PEC Pre-school

PEC Pre-school

Share

" We offer high-quality education and take a holistic approach to nurturing children."

22/05/2026

ငယ်ရွယ်စဉ်မှာ ဘာသာစကား (၃) မျိုး သင်ယူခြင်းက ဘယ်လိုအကျိုးရှိလဲ ❓ 🧠

ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အားအကောင်းဆုံးအချိန်ဟာ မူကြိုအရွယ်ပါပဲ။ ဒီလို ဖွံ့ဖြိုးစအရွယ်မှာ မိခင်ဘာသာစကားအပြင် တခြားဘာသာစကားအသစ်တွေကိုပါ ထိတွေ့သင်ယူခွင့်ရခြင်းက ကလေးတွေအတွက် အကျိုးကျေးဇူးများစွာကို ရရှိစေပါတယ်။

💡 ဘာသာစကားတစ်ခုထက်ပိုပြီး သင်ယူရတဲ့အခါ ကလေးတွေရဲ့ မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်လာစေပါတယ်။

💡 အခြေအနေတစ်ခုကို ရှုထောင့်အမျိုးမျိုးကနေ မြင်တတ်လာတဲ့အတွက် စဉ်းစားတွေးခေါ်မှုစွမ်းရည် နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း တွေလည်း သိသိသာသာ တိုးတက်လာစေပါတယ်။

PEC Pre-school မှာဆိုရင် ကလေးတွေအတွက် အနာဂတ်မှာ မရှိမဖြစ်လိုအပ်မယ့် မြန်မာ၊ အင်္ဂလိပ်၊ တရုတ် (Myanmar, English, Chinese) စတဲ့ ဘာသာစကား (၃) မျိုး ကို စနစ်တကျ သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။ 🌎📚

စာတွေ့သက်သက်မဟုတ်ဘဲ ပျော်ရွှင်စရာ Activity တွေ၊ ကစားနည်းတွေနဲ့ ပေါင်းစပ်ပြီး သင်ကြားပေးတာမလို့ ကလေးတွေအတွက် ဖိအားမဖြစ်စေဘဲ ဘာသာစကားတွေကို အလွယ်တကူ တတ်မြောက်လာစေမှာပါ။ 😇

ဒါကြောင့်မို့လို့ သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံးအုတ်မြစ်ချပေးချင်တယ်ဆိုရင်တော့ PEC Pre-school နဲ့အတူ အခုပဲ စတင်လိုက်ကြရအောင်။ 👇

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

15/05/2026

စာသင်ရုံသက်သက်ပဲမဟုတ်တဲ့ PEC 🏫✨

သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် ပညာရေးဆိုတာ စာအုပ်ထဲက စာတွေကို အလွတ်ကျက်မှတ်နေရုံနဲ့ မလုံလောက်တော့ပါဘူး။

ကလေးတစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်မှုဟာ အကန့်အသတ်မရှိလို့ PEC မှာဆို စာအုပ်ထဲကစာတွေကိုပဲ အတင်းအကျပ်သင်ကြားမယ့်အစား Reggio Emilia Approach ကို အသုံးပြုပြီး သူတို့လေးတွေရဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ စူးစမ်းလိုစိတ်ကို ဦးဆောင်ခွင့်ပေးကာ သင်ကြားပေးလျက်ရှိပါတယ်။

PEC ရဲ့ Play-based Learning ကနေ -

✨ ကလေးတွေဟာ ကစားခြင်းကတစ်ဆင့် ပြဿနာဖြေရှင်းနည်းတွေကို ကိုယ်တိုင်ရှာဖွေတတ်လာမယ်။

✨ ကျောင်းပတ်ဝန်းကျင်တစ်ခုလုံးကို သင်
ထောက်ကူအဖြစ် ဖန်တီးထားလို့ နေရာတိုင်းမှာ သင်ယူမှုအတွေ့အကြုံသစ်တွေ ရနေမယ်။

✨ ကလေးတစ်ယောက်ရဲ့ ဖော်ပြနိုင်စွမ်းဟာ စကားလုံးတွေတင်မကဘဲ အနုပညာ၊ ဂီတ၊ လှုပ်ရှားမှုနဲ့ တီထွင်မှုတွေမှာပါ ရှိနေတာမို့ ဒါတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ပေးထားပါတယ်။

👉 ဒီလို စနစ်တကျ ပြုစုပျိုးထောင်ပေးမှုတွေကို ECCD ပါရဂူဘွဲ့ (PhD) အထိ အထူးပြုလေ့လာနေတဲ့ ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် အနီးကပ်ကြီးကြပ်ပေးနေတာမို့ သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် မိဘတွေအနေနဲ့ စိတ်အေးနိုင်ပါတယ်။ 😇

တစ်ဦးချင်းစီကို ဖိဖိစီးစီး ဂရုစိုက်နိုင်ဖို့ ကျောင်းသားဦးရေ ကန့်သတ်ထားတာမို့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါနော်။ 🤗

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ Prime Education Centerသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 Gmail - [email protected]
📱 Phone - 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
📍 Location - No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

10/05/2026

မေမေဆိုတာ ကလေးငယ်တွေရဲ့ ဘဝမှာ ပထမဦးဆုံး လက်ဦးဆရာပါပဲ... 🤱❤️

ကလေးတစ်ယောက် ဉာဏ်ရည်ထက်မြက်ဖို့၊ စိတ်ဓာတ်ခိုင်မာဖို့နဲ့ လူမှုဆက်ဆံရေး ကောင်းမွန်ဖို့ဆိုတာ မေမေတို့ရဲ့ နေ့စဉ် ဂရုစိုက်ပျိုးထောင်မှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။

သားသားမီးမီးတို့ ဘက်စုံဖွံ့ဖြိုးဖို့အတွက် စာအုပ်ထဲက ပညာရပ်တွေတင်မကဘဲ မေမေတို့ဆီကရတဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှုနဲ့ လမ်းပြပေးမှုတွေက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ မေမေတို့ ပျိုးထောင်ပေးလိုက်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကိုယ်ကျင့်တရားတွေဟာ ကလေးတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံးသော လက်ဆောင်တွေပါပဲ။

ဒီနှစ် မေလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် Mother's Day မှာ ရင်သွေးငယ်လေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးမှုအတွက် နေ့ညမနား ကြိုးစားအားထုတ်နေကြတဲ့ မေမေတွေအားလုံးကို PEC Preschool မိသားစုမှ လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ်ရှင်။ 😇✨

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 [email protected]
📱 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
🗨 m.me/258072674051026 (Messenger)
📩 t.me/pecinternationalschool (Telegram)
📍 No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

08/05/2026

ရင်သွေးငယ်ရဲ့ ဘက်စုံဖွံ့ဖြိုးမှုအတွက် PEC မှာ ကျောင်းအပ်လက်ခံနေပြီနော် 🌟📢

မေမေဖေဖေတို့ရေ... ရင်သွေးငယ်တို့ရဲ့ ကနဦးအရွယ်ဆိုတာ ကလေးတစ်ယောက်ရဲ့ ဘဝတစ်သက်တာ သင်ယူနိုင်စွမ်းအတွက် အခြေခံအုတ်မြစ် အခိုင်မာဆုံး တည်ဆောက်ရမယ့်အချိန်ပါ။

ဒီအရွယ်မှာ စာတွေကို အလွတ်ကျက်ခိုင်းရုံသက်သက်ထက် စူးစမ်းလိုစိတ်ကို မြှင့်တင်ပေးပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဉာဏ်ရည်ပိုင်းပါ ဟန်ချက်ညီညီ ဖွံ့ဖြိုးဖို့က ပိုအရေးကြီးပါတယ်။

Prime Education Centre မှာဆိုရင် -

💎 နိုင်ငံတကာအဆင့်မီ Cambridge Curriculum ကို အခြေခံပြီး ECCD နည်းစနစ်တွေနဲ့ ပေါင်းစပ်ထားလို့ စဉ်းစားတွေးခေါ်မှု အားကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်လာစေမှာပါ။

