Ronald Oo
INVESTING IS THE SCIENCE OF " MONEY MAKING MONEY ''
WE CAN BE EVERYTHING!
10/11/2020
တနင်္လာနေ့တွင် အကျဆင်းခဲ့သော အဖိုးတန်သတ္တု၏ ကျဆင်းမှုသည် အချို့သောအစိတ်အပိုင်းများနှင့် ပြန်လည် နေရာယူရန်ကြိုးပမ်းစဉ် ရွှေစျေးသည်အင်္ဂါနေ့မနက်အစောပိုင်းတွင် အနည်ငယ်မြင့်တက်ခဲ့ပါတယ် ။
ကမ္ဘာ့ရွှေစျေးသည် တနင်္လာနေ့ တွင် ±115$ Dollar တန်ဖိုး လှုပ်ခတ်ခဲ့ပြီး ရာခိုင်နူန်းအားဖြင့် -4.85% ကျဆင်းခဲ့ပါတယ် ။
၎င်း စျေးကျဆင်းလာခြင်းမှာ ၉၀ ရာခိုင်နူန်းကာကွယ်ပေးနိုင်သည့် Covid-19 ကာကွယ်ဆေးသတင်းထွက်ပေါ်လာပြီးနောက် တစ်ကမ္ဘာလုံး ဆိုင်ရာဘဏ္ဍာရေးစျေးကွက်၏ အပေါင်းလက္ခဏါစောင်ခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်သူအချို့ သုံးသပ်ကြပါတယ် ။
TA (Technical Analysis) ရှု့ထောင့် မှ အနည်းငယ် သုံးသပ်လျှင် ၂၈ရက် စက်တင်ဘာ လ ၏ ယခင် Support ဖြစ်သော 1850$ ကို ရောက်ရှိခဲ့ပြီး ယနေ့ အင်္ဂါနေ့ ညပိုင် အချိန်ထိ ဖောက်ဖျက် ကျဆင်းထားခြင် မရှိသေးပါ၊ 1850$ စျေးတန်ကို ဖောက်ကျ ပါ က 1818$ စျေးတန်တွင် မြင်ရနိုင်ဖွယ်ရှိပါတယ် ။
ရေတို အရောင်းအဝယ် ပြုလုပ်ခြင်းများအတွက် Risk ကို ကြိုတင်တွက်ဆထားရန် လိုအပ်ပါသည် ။
အရောင်းအဝယ်များ အမြန်အဆင်ပြေ၍ ကပ်အနာရောဂါဘေးမှ ကင်းဝေးကြပါစေ 🙏
21/10/2020
Pelosi နှင့် ဒီမိုကရက်များ ဦးဆောင်သောကွန်ဂရက်က မတ်လတွင် Coronavirus Aid၊ ကယ်ဆယ်ရေးနှင့်စီးပွားရေးလုံခြုံရေး (CARES) ကိုလှုံ့ဆော်ပေးခဲ့သည်။ အလုပ်သမားများအတွက် ထောက်ပံ ငွေဒေါ်လာ ၃ ထရီလီယံ ကို အလုပ်သမားများအတွက်လစာငွေ၊ စီးပွားရေးလုပ်ငန်းများအတွက်ချေးငွေ ၊ထောက်ပံ့ငွေများ အဖြစ် နိုင်ငံသားများနှင့်နေထိုင်သူများအတွက်အခြားပုဂ္ဂိုလ်ရေးအကူအညီများကိုပါပေးခဲ့ပါတယ် ။
ရီပတ်ဘလစ်ကန်များနှင့်အတူ CARES သို့အထောက်အကူပြုမည့်အစီအစဉ်တွင် ဒီမိုကရက်များသည် အခက်အခဲကြုံတွေ့နေရပြီး နောက်ထပ်ကယ်ဆယ်ရေးပမာဏနှင့် ပတ်သက်၍ လက်ရှိတွင် ငြင်းခုံနေ ရပါတယ် ။
မည်သို့ပင်ဖြစ်စေ အစိုးရအဖွဲ ၂ခု ရဲ့ အတိုက်အခံ အခြေအနေ တစ်ချို့ရှိနေပေမဲ့လည်း နိုဝင်ဘာ ၃ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲလှုံ့ဆော်မှု ၊ စီးပွါးရေးဆိုင်ရာလှုံ့ဆော်မှုများနှင့် ပတ်သက်၍ ပဏာမသဘောတူညီချက်သည် သမ္မတ၏မဲဆွယ်စည်းရုံးရေးတွင်အပြုသဘောဆောင်သော စကားပြောဆိုမှုဖြစ်နိုင်ပါတယ် ။
လက်ရှိ ရွှေ စျေး အနည်းငယ် တက်လာခြင်းမှာ US အစိုးရအဖွဲ့ စေ့စပ်ညှိနှိုင်းမှု များအပေါ်လိုက်၍ Dollar Index ကျလာပြီး ကမ္ဘာ့ရွှေစျေး အနည်းငယ် ပြန်အားကောင်း လာခြင်းသာ ဖြစ်ပါတယ် ။
07/10/2020
Trader 💻📈📉📊
၁။ အနိုင်အရှုံးကိုသေချာတွက်ချက်တတ်ခြင်း
၂။ နည်းမှန်လမ်းမှန်အတိုင်း ရောင်းဝယ်ခြင်း
၃။ နည်းပညာပေါ်အခြေခံခြင်း
၄။ တစ်ချက်တည်းနဲ့အပိုင်ဖြစ်အောင်ပစ်တတ်တဲ့ စနိုက်ပါသေနတ်သမားလိုမျိုး သေချာတွက်ချက်ပီးမှ ရောင်းဝယ်ခြင်း
၅။ တိကျသေချာသောအမြတ်ဆက်တိုက်ရရှိခြင်း
Gambler ♠️♥️♣️♦️
၁။ အလိုလောဘကြီးတတ်ခြင်းကြောင့် အန္တရာယ်များခြင်း
၂။ နည်းလမ်းမရှိ ကြိုက်သလို ရောင်းဝယ်တတ်ခြင်း
၃။ ကံပေါ်ပုံအပ်ခြင်း
၄။ ထိချင်ရာထိဆိုပီး ပစ်မှတ်သေချာခြင်းမရှိပဲဆက်တိုက်ပစ်တတ်တဲ့ စက်သေနတ်လိုမျိုး ရောင်းဝယ်ခြင်း
၅။ အရှုံးအမြတ်အန္တရာယ်များသဖြင့် ဆုံးရှုံးမှုများပြားနိုင်ခြင်း
ကပ်အနာရောဂါကင်းဝေးပြီး
အရောင်းအ၀ယ်များ
အမြန်ပြန်အဆင်ပြေကြပါစေ 🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Byaing Yae Oo Sin Street
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |