Hua Zhang Chinese Speaking Class

Hua Zhang Chinese Speaking Class

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hua Zhang Chinese Speaking Class, Education, No. 169/10, 5 Floor, Insein Road, Kamayut, (1) Quarter, Near Sin Yay Twin Bus Stop, Yangon.

Photos from Hua Zhang Chinese Speaking Class's post 04/12/2025

"အိမ်သာ ''ကို တရုတ်လို 👇👇
1/​厕所 (cèsuǒ)
(Toilet)
2/​洗手间 (xǐshǒujiān)(Restroom/Washroom)
3/​卫生间(wèishēngjiān)
(Bathroom/Sanitary Room)
4/茅房 (Máofáng)(Latrine/Outhouse) ခေါ်တယ်
~~~~~~~~~~~~~~~
1/​厕所 (cèsuǒ) - အသုံးအများဆုံး ဘဲ။အများသုံး / အိမ်တွင်း အိမ်သာ နှစ်မျိုးလုံးကို ပြောလို့ရပါတယ်
​အများသုံးအိမ်သာ ကို 公共厕所 (gōnggòng cèsuǒ) ခေါ်တယ်
👉你去厕所吗?
သန့်စင်ခန်းသွားမလို့လား?
👉请问, 男厕所/女厕所/公共厕所在哪儿?
Qǐng wèn , nán cè suǒ / nǚ cèsuǒ / gōnggòng cè suǒzài nǎr ?
တဆိတ်လောက်မေးပါရစေ အမျိုးသားအိမ်သာ/အမျိုးသမီးအိမ်သာ/အများသုံးအိမ်သာဘယ်နားမှာလဲ?

~~~~~~~~~~~~~~~
2/​洗手间 (xǐshǒujiān) - ဒဲ့ ဆိုရင် "လက်ဆေးခန်း" ပေါ့
စားသောက်ဆိုင်များ၊ စျေးဝယ်စင်တာများ မှာ သုံးတယ်ပိုပြီး ခေတ်မှီ ယဉ်ကျေးမူ ရှိတယ်။
အများအားဖြင့် အိမ်သာအပြင် လက်ဆေးကန် နဲ့ မှန်တို့ပါရှိတယ်
🚽我先去一下洗手间,你也要跟吗?
Wǒ xiān qù yíxià xǐ shǒu jiān , nǐ yě yào gēn ma ?
ငါ သန့်စင်ခန်း သို့ အရင်သွားလိုက်အုံးမယ် မင်းလည်း လိုက်အုံးမလား?

~~~~~~~~~~~~~~~
3/卫生间🛀 (wèishēngjiān) - ``သန့်ရှင်းရေးခန်း " လို့ အဓိပ္ပာယ်ရတယ် (ရေချိုးခန်း+ အိမ်သာ) or (အိမ်သာ၊ လက်ဆေးကန်၊ နှင့် ရေချိုးကန်/ရေချိုးခန်းတို့ ပါဝင်တဲ့ ပြည့်စုံသော အခန်း ကို ပြောတာ၊ အိမ်တွင်း or တိုက်ခန်းများ ၏ မြေပုံများ နဲ့ ဒီဇိုင်းများမှာလည်း အများဆုံးတွေ့ရတယ်
🛀🧼我家有两个卫生间。
Wǒ jiā yǒu liǎng gè wèishēngjiān .
ငါ့အိမ်မှာ ရေချိုးခန်း+အိမ်သာ နှစ်ခန်းရှိတယ်။
* မှတ်ချက်: 洗手间 နဲ့ ဆင်တူ ပေမဲ့ 卫生间 က တစ်ခါတစ်ရံ ရေချိုးခန်းပါဝင်တဲ့ ပိုမိုပြည့်စုံသည့် သဘောကိုဆောင်ပါတယ်
~~~~~~~~~~~~~~~
၄။ 茅房 (Máofáng)
ကျင်းအိမ်သာ/မြောင်းအိမ်သာ/မြက်ထိုးအိမ်သာ/တဲအိမ်သာ ခေါ်တယ်
🚾 ကျေးလက်ဆန်တယ်၊ရှေးကျပြီး မယဉ်ကျေးတဲ့ အခေါ်အဝေါ်ပါ
ဒီနေ့ခေတ်မှာ လုံးဝနီးပါး မသုံးတော့ ပေမဲ့ စာပေဟောင်းများ သို့မဟုတ် ကျေးလက်ဒေသ အလွန်ဟောင်းနွမ်းသော အခြေအနေများကို ရည်ညွှန်းရာတွင်သာ သုံးတယ်
* ဒါကို ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ အသုံးပြုဖို့ မသင့်တော်ပါဘူးနော်
ယေဘုယျအားဖြင့်၊ သင်က အများပြည်သူဆိုင်ရာနေရာများမှာ အိမ်သာကို မေးမြန်းလိုပါက 洗手间 (Xǐshǒujiān) ကို အသုံးပြုခြင်းသည် အကောင်းဆုံးနှင့် အယဉ်ကျေးဆုံး ဖြစ်ပါတယ်။
===============
👉လစဉ်​သင်​တန်းသား အသစ်​လက်​ခံ ပါသည်​။
(Online👉 one by one//group)
4skills //writing only //speaking only
Zhang Chinese Speaking
📱09787056975
📱095137951
👉Call time 9:00am to 6:00pm

