Ngwae Yee

Ngwae Yee

Share

Life is short, and it is up to you to make it sweet.💙🤎

05/03/2026

ဒီကာလက ကိုယ်ဆီ​​ရောက်ပြီးသား ရပြီးသား​တွေ ​ပေးပြီးသား​တွေ ပြန်​တောင်းခံရတဲ့ကာလ ပြန်​ပေးရတဲ့ကာဖြစ်မယ် နေ့လည်က လုပ်​ဖော်ကိုင်ဖက် တစ်ယာက်က လက်ဘက်ရည်တစ်ခွက်လာတိုက်တယ် အလုပ်များလွန်းလို့ မ​​​သောက်ဖြစ်​သေးတာက ကံကောင်းတယ်​ပြောရမလား ဆိုးတယ်​ပြောရမလားပဲ...၊ ​​တော်​တော်​လေးကြာလာ​တော့ အမ လက်ဘက်ရည် ​သောက်တာကုန်ပြီလားတဲ့ မ​သောက်ရ​သေးဘူး meeting ထဲ အလုပ်ရှုတ်​နေလို့ လို့ ​ပြော​တော့ ​နောက်တစ်​ယောက်အတွက် ဝယ်ခဲ့မယ်​ပြောပြီး ​မေ့လာလို့တဲ့ မ​​သောက်ရ​သေးရင် သူ့ကိုအရင်​ပေးလိုက်လို့ရလားတဲ့ .. ကိုယ်ကလဲ ရပါတယ်​ပေါ့...ယူသွားပါလို့​ပြောလိုက်တယ်...။ လက်ဘက်ရည်က အရမ်းကြိုက်​ပေမယ့် ကိုယ်နဲ့မတည့်​တော့ ​သောက်ဖြစ်ရင်​တောင်မှ နည်းနည်းပဲ ​သောင်မိမယ်ထင်ပါတယ်။
ဒါ​ပေမယ့် တစ်ခု ပြန်သတိရသွားတာက ဟို..အရင် တစ်ခါကလဲ ကိုယ်ကိုပဲ ချစ်ခင်ပါတယ် ဆိုပြီး အနားမှာအမြဲရှိ​နေ​ပေးခဲ့တဲ့သူက မထင်မှတ်တဲ့အချိန်မှာ ​နောက်လူတစ်​ယောက်​ပြောင်းသွားခဲ့သလို ​ပေးပြီးသား ​မေတ္တာ​တွေ ပြန်ယူပြီးထွက်သွားတာမျိုး ကြုံခဲ့ရတယ် ..။ သူက​တော့ လက်ဘက်ရည်ခွက် ပြန်​လာယူသွားတဲ့သူလို ခွင့်​တောင်မ​တောင်းသွားဘူး​ ထင်ပါရဲ့...။
အခု ကိုယ့်ဘာသာပြန်သုံးသပ်​နေတာက ကိုယ်က သ​ဘော​ကောင်းလွန်းလို့လား ​ဦးစား​ပေးစာရင်းထဲ မပါလို့လား ဒါမှမဟုတ် လေးစားစရာမလိုလို့လား ဆိုတာပဲ... ။
#​တွေးမိ​တွေးရာ​ရေးမိ​ရေးရာ
#ဘယ်သူ့ကိုမှအပြစ်တင်လိုတာမဟုတ်ပါဘူး

03/03/2026

ရွက်​ကြွေ​လေး​တွေ
လွင့်​​နေတာ​တွေ့ရင်လဲ
လွမ်းတယ်...
ရွက်နုသစ်​လေး​တွေ
​ဝေ​နေတာ​တွေ့ရင်လဲ
လွမ်းတယ်...
ဒီ​နွေဦးမှာ
ဘာ​တွေ့​တွေ့
မင်းကို လွမ်း​နေ​တော့တာပဲ....။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00