Alpha Power Engineering Co., Ltd.

Alpha Power Engineering Co., Ltd.

Share

Design, Supply and Installation of Substation Equipment and Transmission Line Materials up to 245kV in Myanma , please visit www.alphapowerengineering.com

08/04/2026

ယနေ့ခေတ်မှာ လျှပ်စစ်ပစ္စည်းတွေ ပိုမိုသုံးစွဲလာတာနဲ့အမျှ လျှပ်စစ်ရှော့ဖြစ်တာ (Short Circuit) နဲ့ ဝန်ပိုသုံးစွဲမိတာ (Overload) တွေဟာ မီးဘေးအန္တရာယ်ကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ချစ်ခင်ရသူတွေကို ကာကွယ်ဖို့ နိုင်ငံတကာစံနှုန်းမီ LS L-Series Breaker တွေက အကောင်းဆုံး အဖော်မွန်ဖြစ်မှာပါ။

LS L-Series Breaker ရဲ့ ထူးခြားတဲ့ အားသာချက်များ:
✅ High Performance in Compact Size: L-Series MCB တွေဟာ အရွယ်အစား ကျစ်ကျစ်လျစ်လျစ် ရှိရုံတင်မကဘဲ 6kA, 10kA မှသည် 15kA အထိ မြင့်မားတဲ့ Breaking Capacity တွေရှိလို့ အိမ်သုံးတင်မကဘဲ စက်မှုလုပ်ငန်းသုံးတွေအတွက်ပါ အထူးသင့်လျော်ပါတယ်။
✅ Multi-Standards Certified: နိုင်ငံတကာအဆင့်မီ IEC 60898-1 (အိမ်သုံး) နှင့် IEC 60947-2 (စက်မှုလုပ်ငန်းသုံး) စံနှုန်းနှစ်မျိုးလုံးနဲ့ ကိုက်ညီတဲ့အတွက် ဘယ်လိုနေရာမှာမဆို စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
✅ Reliable in Harsh Environments: အပူချိန် အနှုတ် ၃၀ ဒီဂရီ စင်တီဂရိတ် မှသည် အပေါင်း ၇၀ ဒီဂရီ စင်တီဂရိတ်အထိ (-30°C to +70°C) အစွန်းရောက် ပတ်ဝန်းကျင်တွေမှာပါ ပုံမှန်အတိုင်း စွမ်းဆောင်ရည်ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်။
✅ Energy Limiting Class 3: စွမ်းအင်ဖြတ်တောက်မှုကို အထိရောက်ဆုံး လုပ်ဆောင်ပေးနိုင်တဲ့ Class 3 အဆင့်ရှိလို့ လျှပ်စစ်စနစ်အတွင်း မလိုလားအပ်တဲ့ စွမ်းအင်ပျောက်ဆုံးမှုတွေကို လျှော့ချပေးပါတယ်။
✅ User-Friendly Installation: Din-rail mounting စနစ်ဖြစ်လို့ တပ်ဆင်ရတာ လွယ်ကူသပ်ရပ်ပြီး MCB, RCCB, RCBO နဲ့ Switch-Disconnector စတဲ့ အမျိုးအစားအစုံအလင်ကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။

Alpha Power Engineering Co., Ltd သည် LS Brand ကို မြန်မာနိုင်ငံတွင် တရားဝင်တင်သွင်းဖြန့်ချိလာသည်မှာ (၁၀) နှစ်ကျော်ပြီ ဖြစ်ပါသည်။ Alpha Power Engineering Co., Ltdမှ ဝယ်ယူရရှိသော LS Breaker တိုင်းအတွက် (၁) နှစ် အာမခံ (Warranty) ပေးထားသည့်အပြင် ကျွမ်းကျင်အင်ဂျင်နီယာများမှ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များကိုပါ ပံ့ပိုးပေးနေတာကြောင့် လူကြီးမင်းတို့အနေဖြင့် ၁၀၀% ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်။ စစ်မှန်တဲ့ အရည်အသွေးနဲ့ ဘေးကင်းမှုကို လိုလားတယ်ဆိုရင်တော့ Alpha Power ရဲ့ Authorized Resellers ထံမှာပဲ LS Brand Breaker တွေကို ရွေးချယ်ဝယ်ယူလိုက်ပါ။ ၊ အိမ်သစ် ဆောက်လုပ်ရာမှာ လျှပ်စစ်ပစ္စည်းတွေကြောင့် စိတ်မညစ်ရအောင် စစ်မှန်တဲ့ LS Brand ကို Alpha Power Engineering မှာ အခုပဲ ရွေးချယ်လိုက်ပါ။🛡️🏠⚡️