👉 HuaZhang page chat box တွင်​လည်း စုံစမ်း​မေးမြန်း နိူင်​ပါသည်​။

☺️reply ပြန်​ကြားရန်​နှောင့်​နှေးခြင်း ရှိ ပါက သည်းခံ​စောင့်​ဆိုင်း​ပေးပါ ခင်​ဗျာ {အတန်းဝင်​နေချိန်}
☺​ကျေးဇူး တင်​ပါသည်​။

05/10/2025

🌕 中秋節🌕(农历八月十五)
zhōng qiū Jié (nóng lì bā yuè shí wǔ)
တရုတ်​ရိုးရာ လမုန့် ကန်​​တော်​ပွဲ (Chinese calendar 8 လပိုင်း 15ရက်​ ​နေ့ )

🥞吃月餅,
chī yuè bǐng,
လမုန့် စားမယ်​.

🌕看月亮。
kàn yuè liàng.
လ ကို ကြည့် မယ်​

🌕月亮圓,
yuè liàng yuán,
လမင်း ကြီး က ဝိုင်းစက်​​နေတာပဲ

🍥月餅香。
yuè bǐng xiāng.
လမုန့် က ​မွှေးတယ်​

🥞 这个星期一是中秋节。
Zhè gè xīng qī yī shì zhōng qiū Jié.
ဒီ အပတ်​ ​တနင်္လာ က လမုန့် ပွဲ​တော်​ ​နေ့ ဘဲ

🥞 大家边赏月边吃月饼.
Dà jiā biān shǎng yuè biān chī yuè bing.
အားလုံး လမင်း ကြီး ကို ရှု့စား ရင်း လမုန့် စား ကြမယ်​

🥞开开心心地过节日.(别自己一个人上网看脸书!)
kāi kāi xīn xīn de guò Jié rì.(Bié zì jǐ yí gè rén shàng wáng kàn liǎn shū )
​ပျော်​​ပျော်​ရွှင်​ရွှင်​ နဲ့ ပွဲ​တော်​​နေ့ ကို ဆင်​နွှဲ ကြစို့ ​နော်​ (တစ်​​ယောက်​တည်း FB သုံး မ​နေပါနဲ့ လားကွယ်​ )

♥️♥️祝福大家节日快乐!♥️♥️
Zhù fú dà jiā Jié rì kuài le!.
အားလုံး အတွက်​ ​ပျော်​စရာ ​နေ့ ​လေး ဖြစ်​ပါ​စေ! !
🥞🥞生词shēng cí(New words )
………………
🥞月饼 yuè bǐng ယွဲ့ ပိင်​
လမုန့်

