Wilmax Myanmar
Wilmax England™ presents a wide range of fine and durable porcelain tableware, high quality 18/10 It is absolutely safe for your health.
💗❤️👍
27/08/2025
ခုရက်ပိုင်း ရာသီဥတုက မှုန်မှိုင်းမှိုင်းနဲ့ဆိုတော့ စိတ်ကြည်လင် လန်းဆန်းစေမယ့် Fresh Tea လေး သောက်ကြရအောင်🍋🍹
Fresh Tea အတွက် ပါဝင်ပစ္စည်းများကတော့-
💧ရေ 500 ml
🫚ဂျင်း 50 g (အခွံခွာထားပါ)
🍋🟩သံပုရာသီး ၁ လုံး (အခွံခွာပြီး အဝိုင်းပုံစံလှီးထားပါ)
🪵သစ်ကြံပိုးခေါက် ၁ ချောင်း
🍃ပူစီနံ (အနည်းငယ်)
🍯ပျားရည် (အနည်းငယ်)
ပြုလုပ်နည်း
1. ဂျင်းကို အတုံးသေးသေးလေးတွေ လှီးထားပြီး သံပုရာသီးကိုလည်းအဝိုင်းပုံစံလှီရပါမယ်
2. ရေပွက်ပွက်ဆူအောင်တည်ပြီးလျှင် ဂျင်း၊ သံပုရာသီး၊ သစ်ကြံပိုးခေါက်နဲ့ ပူစီနံတို့ကို ထည့်ပြီး
5-7 မိနစ်မျှတည်ထားပါ။
3. တည်ပြီးရင် မီးဖိုပေါ်ကဖယ်ပြီး ခပ်နွေးနွေး အနေအထားမှာ ပျားရည်ထည့်မွှေပါ။
4. ပြီးနောက် ရေခဲသေတ္တာထဲမှာအအေးခံထားပြီး အရသာရှိစေပြီး လန်းဆန်းစေမယ့် Fresh Tea ကို သောက်သုံးနိုင်ပါပြီ။
28/07/2025
ဒီနေ့တော့ ပြုလုပ်ရလွယ်ကူပြီး တော်တော်များများမစားဖူးသေးတဲ့ 🍰 ထောပတ်ဘီစကစ် ကိတ်လုပ်နည်းလေးပြောပြပေးပါမယ်နော်
📝 ပါဝင်ပစ္စည်းများ
• ဘီစကစ် 50 ဂရမ်
• ထောပတ် 35 ဂရမ်
• cottage cheese 100 ဂရမ်
• ကြက်ဥ ၁ လုံး
• သကြား 50 ဂရမ်
• double cream or soured cream 25 g
• corn flour ၁၅ ဂရမ်
• vanilla 1 ဂရမ်
👩🍳 ပြုလုပ်နည်း
1. ပထမဆုံး ဘီစကစ်များကို မညက်တညက်အနေအထားရောက်အောင်ကြိတ်ပါ။ ထောပတ်ကို အပူပေးပြီး အရည်ပျော်သွားတဲ့အခါ ကြိတ်ထားတဲ့ ဘီစကစ််လေးများထည့်ကာ ရောမွှေပါ။
2. springform (မုန့်လုပ်သည့်ခွက်) ကို ဆီသုတ်ပြီး ထောပတ်နဲ့ဘီစကစ်များ လောင်းထည့်ပါ။ အပေါ်မှ ဖိထားပြီး အချိန်အနည်းငယ်ကြာအောင် အအေးခံထားပါ။
3. cottage cheese, ကြက်ဉ, သကြားနဲ့ soured cream တို့ကို blender ထဲထည့်ပြီး smooth ဖြစ်အောင်ပြုလုပ်ပါ။
4. ပြီးရင် corn flour, vanilla တို့ကို ထည့်ပြီး ထပ်မွှေပါ။
5. ထောပတ်ဘီစကစ်ထည့်ထားတဲ့ခွက်ထဲသို့ ရောထားတဲ့ smootie များ လောင်းထည့်ကာ 160°C အပူချိန်နဲ့ 45-50 မိနစ်ခန့် ဖုတ်ပါ။
6. ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ 3-4 နာရီကြာ အအေးခံထားပါ။
အရသာရှိတဲ့ ထောပတ်ဘီစကစ်ကိတ်လေး ရရှိပါပြီ။
ဘယ်ရီသီးလေးတွေနဲ့ တွဲစားမယ်ဆိုရင်တော့ ပိုပြီးအရသာရှိစေမှာပါရှင်
14/05/2025
နေ့တစ်နေ့ကို အားအင်အပြည့်နဲ့စတင်ဖို့အတွက် မနက်စာက မရှိမဖြစ်ကို လို်အပ်ပါတယ်နော်။
ခုပြောပြမဲ့ မနက်စာလေးက ပြုလုပ်ရတာ အရမ်းလွယ်ကူပြီး အာဟာရလည်းအများကြီးရရှိစေမှာပါ။
🔥
👩🍳 ပြုလုပ်နည်း
- ပန်းကန်ပြားတစ်ချပ်မှာ အအေးခံထားတဲ့ ဒိန်ချဉ်ထည့်ပါ။ နံနံပင်ကြိုက်တဲ့သူတွေကတော့ ဒီန်ချဉ်ကို နံနံပင်၊ ကြက်သွန်ဖြူတို့နဲ့ ရောထည့်လို့ရပါတယ်။
- ပြီးရင် ကြက်ဥကြော် ထည့်ပြီး အစပ်ကြိုက်ရင် အပေါ်မှာ ငရုပ်သီးဆီသတ်အနည်းငယ်ထည့်ပါ။ ပေါင်မုန့်နဲ့တွဲဖက်စားသုံးနိုင်ပါပြီ။
📸 Featured in the photos:
WL-991213. Deep plate, 22 cm, 850 ml
