Resmed Myanmar
Leader in Sleep Medicine For more inquiries please contact to service provider.
22/02/2026
ကောင်းစွာအိပ်စက်ခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးသည်။❗
ညစဥ် အိပ်ချိန် ၇-၈ နာရီ ရှိသင့်ပါသည်။ 👈
ကောင်းစွာအိပ်ပျော်နိုင်စေရန် အိပ်ခါနီးတွင် အောက်ပါတို့ကို ရှောင်ကြဥ်ပါ။☝
20/02/2026
OSA ကုသနည်းများ ☝
----------------------------
Obstructive Sleep Apnea (OSA) သည်အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းဖြစ်ပြီး၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချို၊ နှလုံးရောဂါ စသည့် နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။ 🫀
OSA အား အပျော့စား၊ အလယ်အလတ်နှင့် အပြင်းစားဟူ၍ အဆင့် ၃ ဆင့် ခွဲခြား သတ်မှတ်နိုင်သည်။ ထိုအဆင့်များအား အိပ်ပျော်နေစဉ် အသက်ရှူပိတ်ခြင်း၊ ဟောက်ခြင်းတ်ို့အား တိုင်းတာသည့် AHI ဟူသော ညွှန်းကိန်းဖြင့် သတ်မှတ်သည်။ 👈
💬AHI ညွှန်းကိန်း၏ တန်ဖိုးသည် 0 မှ 4 အတွင်း ရှိပါက ပုံမှန်ဟု သတ်မှတ်နိုင်ပြီး၊ ထိုသူသည် အိပ်ပျော်နေစဉ် အသက်ရှုပိတ်ခြင်း မရှိ သို့မဟုတ် မရှိသလောက် နည်းပါးနိုင်ပါသည်။
💬AHI ညွှန်းကိန်း၏ တန်ဖိုးသည် 5 မှ 14 အတွင်းရှိပါက ထိုသူသည် OSA အဆင့်-၁ သို့မဟုတ် OSA အနုစားဟု သတ်မှတ်နိုင်သည်။ ထိုအဆင့်တွင် ကိုယ်အလေးချိန်လျော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့အား ပြုလုပ်ရမည်ဖြစ်သည်။ အခြားရောဂါအခြေအနေများအား ထည့်သွင်းစဉ်းစား၍ ကုသမှုများ လိုအပ်နိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
💬AHI ညွှန်းကိန်းသည် 15 မှ 29 အတွင်းရှိနေပါက OSA အဆင့် - ၂ ဟု သတ်မှတ်မည်ဖြစ်ပြီး အလယ်အလတ်ဟု ဆိုန်ိုင်သည်။ ထိုအဆင့်တွင် CPAP လေတွန်းစက်အား အသုံးပြုရန် လိုအပ်လေ့ရှိပြီး ခံတွင်းနှင့် နှာခေါင်းအတွင်းထဲ့ရသည့် ဆေးပစ္စည်းများအားလည်း အခြေနေပေါ်မူတည်ပြီး အသုံးပြုနိုင်သည်။
💬 AHI ညွှန်းကိန်း တန်ဖိုးသည် ၃၀ အထက်သို့ ရောက်ရှိနေပါက ပြင်းထန်သော အခြေအနေဖြစ်ပြီး၊ OSA အဆင့်-၃ ဟု သတ်မှတ်န်ိုင်သည်။ ထိုအဆင့်တွင်မူ CPAP စက်အား မဖြစ်မနေတပ်ဆင်ရန် လိုအပ်ပြီး၊ ခွဲစိတ်ခြင်းနှင့် အခြားသော ကုသမှူများအားလည်း လိုအပ်နိုင်သည်။
