BawLone Fever
Tips and Slips
25/01/2026
ဦးဇင်ဝိုင်းကြီးပဲ သနားတော့တာ
02/11/2024
ဝင်းတာအစ်စ်ကမ်းမင်း
20/09/2024
" မမှားသော Tipster
မမှန်သော ' မောင်း ' သမား "
လို့တော့ မရှိပါဘူး။
ဒါပေမယ့် ကျနော်ပေးတဲ့အခါတိုင်းလဲ
မှန်တယ်လို့ကိုမရှိပါဘူး။
01/09/2024
ဆရာကြီးမှ ရောက်မယ်ကြံတုန်းရှိသေး
ရွာက စ ပျက်ချင်နေပြီ
31/07/2024
အပြောင်းအရွှေ့သတင်းမဟုတ်ပေမယ့်လို့
စလွန်းအတွက် ကောက်ရိုးတမျှဉ် ဖြစ်လာနိုင်ဖွယ်ရှိတဲ့
ချဲဆီးရဲ့ လေ့ကျင့်အစီအစဉ်တွေမှာ
လူကာကူ လာရာပူးပေါင်းမယ်ဆိုတဲ့ သတင်း
လေ့ကျင်းခန့်ဆင်းရင်းကနေ ချဲဆီးမှာပဲ ဆက်နေသွာမယ်ဆိုရင်တော့
ဝမ်းတာ သာလိုက်ကြတော့
30/07/2024
ဒီဘက်ခေတ် မော်ဒန်ဘောလုံးလောကမှာ မက်စီနဲ့ ရော်နယ်ဒိုဆိုတာခင်ဗျားတို့ ကျုပ်တို့သိကြတဲ့ အတိုင်း ဆိတ်ကြီးနှစ်ကောင်ပေါ့ဗျာ။
သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီးလဲ ဖန်တွေကြား အမြဲတန်း ငြင်းခုံလေ့ရှိတာကတော့ ဘယ်သူပိုကောင်းလဲဆိုတာပေါ့။
ခင်ဗျားတို့ရော ဘယ်သူပိုကောင်းတယ် ထင်လဲ ပုံလေးဖိကြည့်ပြီး ဖြေသွားကြပါဦး။
27/07/2024
ရာသီ အသစ်မှ စမယ် မကြံသေးဘူး ဖ ာ တန်းက မီးလောင်နေပြီ
27/07/2024
Admin တစ်ဦး၏
" ဇ "
Sunday Quote
-
တစ်ပွဲတည်း နှစ်ခါ မရှုံးစေနဲ့
07/06/2024
ကမ္ဘာ့ဖလား အာရှဇုံခြေစစ်ပွဲ ပဉ္စမ အကျော့အဖြစ် ကစားခဲ့တဲ့ မြောက်ကိုရီးယား - ဆီးရီးယား ပွဲရဲ့ ပထမပိုင်း အချက်အလက်တွေဟာ FotMob, Live Score တို့လို Application တွေမှာသာမက Google နဲ့ ESPN ရဲ့ Official website မှာပါ ဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။
အာရှဇုံခြေစစ်ပွဲမှာ မြန်မာအသင်းရဲ့ ပွဲစဉ်လဲရှိနေတော့ ထုံးစံအတိုင်း မြန်မာအသင်းပွဲရှိတဲ့နေ့ဆို မြန်မာဘက်ကန် အဲဗားမှန်ဆိုသလို သူ့ကိုတည်ပြီး သူငယ်ချင်းနှစ်ယောက်မောင်းတစ်ကဒ်ရိုက်ခဲ့တယ်ဆိုပါတော့ဗျာ။
အဲ့ဒီမောင်းထဲမှာ ဆီးရီးယားကိုထည့်ထားခဲ့တယ် ပထမပိုင်း မပြီးခင်လေးမှာ ဆီးရီးယား က ၁ ဂိုး ဂိုးမရှိနဲ့ နိုင်နေတော့ အဆင်ပြေတယ်ပေါ့။
ဒီလိုနဲ့ ပွဲပြီးခါနီး Goal Score လေး ဝင်ကြည့်မိပါတယ် ၀ - ၁ ကနေ ၊ ၁ - ၀ ဖြစ်နေပါလေရော။
ညက အဲဒီအတိုင်းပဲ ထားလိုက်ပြီး ခုမနက်မှာ ပြန်ရှာကြည့်တဲ့အခါ အဲဒီ မြောက်ကိုရီးယား - ဆီးရီးယား ပွဲစဉ်ရဲ့ ပထမပိုင်း အချက်အလက်တွေဟာ ကျနော်သိသလောက် Live Score App တွေနဲ့ Google မှာပါ မရှိတာကို တွေ့ရတယ်။
ဒါနဲ့ YouTube မှာ အဲဒီပွဲကို ရိုက်ရှာပြီး ပြန်ကြည့်တော့ အောက်ကပုံထဲကအတိုင်း တွေ့ရတာပါပဲဗျာ။ ညီကိုတို့လဲ အဲဒီပွဲနဲ့ ပတ်သက်ပြီး သိထားတာလေးများရှိရင် မျှဝေသွားပါဦး။
01/06/2024
ဒေါ့မွန်ရဲ့ ဒုတိယမြောက် ဝင်ဘလေစီးချင်း
ပထမတစ်ကြိမ်မှာ သူတို့ဟာ ပြည်တွင်းအင်အားကြီး ဘိုင်ယန်ကို နောက်ကျဂိုးနဲ့ အရေးနိမ့်ခဲ့ကြတာ ပေါ့
ဒေါ့မွန်ဟာ ထိုက်တန်ပါရဲ့လားဆိုတဲ့မေးခွန်းဟာ ဆယ်နှစ် တစ်ကြိမ်ထုတ်တဲ့ ဒေါ့မွန်အတွက် ဥရောပမေးခွန်းဟောင်းကြီးများ ဖြစ်လေမလား
အဝါရောင် BVB ရထားတွေ ဝင်ဘလေ အနီးနားတဝိုက်က ဘူတာရုံတွေမှာ ဆိုက်ရောက်လာတဲ့အခါ Londonဟာ အဝါရောင်ဖြစ်သွားလေမလား
တော်ဝင်မြေမှာ ပြိုင်ဘက်ဟာတော်ဝင်ဖြစ်နေလင့်ကစား သူတို့ဟာအိမ်နိမ့်စံတွေ
ပြည်တွင်းမှာလဲ ဘိုင်ယန်ရဲ့လွှမ်းမိုးမှု အရှိန်အဝါနဲ့ တောက်ပြောင်နေခဲ့တယ်ရယ်လို့ မရှိ
ကလော့ပ်အလွန်နှစ်တွေမှာ သူတို့ဟာမှေးမှိန်ခဲ့ကြတယ်ဆိုဦးတော့ စပိန်တော်ဝင် တွေရဲ့ ကွင်းလယ်ဗိုလ်ချုပ်ဟာ သူတို့လူမဟုတ်လား
သူတို့ရဲ့ အဝါရောင် တပ်တော်ကြီးကို ဦးဆောင်လာသူဟာလဲ တစ်ချိန်က သူတို့ရဲ့ ပြည်သူတစ်ယောက်တဲ့လေ ခုတော့ သူဟာ BVB ရဲ့ စစ်သေနာပတိကြီးပေါ့
အားနည်းသူကို အားပေးခြင်းဟာ မင်္ဂလာတစ်ပါးဆိုရင် ကျနော်တို့ ခင်ဗျားတို့ ဒေါ့မွန်ဘက်ကနေ မရှိသင့်ဘူးလား
Don Carlo ကြီးနဲ့ Hala Madrid ရဲ့ ခမ်းနားမှု တွေဟာ ဒီတစ်ကြိမ် ချန်ပီယံလိဂ်ဖလားကို ဒေါ့မွန်ဆီပေးလိုက်ရလို့ မှေးမှိန်သွားဟန်ရှိမယ် မထင်ပါဘူး။ သူတို့လဲ အားနည်းသူကို ဖေးကူခြင်း မင်္ဂလာမှာ နှစ်သက်ကြလိမ့်မယ် ထင်မိပါတယ်။ ဒါဟာ ကျနော့်ရဲ့ ဒေါ့မွန်မှာ ပျော်ဝင်ခြင်း အတ္တများလား ၊ သို့မဟုတ် အဝါ ရောင်ကို နှစ်သက်ခြင်း ရမ္မက်လား
မိုးစင်စင်လင်းလေကတည်းက ကျနော်ဟာ ဝါကြင်ကြင်ခံစားချက်နဲ့
ကိုလေးဖြူရဲ့ " အဝါရောင်ကိုက်ခဲမှု့ "သီချင်းနဲ့ ၊ နေနိုင်ရဲ့ " ငါ့ခေါင်းကို တက်တက်ခဲနေတဲ့ အဝါ " ကဗျာနဲ့ မျောလို့ လွင့်လို့။
ဒီညတော့ ကျနော်တစ်ယောက် အဝါရောင်တွေနဲ့အတူ စပိန်တော်ဝင်တွေကို ဝင်ဘလေမှာ ပုန်ကန်မိတော့မပေါ့ . . . . .။
-
သူငယ်ချင်းများနဲ့ လဘက်ရည်ဆိုင်ဆန်ဆန် ဘောပွဲကြည့်ရန်
Discord Channel - https://discord.gg/QeAp9QnV
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon