Success Prep Education Center - Myanmar

Success Prep Education Center - Myanmar

Share

SPEC students have got FULL/PARTIAL SCHOLARSHIPS from multiple universities across the United States. We are operating n New York and Myanmar.

13/06/2025

Meet The Students: Michelle Htut & Melissa Htut: Part 2
==========================================

အပိုင်း (၁) ကို ကြည့်ရှုရန်
−−−−−−−−−−−−−−−−−
အပိုင်း (၁) မေးမြန်းခန်းထဲမှာတော့ မြန်မာပြည်ကနေ အမေရိကားကို ရောက်ရှိလာပြီးနောက်ပိုင်း အပြောင်းအလဲတွေကို ဘယ်လိုမျိုး ညှိယူကြိုးစားခဲ့သလဲ၊ ကျောင်းစာသာမကဘဲ ကျောင်းပြင်ပလှုပ်ရှားဆောင်ရွက်မှုတွေကို မျှတအောင် ဘယ်လိုမျိုး လုပ်ဆောင်ခဲ့သလဲ၊ တက္ကသိုလ်ကျောင်းတွေကို ဘယ်လိုမျိုး ရွေးချယ်လျှောက်ထားခဲ့သလဲ၊ ကျောင်းဝင်ခွင့် အက်ဆေးကို ဘယ်လိုမျိုး ပြင်ဆင်ရေးသားခဲ့သလဲ ဆိုတာတွေကို မေးမြန်းထားပါတယ်။

https://www.facebook.com/share/v/152MMxpVnc4/

အပိုင်း (၂) မေးမြန်းခန်းထဲမှာတော့ ဘက်စုံထူးချွန်တဲ့ ကျောင်းသားကျောင်းသူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုမျိုး ပြင်ဆင်ကြိုးစားရမလဲ၊ ပညာတော်သင်ဆုတွေကို ဘယ်လိုမျိုး ရှာဖွေရမလဲ၊ ခုချိန်တည်းကစပြီး ဘာတွေကို ကြိုတင်ပြင်ဆင်ထားရမလဲ ဆိုတာနဲ့ မိဘတွေဖက်က ဘယ်လိုမျိုး ပံ့ပိုးကူညီပေးရမလဲ ဆိုတာတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

−−−−−−−−−−−−−−−−−−

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…

Success Prep Education Center မှာ တက်ရောက်ပြီး ထိပ်သီး ပုဂ္ဂလိက တက္ကသိုလ်နဲ့ ကောလိပ်များကို ဝင်ခွင့်ရသွားခဲ့ကြတဲ့ ထူးချွန်ကျောင်းသူကျောင်းသားလေးများနဲ့ တွေ့ဆုံမေးမြန်းထားတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီသမီးငယ်လေးနှစ်ယောက်လုံးကို ၂၀၁၈ လောက်မှာ စတင်သိကျွမ်းခဲ့ရတာ ဖြစ်ပြီး အဲ့ဒီ့အချိန်တုန်းက အကြီးမလေး Michelle က ၈ တန်း၊ အငယ်မလေး Melissa က ၆ တန်းမှာ ပညာရည်ဆည်းပူးနေခဲ့ကြတယ်။

ညနေပိုင်း ကျောင်းဆင်းချိန်တွေဆိုရင် ကျွန်တော့်ရဲ့ Success Prep Brooklyn ကျောင်းခွဲလေးမှာ လာရောက်ပြီး အင်္ဂလိပ်စာ၊ သင်္ချာ၊ Writing နဲ့ တခြားဘာသာရပ်တွေကို အပတ်တကုတ် ကြိုးစားသင်ယူခဲ့ကြတယ်။

ကလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူဟာ သမီးကြီး ၁၂ တန်းနှစ်မှာ ဆုံးပါးသွားခဲ့ရပေမယ့် ဒီသမီးငယ်လေးနှစ်ယောက်လုံးကို သူတို့ရဲ့ မိခင်ဖြစ်သူရော၊ ကျွန်တော်တို့ရဲ့ Success Prep က ဆရာ၊ ဆရာမများကပါ အထူးဂရုစိုက်ပြီး လေ့ကျင့်ထိန်းကျောင်း သွန်သင်ဆုံးမပေးခဲ့ကြတယ်။

ကြိုးစားမှုရဲ့ အသီးအပွင့် ရလာဒ်တွေအဖြစ် သမီးကြီး Michelle Htut ဟာ Maine ပြည်နယ်ထဲက နာမည်ကြီး Private College တစ်ခုဖြစ်တဲ့ Bates College ကို Full Scholarship နဲ့ ၂၀၂၃ ခုနှစ်မှာ ဝင်ခွင့်ရခဲ့ပါတယ်။ သမီးကြီး ရရှိခဲ့တဲ့ ပညာတော်သင်ဆု ပမာဏကတော့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၈ သောင်းကျော်($81,480) နဲ့ လေးနှစ်စာ ဒေါ်လာ $325,920 ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

နောက် ၂ နှစ်အကြာမှာတော့ သမီးငယ် Melissa Htut ဟာ New York မြို့ပေါ်က နာမည်ကြီး Private University တစ်ခုဖြစ်တဲ့ New York University (NYU) ကို Full Scholarship နဲ့ ၂၀၂၅ ခုနှစ်မှာ ဝင်ခွင့်ရခဲ့ပြန်ပါတယ်။ သမီးငယ် ရရှိခဲ့တဲ့ ပညာတော်သင်ဆု ပမာဏကတော့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၉ သောင်းကျော် ($91,663) နဲ့ လေးနှစ်စာ ဒေါ်လာ $366,652 ကို ဆွတ်ခူးရရှိနိုင်ခဲ့ပါတယ်။

ဒီလိုထူးချွန်တဲ့ ညီအစ်မလေးနှစ်ယောက်နဲ့ သူမတို့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိခင်ဖြစ်သူကို ကျွန်တော်တို့ရဲ့ Success Prep Education Center က ကျောင်းအုပ် ဆရာရန်အောင် ကိုယ်တိုင် တွေ့ဆုံမေးမြန်းထားတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

အပိုင်း (၁) မေးမြန်းခန်းထဲမှာတော့ မြန်မာပြည်ကနေ အမေရိကားကို ရောက်ရှိလာပြီးနောက်ပိုင်း အပြောင်းအလဲတွေကို ဘယ်လိုမျိုး ညှိယူကြိုးစားခဲ့သလဲ၊ ကျောင်းစာသာမကဘဲ ကျောင်းပြင်ပလှုပ်ရှားဆောင်ရွက်မှုတွေကို မျှတအောင် ဘယ်လိုမျိုး လုပ်ဆောင်ခဲ့သလဲ၊ တက္ကသိုလ်ကျောင်းတွေကို ဘယ်လိုမျိုး ရွေးချယ်လျှောက်ထားခဲ့သလဲ၊ ကျောင်းဝင်ခွင့် အက်ဆေးကို ဘယ်လိုမျိုး ပြင်ဆင်ရေးသားခဲ့သလဲ ဆိုတာတွေကို မေးမြန်းထားပါတယ်။

အပိုင်း (၁) ကို ကြည့်ရှုရန်
−−−−−−−−−−−−−−−−−
https://www.facebook.com/share/v/152MMxpVnc4/

အပိုင်း (၂) မေးမြန်းခန်းထဲမှာတော့ ဘက်စုံထူးချွန်တဲ့ ကျောင်းသားကျောင်းသူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုမျိုး ပြင်ဆင်ကြိုးစားရမလဲ၊ ပညာတော်သင်ဆုတွေကို ဘယ်လိုမျိုး ရှာဖွေရမလဲ၊ ခုချိန်တည်းကစပြီး ဘာတွေကို ကြိုတင်ပြင်ဆင်ထားရမလဲ ဆိုတာနဲ့ မိဘတွေဖက်က ဘယ်လိုမျိုး ပံ့ပိုးကူညီပေးရမလဲ ဆိုတာတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီဗွီဒီယိုတွေ့ဆုံမေးမြန်းခန်းလေးကနေတဆင့် မိမိတို့ရဲ့ ရင်သွေးငယ်များအတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်လေးတွေကို လေ့လာသိရှိသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ…

Success Prep တွင် သင်ကြားပေးနေသည့် ဘာသာရပ်များ
-----------------------------------------------------
SPEC မှာ သင်ကြားပေးနေတဲ့ ဘာသာရပ်တွေကတော့ Algebra I, Algebra II, Geometry, Writing, Vocabulary, GED, SAT and College Essay Writing တို့ ဖြစ်ပါတယ်။ မိမိတို့ လိုအပ်ချက်ပေါ် မူတည်ပြီး လိုအပ်တဲ့ ဘာသာရပ်တွေကို ရွေးချယ်သင်ယူနိုင်ပါတယ်။

📌 အမေရိကန်နိုင်ငံရှိ အထက်တန်းကျောင်း၊ တက္ကသိုလ်များ
ရွေးချယ်ခြင်းနှင့် အချိန်နှင့် တပြေးညီ လျှောက်ထားခြင်းများ၊

📌 ဖြေဆိုရမည့် စာမေးပွဲများအတွက် ပြင်ဆင်သင်ယူလိုသူများ၊

📌 မိမိတို့ သားသမီးများအတွက် လိုအပ်မည့် ပညာရေးဆိုင်ရာ အကြံဉာဏ်များ၊

📌 လက်ရှိသင်ကြားပို့ချပေးနေသော အွန်လိုင်းသင်တန်းများနှင့်ဗီဇာ ပြင်ဆင်ဖြေဆိုခြင်းဆိုင်ရာ အကြံဉာဏ်များ ...

စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်...

Yan Aung
Success Prep Education Center
“Believing is Achieving!”

🇺🇸 Success Prep Education Center
Center I
8829 51st Avenue
Elmhurst, NY 11373
United States of America
☎️ + (1) 347 612 4561

Center II
1766 Cropsey Avenue
Brooklyn, NY 11214
United States of America
☎️ + (1) 929 412 2884

Center III
173 W El Repetto Drive
Monterey Park, CA 91754
United States of America
☎️ + (1) 626 464 3058

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address


133, Mill Road, Suite 602, Mingalar Taung Nyunt
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00