လူကြီးမင်းတို့အနေနှင့် LS Brand L Series Breaker များအကြောင်းကို အသေးစိတ်သိရှိလိုပါက ဆက်သွယ်လို့ရမည့် ph no ကို page messenger ကနေလာရောက်ပေးပို့ထားလို့ရသလို

🏢 Alpha Power Engineering (Head Office)
No.16, Yoedayar Street, (5)Ward, 9 Mile, Mayangone Township, Yangon.
ဖုန်းနံပါတ် 📱 +959 455550882, +959 421086734, +959 428184052 သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

03/04/2026

အိမ်သုံး၊ လုပ်ငန်းသုံးကနေ စက်ရုံသုံးအထိ လျှပ်စစ်အန္တရာယ်ကင်းဖို့ဆိုရင်... နိုင်ငံတကာစံနှုန်းမီ LS Electric "L Series" MCB ကို ရွေးချယ်ပါ! ⚡️🛡️
လုပ်ငန်းခွင်နဲ့ နေအိမ်တွေမှာ လျှပ်စစ်မတော်တဆမှုတွေကနေ ကာကွယ်ဖို့ဆိုရင် သင်အသုံးပြုတဲ့ Circuit Breaker ဟာ ဘယ်လိုစံနှုန်းတွေနဲ့ ကိုက်ညီသလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ Alpha Power Engineering မှ တင်သွင်းတဲ့ LS L Series MCB များဟာ ကမ္ဘာ့အသိအမှတ်ပြု IEC Standards များအတိုင်း တိကျစွာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

LS L Series MCB များဟာဆိုရင် Dual Certification ဖြစ်သည့် IEC Standard 60898-1 & 60947-2 စံနှုန်းနှစ်ခုလုံးနဲ့ ကိုက်ညီတဲ့အတွက် အိမ်သုံး MCB Box ထဲမှာပဲဖြစ်ဖြစ်၊ စက်ရုံသုံး Main Panel ထဲမှာပဲဖြစ်ဖြစ် ယုံကြည်စိတ်ချစွာ တပ်ဆင်နိုင်ပါတယ်။

💡 IEC Standard 60898-1 Standard ဟာဆိုရင် (အိမ်သုံးနှင့် အလားတူလုပ်ငန်းသုံးအတွက်) ဒီစံနှုန်းဟာ နေအိမ်တွေ၊ ရုံးခန်းတွေနဲ့ အဆောက်အဦးတွေမှာ သာမန်လူတွေ ဘေးကင်းစွာ ကိုင်တွယ်အသုံးပြုနိုင်ဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
* Safety for Everyone: ကျွမ်းကျင်ပညာရှင်မဟုတ်သူများ ကိုင်တွယ်သော်လည်း လျှပ်စစ်အန္တရာယ်မရှိစေရန် အထူးဒီဇိုင်းထုတ်ထားခြင်း။
* Reliable Protection: အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဝန်ပိုသုံးစွဲမိခြင်း (Overload) နှင့် ရှော့ဖြစ်ခြင်း (Short Circuit) တို့ကို စက္ကန့်ပိုင်းအတွင်း ဖြတ်တောက်ပေးနိုင်ခြင်း အပြင်
💡 ၂။ IEC Standard 60947-2 ကတော့(စက်မှုလုပ်ငန်းသုံးအတွက်) ဒီစံနှုန်းကတော့ စက်ရုံ၊ အလုပ်ရုံတွေနဲ့ အကြီးစားလုပ်ငန်းခွင်တွေမှာ ပိုမိုပြင်းထန်တဲ့ လျှပ်စစ်ဝန်အားတွေကို ခံနိုင်ရည်ရှိဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
* High Breaking Capacity: စက်ရုံသုံးစက်ပစ္စည်းကြီးတွေမှာ ဖြစ်ပေါ်တတ်တဲ့ ပြင်းထန်တဲ့ Short Circuit တွေကို ပျက်စီးသွားခြင်းမရှိဘဲ တိကျစွာ ဖြတ်တောက်ပေးနိုင်ခြင်း။
* Industrial Durability: အပူချိန်မြင့်မားတဲ့ ပတ်ဝန်းကျင်နဲ့ ခက်ခဲတဲ့ လုပ်ငန်းခွင်အခြေအနေတွေမှာပါ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ခြင်း တို့ကြောင့် LS L Series MCB များဟာ အိမ်သုံး၊ လုပ်ငန်းသုံးကနေ စက်ရုံသုံးအထိ သုံးသင့်သည့် Cirucit Breaker များပဲဖြစ်ပါသည်။

