Pyone Play Sports

Pyone Play Sports

Share

Pyone Play Sports, (former Name for SPORTS) is the first Myanmar sports-specific TV channel produce Local and International Sports News and Sports Knowledge.

08/05/2026

ပရိသတ်ကြီးတို့ရဲ့ အတွေးထဲက အဖြေတွေက ??? ဘယ်အဆင့်ထိရောက်လဲ???

07/05/2026

The Mid-Day Report

- ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဗယ်ဗာဒီနဲ့ ချူအာမေနီတို့ အကြီးအကျယ် စကားများပြီး ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့တဲ့အတွက် အသင်းအတွင်းပိုင်း တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ကစားသမားနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် တွန်းထိုးခဲ့ကြသလို အဝတ်လဲခန်းထဲအထိ အငြင်းပွားမှုတွေ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရီးရဲလ်ကစားသမားတွေအကြား စိတ်ဝမ်းကွဲမှုတွေရှိနေပြီး အချို့ကစားသမားတွေဆိုရင် နည်းပြ အာဘီလိုအာနဲ့ပါ စကားမပြောကြတဲ့အထိ အခြေအနေ ဆိုးရွားနေတာဖြစ်ပါတယ်။ ဒီလိုပြဿနာတွေဟာ ဘာစီလိုနာနဲ့ ကစားရမယ့် အယ်လ်ကလက်စီကို ပွဲစဉ်မတိုင်ခင်မှာ ဖြစ်ပေါ်လာတာဖြစ်လို့ အသင်းအတွက် ပိုမိုဖိအားများစေတာဖြစ်ပါတယ်။

- မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်းဝတ်စုံသစ်ကို အခုရာသီရဲ့ နောက်ဆုံးပွဲစဉ်နှစ်ပွဲဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်၊ ဘရိုက်တန်တို့နဲ့ပွဲမှာ စတင်ဝတ်ဆင်ပြီး ပွဲထုတ်သွားမှာဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များက ဒီဇိုင်းကို အခြေခံထားတဲ့ အဆိုပါဝတ်စုံသစ်ကို ပရိသတ်တွေ ပိုမိုစိတ်ဝင်စားလာစေဖို့အတွက် ရာသီမပိတ်ခင် ကြိုတင်မိတ်ဆက်တာဖြစ်ပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီကစပြီး အသင်းရဲ့ လေ့ကျင့်ရေးဝတ်စုံမှာ ဗြိတိန်လောင်းကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Betway ရဲ့ အမှတ်တံဆိပ်ကို အသုံးပြုဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီသဘောတူညီချက်ဟာ တစ်နှစ်ကို ပေါင် ၁၈ သန်းကျော် တန်ကြေးရှိနိုင်မှာဖြစ်ပြီး Tezos နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာ စောင့်ဆိုင်းခဲ့ပြီးမှ အခုလို စီးပွားရေးအရ အကျိုးအမြတ်များမယ့် စာချုပ်သစ်ကို ချုပ်ဆိုဖို့ နီးစပ်လာတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ လာမယ့် ၂၀၂၆-၂၇ ရာသီကစပြီး ပြိုင်ပွဲဝင်ဝတ်စုံတွေမှာ လောင်းကစားအမှတ်တံဆိပ်တွေ အသုံးမပြုဖို့ ကန့်သတ်ချက်တွေ ရှိလာမှာဖြစ်လို့ အသင်းတွေအနေနဲ့ အခုလို လေ့ကျင့်ရေးဝတ်စုံဘက်ကို ပြောင်းလဲအာရုံစိုက်လာတာဖြစ်ပါတယ်။

- FOX ရုပ်သံလိုင်းကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပွဲစဉ်ပေါင်း ၁၀၄ ပွဲစလုံးကို ကြည့်ရှုရမယ့် "Chief FIFA World Cup Watcher" ရာထူးအတွက် လုပ်ခလစာ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပေးအပ်ပြီး ဝန်ထမ်းခေါ်ယူနေပါတယ်။ ဒီတာဝန်ကို ရရှိတဲ့သူဟာ နယူးယောက်မြို့ရှိ Times Square မှာရှိနေပြီး ပွဲစဉ်အားလုံးကို အချိန်ပြည့်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

- အာဂျင်တီးနား တိုက်စစ်မှူး ပရက်စတီယန်နီကို ရီးရဲမက်ဒရစ် ကစားသမား ဗီနီစီးယက်စ်ကို စော်ကားခဲ့တဲ့ အပြုအမူကြောင့် ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဖီဖာက ကမ္ဘာတစ်ဝန်း အကျိုးသက်ရောက်စေဖို့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ဘင်ဖီကာတိုက်စစ်မှူးဟာ အာဂျင်တီးနားအသင်းနဲ့အတူ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်နှစ်ပွဲကို လွဲချော်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဆိုပါ ပြစ်ဒဏ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီစီးယပ်စ်နဲ့ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဘက်က ပြစ်မှု ကျူးလွန်မှုမရှိခဲ့ကြောင်း ငြင်းဆိုထားပေမယ့် UEFA က Homophobia Conduct စွဲချက်ဖြင့် ကလပ်ပွဲ ၆ ပွဲ ပယ် ပြစ်ဒဏ်ချထားခဲ့တာဖြစ်ပြီး ဖီဖာကတော့ စည်းကမ်းထိန်းသိမ်းရေးအရ ဒီပြစ်ဒဏ်ကို တိုးမြှင့်ကာ ကလပ်ပွဲတွေပဲ ပြစ်ဒဏ်ချမှတ်ခံရတာကနေ အခုလို နိုင်ငံတကာပွဲစဥ်တွေပါ ကစားခွင့်မရတဲ့ ပွဲပယ်ပြစ်ဒဏ်အဖြစ် ထပ်တိုးအတည်ပြု ချမှတ်လိုက်တာဖြစ်ပါတယ်။

- ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဖြစ်ပွားခဲ့တဲ့ အချင်းများမှုအတွက် တိုက်စစ်မှူး နေမာက အသင်းဖော် ရော်ဘင်ဟိုဂျူနီယာကို ကိုယ်တိုင် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် ရော်ဘင်ဟိုဂျူနီယာဟာ နေမာရဲ့ စီနီယာအသင်းဖော်ဟောင်း ရော်ဘင်ဟိုရဲ့ သားဖြစ်ပြီး လေ့ကျင့်ခန်းဆင်းစဉ်အတွင်း သဘောထားကွဲလွဲရာကနေ အခုလို အငြင်းပွားမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နေမာက မိမိရဲ့ တုံ့ပြန်မှုဟာ အနည်းငယ် လွန်သွားခဲ့တဲ့အတွက် ကစားသမားနဲ့ မိသားစုဝင်တွေကို အဝတ်လဲခန်းထဲမှာ တောင်းပန်ခဲ့သလို နှစ်ဦးကြား နားလည်မှု ပြန်လည်ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရော်ဘင်ဟိုဂျူနီယာကလည်း နေမာရဲ့ တောင်းပန်မှုကို လက်ခံခဲ့ပြီး ဒါဟာ ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်ကိစ္စတစ်ခုသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

-၂၀၂၆ ကမ္ဘာ့ဖလားကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်ဟာ အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို သတ်မှတ်ရက်အတိုင်း သတင်းမပို့တဲ့ ကစားသမားတွေကို လူစာရင်းကနေ အပြီးတိုင် ထုတ်ပယ်မယ်လို့ ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ရေးစခန်းဟာ ဖီဖာရဲ့ နိုင်ငံတကာပွဲစဉ်ရက် မဟုတ်တဲ့အပြင် ပြည်တွင်းကလပ်အသင်းတွေရဲ့ အရေးကြီးတဲ့ ပွဲစဉ်တွေနဲ့ တိုက်ဆိုင်နေတာကြောင့် ကလပ်အသင်းတွေနဲ့ အဖွဲ့ချုပ်ကြား အငြင်းပွားမှုတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ မက္ကဆီကိုနည်းပြ ဟာဗီယာ အဂူရီကတော့ အဆိုပါ လေ့ကျင့်ရေးအစီအစဉ်ဟာ ကြိုတင်သဘောတူညီမှု ရယူထားတာဖြစ်လို့ လေ့ကျင့်ရေးကို မလာရောက်တဲ့ ဘယ်ကစားသမားကိုမဆို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထည့်သွင်းမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားတာ ဖြစ်ပါတယ်။

- မန်ချက်စတာစီးတီး အမျိုးသမီးအသင်းဟာ ၁၀ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးစူပါလိဂ် (WSL) ချန်ပီယံဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်း ဘရိုက်တန်နဲ့ သရေကျခဲ့တဲ့ ရလဒ်ကြောင့် မန်စီးတီးအသင်းဟာ ရာသီပိတ်ပွဲစဉ် တစ်ပွဲကျန်ရှိနေချိန်မှာတင် ရမှတ် ၅၁ မှတ်နဲ့ အာဆင်နယ်အသင်းကို ၂ ပွဲအသာ ၉ မှတ် ဖြတ်ပြီး ချန်ပီယံဆုကို အပြီးသတ် အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

07/05/2026

ဖိလစ်ပိုင်လိဂ် ကနေ ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ စန်းသော်နဲ့ဖြူဖွေး

ဖိလစ်ပိုင်ကလပ် စတာလီယံ လီဂူနာအသင်းမှာ အငှားသွားရောက်ကစားခဲ့တဲ့ ဧရာဝတီအမျိုးသမီးအသင်းရဲ့ ကစားသမားများ ဖြစ်ကြတဲ့ စန်းသော်‌သော် နဲ့ ဖြူဖွေးတို့ ဟာ မေလ(၆)ရက်နေ့က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

#

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yay Kuu Amplified Broadcast Station Wai Za Yan Tar Road Yangon
Yangon
11062