J.N 22
မေမြို့ အာရေဗီကာ ကော်ဖီ
17/07/2025
🍂
31/05/2025
အရမ်းကြိုက်တဲ့ စာလေး ရှိတယ် ။
မင်းရဲ့ ပထမဆုံး စာမျက်နှာကို သူများရဲ့
စာမျက်နှာ ၂၀ နဲ့ မနှိုင်းယှဉ်ပါနဲ့ ... တဲ့ ။
💭
ကိုယ်သိပ်ကြောက်တဲ့ အရာတွေကို
မကြောက်ချင်ယောင်ဆောင်ရင်း
စောက်ဂရုမစိုက်ချင်ယောင်ဆောင်ရင်း
တကယ် မကြောက်တော့တဲ့အခါ
တကယ် စောက်ဂရုမစိုက်တော့တဲ့အခါ
အဲဒီ အခြေအနေကို လွယ်တယ် ထင်နေလား
အဲဒီ ဖြတ်သန်းမှုကို လွယ်တယ် ထင်နေလား
အဲဒီ နှစ်ကာလတွေကို လွယ်တယ်များ ထင်နေလား။
🍂🍂🍂🍂
21/05/2025
ရတယ်
ရပါတယ်….☕️။
#အောင်ချိမ့်
13/03/2025
အရာအားလုံးကို သည်းခံနိုင်ဖို့
ခက်ခဲတဲ့ကာလမှာ..
ကော်ဖီခါးတာကိုလည်း လက်ခံနိုင်သလို..
ကော်ဖီအေးစက်သွားရင်လဲ သောက်နိုင်သေးတယ်
ဒါဟာ coffee အပေါ်ထားတဲ့
ငါ့ရဲ့သစ္စာ….
.N 22
07/03/2025
Let them lose you ,
because
u deserve better..😊☘️
28/02/2025
အ တောင် မ ရှိ တော့ တဲ့
အင်း ဆက် တွေ လို ပါ ပဲ…
ပျံ သန်း ရ မယ့် အ ချိန် မှာ
လမ်း တွေ လျှောက် နေ ရ တယ်..🍂
J.N 22
16/11/2024
အချိန်ကိုစောင့်တတ်ဖို့လည်း သိပ်အရေးကြီးတယ်။
ဘဝမှာ အချိန်ကို စောင့်တတ်တဲ့လူတွေဟာ တစ်ပန်းသာသွားတာပဲ။
ဥပမာ ချစ်ဖို့အချိန်စောင့်တယ်....လက်ထပ်ဖို့ အချိန်စောင့်တယ်။
ကောင်းကောင်းအနားယူဖို့ အချိန်စောင့်တယ်။
ဘဝမှာ အထက်တန်းမအောင်မချင်း ရည်းစားမထားဘူးလို့
ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကြောင့်......
လွဲသွားတဲ့ရည်းစားဦးတွေလည်း ရှိကောင်းရှိနိုင်တာပေါ့။
ဒါပေမယ့် အဲ့လိုအကြောင်းအရာလေးဟာ
ဘယ်တော့မှ နောင်တ အကြီးကြီးရစရာ မဟုတ်ပါဘူး။
အစ်မတစ်ယောက်က ဒီလိုပြောဖူးတယ်။
“ ငါဟာ ဘယ်တော့မှ ခံစားချက်တွေအပေါ် စိတ်မရှည်တတ်ဘူး။
လုပ်ချင်ရာကိုပဲ တစ်ဘဝလုံး ဦးစားပေးခဲ့တာ။
ဒါကြောင့်လည်း ငါတွေ့တဲ့ သင့်တော်တဲ့နေရာတွေရောက်ရင် ....
ငါဟာ အမြဲ နောက်ကျသွားတဲ့လူပဲဖြစ်လာတယ်” တဲ့။
တကယ်လည်း ဟုတ်တယ်။
သူ့ဘဝက ဝန်ခံရရင် သိပ်သနားစရာကောင်းတယ်။
ကလေးတစ်ယောက်နဲ့ တာဝန်မယူတဲ့ ယောက်ျားကို ကွာရှင်းပြီး
နောက်ထပ် တာဝန်မယူတတ်တဲ့ ယောကျ်ားကိုပဲ ထပ်ပတ်သက်မိ။
နောက်ဆုံးမှ ကောင်းကောင်းမွန်မွန်နဲ့ အရာအားလုံးကို ရင်ဆိုင်ပြီး
သူ့ဘဝထဲ ဝင်မယ်ဆိုတဲ့ အမျိုးသားနဲ့လည်း တွေ့ရော
ကွာဟမှုတွေကြား .....သူကိုယ်တိုင် ခရီးဆက်ဖို့ တွန့်ဆုတ်စရာဖြစ်ခဲ့တာ။
သူက ပြောတယ်။
“ အဲဒီ့လူက လာတာ နောက်ကျတယ်” တဲ့။
ဒါပေမယ့် အခုမှကြည့်လိုက်တော့ သူ့အသက်က ၂၄နှစ်ရယ်။
ကိုယ်ပြန်ပြောလိုက်တယ်။
“ မဟုတ်ဘူး၊ အစ်မက အချိန်ကောင်းကို စောစော သုံးဖြုန်းမိသွားတာ” လို့။
ဒါကြောင့် မှာချင်တာ။
ဘဝမှာ ဘယ်အရာကိုမှ အလျင်စလို မပြုမူပါနဲ့။
ချစ်ဖို့ရော၊ လက်ထပ်ဖို့ရော၊ တစ်ခြားအရာတွေရော အားလုံးပဲ။
တစ်ချို့အရာတွေက တကယ်လုပ်ရင်သာ တစ်ရက်လောက်ကြာပေမယ့်
စဉ်းစားချိန်ကျ တစ်နှစ်၊ နှစ်နှစ်.....