Alpha Power Engineering Co., Ltd သည် LS Brand ကို မြန်မာနိုင်ငံတွင် တရားဝင်တင်သွင်းဖြန့်ချိလာသည်မှာ (၁၀) နှစ်ကျော်ပြီ ဖြစ်ပါသည်။ Alpha Power Engineering Co., Ltdမှ ဝယ်ယူရရှိသော LS Breaker တိုင်းအတွက် (၁) နှစ် အာမခံ (Warranty) ပေးထားသည့်အပြင် ကျွမ်းကျင်အင်ဂျင်နီယာများမှ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များကိုပါ ပံ့ပိုးပေးနေတာကြောင့် လူကြီးမင်းတို့အနေဖြင့် ၁၀၀% ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်။ စစ်မှန်တဲ့ အရည်အသွေးနဲ့ ဘေးကင်းမှုကို လိုလားတယ်ဆိုရင်တော့ Alpha Power ရဲ့ Authorized Resellers ထံမှာပဲ LS Brand Breaker တွေကို ရွေးချယ်ဝယ်ယူလိုက်ပါ။ 🛡️⚡️

လူကြီးမင်းတို့အနေနှင့် LS Brand L Series Breaker များအကြောင်းကို အသေးစိတ်သိရှိလိုပါက ဆက်သွယ်လို့ရမည့် ph no ကို page messenger ကနေလာရောက်ပေးပို့ထားလို့ရသလို

🏢 Alpha Power Engineering Showroom (Yangon)
No.16, Yoedayar Street, (5)Ward, 9 Mile, Mayangone Township, Yangon.�ဖုန်းနံပါတ် 📱 +959 455550882, +959 421086734, +959 428184052 သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Photos from Alpha Power Engineering Co., Ltd.'s post 24/03/2026

⚡️🇩🇪 Alpha Power Engineering Co.,Ltd မှ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ် Agent ဖြစ်သော MR (Maschinenfabrik Reinhausen) ဟာ ကမ္ဘာတဝှမ်း Transformer စနစ်တွေကို ပိုမိုကောင်းမွန်အောင် အဆင့်မြင့်လုပ်ဆောင်ပေးသည့် Technology တွေကိုထုတ်လုပ်ပေးနေတဲ့ Germany Brand တစ်ခုဖြစ်ပါသည်။ 🇩🇪 ⚡️

🇩🇪 MR Product နှင့် Services တွေဟာ Transformer များရဲ့
✔ Transformer စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း
✔ လျှပ်စစ်အတွက် လုံခြုံမှုပေးနိုင်ခြင်း
✔ Transformer သက်တမ်းကြာရှည်စေခြင်း အတွက် Transformer တိုင်းအတွက် မရှိမဖြစ်လိုအပ်သော Global Standard Equipment အဖြစ် ရပ်တည်လျက်ရှိပါသည်။

⚡️ MR မှ ပေးနေသော Supply Products တွေကတော့

- On-Load Tap-Changers (Oil Type)
- On-Load Tap-Changers (Vacuum Technology, VACUTAP® IV)
- Voltage Regulating Distribution Transformer (VRDT) with MR Ecotap® VPD
- OLTC Controller and Motor Drive (TAPCON® 230)
- DGA Online Monitoring (Dissolved Gas Analysis)
- Monitoring and Diagnostic System (ETOS®, Embedded Transformer Operating System)
- Transformerတွေအတွက် MR မှထုတ်လုပ်ပေးသည့် Bushings, Breathers, Buchholz Relay, Oil Level Gauges, Pressure Relief Devices, Oil Temperature, Flow Indicator, Thermometers စသည့် MR နှင့်ပတ်သတ်သော Products and Services အကြောင်းများကို လူကြီးမင်းတို့ အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

