PAI Consultant Service

PAI Consultant Service

Share

We are consultancy company to provide professional Business Corporate Services, Company Liquidation

10/11/2025

PAI Consultant Service မှ ကျွန်တော်တို့နဲ့အတူ လက်တွဲလုပ်ကိုင်ရန် Office Staff များ အလိုရှိပါသည်။

Office Staff - 2 Post (Male or Female)

လျှောက်ထားလိုသူများသည်အောက်ဖော်ပြပါအရည်အချင်းများနှင့်ကိုက်ညီရမည်။

- ရုံးစာများအား စာစီစာရိုက်ပြီး ပြင်ဆင်ရန် Computer Microsoft Office Word , Microsoft Excel , Page Maker အသုံးပြုတက်ရမည်။

- Gmail Account ဖွင့်လှစ်ခြင်းနှင့် Website များကိုအသုံးပြုတက်ရမည်။

- ရုံးပိုင်းဆိုင်ရာနှင့်ပတ်သက်သော စာရွက်စာတမ်း
များ ပေးပို့ခြင်း ဖောင်တင်ခြင်း ကိစ္စများနှင့်
ပတ်သက်၍ သွားလာနိုင်ရမည်။
မလုပ်တက်ပါကသင်ပေးပါမည်။

- လူအများနှင့်အဆင်ပြေအောင် ယဉ်ကျေးပျူဌာစွာ စကားပြောဆိုတက်ရမည်။

- အလုပ်နှင့်ပတ်သက်သည်များကို သင်ယူလိုစိတ်ရှိရမည်။

- နှစ်စဉ် လုပ်ငန်းနှင့်ပတ်သက်သည်များအားကျိုးစားပြီး လုပ်နိုင်စွမ်းရှိရမည်။

- ရိုးသားပြီး စာရိတ္တကောင်းမွန်ရမည်။

- အခါအားလျော်စွာ အလုပ်နှင့်သက်ဆိုင်သည့်သင်တန်းများတက်ရောက်နိုင်ရမည်။

- ပညာအရည်အချင်း အနည်းဆုံး ၁၀တန်း သို့မဟုတ် ၁၀တန်းအောင်။

အလုပ်ချိန်

တနင်္လာ မှ စနေနေ့ထိ မနက် ၉:၃၀ မှ ညနေ ၅:၀၀ ထိ။
စနေနေ့တစ်ဝက် သို့မဟုတ် အလုပ်လုပ်ရန်မရှိပါကရုံးပိတ်ပါသည်။
တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်များရုံးပိတ်ပါသည်။

အလုပ်တည်နေရာ

ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့။

စိတ်ဝင်စားပါက CV Form တွင် ဓာတ်ပုံတစ်ပုံကပ်ပြီး မျှော်မှန်းလစာနှင့်အတူ 09774788846 Viber သို့
ပေးပို့လျှောက်ထားနိုင်ပါသည်။

Shortlist Candidate များကိုသာ Interview ရန်
ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

24/07/2024

ကုမ္ပဏီတည်ထောင်ပြီး ပထမစစခြင်း ၃နှစ်
အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိနိုင်လား?

လုပ်ငန်းအသစ်စတင်ပြီး ၃နှစ်ဆက်တိုက်
ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို အောက်ဖော်ပြပါ
လုပ်ငန်းများအနေနဲ့ ရရှိနိုင်ပါတယ်။

ပြည်တွင်းထုတ်လုပ်မှုကိုအခြေခံပြီး
အသစ်စတင် တည်ထောင်တဲ့ အသေးစား ၊
အငယ်စားနဲ့ အလတ်စား စီးပွါးရေးလုပ်ငန်းများ၊
အိမ်တွင်း စက်မှု လက်မှုလုပ်ငန်းများ သို့မဟုတ်
အသေးစား စက်မှုလက်မှုလုပ်ငန်းများအတွက်

လုပ်ငန်း စတင်တည်ထောင်ချိန်ကစပြီး
တစ်ဆက်တည်း သုံးနှစ်တာ ကာလအတွင်း
နှစ်တစ်နှစ်ရဲ့ စုစုပေါင်းအသားတင်အမြတ်ငွေ
သိန်း၁၀၀အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်
ပြုထားပါတယ်။

ဒါ့အပြင် MICခွင့်ပြုမိန့်ရယူပြီး ဆောင်ရွက်နေတဲ့
လုပ်ငန်းများအနေနဲ့
MICခွင့်ပြုမိန့်ပါ ကင်းလွတ်ခွင့်ပြုထားတဲ့
နှစ်အတိုင်း ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိနိုင်ပါတယ်။

အထက်မှာဖေါ်ပြထားတဲ့ လုပ်ငန်းများကလွဲပြီး
ကျန်လုပ်ငန်းများဟာ ဝင်ငွေခွန် ကင်းလွတ်ခွင့်
မရရှိနိုင်ပါ။

ဝင်ငွေခွန်ကင်လွတ်ခွင့် ရရှိနိုင်တဲ့လုပ်ငန်းများ
ဖြစ်သော်လည်း နှစ်စဉ်အခွန်ဘဏ္ဍာရေးနှစ်
အလိုက် နှစ်ချုပ်ဝင်ငွေခွန်ကြေညာလွှာများ
တင်သွင်းခြင်း ၊ အခွန်စည်းကြပ်မှုခံယူခြင်း
တို့ကို မဖြစ်မနေဆောင်ရွက်ဖို့တော့ လိုအပ်ပါ
မယ်။

👉 အခွန်နှစ်ချုပ်စာရင်းများရေးဆွဲခြင်း။
👉 လစဉ် ကုမ္ပဏီစာရင်းများ စာရင်းသွင်း ရေးဆွဲပေးခြင်း။
👉 စာရင်းစစ်ပေးခြင်း။
👉 ကုန်လက်ကျန်ပစ္စည်းများ စာရင်းစစ်ပေးခြင်း။ ဝန်ဆောင်မှုများကို သင့်ကုမ္ပဏီအတွက်
ဆောင်ရွက်ဖို့လိုအပ်လာပြီဆိုရင်

"PAI Consultant Service" နဲ့အတူလက်တွဲပြီး ယုံကြည်စိတ်ချစွာဆောင်ရွက်နိုင်ပါပြီခင်ဗျာ။

ဆက်သွယ်ရန်
📱 09422217514
☎️ 09774788846
📧 [email protected]
🏠 No 6/8, 1st Floor, Upper Pazuntaung Road, Pazuntaung Township, Yangon, Myanmar.





#နှစ်ချုပ်အခွန်စာရင်း
#စာရင်းကိုင်ဝန်ဆောင်မှု
#ကုမ္ပဏီအခွန်

10/03/2024

❝Struck-Off ဖြစ်နေတဲ့ကုမ္ပဏီတွေအတွက် တရားရုံးအမိန့်နဲ့ ပြန်လည်မှတ်ပုံတင်ပေးမယ့်
PAI Consultant Service❞

မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတိုင်းဟာ
တစ်နှစ် တစ်ကြိမ် DICA မှာနှစ်စဉ်အစီရင်ခံစာ
Annual Return (AR) တင်ပြဖို့ မဖြစ်မနေလိုအပ်
ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ AR တင်ဖို့ Annual Return Due Date တွေကျော်လွန်ပြီး ပျက်ကွက်ခဲ့မယ်
ဆိုရင် ပထမအဆင့်အနေနဲ့ Suspended လို့ခေါ်တဲ့ နှစ်စဉ်အစီရင်ခံစာတင်ပြရန်ပျက်ကွက်
ဆိုင်းငံ့စာရင်းထဲ၀င်သွားမှာဖြစ်ပါတယ်။

အဲ့ဒီနောက် AR Due Date ထက် (၂) နှစ်ကျော်လွန်ခဲ့မယ်ဆိုရင် Suspended အဆင့်ထက်ကိုကျော်ပြီး ကုမ္ပဏီမှတ်ပုံတင်စာရင်းမှပယ်ဖျက်ခြင်း( Struck-Off ) ပြုလုပ်ခံရမှာပါ။

Suspended ဖြစ်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ DICA
မှာ ဒဏ်ကြေးသွင်းပြီး ပြန်လည်မှတ်ပုံတင်လို့
ရနိုင်ပေမဲ့ Struck-Off အဆင့်ထိဖြစ်သွားရင်
တော့ သက်ဆိုင်ရာတရားရုံးမှာ
တရားမအထွေထွေအမှုဖွင့်ပြီး ပြန်လျှောက်ရမှာ
ဖြစ်ကာ တရားရုံးအမိန့်ရမှ DICA မှာ ပြန်လည်
မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Suspended နဲ့ Struck-Off ဖြစ်နေတဲ့ ကုမ္ပဏီကဒါရိုက်တာ‌တွေဟာဆိုရင် နောက်ထပ်တခြားကုမ္ပဏီတွေမှာပါ၀င်ဆောင်ရွက်နိုင်ခွင့်မရှိတော့
တာမို့ Suspended တို့ Struck-Off တို့ မဖြစ်ဖို့ အထူးဂရုစိုက် ဆောင်ရွက်သင့်ပါတယ်။

အကယ်၍ လူကြီးမင်းတို့ရဲ့ကုမ္ပဏီတွေ အကြောင်းအမျိုးမျိုးကြောင့် Struck-Off ဖြစ်သွားလို့ DICA မှာ တရားရုံးအမိန့်နဲ့ ပြန်လည်
မှတ်ပုံတင်ချင်သူတွေအတွက်...

ကျွန်တော်တို့ PAI Consultant Service မှ နားလည်တတ်ကျွမ်းတဲ့ ရှေ့နေများနဲ့ အထူးဝန်ဆောင်မှုပေးနေတာဖြစ်လို့...

📱09422217514 သို့မဟုတ် Page Messenger သို့
ဆက်သွယ်ပြီးဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ။ 🙏

📱 09422217514
☎️ 09774788846
📧 [email protected]
🏠 No. 6/8 , Room 104, Upper Pazuntaung Road, Pazuntaung Township , Yangon, Myanmar.







#တရားရုံးအမိန့်နှင့်ကုမ္ပဏီမှတ်ပုံတင်ခြင်း

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 6/8, Room 104, Upper Pazuntaung Road
Yangon

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00