Baby Boo

Baby Boo

Share

မွေးစကလေးအသုံးအဆောင်ပစ္စည်းများကိုစျေးနှုန်းမှန်ကန်စွာဖြင့်အိမ်အရောက်ငွေချေဝယ်ယူရရှိနိုင်ပါပြီရှင်

22/10/2025

🌿 New Arrival 🌿

🧸လသားကလေးလေးအတွက် အပြုံးလှလှတစ်ခုပေးကြစို့ 💕

[Baby Boo] မှ ပျော့ပျောင်းနူးညံ့တဲ့ အဝတ်အစားများ တင်ပေးထားပါတယ်ရှင်🌿

၁၀၀% Natural Cotton | Soft | Safe | Sweet

Baby တို့အတွက် သက်တောင့်သက်သာခံစားဖို့ 🌼

🛍 Order Now 👉 [Call or Chat]

21/10/2025

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ ဘယ်အရွယ်မှာဖြစ်တတ်သလဲ။
✳✳✳✳✳✳✳

⏩ ကလေး (၂)ပတ်လောက်ကနေစပြီး လေနာဝေဒနာကိုခံစားရနိုင်ပါတယ်။ ကလေးအသက် ၃ ၄လ ရောက်တဲ့အခါ သူ့ဘာသာပဲသက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ ကလေးအားလုံးမှာဖြစ်နိုင်ခြေရှိပါတယ်။

⏩ ကလေးက မရပ်မနား အသည်းအသန် ငိုနေပြီး ဘာအကြောင်းရင်းမှ ရှာမရဘူးဆိုရင် လေနာဝေဒနာဖြစ်နိုင်ပါတယ်။ ဒီတော့ မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတော့ ကလေးက လေနာဖြစ်နေတာလားဆိုတာကိုတော့ အရင်သေချာအောင်လုပ်ပါ။ ကလေးအနှီးစိုနေလား၊ သေးခံစိုနေလား၊ အင်အင်းပါ ရှူရှူးပေါက်လုပ်ထားလား၊ ဗိုက်ဆာနေလား။ ကိုယ်ပူနေလား၊ ဒါမှမဟုတ် အင်းဆက်လို အကောင်တစ်ခုခုများကိုက်ခံထားရလားဆိုတာတွေကို သေချာအောင်လုပ်ပါ။ လေနာဆိုတာသေချာပြီဆိုရင်တော့ ထူးထူးခြားခြားကတော့ ဘာမှလုပ်စရမလိုပါ။ အချိန်တန်ပျောက်သွားမှာပါပဲ။ ဒါပေမယ့် ကိုယ့်ကလေးကို မကြည့်ရက်အောင်ဖြစ်နေတယ်ဆိုရင်တော့ သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းတချို့ရှိတယ်။

၁။ ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့ကိုရှောင်ပါ။

လေ့လာမှုတွေအရ ဆေးလိပ်သောက်သုံးတဲ့ မိခင်တွေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်မိတဲ့ မိခင်တွေရဲ့ ကလေးငယ်တွေမှာ လေနာဝေဒနာဖြစ်တာများတယ်လို့တွေ့ ရှိခဲ့ရပါတယ်။ စီးကရက်ငွေ့ကို ကိုယ်ဝန်ဆောင်မိခင်ကရှုရှိုက်မိတဲ့အခါ မွေးလာမယ့် ကလေးမှာလေနာပါနိုင်တာကြောင့်မိခင်လောင်းတွေအနေနဲ့ ကလေးလေနာကင်းဖို့ဆိုရင် ကိုယ်ဝန်ဆောင်အချိန်မှာကတည်းက ကိုယ်တိုင်ဆေးလိပ်သောက်တာကိုရော တဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်တာကိုပါရှောင်ကြဉ်ပါ။ မွေးကင်းစအရွယ်မှာလည်း ဆေးလိပ်ငွေ့တွေနဲ့ မထိတွေ့စေဖို့ ကာကွယ်ပေးပါ။

၂။ နို့ဘူးကြောင့်လို့ သံသယရှိရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

နို့ဘူးတိုက်လို့တော့ လေနာတာမဖြစ်နိုင်ဘူး။ ဒါပေမယ့် တချို့နို့မှုန့်တွေက မတည့်တဲ့အခါ အစာအိမ်နဲ့အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တာရှိလို့ နို့ဘူးကြောင့်လို့ထင်ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်ပါ။

၃။ ကလေးက လေတွေအများကြီး မျိုမချဖြစ်အောင် ဂရုစိုက်ပါ။

ကလေးကို နို့တိုက်တဲ့အခါ၊ နို့ဗူးတိုက်တဲ့အခါမှာ လေတွေအများကြီးမဝင်သွားအောင် ဂရုစိုက်ပါ။ နို့သီးခေါင်းကို အပြည့်အဝငုံမိအောင်၊ နို့ဗူးကိုလည်း ကလေးပါးစပ်နဲ့ အနေတော်ဖြစ်နေအောင်ပြုလုပ်ပေးပါ။ နို့သီးခေါင်းမှာလည်း အပေါက်ကို ခပ်သေးသေးပဲဖောက်ပေးပါ။ အစားတစ်ခုခုကျွေးတဲ့အခါတိုင်းမှာလည်း ကလေးကို မတ်မတ်ထိုင်ခိုင်းပြီး ကျွေးပေးပါ။ နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ။ ကလေးကိုမှောက်ထားပြီး ကျောကိုညင်ညင်သာသာ နှိပ်ပေးပါ။

၄။ အာရုံပြောင်းပြီး ချော့မြှူပါ။

ကလေးကို တခြားအာရုံပြောင်းအောင် ချော့မြှူတာလည်းရနိုင်ပါတယ်။ ကလေးကို ပုခက်လွှဲပေးတာ၊ လမ်းလျှောက်ပြီးခေါ်သွားပေးတာ၊ ကားလျှောက်မောင်းပြတာ၊ အသံထွက်တဲ့အရာတွေနဲ့ အာရုံပြောင်းတာလုပ်ပေးနိုင်ပါတယ်။

၅။ မိခင်အစားအသောက်ကို ဂရုစိုက်ပါ။

ခိုင်မာတိကျတဲ့ အထောက်အထားတွေ မရှိပေမယ့် မိခင်နို့ တိုက်တဲ့ ကလေးတွေမှာ လေနာဖြစ်တာက မိခင်ရဲ့ အစားအသောက်နဲ့လည်းဆိုင်တယ်လို့ ယူဆချက်တွေ ရှိပါတယ်။ လိုလိုမယ်မယ် ဒီအစားအသောက်တွေ ရှောင်နိုင်ရင်တော့ ပိုကောင်းပါမယ်။

အရက်
ဆေးလိပ်
အားဖြည့် အချိုရည်တွေ
ပူစပ်တဲ့ အစားအသောက်တွေ
ကော်ဖီ
ကြက်သွန်နီ
ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း
အသင့်စား အစားအသောက်တွေ

Crd Hello Sayarwon Panel
Photo crd goole

17/10/2025

👶 မွေးစမှ တစ်နှစ်အထိ baby လေးတွေအတွက် ပစ္စည်းအစုံကို တစ်နေရာတည်းမှာ ဈေးနှုန်းချိုသာစွာနဲ့ ၀ယ်ယူရရှိနိုင်ပါပြီနော်။

🤰🏻 မီးဖွားတော့မယ့်မေမေတွေ ဘာ၀ယ်ရမှန်းမသိရင်လည်း Newborn package အစုံ နဲ့ လိုချင်တာသီးသန်လေးတွေတွဲ​စီစဉ်ပေးပါတယ်ရှင့်။ မေမေတို့ စိတ်ကြိုက် တစ်ခုချင်းစီရွေး၀ယ်လည်းရပါတယ်

✳ ရန်ကုန်မြို့တွင်းနှင့်တစ်ခြားမြို့များသို့လည်းအိမ်အရောက်ငွေချေရပါတယ်

✳Kpay နဲ့ ရှင်းလည်းရပါတယ်။

ဆက်သွယ်ရန် - cb ( or )
☎️ - 09974519954

Instock မို့ မှာပြီး ၁ရက်မှ၃ရက်အတွင်းပို့ပေးပါတယ်နော်

Photos from Baby Boo's post 14/10/2025

ကလေးသေးခင်း Plastic သေးခင်းမသုံးချင်သူများအတွက်လည်း ချည်သားသေးခင်း အသေးရော အကြီးပါ ပစ္စည်းဖြည့်ပေးထားပါတယ်

ပုံအောက်မှာစျေးလေးတွေရေးပေးထားပါတယ်နော်

✳ ရန်ကုန်မြို့တွင်းနှင့်တစ်ခြားမြို့များသို့လည်းအိမ်အရောက်ငွေချေရပါတယ်

✳Kpay နဲ့ ရှင်းလည်းရပါတယ်။

ဆက်သွယ်ရန် - cb ( or )
☎️ - 09974519954

Instock မို့ မှာပြီး ၁ရက်မှ၃ရက်အတွင်းပို့ပေးပါတယ်နော်

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Near , Mingalar Zay
Yangon