WIN Legal Services
ဆွေးနွေးတိုင်ပင်လိုပါက 09401551660 ကိုခေါ်၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Thamine 7th Street,(1) Ward, Mayangone,Yangon.
30/05/2026
စာချွန်တော်လျှောက်ထားမှုများကို ကနဦးကြားနာဆုံးဖြတ်ရေးအဖွဲ့ဖြင့် ၁၉-၆-၂၀၂၆ ရက်နေ့မှစ၍ ကြားနာမည်ဲဖြစ်ကြောင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏
ကြေညာချက်
#ကြေညာချက်
ဘိုးဘပိုင်မြေ (အမည်မပြောင်းရသေးတဲ့မြေ) ကိုအမည်ပေါက်ပြောင်းလို့ရလားဆိုလျှင်~-~
—————————
အမည်ပေါက်ပြောင်းလို့တော့ရပါတယ်၊
လုပ်ငန်းစဥ်ကတော့ နည်းနည်းရှုပ်ပြီးအချိန်ပို၍ ပေးရပါမယ်။
အခွန်တွေဆောင်ရန် ငွေအနည်းငယ်ကုန်ပါမည်.
မူလအမည်ပေါက်ကဘယ်သူလဲ၊ ဘယ်မှာနေတာလဲ၊ သက်ရှိထင်ရှား ရှိသေးလားဆိုပြီး စုံစမ်းရပါမည်။
- သက်ရှိထင်ရှားရှိရင် အမည်ပြောင်း လုပ်ဖို့အ တွက် ၎င်းကဌာနဆိုင်ရာတွင် လိုက်လံဆောင်ရွက်ပေးနိုင်မလား?
- သက်ရှိထင်းရှာမရှိရင် ၎င်း၏အမွေစား၊ အမွေခံများဖြစ်ကြသည့် သားသမီးများက လိုက်လံဆောင်ရွက်ပေးနိုင်မလား?
ညှိနှိုင်းဆောက်ရွက်ပြီးရင်မြေပုံရာဇဝင်ကူး၊အမည်ပေါက်ပြောင်းလို့ရပါမယ်။
- ဒုတိယနည်းလမ်းကတော့ တရားတစ်ထုံးစွဲဆိုပြီး တရားရုံးအမိန့်၊ ဒီဂရီနဲ့ ပြုလုပ်မလား?
စသည့် အထက်ပါအချက်အလက်တွေကိုအခြေခံပြီးအမည်ပေါက်ပြောင်းရမရလေ့လာစုံစမ်းလို့ရပါတယ်။
မြို့မြေထဲမှာလည်းပါတယ်၊လူနေထိုင်ခွင့်လည်းရှိတယ်၊ဆက်စပ်စာချုပ်လည်းအပြည့်အစုံရှိတယ်၊မူလအမည်ပေါက်လည်းလိုက်ပါကူညီဆောင်ရွက်ပေးတယ် / တရားရုံးအနိုင်ဒီဂရီလည်းရှိတယ်ဆို အမည်ပေါက်ပြောင်းလို့ရပါတယ်။ WIN Legal Services
ဘိုးဘပိုင်မြေဟုဆိုရာတွင် ———
၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို အဂ်လိပ်တို့ သိမ်းပိုက်ပြီးနောက် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဥ်းဥပဒေအရ မြန်မာမင်းများလက်ထက်ကမင်းညီ၊မင်းသား၊ မှူးကြီးမတ်ကြီးများနှင့် မင်းမှုထမ်းများကို ပေးကမ်းခဲ့သော မြေများအတွက် ပိုင်ဆိုင်မှုကို ဆက်လက်အသိအမှတ်ပြုသည့်အပြင်၊ အဘိုးအဘလက်ထက်ကပင် ဓါးမဦးချလုပ်ကိုင်ပြီး ပိုင်ဆိုင်မှုရှိခဲ့ကြသော မြေများကို ဘိုးဘပိုင်မြေ (Bobabaing Land) ဟုခေါ်ဆိုပြီး ဘိုးဘပိုင်မြေနှင့် လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေ (Land of Holder) ကို အသုံးပြုခွင့်ရသူတို့သည် မြေရှင်အခွင့်အရေး ရရှိကြပါသည်။ ဘိုးဘပိုင်မြေ၊ လက်ဝယ်ထားရှိပိုင်ခွင့်မြေ၊ မြေပိုင်မြေနှင့် အပိုင်ဂရန်မြေတို့ကို မြို့မြေ ပုံများပေါ်တွင်အပြာရင့်ရောင်ဖြင့်အနားသတ်ရေးဆွဲမှတ်သား သည်။
မြန်မာနိုင်ငံမြေစာရင်းလက်စွဲ၊ အပိုဒ် ၈၁၂။ (ဆရာဦးကျော်မြင့်စာအုပ်မှ ကောက်နုတ်ချက်)
Legal Services
#ဘိုးဘပိုင်မြေအမည်ပြောင်းလျှောက်ရာတွင် ပါဝင်ရမည့် အချက်အလက်များ @@
၁။ ဘိုးဘပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည် —
အမည်ပြောင်း၊ ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက်ထားခြင်း)၊အမည်ဖြည့်စွက်ခြင်း(မူအမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည် ထပ်မံဖြည့်စွက်လျှောက်ထားခြင်း)၊ အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောက်ထားခြင်း)။ @@@
၂။ ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်-
လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊ မြေပုံ၊ မြေရာဇဝင်မူရင်း၊ အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊တရားရုံးဒဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်း ပေးရန်အကြောင်းကြားစာ) အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊ အိမ်ထောင်စုဇယား မိတ္တူမှန်၊အဆောက်အဦဓါတ်ပုံ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်။
၃။ အထက်ဖော်ပြပါအထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊အရှုပ်အရှင်းမရှိပါက အမည်ပေါက်ဆောင်ရွက်ပေးနိုင်ပါသည်၊၊၊၊၊
Legal Services
#ဘိုးဘပိုင်မြေ
Credit
Legal Services, Yangon
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Mayangone Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 15:00 |