Yangon Kitchen
Healthy & Easy Food for Life !
01/03/2023
မင်မင် အကြိုက် ဘဲဥ ငံပြာရည်ကြော် ချက်နည်းလေး sharing လုပ်ပေးလိုက်ပါတယ် 😊
ဘဲဥ 5 လုံးကို ပြုတ်၍ အခွံခွာ ထက်ခြမ်းခွဲထားပါ။
ပုဇွန်ခြောက် လက်တစ်ဆုပ်ခန့်ကို ရေဖြင့် 10 မိနစ်ခန့်
စိမ်၍ မညက်တညက်ထောင်းထားပါ။
ငရုတ်သီး အကြမ်းဖတ် ( မညက်တညက်)ဟင်းခပ်ဇွန်း
5ဇွန်းခန့်ကို ရေ ဟင်းခပ်ဇွန်း 1 ဇွန်း၊ကြက်သွန်ဖြူ 7မွှာ
ကြက်သွန်နီ တစ်ခြမ်း တို့ဖြင့်ရောထောင်းထားပါ(ကြက်သွန်
များ ညက် ရင်ရပါပြီ)
အိုးထဲသို့ ဆီ 10 သားခန့်ထည့်ကာအပူပေးပါ။
ဆီပူလာရင် ထောင်းထားတဲ့ ငရုတ်သီးထည့်ကာ
ဆီသတ် ပါ။အနံ့မွှေးရင် ပုဇွန်ခြောက် ထောင်းပြီးသား
ထည့် ငံပြာရည် ဟင်းခတ်ဇွန်း 2ဇွန်း ထည့်အချိုမူန့်
အနည်းငယ်ထည့်ကာ အဆက်မပြတ် မွှေပေးပါ။
ထို့နောက် ဘဲဥ များထည့်ကာ ငံပြာရည် နည်းနည်း
ကို အပေါ်မှ ထပ်ဆမ်းကာ ငရုတ်သီး နှင့်ဘဲဥ သမအောင်
မွှေပေးပြီး။2 မိနစ်ခန့် ထားပြီးရင် တော့ ရပါပြီ။်
CREDIT ကိုယ်တိုင်ချက်မယ်
28/02/2023
မင်မင်တို့ရဲ့ Foodies လေးတွေကရော 🤗
အစားတလိုင်းလား???
ဝိတ်ချမယ့်လိုင်းကလား???
ဝတာလေးကလည်း ချစ်ဖို့ကောင်းပါတယ်နော် 😍
23/02/2023
မှိုဟင်းချက်နည်း
*************
အများဆုံး ရေစပ်စပ်လေးချက်တာပါ
ခရမ်းချဉ်သီး တလုံး ကြက်သွန်ဖြူနီရယ်
ငြုပ်သီး အမှည့်စိုလေးရယ်(သို့)အစိမ်းတောင့်လေးရယ်မညက်တညက်ထောင်း(သို့)ကပ်ကြေးနဲ့ညှပ် ပီး
ဆီနည်းနည်းထည့် ဆီသတ်ပြီး မှိုထည့်ပါ ဆား အရသာ ထည့်ပါ ရေမထည့်ပါနဲ့ သူ့ထွက်လာတဲ့ရေလေးနဲ့ထားပါ ကျက်ခါနီး ပင်းစိမ်းရွက်လေးခပ်ပါ စားလို့ကောင်းတယ် တခွက်တည်းနဲ့ဟင်းဖြစ်တယ် မှိုဆေးရင်လဲ မလှီးခင်ရေဆေးနော် လှီးပြီးမှရေဆးရင် ရေတေပိုထွက်တယ် ချက်ထားတာ ပျိုးမှိုကောက်ရိုးမှိုဆို ခဏပဲချက်ပါ
သဘာဝမှိုဆိုရင်တော့
ရေထည့်ပြီးကြာကြာလေးချက်ပါနော် (သဘာဝမှိုလည်းဒီချိန်မပေါ်သေးပါ)အဆိပ်တောက်ပြေအောင်လဲ ကန်စွန်းရွက်ထည့်နိုင်ပါတယ်
ပင်စိမ်းရွက်က တော့မှိုနဲ့အရအလိုက်ဘက်ဆုံးပါလို့...
ရေမပျစ်မကျဲလေးမှာ ချပါ အရမ်းစားကောင်းတာ တမျိုးတည်းနဲ့
Credit Win Win
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sanchaung
Yangon