📚 မြန်မာ၊ အင်္ဂလိပ်တင်မကဘဲ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်မယ့် တရုတ်ဘာသာစကားကိုပါ ငယ်ရွယ်စဉ်ကတည်းက ရင်းနှီးကျွမ်းကျင်အောင် သင်ကြားပေးနေပါတယ်။

🧠 စာသင်ခန်းပြင်ပက Brain Development, Jolly Phonics, Arts & Crafts နဲ့ Music သင်ခန်းစာတွေကတစ်ဆင့် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထိရောက်ဆုံး လေ့ကျင့်ပေးပါတယ်။

🛝 ကျယ်ဝန်းတဲ့ Indoor/Outdoor Playgrounds တွေမှာ လွတ်လပ်စွာ ဆော့ကစားနိုင်တဲ့အပြင် ကလေးငယ်တွေအတွက် သီးသန့် Yoga Time နဲ့ Story Time တွေပါ ထည့်သွင်းပေးထားလို့ စိတ်ရွှင်လန်းပြီး ကျန်းမာကြံ့ခိုင်စေမှာပါ။

📍 ဖွင့်လှစ်ထားသော Class တွေကတော့ -

▫️Nursery Class (အသက် ၃ နှစ်မှ ၄ နှစ်)

▫️Pre-Kindergarten Class (အသက် ၄ နှစ်မှ ၅ နှစ်)

ရင်သွေးငယ်လေးရဲ့ တောက်ပတဲ့ အနာဂတ်ကို PEC နဲ့အတူ စတင်လိုက်ပါ။ 😇

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 [email protected]
📱 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
🗨 m.me/258072674051026 (Messenger)
📩 t.me/pecinternationalschool (Telegram)
📍 No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

06/05/2026

ကလေးတွေရဲ့ ရယ်သံလေးတွေနဲ့ ပြည့်နှက်နေတဲ့ PEC က ပျော်စရာ Activities အချိန်လေးများ... ✨

ကလေးတို့ရဲ့ ကမ္ဘာမှာ "ကစားခြင်း" ဆိုတာ အကောင်းဆုံး "သင်ယူခြင်း" ပါပဲ။ 🎨🏀

Prime Education Centre မှာဆို ကလေးငယ်လေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုသာမက၊ သူငယ်ချင်းအချင်းချင်း ပေါင်းသင်းဆက်ဆံတတ်စေဖို့နဲ့ ကိုယ်တိုင်ဖန်တီးလိုစိတ်လေးတွေ တိုးတက်လာစေဖို့ Activities မျိုးစုံကို စနစ်တကျ ထည့်သွင်းပေးထားပါတယ်။

Video ထဲက ကလေးလေးတွေရဲ့ တက်ကြွပျော် ရွှင်နေတဲ့ ပုံရိပ်လေးတွေကို အဆုံးထိကြည့်လိုက်ရအောင်နော်။ ❤️

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ရန် -

📧 [email protected]
📱 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
🗨 m.me/258072674051026 (Messenger)
📩 t.me/pecinternationalschool (Telegram)
📍 No. 26, Myint Zu Street (Yankin-Mayangone), Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

01/05/2026

ယနေ့မှာကျရောက်တဲ့ "အလုပ်သမားနေ့" လေးမှာ အလုပ်သမား/ ဝန်ထမ်းများအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘေးအန္တရာယ်တွေကင်းဝေးစွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ကြပါစေကြောင်း PEC မှ ဆုတောင်းပေးလိုက်ရပါတယ်...👷‍♂️

30/04/2026

“ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ” ဆိုတဲ့အတိုင်း ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့လေးမှာ မေတ္တာတရားတွေနဲ့ ပြည့်စုံပြီး ကုသိုလ်တရားတွေ ပွားများနိုင်ကြပါစေကြောင်း PEC မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ 🙏✨

17/04/2026

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်မှာကျရောက်တဲ့ နှစ်သစ်ကူးအချိန်ခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း PEC မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🙏✨

Photos from PEC Pre-school's post 10/04/2026

ဧပြီလ (၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Prime Education Centre ရဲ့ ကျောင်းသင်္ကြန်ပွဲလေးမှာ သူငယ်ချင်းတွေနဲ့အတူ ရေဆော့ကစားရင်း ပျော်ရွှင်နေကြတဲ့ သားသားမီးမီးတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ 🥰💦

