သူငယ်ချင်းတွေအကုန်လုံးကို..အဆက်အသွယ်ဖြတ်လိုက်ပြီး တစ်ယောက်တည်းတိတ်ဆိတ်ငြိမ်သက်နေတဲ့သဘောပါပဲ.. သူဘာဖြစ်လို့ဖြစ်နေမှန်း..ကျွန်မတို့က..မသိကြဘူး ချစ်ခင်တဲ့သံယောဇဥ်တွေရှိကြတော့လည်းစိတ်ပူမိတာပါပဲ..

တကယ်တော့ အခုအချိန်မှာလူတွေအတော်များများဟာ စိတ်ထိခိုက်နေရတာ အမှန်ပါပဲ... ဒီလိုအချိန်မှာတစ်ယောက်ကို တစ်ယောက်
အားပေးဖို့လိုပါတယ်..ကျွန်မဆိုရင်...မကြာခဏသူငယ်ချင်းတွေနဲ့စကားပြောတယ်. . ကိုယ်နဲ့သိပ်မရင်းနှီးပဲအကြာကြီးဝေးကွာနေကြတဲ့သူငယ်ချင်းတွေနဲ့တောင် ပြန်အဆက်အသွယ်လုပ်ပြီး..Message လေးတွေ ပို့ဖြစ်တယ်..ကျန်းမာရေး အကြောင်း..မိသားစုအကြောင်း..
အလုပ်အကြောင်း မေးဖြစ်တယ်..

ဘာမှတော့အရေးမကြီးပါဘူး..ကိုယ့်အကြောင်းလေးတွေပြောပြရင်းသူ့အကြောင်းလေး..ပြန်သိရတော့ နှစ်သိမ့်ပေးနိုင်တာပေါ့.. ကိုယ့်တစ်ယောက်တည်း..ခက်ခဲနေတာမဟုတ်ဘဲနဲ့..သူ့မှာလည်းခက်ခဲမှုတွေရှိတယ်.. ကိုယ်တစ်ယောက်တည်းနာကျင်နေရတာမဟုတ်ဘဲနဲ့..သူလည်း..နာကျင်နေရတာပဲ ..တစ်ခါတစ်လေကျတော့ ..ငါတို့အားလုံး..ဒီလို..ခံစားနေရတာပါလား..ဆိုတဲ့စိတ်ကကျွန်မတို့ကို.
အများကြီး
ဖြေသိမ့်နိုင်မှု..နှစ်သိမ့်နိုင်မှု...ပေးနိုင်တာကိုတွေ့ရတယ်..

ဘယ်တော့မှပြန်တွေ့ခွင့်မရတော့တဲ့ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို သတိရလွမ်းဆွေးမှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ..ပုံစံပြောင်းပြီး
လျော့ပါး
သွားမှာဖြစ်ပါတယ် ..ဒါပေမဲ့..သူ့ကို
ဘယ်တော့မှ..သတိမရတော့ဘူးဆိုတာမျိုးတော့..ရှိလာမှာမဟုတ်ပါဘူး ..သူ့ကိုမေ့လျော့သွားမယ်ဆိုတာဘယ်တော့မှရှိမှာမဟုတ်ပါဘူး..

သူ့ကိုသတိရတိုင်းမှာ..သူနဲ့ပတ်သက်တဲ့ ကောင်းကြောင်းကလေးတွေကိုတွေးနိုင်ပါတယ် ..သူ့ကိုရည်စူးပြီး အလှူဒါနလုပ်ပေးတာ.. ဆုတောင်းပေးတာတွေလည်း လုပ်ပေးနိုင်ပါတယ်..

အရမ်းကိုဆိုးရွားတယ်လို့ခံစားနေရတဲ့အခြေအနေမှာတောင်မှ..ကျွန်မတို့ရဲ့ဘဝမှာ ကောင်းခြင်းတွေရှိနေသေးတာကိုသတိထားပြီးကြည့်ပါ.. ကောင်းတဲ့မိတ်ဆွေတွေ ရှိနေတာ..နေလို့စားလို့ရနေသေးတာ.. ကိုယ်ကိုယ်တိုင်အသက်ရှင်နေသေးတာဟာ..ကျေးဇူးတင်စရာတွေပါပဲ ..

ကိုယ်ရရှိထားတဲ့ကောင်းသောအရာတွေကိုဘယ်တော့မှမေ့လျော့ခြင်းမရှိပါစေနဲ့..
ဒီလိုနဲ့ပဲ..ကျွန်မတို့က ဘဝကိုရှေ့ဆက်သွားရမှာပဲဖြစ်ပါတယ်..

မွန်ဟော်စီ
၂၀၂၁ သြဂတ်စ်



#မနက်စာအာဟာရ

Photo
Pixabay

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon