STAR Pre.School
အနာဂတ်ကြယ်ပွင့်လေးများလင်းလက်ရာရပ်ဝန်းတစ်ခု
STAR pre school
12/07/2023
ကလေးလေးတို့ကို ဂရုစိုက်ကြပါနော်
အခုလက်ရှိ ကလေးတွေအတော်များများ
ရာသီတုပ်ကွေးရောဂါ ခံစားနေရပါတယ်။
ဆရာ ဆောင်ရန်ရှောင်ရန်လေးတွေ
အကျဉ်းချုံးပြောပြမယ်နော်။
- အခုတစ်ခေါက် တုပ်ကွေးပိုးက အတော်ဆိုးတယ်။
ကလေးတွေ အဖျားအရမ်းတက်တယ်။
ကလေးဖျားရင် ရေပတ်တိုက်လို့ရပါတယ်။
ပါရာစီတေမာ တိုက်လို့ရပါတယ်။
ပါရာစီတေမာ ကို ကလေးကိုယ်အလေးချိန်
တစ္ကီလိုဂရမ္ကို (၁၅)မီလီဂရမ် တိုက်ပါတယ်။
တစ်ကီလိုဂရမ်ဟာ ၂.၂ပေါင် နဲ့ညီမျှပါတယ်။
( 1kg = 2.2 lb) ဒီတော့
ဥပမာ ၁၀ကီလိုဂရမ်/ ၂၂ပေါင်
( 10kg = 22lb)ရှိတဲ့ကလေးအတွက် ပါရာစီတေမာ
တစ်ခါတိုက်စာ လိုအပ်ချက်ဟာ ၁၅၀ မီလီဂရမ်
ဖြစ်ပါတယ်။ ပါရာစီတေမာကို ခြောက်နာရီခြားဖြစ်စေ၊
ရှစ်နာရီခြားဖြစ်စေ တိုက်နိုင်ပါတယ်။
- ဒီတစ်ခါ ဖျားကြရင်နှစ်ရက်လောက်တော့
ကြာကြတယ်။ ဆေးခန်းပြတဲ့အခါ
ကြည့်ပေးတဲ့ဆရာက ပိုးသတ်ဆေးပေးကောင်း
ပေးပါလိမ့်မယ်။ ပေးလည်း နှစ်ရက်လောက်တော့
ဖျားနိုင်တာပါပဲ။ ဒါပေမယ့် တစ်ရက်လောက်
အဖ်ားမက်တာကို စိတ်မရှည်ဘဲ
ဆေးခန်းပြောင်းပြရင် ပထမဆရာပေးထားတဲ့
ပိုးသတ်ဆေးက ဆေးပတ်လည်အောင်
မတိုက်ရတဲ့အခါ ဆေးယဉ်သွားပြီ းနောက်တစ်ခုခုဆို
တိုက်လို့အာနိသင်မရှိဖြစ်သွားတတ်ပါတယ်။
စိတ်ရှည်ပေးပါ၊ ရောဂါရဲ့သဘော သဘာဝကို
နားလည်ပေးပါ။ Doctor shopping
တစ်ယောက်ပြီးတစ်ယောက်နဲ ့ပြောင်းမပြပါနဲ့။
ကလေးကိုယ်ခံအားကနိုင်လာတဲ့အခါ
အဖျားကျပါလိမ့်မယ်။
အဖျားနှစ်ရက်ကျော်လာပြီဆိုရင်
(အဖျား၄၈နာရီကျော်လာရင်)
သွေးလွန်တုပ်ကွေး သတိရွိပါ။
- အပူတအားကြီးရင်
ရေပတ်ရွှဲနေအောင်တိုက်လို့ ရပါတယ်၊
ရေချိုးချပစ်လို့ရပါတယ်။ မကြောက်ပါနဲ့။
အပူကြီးတဲ့ကလေးကို ရေချိုးရမှာ ကြောက်ကြတယ်၊
ကေလးပိုဆိုးမွာ ကြောက်ကြတယ်ဆိုတာ
နားလည်ပါတယ်။ သေဘာတရားက
အရမ်းပူလွန်းတဲ့အခါ ကလေးတက်မှာစိုးလို့၊
မီးကို ရေနဲ့ ငြိမ်းသလို အရမ်းပူနေတဲ့ခန္ဓာကိုယ်ကို
ရေချိုးပြီး အေးစေတာပါ။ အပူကြီးပြီးမှိန်းသွားမှာ၊
တက္သြားမွာ စိုးလို့ ရေချိုးခိုင်းတာပါ။
- ရေတိုက်ပါ။
ဖျားရင် ရေပိုတိုက်ပါ။
နို့စို့ကလေးဆိုရင် အမေနို့ပိုတိုက်ပါ။
အပူတက်လေလေ ရေဓာတ်ခန်းလေလေပါပဲ။
ခန္ဓာကိုယ်မှာရေ လုံလုံလောက်လောက်ရှိမှ
ကေလး လန်းမှာပါ။ မြန်မြန်ပြန်ကျန်းမာမှာပါ။
ဓာတ်ဆားတိုက်ချင်ရင် တိုက်ပါရပါတယ်။
သီးစုံဓာတ်ဆား၊ အားကစားသမားဓာတ်ဆား
မတိုက်သင့်ပါ။
ကလေးဓာတ်ဆားဖြစ်စေ၊ အငန်ဓာတ်ဆားဖြစ်စေ၊
အငန္ဓာတ္ဆားကို အရသာရှိရုံလး flavor ထည့်ထားတဲ့ ဓာတ်ဆားဖြစ်စေတိုက်လို့ရပါတယ်။
- ဒီတစ်ခေါက်အဖျားမှာ ကလေးတွေအတော်လေး
အစားအသောက်ပျက်တယ်။ ရသလောက်လေး
သူတို့စားချင်တာလေးတွေ တည့်တာလေးတွေ
ကျေွးပေးပါ။ နေကောင်းပြီး သုံးလေးရက်နေရင်
ပြန်စားလာပါလိမ့်မယ်။ ဒီမတိုင်ခင်ကတော့
အစားအသောက်ပျက်မှာပါပဲ။ ကြိုးစားကျေွးပါ။
ဆရာမထပ်မှာပါမယ်။ တစ်ရက်နဲ့အဖျားမကျလို့
စိတ်ပူပြီး ပိုးသတ်ဆေးတွေ ကိုယ့်သဘောနဲ့ကိုယ်
တိုက္တာ၊ ဆေးပြင်းတွေနင်းကန်တိုက်တာ
မလုပ်ပါနဲ့။
ခန္ဓာကိုယ်ကပြန်ပြီးကုသမယ့်အချိန်ကိုစောင့်ပါ၊
မှိန်းလွန်းရင် ကိုယ်ပြနေကျဆရာဝန်ကို
ကိုယ်ယုံတယ်ဆိုရင် သူနဲ့ဆက်တိုင်ပင်ပြီးပြန်ပြပါ။
ရေများများတိုက်မယ်၊ အာဟာရရှိတာလေးတွေ
ဆက်ကျေွးမယ်။
အအေးမပတ်အောင်ထားကြမယ်နော်။
ကျန်းမာကြပါစေ။
#ကျန်းမာရေး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No(77). Insein Street(upper)Kyi Myint Dine Township
Yangon
959