🥞圆 yuán ယွမ်​
ဝိုင်းဝန်း /ဝိုင်းစက်​​သော

🥞香 xiāng ရှမ်း
​မွှေးပျံ့ /​မွှေးကြိုင်​ ​သော

🥞星期 xīng qī ရှင်းချီး
ရက်​သတ္တပတ်​

🥞一个星期 yí gè xīng qī ယီ ​ကော့ ရှင်းချီး
ရက်​သတ္တပတ်​ တစ်​ ပတ်​

🥞上个星期 shàng gè xīng qī စန့်h ​ကော့ ရှင်းချီး
ပြီးခဲ့တဲ့ /လွန်​ခဲ့တဲ့ အပတ်​

🥞这个星期 zhè gè xīng qī ကျဲ့ ​ကော့ ရှင်းချီး
ဒီ အပတ်​

🥞下个星期 xià gè xīng qī ရှ ​ကော့ ရှင်းချီး
​နောက်​ လာမည့် အပတ်​

🥞星期一xīng qī yī ရှင်းချီး ယီး
တနင်္လာ

🥞星期二xīng qī èr ရှင်းချီး ​အော့
အင်္ဂါ

🥞星期三xīng qī sān ရှင်းချီး စန်း
ဗုဒ္ဓဟူး

🥞星期四xīng qī sì ရှင်းချီး စစ်​
ကြာသာပ​တေး

🥞星期五xīng qī wǔ ရှင်းချီး ဝူ
​သောကြာ

🥞星期六xīng qī liù ရှင်းချီး လျို့
စ​နေ

🥞星期日/星期天xīng qī rì/xīng qī tiān ရှင်းချီး ရွတ့် /ရှင်းချီး *ထရန်း
တနင်္ဂ​နွေ

🥞上个星期一shàng gè xīng qī yī စန့်h ​ကော့ ရှင်းချီး ယီး
ပြီးခဲ့တဲ့ တနင်္လာ

🥞这个星期五zhè gè xīng qī wǔ ကျဲ့ ​ကော့ ရှင်းချီး ဝူ
ဒီ အပတ်​ ​သောကြာ

🥞下个星期六xià gè xīng qī liù ရှ ​ကော့ ရှင်းချီး လျို့
​လာမည့် စ​နေ ​နေ့

🥞欣赏(赏)xīn shǎng (shǎng)
ရှင်း စန်​h
ရှု့စား သည်​

🥞边。。。边。。biān... biān ပြန်း.. ပြန်း ..ရင်း.. ရင်း..
**(လုပ်​​ဆောင်​ချက်​ တစ်​ခု လုပ်​ရင်း တချိန်​တည်း ​နောက်​ လုပ်​​ဆောင်​ချက်​ တစ်​ခု ပါ လုပ်​သည်​)

🥞开开心心(开心)kāi kāi xīn xīn
ခိုင်း ခိုင်း ရှင်း ရှင်း
​ပျော်​​ပျော်​ရွှင်​ရွှင်​ (​ပျော်​ရွှင်​ ​သော )

🥞节日Jié rì ကျယ်​ ရွတ်​r
ပွဲ​တော်​​နေ့

🥞祝福 zhù fú ကျူ့h ဖူf
ဆု​တောင်း ​ပေးသည်​

🥞**星期 xīng qī ​နေရာမှာ 礼拜 lǐ bài ​/周ပြောင်းလဲ သုံး နိင်​ သည်​ ။
ဥပမာ
lǐ bài yī လီပိုက်​ ယီး
礼拜一 တနင်္လာ ​နေ့
zhōu yīကျိုးယီး
周一တနင်္လာ ​နေ့
🥞🥞🥞🥞🥞🥞🥞🥞
👉လစဉ်​သင်​တန်းသား အသစ်​လက်​ခံ ပါသည်​။
(Online👉 one by one//group)
4skills //writing only //speaking only
Zhang Chinese Speaking
📱09787056975
📱095137951
👉Call time 9:00am to 6:00pm

👉 HuaZhang page chat box တွင်​လည်း စုံစမ်း​မေးမြန်း နိူင်​ပါသည်​။

☺️reply ပြန်​ကြားရန်​နှောင့်​နှေးခြင်း ရှိ ပါက သည်းခံ​စောင့်​ဆိုင်း​ပေးပါ ခင်​ဗျာ {အတန်းဝင်​နေချိန်}
☺​ကျေးဇူး တင်​ပါသည်​။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 169/10, 5 Floor, Insein Road, Kamayut, (1) Quarter, Near Sin Yay Twin Bus Stop
Yangon
95