Pyay Veterinary Clinic
Pyay Veterinary Clinic - Your Trusted Vet Clinic in Yangon since 1981. (From Tiny Whiskers to Wagging Tails, We’re Here for All!)
📅 မြန်မာ့နှစ်ကူး သင်္ကြန်အခါသမယတွင် 🌟 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ဘေးရန်ကင်းဝေးကြပါစေကြောင်း 🐶 ပြည်တိရစ္ဆာန်ဆေးကုခန်း မိသားစုမှ 😺 ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ်။ 🙏
ဒီနှစ်သင်္ကြန်မှာတော့ ကျွန်တော်တို့ ဆေးခန်းရဲ့ ချစ်စရာကောင်းတဲ့ အမှတ်တရ ဗီဒီယိုလေးနဲ့အတူ နှုတ်ခွန်းဆက်သလိုက်ပါတယ်! 💦🐾
🗓️ Happy Myanmar New Year and a Joyous Thingyan Festival! 🐾 Wishing you, your family, and your furry best friends health, happiness, and prosperity for the year ahead! ✨
As the water festival fills our streets with joy, please remember that while Thingyan is fun for us, it can be stressful and frightening for our pets. Make sure to provide them with a quiet, safe space away from loud music, crowds, and sudden splashes so they can enjoy a stress-free holiday!
Check out our special festive video below! 🎬💙
17/02/2026
Happy Lunar New Year 2026 🐎
Wishing you and your pets good health, happiness, and prosperity in the Year of the Horse.
25/12/2025
ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလတွေမှာ မိမိတို့ ချစ်ရတဲ့ တိ-လေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်၊ နွေးနွေးထွေးထွေး အမှတ်တရကောင်းတွေ ဖန်တီးနိုင်ကြပါစေကြောင်း 🎄🐶🐱 ပြည်တိရစ္ဆာန်ဆေးကုခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းပါတယ် 🐾
Wishing you and your furry friends a cozy, happy, and paw-some Christmas! 🎄🐾
From all of us at Pyay Veterinary Clinic 💛
12/11/2025
🦠 Canine Adenovirus Type 2 (CAV-2) ဆိုတာဘာလဲ?
🔬Canine Adenovirus Type 2 (CAV-2) ဟာ ခွေးတွေရဲ့ အသက်ရှူလမ်းကြောင်း ကိုထိခိုက်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး၊ Kennel Cough (ခွေး ချောင်းခြောက် ဆိုးတဲ့ရောဂါ) ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။
ဒီဗိုင်းရပ်စ်ဟာ Canine Infectious Tracheobronchitis လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာဖြစ်တဲ့ရောဂါဖြစ်ပါတယ်။
⸻
⚠️ ကူးစပ်ပြန့်ပွားနည်း ( Transmission ):
CAV-2 ဟာ ခွေးတစ်ကောင်ကနေ တစ်ကောင်သို့
• အသက်ရှူခြင်း၊
• ချောင်းဆိုးခြင်း၊
• နှာရည်ထွက်ခြင်း
လိုအရာတွေမှတဆင့် လွယ်လွယ်ကူကူ ပြန့်ပွားနိုင်ပါတယ်။
အထူးသဖြင့် ခွေးအများစု စုပေါင်းနေရာများ (Kennel, Training Center, Pet Shop) တွေမှာ အဖြစ်များပါတယ်။
⸻
🤧 ရောဂါလက္ခဏာများ ( Symptoms ):
CAV-2 နဲ့ ကူးစက်ခံရတဲ့ ခွေးတွေအနေနဲ့ –
• ချောင်းဆိုးမှု (အနည်းအကျဉ်းလေးနဲ့ စပြီး
တဖြည်းဖြည်းပိုမိုပြင်းထန်လာနိုင်တယ်)
• နှာချေ၊ နှာရည်ကျခြင်း
• မျက်ရည်ယိုခြင်း
• အဖျားတက်ခြင်း
• အားနည်းခြင်း
• အစာစားချင်စိတ်နည်းခြင်း
လက္ခဏာတွေက အခြေအနေ၊ အသက်အရွယ်အပေါ် မူတည်ပြီး တစ်ပတ်ခန့်ကြာတတ်ပါတယ်။
⸻
🩺 ဆေးကုသခြင်း ( Treatment ):
CAV-2 ရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာကြောင့်
ပိုးသတ်ဆေးနဲ့ မကုသနိုင်ပါ။
ဒါပေမဲ့ အထိရောက်ဆုံးကုထုံးက အနားယူခြင်း၊ သန့်ရှင်းသောဖြည့်စွက်အစာ စားသုံးခြင်း နှင့် တခြား secondary infection မဖြစ်အောင် ကာကွယ်ဆေးများ အသုံးပြုခြင်း ဖြစ်ပါတယ်။
⸻
💉 ကာကွယ်နည်း ( Prevention ):
ကာကွယ်ရေးအနေနဲ့ ခွေးတွေကို ကာကွယ်ဆေးထိုးခြင်းဟာ အရေးကြီးဆုံးပါ။
CAV-2 ကို Hipradog 7
လိုမျိုး Combination Vaccine တစ်မျိုးဖြစ်တဲ့ CAV-1, CAV-2, CDV, CPV, Leptospira စတဲ့ ရောဂါများကို တစ်ပြိုင်တည်းကာကွယ်ပေးနိုင်တဲ့ vaccine မျိုးအသုံးပြုသင့်ပါတယ်။
-2
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
471 C, Pyay Road, Ward/8, Kamayut Township, Facing Pyay & Tagaung Hall
Yangon
11041
Opening Hours
| Monday | 09:30 - 12:30 |
| Tuesday | 09:30 - 12:30 |
| Wednesday | 09:30 - 12:30 |
| Thursday | 09:30 - 12:30 |
| Friday | 09:30 - 12:30 |
| Saturday | 09:30 - 12:30 |
| Sunday | 09:30 - 12:30 |