WL-996045. Soy dish, 7.5 cm
WL-996078. Soy dish, 10 cm
WL-999101. Dinner fork, 20 cm
11/05/2025
🙏"ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) "🙏🏻
ကဆုန်လပြည့်နေ့သည် "ဆု၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆိုစမှတ်ပြုကြသည့်အတိုင်း ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းများနှင့်အတူ
ကမ္ဘာသူ၊ကမ္ဘာသားများအားလုံး ကဆုန်လပြည့်နေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေကြောင်း New World Mart မိသားစုမှ ဆုမွန်ကောင်းတောင်းဆု ပြုအပ်ပါသည်ဗျား။ 🙏🙏
#ကဆုန်လပြည့်နေ့
12/03/2025
🌻 အားလပ်ရက်တွေမှာ movie ကြည့်ရင်းဖြစ်ဖြစ်၊ ဂိမ်း play ရင်းပဲဖြစ်ဖြစ် က်ဆာလာတဲ့အခါ အလွယ်တကူစားလို့အဆင်ပြေစေမယ့် snack လေး တစ်ခု sharing ပေးပါမယ်နော်
ပေါင်မုန့်ကို cream (သို့) cheese နှစ်သက်ရာသုတ်ပါ။
အပေါ်မှာ ကြက်ဉပြုတ်၊ မုန်လာဉ၊ သခွားသီး၊ ထောပတ်သီး၊ အစေ့အမျိုးမျိုးထည့်ပြီး (ဒါမှမဟုတ် ကိုယ့်အိမ်မှာရှိတဲ့ အသီးအရွက်တွေထည့်လို့ရပါတယ်) စားလို့ရပါပြီ။
ကော်ဖီလေးတစ်ခွက်ပါရှိမယ်ဆိုရင်တော့ ပြီးပြည့်စုံသွားပါပြီနော်။
📸 Featured in the photos:
🥢 WL-771028 – Round bamboo plate, 10 cm
🥢 WL-771033 – Round bamboo plate, 23 cm
🍶 WL-992615 – Sauce boat, 7 cm
24/08/2024
ဒီတစ်ပတ် ပိတ်ရက်လေးမှာ လွယ်ကူရိုးရှင်းတဲ့ အစားအစာလေးကို အိမ်မှာ လိုက်လုပ်စားကြည့်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်🫶
ခုမျှဝေပေးမယ့် Slap လုပ်နည်းလေးက ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမယ့် အစားအစားလေးဖြစ်ပြီး ကယ်လိုရီနည်းတာကြောင့် diet သမားလေးတွေအတွက်လည်း အရမ်းအဆင်ပြေမှာပါနော် 😍
ပါဝင်ပစ္စည်းများ-
🌱 ပေါင်မုန့်ကြမ်း ၁ လုံး
🌱 ဝက်ပေါင်ခြောက်် ၆ လိပ်
🌱 ငရုတ်သီးအနီ ၂ တောင့်
🌱 ငရုတ်စိမ်း ၁ တောင့်
🌱 ရိုးရိုးခရမ်းချဉ်သီး နှင့် ချယ်ရီခရမ်းချဉ်သီး 500g
🌱 သခွားသီး ၂ လုံး
🌱 ပင်စိမ်းရွက် အနည်းငယ်
အနှစ်ပြုလုပ်ရန်အတွက်-
🔸 white wine vinegar ထမင်းစားဇွန်း ၁ ဇွန်း
🔸 သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
🔸 သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၄-၅ ဇွန်း
🔸 ကြက်သွန်ဖြူ ½ မွှာကို နုပ်နုပ်စဉ်းထားပါ
🔸 ဆား၊ ငရုတ်ကောင်း အနည်းငယ်
ပြုလုပ်ပုံ-
ပေါင်မုန့်ကြမ်းကို ကြွပ်လာသည်အထိ ကင်ပြီး ဝက်ပေါင်ခြောက်ကို ရွှေရောင်အနည်းငယ်သန်းလာတဲ့အထိ ကြော်ပါ။
ငရုတ်သီးကို မီးအနည်းငယ်ဖြင့် အိုးပူတိုက်ပြီး လှီးဖြတ်ထားပါ။
အနှစ်အတွက် ပါဝင်ပစ္စည်းများကို ရောစပ်ထားပြီး အရသာအနည်းငယ်ဖြည့်စွက်ပါ။
ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများအားလုံးကို ပေါင်းစပ်ပြီး ဆား၊ ငရုတ်ကောင်းအနည်းငယ်ထည့်ပါ။
Wilmax Bamboo ပန်းကန်လေးထဲထည့်ပြီး ပင်စိမ်းရွက်လေးထည့်ကာ သုံးဆောင်နိုင်ပါပြီ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (162-166), Lanmadaw Road, Latha Township
Yangon
11131
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |