BEST Education Center ကို 2016 ခုနှစ်မှာ ရန်ကုန်မြို့တွင် ဆရာမ ဒေါ်နှင်းအေးဝေ မှ စတင်တည်ထောင်ခဲ့ပြီး 2017 ခုနှစ် ဒီဇင်ဘာလတွင် မန္တလေးကျောင်းခွဲအား တိုးချဲ့ ဖွင့်လှစ်ခဲ့ပါသည်။ စတင်တည်ထောင်ချိန်တွင် ဂျပန်ဘာသာစကားကို အဓိက သင်ကြားပို့ချခဲ့ပါသည်။ ယခုအချိန်တွင် Computer သင်တန်းများ၊ Japanese Language သင်တန်းများ၊ IT သင်တန်းများ၊ Digital Marketing သင်တန်းများ၊ အင်္ဂလိစာ သင်တန်းများ၊ Leadership & Management သင်တန်းများ၊ Marketing သင်တန်းများ တိုးချဲ့ပြီး သင်ကြားပေးလျှက်ရှိပါသည်။
ယခုအချိန်အထိ သင်တန်းသားပေါင်း ၃၀၀၀ ကျော်အား သင်ကြားပို့ချပေးပြီး ဖြစ်ပါသည်။
BEST Education Center သည် ဂျပန်အလုပ်အကိုင် အေဂျင်စီတစ်ခုမဟုတ်သလို ဂျပန်နိုင်ငံသို့ လုပ်သားများ ပို့ဆောင်ပေးသော လုပ်ငန်းတစ်ခုလည်း မဟုတ်ပါ။
ဂျပန်နိုင်ငံသို့ သွားရောက်ရန်အတွက် မရှိမဖြစ်လိုအပ်သော ဂျပန်ဘာသာစကားကိုသာ အဓိကသင်ကြားပေးသော သင်တန်းကျောင်းတစ်ခုသာ ဖြစ်ပါသည်။
ဂျပန်ဘာသာစကားသင်တန်း တက်ရောက်ပြီးပါက ဂျပန်နိုင်ငံသို့ အလုပ်အကိုင်ဖြင့် သွားရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ ခိုင်မာပြီး ယုံကြည်စိတ်ချရသော ပြည်ပအလုပ်အကိုင်အေဂျင်စီများဖြင့် အလုပ်အကိုင်များ ချိတ်ဆက်ပေးသော ၀န်ဆောင်မှုတစ်ခု ပေးထားခြင်းသာ ဖြစ်ပါသည်။
ထိုကဲ့သို့ ၀န်ဆောင်မှုပေးထားခြင်းအတွက် ကျောင်းသား၊ ကျောင်းသူများ နှင့် အေဂျင်စီများထံမှ မည်သည့်ဝန်ဆောင်ခမျိုးကိုမျှ တောင်းခံခြင်းမရှိပါ။ စေတနာဖြင့်သာ ၀န်ဆောင်မှုပေးနေခြင်းဖြစ်ပါသည်။
BEST Education Center မှ တစ်ဆင့် ချိတ်ဆက်နိုင်သော ဂျပန်နိုင်ငံရှိအလုပ်အကိုင်များ
ဘိုးဘွားများပြုစု စောင့်ရှောက်ခြင်း လုပ်ငန်း
အထည်ချူပ် လုပ်ငန်း
အ၀တ်လျှော်လုပ်ငန်း
မုန့်ဖုတ်လုပ်ငန်း
Welding လုပ်ငန်းများ
ဆေးသုတ်လုပ်ငန်း
အသားထုတ်ပိုးခြင်း လုပ်ငန်း
ကားဝပ်ရှော့လုပ်ငန်း
ဟော်တယ်လုပ်ငန်းများ
Hospitality & Tourism Management
စက်ရုံလုပ်ငန်းများ နှင့် အခြားလုပ်ငန်းများကို ချိတ်ဆက်ပေးလျှက်ရှိပါသည်။
မြန်မာနိုင်ငံအနှံ မြို့ပေါင်းများစွာသို့ ကျောင်းခွဲများ ဖွင့်လှစ်ပြီး အနာဂါတ် ခေါင်းဆောင်ဖြစ်လာနိုင်သည့် လူငယ်လူရွယ်များအား အသိပညာ ဗဟုသုတများစွာ လမ်းညွှန် သင်ကြားပို့ချပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။
Our Vision
မြန်မာနိုင်ငံအနှံ ကျောင်းခွဲများ ဖွင့်လှစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအား ပံ့ပိုးပြီး ပညာရေးကွန်ယက်တစ်ခု ထူထောင်နိုင်ရန်
Our Mission
လူငယ်၊လူရွယ်များ၏ အောင်မြင်ရေးအတွက် ၀န်ဆောင်မှု အကောင်းဆုံးပေးနိုင်သော ပညာရေးစင်တာ တစ်ခုအဖြစ် ရပ်တည်နိုင်ရန်
Our Goal
လူငယ်၊ လူရွယ်များ၏ အောင်မြင်ရေးသည် ကျွန်တော်တို့၏ ပန်တိုင်းဖြစ်သည်။
BEST Education Center မှ ရရှိနိုသော အခွင့်အရေးများ
🔺 ထူးချွန်သော ကျောင်းသားတို့အတွက် BEST Education Center တွင် အလုပ်ဝင်ရောက်နိုင်ခြင်း
🔺 မိမိမြို့နယ်တွင် ကျောင်းခွဲဖွင့်လှစ်လိုသူများအတွက် ကျောင်းခွဲများရယူနိုင်ခြင်း
🔺 ပြည်တွင်း၊ ပြည်ပရှိ အလုပ်အကိုင်အခွင့်အလမ်းများဖြင့် ချိတ်ဆက်နိုင်ခြင်း၊
🔺 နားလည်မူ့အပိုင်းအတွက် ၁၀၀% အာမခံခြင်း ၊
🔺 အလုပ်ဝင်ချိန်တွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သင်တန်းသို့လာရောက်ဆွေနွေးနိုင်ခြင်း
🔺သင်တန်းတစ်ကြိမ်တက်ထားလျှင် ထပ်မံတက်ရောက်မည့် တန်းခွဲများအတွက် သင်တန်းကြေးလျော့ပေးခြင်း