Top One Princess's Box
Online Shoping အသက် 23 -50 အတွင်း
29/01/2023
Vimax Male Exhancement(အမျိုးသားဟော်မုန်းအားဖြည့် ကြီးကြာရှည် ရာသက်ပန်ရေရှည်ထိရောက်တဲ့ဆေးပါ
1ဘူး 55000 Ks ပါ
ထုတ်လုပ် - Made in Canada (60capsule)
☎☎-09 788 955 050
ကို ဆက်သွယ်မှာယူနိင်ပါတယ်နော်
အာမခံချက် - GMP, ISOတောက်ခံမူရပြီးတာပါ Vimax က ဘာကြောင့် ကမ္ဘာကျော်နေရသလဲဆိုရင် ပါ၀င်ထားတဲ့ ပေါက်နွယ်ဥ၊ ဂျင်ကိုမြစ်၊ ဂျင်ဆင်းမြစ်၊ စတဲ့ သဘာဝဆေးဥ၊ ဆေးမြစ် (၁၀) မျိုးတို့ဟာ အမျိုးသားများရဲ့ လိင်တံကြွက်သားများကို သန်မာဖွံ့ဖြိုးလာစေပြီး ခံစားမှုဆိုင်ရာ အာရုံကြောများကို အားကောင်းလာစေနိုင်လို့ပဲ ဖြစ်ပါတယ်။
Vimax ကို သောက်လိုက်ရင် အမျိုးသားအင်္ဂါနဲ့သက်ဆိုင်တဲ့ အာရုံခံစားမှုကို နှိုးဆွပေးပြီး ကြွက်သားများ၏ လှုပ်ရှားမှုကို အားကောင်းလာစေကာ လိင်အင်္ဂါကို ကြီးထွားလာစေပါတယ်။ ဖိုမစိတ်ဆန္ဒကို ပြည့်ဝစေပြီး အိမ်ထောင်ဖက်ကိုလည်း အားရကျေနပ်စေကာ အိမ်ထောင်ဖက်ရဲ့ ချစ်ခင်စွဲလမ်းမှုကို ပိုမိုရရှိစေပါတယ်။
အမျိုးသားများရဲ့ မျိုးပွါးအင်္ဂါအစိတ်အပိုင်းကိုသာ ကြီးထွားသန်မာစေပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးများ မဖြစ်ပါဘူး။ ကျန်းမာရေးပါရဂူကြီးများကိုယ်တိုင် စနစ်တကျ ဓါတ်ခွဲစမ်းသပ်ပြီး ကျန်းမာရေးထောက်ခံချက် လက်မှတ်ရရှိထားပြီး တစ်ကမ္ဘာလုံးမှာ သုံးစွဲနေကြတဲ့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။
ပါဝင်သောပစ္စည်းများ=သဘာဝထုတ်ကုန်ဖြစ်ခြင်း ! အရည်အသွေးမြင့်ဂျင်ဆင်း။ဆေးဘက်ဝင်ငရုတ်သီး။
ကမ္ဘာဦးသစ်ပင်အရွက်။ ဦးနှောက်ခွန်အားဖြည့်ဂျုံရိုးတံ ဆေးထန်းပင် ဗီတာမင်E တို့ပါဝင်သည်။
Vimax ၏ အကျိုးအာနိသင်များ
(၁) အမျိုးသားများ၏ လိင်တံကို ကြီးထွားသန်မာလာစေမည်။
(၂) ကျောက်ကပ်နှင့်နှလုံး အားကောင်းလာ၍ သုတ်လွတ်မြန်ခြင်းကို ထိန်းထားနိုင်ကာ လိုအင်ဆန္ဒပြည့်၀လာစေမည်။
(၄) အိပ်မက်ထဲသုတ်လွတ်ခြင်းကို ပျောက်ကင်းစေမည်။
(၅) အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်းတို့ကြောင့် စိတ်မရွှင်လန်းခြင်းကို ပျောက်ကင်းစေပြီး ကာမအာရုံကြောများ အားကောင်းလာစေမည်။
(၆) အိမ်ထောင်ဖက်ကို အားရကျေနပ်မှု ပေးစွမ်းနိုင်၍ ချစ်ခင်စွဲလမ်းမှုကို ပိုမိုရရှိစေမည်။
(၇) မျိုးပွါးအကောင်ရေ နည်းပါးခြင်း၊ သုတ်ရည်ကျဲခြင်းတို့ကြောင့် သားသမီးရတနာ မထွန်းကာသူများကို ထွန်းကားလာစေမည်။
အကြံပြုချက်
သင့်အနေနဲ့ ကျားခွန်အားတိုးကို သောက်သုံးမယ်ဆိုရင် စျေးပေါတဲ့ဆေးများကို လိုက်ရှာမနေပဲ စျေးကြီးပေမယ့်
အန္တရာယ်ကင်းပြီး တကယ်ထိရောက်စေမယ့် Vimax တို့လို ဆေးကောင်းများကိုသာ ရွေးချယ်သောက်သုံးဖို့ အကြံပြု
20/10/2022
************************
အိပ်မက်မက်ရခြင်းအကြောင်း တရား
◼☘◼☘◼☘◼☘◼☘◼☘◼☘
အိပ်မက်မက်တယ်ဆိုတာ အကြောင်းမဲ့ ဖြစ်တာလား ဆိုတော့ လောကမှာ အကြောင်းမ ရှိပဲနဲ့ ဘာတစ်ခုမှ မဖြစ်ဘူး။ အိပ်မက်မက်တာ လည်း အကြောင်းရှိတယ်။ အိပ်မက်မက်ခြင်းရဲ့ အကြောင်း တရား လေးမျိုးရှိတယ်လို့ ပါဠိစာပေ ကျမ်းဂန်မှာ ဖော်ပြထားတယ်။
==============================
၁။ ဓါတုက္ခေဘ = ဓါတ်ကြီးလေးပါး မညီမမျှ ဖြစ်ပြီး မငြိမ်မသက် ဖြစ်နေတဲ့ အချိန်ခါမျိုးမှာ အိပ်ပျော်နေရင်း စိတ်ခံ စားမှုတွေ ဖြစ်ပေါ်လာပြီး အိပ်မက်မက် တတ်တယ်။ ခန္ဓာကိုယ်ကြီးဟာ မလှုပ် နိုင်၊ မယှက်နိုင်နဲ့ တောင့်တင်းနေတဲ့ အခါ မျိုးတွေ၊ ထလို့မရတဲ့အခါမျိုးတွေ ရှိတယ်။ အဲဒါ ပထဝီဓါတ် လွန်ကဲနေတာ။ ခန္ခာကိုယ်ဟာ ပူလောင်နေတဲ့ အခါ၊ အေးစိမ့်နေတဲ့အခါ အိပ်မက်ထဲ မှာ မီးတွေ လောင်နေတယ်လို့ မြင်မက် တတ်ပါတယ်။ အဲဒါ တေဇောဓါတ် လွန်ကဲနေတာ။ အာပေါဓါတ်တွေ လွန်ကဲ နေပြီဆိုရင် ရေကူးနေရတဲ့ အိပ်မက်မျိုးတွေ မက်တတ်တယ်ပေါ့။ ဝါယောဓါတ်တွေ လွန်ကဲ လာပြီဆိုရင် လည်း ခန္ဓာကိုယ်ဟာ ကောင်းကင် ပျံ တက်သွားရသလို အိပ်မက်မျိုးတွေ မက်တတ် တယ်ပေါ့။ အဲဒီလို ဓါတ်လေး ပါးချောက်ချားပြီး မညီညွတ်ရင်လည်း အိပ်မက်မက်တတ်တယ်။
==============================
၂။ အနူဘူတပုဗ္ဗ = လွန်ခဲ့သောအတိတ်က တွေ့ကြုံ ခံစားဖူးတဲ့ အတွေ့အကြုံတွေကို စွဲပြီးတော့ ညကျလို့ရှိရင် အိပ် မက်မက်လေ့ရှိကြ တယ်။
==============================
၃။ ဒေဝတောပသံဟာရ = နတ်တွေ အိပ်မက် ပေးလို့ မက်တဲ့ အိပ်မက်မျိုး လည်း ရှိတတ်တယ်။ သူတို့က အိပ်မက် မက်အောင်ပြတဲ့အခါမျိုးတွေ မှာ လူတွေဟာ အိပ်မက် မက်လေ့မက်ထ ရှိတယ်။
==============================
၄။ ပုဗ္ဗနိမိတ္တ = ပုဗ္ဗနိမိတ်ဆိုတာ မဖြစ် ခင်က ကြိုတင်ပြီး ဖြစ်မဲ့အရာတွေကို ဖော်ညွှန်းတဲ့ အနေနဲ့ နိမိတ်ပြတဲ့အနေနဲ့ အိပ်မက်မက်တာမျိုး တွေ ဖြစ်တတ်တယ်။ အဲဒါကျတော့ လောက လူသားတွေနဲ့ ဆက်စပ်နေတဲ့ ကုသိုလ်၊ အကု သိုလ် ကြောင့်လည်း ပုဂ္ဂိုလ်တစ်ဦး တစ် ယောက် မှာ အကြောင်းထင်ဟပ်လာပြီးတော့ မက်တာမျိုး လည်းရှိတယ်။
==============================
ဗုဒ္ဓဘုရားရှင်ရဲ့မယ်တော် မာယာဒေဝီဟာ ဘုရားလောင်းလေး သန္ဓေခတော့ နတ်မင်းကြီးလေးပါးက မိမိအိပ်နေတဲ့ သလွန်ကို ထမ်းယူပြီး ဟိမဝန္တာတောင်က ငွေတောင်ဘက် ကို သယ်ဆောင်သွားတယ်။ လိုဏ်ဂူအတွင်းမှာ သလွန်ကို ထားပြီးတော့ ရေမိုးချိုး သန့်စင်ပြီး အိပ်နေရတယ်။ အနီးမှာကျက်စားနေတဲ့ ဆွတ်ဆွတ် ဖြူတဲ့ ဆင်ဖြူတော်ကြီးဟာ ရွှေတောင်ကြီး ပေါ်ကဆင်းလာပြီး မယ်တော် မာယာလျောင်းစက်နေတဲ့ အခန်းထဲကို ဝင်လာ ပြီး လက်ယာရစ် လှည့်ကာ လက်ယာနံပါးကို ဖောက်ထွင်းပြီး ဝမ်းထဲဝင်သွားတယ်လို့ မြင်မက် တယ်။ အဲဒါဘုရားလောင်းလေး သန္ဓေခတုန်းက မိုးသောက်ယံအချိန်မှာ မက်တဲ့အိပ်မက်။
==============================
နောက်တစ်ခုက ဘုရားလောင်းဟာ ဘုရားဖြစ် ခါနီး ကဆုန်လပြည့် အဖိတ်နေ့ညမှာ တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်ရင်း နံနက်မိုး သောက်အချိန် မှေးခနဲအိပ်ပျော်သွားတော့ အိပ်မက် မက်ခဲ့ဖူးတယ်။ အဲဒါ "အိပ်မက်ကြီး ငါးမျိုး" လို့ခေါ်တယ်။
==============================
အိပ်မက်မှန်/မမှန်စစ်ဆေးခြင်း
~•~•~•~•~•~•~•~•~•~•~
အိပ်မက်မှန်/မမှန် စစ်ဆေးကြည့်မယ် ဆိုရင် ဓါတုက္ခော လို့ခေါ်တဲ့ ဓါတ်တွေ ချောက်ချားလို့ မက်တဲ့အိပ်မက်ရဲ့ အကျိုးဟာ မှန်ကန်မှုမရှိဘူး။ နောက် အနူဘူတပုဗ္ဗ လို့ခေါ်တဲ့ စွဲပြီးမက်တဲ့ အိပ်မက်ဟာလည်း မှန်ကန်မှုမရှိဘူးတဲ့။ ဒေဝတော ပသံဟာရ လို့ခေါ်တဲ့ နတ်တွေက ဖန်ဆင်းပြတဲ့ အိပ်မက်ကျတော့ မှန်တာလည်း ရှိတယ်၊ မမှန်တာလည်း ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ တချို့ နတ်တွေက အကျိုးလိုလားလို့ ပေးတဲ့ အိပ်မက်ကျတော့ မှန်တယ်တဲ့။ တချို့ နတ်တွေက ချောက်တွန်းပြီး သွေးဆောင်မှုတွေ ပြတတ်တယ်။ အဲဒါကျတော့ မမှန်ဘူးလို့ဆို တယ်။ ပုဗ္ဗနိမိတ် အနေနဲ့ မက်တဲ့ အိပ်မက်ကျ တော့ မှန်ကန်တယ်လို့ ဆိုလိုပါတယ်။
==============================
အိပ်မက်ရဲ့အချိန်ကာလ
~•~•~•~•~•~•~•~•
အိပ်မက်ကို အချိန်ကာလနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် ပထမညဉ့်ဦးယံမှာ မက်တဲ့ အိပ်မက်၊ မဇ္ဈိမယံဆိုတဲ့ သန်းခေါင်ယံအချိန်မှာ မက်တဲ့အိပ်မက်၊ ပစ္ဆိမယံ လို့ဆိုတဲ့ မိုးသောက်ယံ မှာ မက်တဲ့ အိပ်မက်ရယ်လို့ရှိတယ်။ ညဉ့်ဦးယံ မှာ မက်တဲ့အိပ်မက်ဟာ မမှန်ဘူးတဲ့။ သန်းခေါင် ယံမှာ မက်တဲ့ အိပ်မက်ဟာလည်း မှန်ကန်မှုမရှိပါ ဘူးတဲ့။ မှန်ကန်တဲ့ အိပ်မက်တစ်ခုဟာ နံနက်မိုး သောက် အလင်းရောက်ခါနီးလေး မိုးသောက်ယံ အချိန်လေးမှာ မက်တဲ့ အိပ်မက်မျိုးကတော့ မှန်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားတယ်။
==============================
ညဉ့်ဦးယံမှာဆိုရင် ညကအစာစားထားတာတွေ ဟာ မကျေတတ်သေးဘူး။ သန်းခေါင်ယံမှာဆို လည်း အဆီသြဇာတွေက ခန္ဓာကိုယ် မပြန့်နှံ့ သေးဘူး။ နံနက်မိုးသောက် အလင်းရောက်ပြီဆို လို့ရှိရင် စားထားတဲ့ အစာအာဟာရ တွေက အဆီသြဇာအဖြစ်ရောက်ပြီး ခန္ဓာကိုယ်ကို အကျိုး ပြုပြီးနေတဲ့အချိန် ဖြစ်လို့ မိုးသောက်ယံမှာ မက်တဲ့ အိပ်မက်ဟာ မှန်ကန်တယ်လို့ဆိုတယ်။
==============================
မယ်တော်မာယာရဲ့အိပ်မက်၊ ဘုရား လောင်းရဲ့ အိပ်မက်နဲ့ ကောသလမင်း ရဲ့ အိပ်မက်တို့ဟာ ပုဗ္ဗနိမိတ်အနေနဲ့ မိုးသောက်ယံအချိန်မှာမက်တဲ့ အိပ် မက်တွေဖြစ်တယ်လို့ ဆိုလိုပါတယ်။
==============================
ဒီနေရာမှာ မှတ်သားစရာတစ်ခုကတော့ ပုဗ္ဗနိမိတ် အနေနဲ့ မက်တဲ့ အိပ်မက်ဟာ အဆီသြဇာဓါတ် အကျိုးပြုပြီးဖြစ်တဲ့ မိုးသောက်ယံ အချိန်မှာပဲ မက်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားပါတယ်။
==============================
ပါ/ချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
24/08/2022
မဟာရွှေသိမ်တော် စေတီတော် ကို ပုဂံခေတ်တွင် အနော်ရထာမင်းက တည်ထားခဲ့ကြောင်း သိရပြီး ရှင်အရဟံ က သိမ်သမုတ်တော်မူခဲ့သည်။
အနော်ရထာမင်းကြီး တည်ထားခဲ့စဉ်က ဉာဏ်တော်ကိုးတောင်မျှသာရှိခဲ့ပြီး သက္ကရာဇ် ၁၃၀၉ ခုနှစ်တွင် ရွာသူရွာသားများ ကောင်းမှုဖြင့် ဉာဏ်တော် ကိုးတောင်ကို ငုံကာ ဉာဏ်တော် ၁၅ တောင် မြှင့်တင်ကာ ဒုတိယအကြိမ် တည်ထားကိုးကွယ်ကြသည်။
သက္ကရာဇ် ၁၃၅၆ ခုနှစ်တွင် သင်တောင်းရွာသူရွာသားများ ကျောက်ဆည် နယ်သူ နယ်သားများ အခြားဒေသမှ ပုဂ္ဂိုလ်များအပါအဝင် အများကောင်းမှုဖြင့် ဉာဏ်တော် ၁၅ တောင်ကိုငုံကာ ဉာဏ်တော် ၃၄ တောင် အမြင့်သို့ မြှင့်ကာ ပူဇော်ခဲ့ကြပါသည်။ ဖိနပ်တော် ကုလားကျောင်းခံလေးပေမြင့်ကြောင်း သိရသည်။
မဟာရွှေသိမ်တော်ဘုရားသည် သစ္စာ အဓိဌာန် ပြင်းထန်သောကြောင့် နာမည်ကျော်ကြားခြင်းဖြစ်သည်။
အဓိဌာန်ပြုရန်အတွက် အုန်း၊ ငှက်ပျောပွဲ ပွဲလာထိုးသူများသည် ကျန်းမာရေးကောင်းစေရန် ၊ ဝန်ထမ်းများ ရာထူးတိုးစေရန် ၊ အိမ်ခြံမြေအရောင်းအဝယ်ဖြစ်စေရန် ၊ ကျောက်စိမ်းအောင်စေရန်၊ အခြားလူမှုပြဿနာများကို အဆင်ပြေအောင်မြင်စေရန်နှင့် အနုပညာရှင်များသည်လည်း လာရောက်ကြကြောင်း သိရသည်။
မဟာရွှေသိမ်တော်မြတ်စွာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ သင်တောင်းကြီးရွာတွင် တည်ရှိသည်။
📷 သက်ထွန်းအောင်
Click here to claim your Sponsored Listing.
Category
Website
Address
Seikanthar Road
Yangon
0972