လိုအပ်ရင် တစ်သက်လုံးစာအထိတောင် ထည့်တွေးစဉ်းစားထားဖို့လိုတာ။
အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်လေ ပိုဆိုးလေပါပဲ။
ဘဝမှာအချိန်ကို မစောင့်တတ်တဲ့လူ မဖြစ်စေနဲ့။
အထူးသဖြင့် အချိန်ကောင်းကို မသိတဲ့လူ မဖြစ်စေနဲ့။
Crd
#မေမြို့အာရေဗီးကားကော်ဖီစစ်စစ်
31/10/2024
❝ အမာရွတ်ဆိုတာ ဒဏ်ရာများအကြား ရှင်သန်နိုင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ ❞
မွေးကတည်းက အောင်မြင်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။ ကြီးပြင်းလာတဲ့အခြေအနေတွေက လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပေမယ့် ကြိုးစားမှုအပေါ်မူတည်ပြီး ပန်းတိုင် ကို ရောက်တာချင်းတော့ တူနိုင်ပါတယ်။ အလွယ်ပြောရရင် တာထွက် မတူကြပေမယ့် ပန်းတိုင် တူနိုင်တယ် ဆိုတာပါပဲ။
ကိုယ် လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ ကြိုးစားတဲ့အခါ အဆင်မပြေမှုတွေ၊ လက်လျှော့ချင်စိတ်တွေ၊ စိတ်ဓာတ်ကျမှုတွေ အမျိုးမျိုး ကြုံတွေ့ခံစားရမှာပါ။ ဒါပေမယ့် လုံးဝ လက်မလျှော့ပါနဲ့။ ခြေတစ်လှမ်း ရပ်တန့်လိုက်တာနဲ့ ကိုယ် ကြိုးစားခဲ့သမျှတွေက အလကားဖြစ်သွားမှာပါ၊ ကိုယ် လိုချင်တဲ့ ပန်းတိုင်ကိုလည်း ဘယ်တော့မှ ရောက်မှာ မဟုတ်တော့ပါဘူး။
ပန်းတိုင်ကို ရောက်ချင်ရင်
ကိုယ် လုပ်ခဲ့မိတဲ့ အမှားတွေကနေ သင်ခန်းစာ ယူပါ။
အရှုံးတွေကနေ သင်ယူပါ။
ကျရှုံးတိုင်းသာ ပန်းတိုင်ကို မရောက်ရကြေးဆိုရင် စွန့်ဦးတီထွင်သူတွေ ဆိုတာ ရှိလာမှာမဟုတ်ဘူး။
ပညာရှင်တွေဆိုတာလည်း ပေါ်လာမှာ မဟုတ်သလို
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေလည်း ပေါ်လာမှာ မဟုတ်ပါဘူး။
လောကမှာ ရှုံးတယ်ဆိုတာ မရှိဘူး။
အနိုင်ရတာ နဲ့ အတွေ့အကြုံရတာ ဒီ(၂) မျိုးပဲ ရှိတယ်။
ဒီတော့ ကိုယ် လိုချင်တာအတွက် လက်မလျှော့နဲ့ ၊ ဆက်လျှောက်ဖို့ပဲ လိုပါတယ်….☕️
.N 22
27/09/2024
☕️ကော်ဖီ သောက်တတ်အောင်သေချာကျင့်ထား
🚬 ဆေးလိပ်သောက်တတ်အောင်လည်း သင်ထား
⚠️ဘဝရဲ့ ခုခံစစ်မှာ တစိတ်တပိုင်း
အသုံးဝင်လာလိမ့်မယ်
.N22
The day before ☕️🤎
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 23, Yankin Street, Sanchaung
Yangon