Prime Education Centre ရဲ့ သင်္ကြန်ရုံးပိတ်ရက်ကိုတော့ လာမယ့် ဧပြီလ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ သတ်မှတ်ထားပြီး ဧပြီလ (၂၀) ရက်နေ့မှာတော့ ပုံမှန်အတိုင်း ကျောင်းပြန်လည်ဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်။

ဖေဖေမေမေတို့နဲ့ သားသားမီးမီးတို့ မိသားစုအားလုံးလည်း ဒီနှစ်သင်္ကြန်အခါသမယမှာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစွာနဲ့ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ PEC မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏

📧 [email protected]
📱 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
🗨 m.me/258072674051026 (Messenger)
📩 t.me/pecinternationalschool (Telegram)
📍 No. 26, Myint Zu Street (Yankin-Mayangone),Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

03/04/2026

ဖေဖေမေမေတို့ရေ... သားသားမီးမီးလေးတွေရဲ့ အနာဂတ်ပညာရေး အုတ်မြစ်ကို ခိုင်မာသေချာစွာ တည်ဆောက်ပေးဖို့ မေလမှာ စတင်ဖွင့်လှစ်မယ့် ပညာသင်နှစ်သစ်အတွက် ကျောင်းအပ်လက်ခံနေပြီနော်။ 😇🌟

Prime Education Centre မှာဆိုရင် ရင်သွေးငယ်လေးတွေအတွက် နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်တွေနဲ့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ 🎓📚

🌟 ECCD နည်းလမ်းနဲ့ Cambridge Curriculum ကို အခြေခံပေါင်းစပ်ပြီး နိုင်ငံတကာနဲ့အမှီ ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးခြင်း။

🌟 Myanmar, English, Mathematics, Science ဘာသာရပ်များအပြင် Chinese (တရုတ်စာ) ကိုပါ ထပ်တိုးသင်ကြားပေးခြင်း။

🌟 စာသင်ရုံသာမက Arts And Crafts, Drawing And Painting, Music, Jolly Phonic နဲ့ Brain Development တို့ကိုပါ အဓိကထား သင်ကြားပေးခြင်း။

🌟 ပျော်ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေဖို့ Indoor/Outdoor Playgrounds, Story Time နဲ့ Yoga Time များ ပါဝင်ခြင်း။

📌 လက်ရှိ ဖွင့်လှစ်လက်ခံနေတဲ့ အတန်းတွေကတော့ အသက် (၃) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များအတွက် Nursery Class နဲ့ Pre-Kindergarten Class တို့ပဲ ဖြစ်ပါတယ်။ 🤗

မေလမှာ ကျောင်းစတင်တက်ရောက်ရမှာဖြစ်လို့ လူဦးရေမပြည့်ခင် သားသားမီးမီးတို့အတွက် အမြန်ဆုံး ကြိုတင်စာရင်းသွင်းအပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ✨

ရုံးဆင်းချိန်နဲ့ ကျောင်းဆင်းချိန် မကိုက်လို့ အခက်တွေ့နေရတဲ့ မိဘတွေအတွက် နေ့လည် ၂:၃၀ ကနေ ညနေ ၅:၀၀ အထိ ကျောင်းမှာပဲ ဆက်လက်စောင့်ရှောက်ပေးမယ့် အစီအစဉ်ရှိလို့ အသေးစိတ် သိရှိလိုပါက Page Messenger ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။ 🤗

ကျောင်းအပ်နှံရန်နှင့် အခြားသိလိုသည်များကို ဖေဖေ မေမေတို့မှ Prime Education Centre သို့ အောက်ပါလိုင်းများမှတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် -

📧 [email protected]
📱 𝟬𝟵 𝟮𝟱𝟲 𝟭𝟯 𝟭𝟳 𝟳𝟭
🗨 m.me/258072674051026 (Messenger)
📩 t.me/pecinternationalschool (Telegram)
📍 No. 26, Myint Zu Street (Yankin-Mayangone),Yankin Township, Yangon, Myanmar (near Mini City Mart Myintzu Street & near Parami Junction)

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Parami Road, Myint Zu Street, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00