သတိပြုရမည့် အချက်များမှာ -
🧠ကုသမှုများသည် လူတစ်ဦးနှင့်တဦးလိုအပ်ချက် ကွဲပြားနိုင်ပြီး၊ ဆရာဝန်ကုသမှု တခုတည်းဖြင့် လုံလောက်န်ိုင်မည် မဟုတ်ပါ။ မိမိကိုယ်တိုင်ပူးပေါင်းမှူ များစွာလိုအပ်ပါသည်။
🧠ကိုယ်အလေးချိန်ချခြင်းသည် OSA ကုသရာတွင် အရေးကြီးသည့် အချက်တစ်ခု ဖြစ်သည်။
🧠အရက်လျော့သောက်ခြင်း၊ ပက်လက်အိပ်စက်ခြင်းအား ရှောင်ကျဥ်ခြင်းတို့သည်လည်းအထောက်အကူပြုပေးပါသည်။
🧠အကယ်၍ နှာခေါင်း (သို့မဟုတ်) လည်ချောင်းအတွင်းတွင် ပိတ်ဆို့မှုများနေပါက ခွဲစိတ်ကုသခြင်းကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
19/02/2026
OSA စက်ဝန်း 🛌
-------------------
OSA (Obstructive Sleep Apnea) ခေါ် အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်းသည် အိပ်စက်နေစဉ် အသက်ရှူလမ်းကြောင်းတဝိုက်ရှိ ကြွက်သားများ ပြေလျော့လာပြီး အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့ခြင်းကြောင့် ဖြစ်သည်။ OSA ရှိသူများသည် အိပ်ပျော်နေစဉ် အကြိမ်များစွာ အသက်ရှူရပ်လေ့ရှိပြီး ယင်းOSA စက်ဝန်းသံသရာမှာ အောက်ပါအတိုင်း ဖြစ်သည်။🔄
(၁) အသက်ရှူလမ်းကြောင်းရှိ ကြွက်သားများ ပျော့လာခြင်း၊ 🗣
အိပ်ပျော်စဉ်တွင်ဖြစ်စေ၊ နိုးထနေချိန်တွင်ဖြစ်စေ အသက်ရှူသောအခါ လေများသည် နှာခေါင်းနှင့် လည်ချောင်းကိုဖြတ်၍ လေပြွန်မှတဆင့် အဆုတ်အတွင်းသို့ ဝင်ရောက်သည်။ နိုးထနေချိန်တွင် အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ ကြွက်သားများသည် လေပြွန်ပွင့်နေစေရန် ကောင်းစွာ အလုပ်လုပ်ကြသော်လည်း၊ အိပ်ပျော်သွားသောအခါ ခန္ဓာကိုယ်တခုလုံးရှိ ကြွက်သားများ ပြေလျော့လာခြင်းကြောင့် လေပြွန်တဝိုက်ရှိ ကြွက်သားများလည်း ပြေလျော့ပြီး လေပြွန်တဖြည်းဖြည်း ကျဉ်းလာတော့သည်။ ထိုသို့ အိပ်ပျော်စဥ် ကျဉ်းနေသောလေပြွန်အား လေများ ဖြတ်ဝင်ရသောအခါ လမ်းကြောင်းတစ်လျှောက်တွင် တုန်ခါခြင်းများဖြစ်ပေါ်ပြီး လူအများစု ကြုံရလေ့ရှိသော ဟောက်သံကို ဖြစ်ပေါ်စေပါသည်။
(၂) လေပြွန်ပိတ်၍ အသက်ရှူရပ်ခြင်း၊ 🧵
အချ်ို့သောလူများတွင် လေပြွန်ကျဉ်းခြင်း ပိုမိုဆိုးရွားတတ်သောကြောင့် လေပြွန်လုံးဝပိတ်ဆို့သည်အထိ ဖြစ်ပေါ်စေနိုင်ပြီး အသက်ရှူရပ်တန့်သွားပါသည်။