⚡️ လူကြီးမင်းတို့ အနေဖြင့် မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ် Agent ဖြစ်သော Alpha Power Engineering Co., Ltd မှ MR နှင့် ပတ်သတ်သည့် Products and Services အကြောင်းများကို အသေးစိတ် သိရှိလိုပါက ဆက်သွယ်လို့ရမည့် ph no ကို page messenger ကနေလာရောက်ပေးပို့ထားလို့ရသလို

🏢 Alpha Power Engineering (Head Office)
No.16, Yoedayar Street, (5)Ward, 9 Mile, Mayangone Township, Yangon.�ဖုန်းနံပါတ် 📱 +959 250674760, +959 268853031, +959 266786281, +959 420011317 သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

17/03/2026

🛢️ Transformer တစ်ခုရဲ့ အသက်သွေးကြောဟာ "Insulating Oil" ပဲ ဖြစ်ပါတယ်။ သင့် Transformer ထဲက ဆီပမာဏနဲ့ အရည်အသွေးကို ပုံမှန်စစ်ဆေးဖို့ မေ့လျော့နေပါသလား? ⚠️

Transformer တစ်ခုဟာ လျှပ်စစ်စနစ်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်ပြီး Transformer ရဲ့ ရေရှည်တည်တံ့မှုဟာ အတွင်းထဲမှာ ထည့်သွင်းထားတဲ့ ဆီပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒီTransformerဆီဟာ လျှပ်စစ်စီးဆင်းမှု လုံခြုံစေဖို့အတွက် (Insulation) အဖြစ်ရော၊ အလုပ်လုပ်နေစဉ် ထွက်ပေါ်လာတဲ့ အပူတွေကို လျှော့ချပေးဖို့ (Cooling) အတွက်ပါ အဓိက တာဝန်ယူပေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ဆီပမာဏနဲ့ အရည်အသွေးကို ပုံမှန်စစ်ဆေးဖို့ ဘာကြောင့် လိုအပ်တာလဲဆိုရင် -
၁။ အပူလွန်ကဲမှုကို ကာကွယ်ရန်: ဆီပမာဏ နည်းပါးနေပါက Transformer အတွင်းပိုင်း အပူစွန့်ထုတ်မှု မကောင်းတော့ဘဲ အပူလွန်ကဲကာ (Overheating) အတွင်းပိုင်း Coil များ လောင်ကျွမ်းပျက်စီးစေနိုင်ပါတယ်။
၂။ Arcing နှင့် Short Circuit ကာကွယ်ရန်: ဆီရဲ့ အရည်အသွေး ညံ့ဖျင်းလာခြင်း (ဒါမှမဟုတ်) ဆီထဲမှာ ရေငွေ့နဲ့ ဖုန်မှုန့်တွေ ရောနှောလာခြင်းဟာ လျှပ်စစ်ခုခံနိုင်စွမ်း (Dielectric Strength) ကို ကျဆင်းစေပြီး Transformer ပေါက်ကွဲမှုအထိ ဖြစ်စေနိုင်ပါတယ်။
၃။ စက်ပစ္စည်း သက်တမ်းရှည်စေရန်: ဆီကို စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်းက Transformer ရဲ့ သက်တမ်းကို ဆယ်စုနှစ်နဲ့ချီပြီး ပိုမိုရှည်ကြာစေနိုင်လို့ အသစ်လဲလှယ်ရမယ့် ကုန်ကျစရိတ်တွေကို သက်သာစေပါတယ်။

Alpha Power Engineering က ၂၀၀၉ ခုနှစ်မှ စတင်ကာ Transformer နှင့် Substation ပေါင်းများစွာကို တပ်ဆင်၊ ပြုပြင်၊ ထိန်းသိမ်းပေးခဲ့သည့် (၁၅) နှစ်ကျော် အတွေ့အကြုံရှိ ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းထားပါသည်။

✅ Oil Level Inspection: ဆီယိုစိမ့်မှု ရှိ၊ မရှိနှင့် ဆီအဆင့်မှန်ကန်မှုကို စစ်ဆေးပေးခြင်း။
✅ BDV (Breakdown Voltage) Testing: ဆီရဲ့ လျှပ်စစ်ခုခံနိုင်စွမ်းကို ဓာတ်ခွဲစစ်ဆေးပေးခြင်း။
✅ Oil Replacement: လိုအပ်ပါက အရည်အသွေးမြင့် Transformer ဆီအသစ်များကို လဲလှယ်ဖြည့်တင်းပေးခြင်း။

အခုလို အပူရှိန်ပြင်းထန်တဲ့ ကာလတွေမှာ Transformer ဆီကို ပုံမှန်စစ်ဆေးချင်တယ်ဆိုရင်တော့ ဆက်သွယ်လို့ရမည့် ph no ကို page messenger ကနေလာရောက်ပေးပို့ထားလို့ရသလို

🏢 Alpha Power Engineering (Head Office)
No.16, Yoedayar Street, (5)Ward, 9 Mile, Mayangone Township, Yangon.�ဖုန်းနံပါတ် 📱 +959 250674760, +959 268853031, +959 266786281, +959 420011317 သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

05/03/2026

⚡️ အိမ်မှာပဲဖြစ်ဖြစ် ၊ စက်ရုံ အလုပ်ရုံမှာပဲဖြစ်ဖြစ် Digital Meter တပ်ဖို့အတွက် ခေါင်းကိုက်ခံပြီး စိတ်မညစ်ပါနဲ့။ လူကြီးမင်းတို့အတွက် စိတ်ချယုံကြည်ရဆုံး Secure Smart Digital Meter ရှိပါသည်။

⚡️ Secure Smart Digital Meter များဟာဆိုရင် India နိုင်ငံ Secure Group multinational company မှထုတ်လုပ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်မှာ ယုံကြည်စိတ်ချစွာ သုံးစွဲနေကြသည့် ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။

⚡️Secure Smart Digital Meter သုံးခြင်းဖြင့်
* Meter billing နဲ့ပတ်သတ်ပြီး တိကျစွာ မှတ်သားနိုင်ခြင်း
* လက်ရှိသုံးနေသည့် လျှပ်စစ်သုံးစွဲမှုကို အချိန်နှင့် တပြေးညီသိရှိနိုင်ခြင်း
* လျှပ်စစ်သုံးစွဲမှု data တွေကို encryption and authentication နည်းပညာတွေနှင့် ကာကွယ်ထားပြီး data leak ဖြစ်ခြင်း နှင့် hack ခြင်းမှ ကာကွယ်နိုင်ခြင်း
* လျှပ်စစ် ခိုးယူသုံးစွဲမှု ပြဿနာတို့ကို ကာကွယ်ပေးနိုင်ခြင်း
* တပ်ဆင်မှု၊ ပြုပြင်ထိန်းသိမ်းမှု တို့အတွက် စရိတ်သက်သာသည့်အပြင်
* အိမ်သုံး 1 Phase ကနေ လုပ်ငန်းသုံး 3 Phase (up to 100A) အထိအသုံးပြုနိုင်ခြင်းကြောင့် လူကြီးမင်းတို့ အနေဖြင့် အိမ်မှာ ပဲဖြစ်ဖြစ်၊ စက်ရုံ အလုပ်ရုံ မှာ ပဲဖြစ်ဖြစ် digital meter ရွေးချယ်မယ်ဆိုရင် Secure Smart Digital Meter ကိုရွေးချယ်ဖို့ မမေ့နဲ့နော်။

🏢 ဒါ့အပြင် Secure Digital Meter များကို မြန်မာနိုင်ငံရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် Alpha Power Engineering Co.,Ltd ကတင်သွင်းတာဆိုတော့ Warranty ပိုင်း နှင့် Service ပိုင်းမှာ စိတ်ပူစရာမလိုတော့ဘူးပေါ့။

⚡️လူကြီးမင်းတို့အနေနှင့် Secure Digital Smart Meter များအကြောင်းကို အသေးစိတ်သိရှိလိုပါက ဆက်သွယ်လို့ရမည့် ph no ကို page messenger ကနေလာရောက်ပေးပို့ထားလို့ရသလို

🏢 Alpha Power Engineering Head Office (Yangon)
No(25), Room(002), Yoedayar Street, (5)Ward, 9 Mile, Mayangone Township, Yangon, Myanmar.�ဖုန်းနံပါတ် 📱 +959250674760, +959260992835, +959402636236 တို့ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုငိပါသည်။

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


16, Yoedayar Street, Mayangone
Yangon
11061

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30