Hello Doctor

Hello Doctor

Share

အမျိုးသား ဆရာဝန်

17/12/2021

အမျိုးသမီးသုံးကွန်ဒုံးဆိုတာ ဘာလဲ

အမျိုးသားကွန်ဒုံးများလိုပဲ Latex ရာဘာသားနဲ့ ပြုလုပ်ထားပြီး သေချာအသုံးပြုမယ်ဆိုရင် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ၉၅% ထိ ကာကွယ်ပေးနိုင်တဲ့ ကွန်ဒုံးဖြစ်ပါတယ်။ ကိုယ်ဝန်အပြင် လိင်မှတစ်ဆင့် ကူးစက်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးသုံးကွန်ဒုံးများကို အသုံးပြုမှု အလွန်နည်းသလို ဝယ်ယူဖို့လည်း နည်းနည်းတော့ ရှားပါးနိုင်ပါတယ်။

သိထားသင့်တဲ့ အချက်များ
• မိန်းမကိုယ်အတွင်းသို့ ကွန်ဒုံးကို ထိုးသွင်း၍ ထည့်ရပါတယ်။
• အမျိုးသားလိင်တံနှင့် မိန်းမကိုယ် ထိတွေ့ခြင်း၊ ထိုးသွင်းခြင်း လုံးဝမရှိခင်မှာ ကြိုတင်၍ စွပ်ထားသင့်ပါတယ်။
• အမျိုးသားကွန်ဒုံးများလိုပဲ၊ တစ်ကြိမ် အသုံးပြုပြီးတိုင်း နောက်ထပ်အသုံးပြုလို့ မရပါဘူး။
• ကွန်ဒုံးအသုံးမပြုခင် ဘူးခွံမှာပါတဲ့ Expiry Date ကို အရင်ကြည့်ပေးပါ။
• လိင်ဆက်ဆံနေစဉ် ကွန်ဒုံးက မိန်းမကိုယ်အထဲ ဝင်သွားတတ်ပေမယ့် ကိုယ့်ဘာသာ ပြန်ပြုပြင်လို့ ရပါတယ်။

အမျိုးသမီးသုံးကွန်ဒုံးကို ဘယ်လိုအသုံးပြုသင့်လဲ။
၁။ ဘူးခွံကိုဖွင့်ပြီး အထဲမှာရှိတဲ့ အမျိုးသမီးသုံးကွန်ဒုံးကို သေချာထုတ်ယူပါ။ လက်ဖြင့် ခြစ်မိတာ၊ ဖြဲမိတာမျိုး မရှိအောင် ဂရုစိုက်ပါ။
၂။ ကွန်ဒုံးရဲ့ အပိတ်အောက်ခြေမှာရှိတဲ့ ကွင်းအသေးလေးကို ညှစ်ပြီး မိန်းမကိုယ်အတွင်း ထည့်ပါ။
၃။ ကျယ်တဲ့အပေါက်က မိန်းမကိုယ်ရဲ့အဝမှာ ရှိရမှာဖြစ်ပြီး မိန်းမကိုယ်ပတ်လည်ကို ဖုံးထားနိုင်ရမှာဖြစ်ပါတယ်။
၄။ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအတွင်းကို ထိုးသွင်းဆက်ဆံရမှာဖြစ်ပြီး မိန်းမကိုယ်နဲ့ ကွန်ဒုံးကြားနေရာ မှားမဝင်အောင် ဂရုစိုက်ရပါမယ်။
၅။ သုက်လွှတ်ပြီးနောက် အမျိုးသမီးသုံးကွန်ဒုံးကို ချက်ချင်း ဖြည်းညင်းစွာဆွဲနှုတ်ပြီး အမှိုက်ပုံးထဲသို့ လွှင့်ပစ်ပါ။
၆။ အထဲမှာ သုက်ရည်များ မိန်းမကိုယ်အတွင်း ဖိတ်စင်ခြင်းမရှိအောင် ဂရုစိုက်ပါ။
၇။ ကွန်ဒုံးတွေမှာ ချောဆီပါပြီးသားဖြစ်ပေမယ့် အဝင်အထွက်ပိုကောင်းအောင် ချောဆီထပ်ဖြည့်လို့ ရပါတယ်။ ရေအခြေပြု ချောဆီများကိုသာ အဓိကအသုံးပြုပါ။

သင့်အတွက် မှန်ကန်တဲ့ သားဆက်ခြားနည်းများကို ရွေးချယ်ဖို့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ အရင် တိုင်ပင်ဆွေးနွေးကြည့်တာတော့ အကောင်းဆုံးဖြစ်မှာပါ။

☎️Hotline: 09400902590

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
Yangon
135308