(၃) အောက်စီဂျင်ကျဆင်းခြင်း၊ ⭕
အသက်ရှူရပ်သောအခါ ခန္ဓာကိုယ်အတွက် အရေးကြီးသော အောက်စီဂျင်ကို လုံလောက်စွာ မရနိုင်တော့ပဲ သွေးတွင်းအောက်စီဂျင်ပမာဏ ကျဆင်းခြင်း ဖြစ်ပေါ်လာသည်။ ထိုအခြေအနေတွင် ခန္ဓာကိုယ်၏ အရေးကြီးသည့် အစိတ်အပိုင်းများ Oxygen ရရှိနိုင်စေရန် နှလုံးသည် ပုံမှန်ထက် အလုပ်ပိုမို လုပ်ဆောင်ပေးလာရသည်။
(၄)ဦးနှောက်သို့ သတင်းပို့ခြင်း၊🧠
ခန္ဓာကိုယ် အောက်စီဂျင် မလုံလောက်မှုကြောင့် နှလုံးမှ အလုပ်ပိုမိုလုပ်ရသောအခါ ဦးနှောက်မှ သတင်းရရှိပြီး၊ အိပ်ပျော်နေသူ၏ ခန္ဓာကိုယ်အား နိုးထစေရန် ခိုင်းစေမည်ဖြစ်သည်။
(၅) ခေတ္တနိုးထ၍ အသက်ရှူခြင်း၊💨
အသက်ရှူမဝချိန်တွင် ဦးနှောက်မှ သတင်းရရှိပြီး ဦးနှောက်၏စေခိုင်းမှူဖြင့် လူသည် အနည်းငယ်မျှ အိပ်တဝက် နိုးထလွန့်လူးလာပြီး အသက်ရှူရန် ကြိုးစားမည်ဖြစ်သည်။ ထိုသို့ နိုးထချိန်သည် စက္ကန့်ပိုင်းမျှသာ ဖြစ်၍ များသောအားဖြင့် သတိထားမိရန် ခက်ခဲပြီး နံနက်နိုးထချိန်မှသာလျှင် အိပ်ရေးမဝသော ခံစားချက်အား ဖြစ်ပေါ်စေသည်။
(၆) ပုံမှန်အသက်ရှူပြီး ပြန်လည်အိပ်ပျော်ခြင်း၊💤
အိပ်ပျော်နေချိန် မိမိကိုယ်တိုင် သတိမထားမိပဲ လန့်နိုးခြင်းမျိုး ဖြစ်သော်လည်း ကြွက်သားများ အလိုအလျောက် အလုပ်လုပ်ခြင်းကြောင့် လေပြွန်ပြန်လည် ပွင့်သွားပြီး အောက်စီဂျင် လုံလောက်စွာ ပြန်လည်ရရှိခြင်းကြောင့် ပြန်၍ အိပ်ပျော်သွားမည်ဖြစ်သည်။
ဆက်လက်အိပ်ပျော်ပြီး နောက်တဖန် ကြွက်သားများ ပြန်လည်လျော့ကျလာချိန်တွင် အဆင့်(၁)သို့ ပြန်လည်ရောက်ရှိကာ OSA စက်ဝန်း ပြန်၍ လည်ပတ်မည် ဖြစ်သည်။ 👈
CPAP လေတွန်းစက်သည် အိပ်ပျော်နေစဉ် ကြွက်သားများ ပြေလျော့လာသောကြောင့် အသက်ရှူလမ်းကြောင်း ကျဥ်းလာသည့်အခါ လေတွန်းအားဖြင့် အသက်ရှူလမ်းကြောင်း မပိတ်ဆို့စေရန် တားဆီးကာကွယ်ပေးခြင်း၊ ပိတ်သွားပါက ပြန်ပွင့်စေခြင်းတို့ကို လုပ်ဆောင်ပေးသည်။ ✔
OSA ရှိသူများအတွက် CPAP လေတွန်းစက်ဖြင့်အိပ်စက်ခြင်းသည် လွယ်ကူထိရောက်၍ အကျိုးများသော စံကုထုံးတစ်ခု ဖြစ်ပါသည်။👍
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Zizawa Co. , Ltd. No 218, Bogyoke Aung San Road
Yangon