MaximaxSolution - Executive Learning Institute

MaximaxSolution - Executive Learning Institute

Share

One Stop Exrcutive Learning Institute for Accounting, Finance and Investment Professionals....

17/03/2026

ကမ္ဘာကျော်လုပ်ငန်းရှင် (𝗖𝗘𝗢) တွေရဲ့ 'ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာ' (𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆) တွေကို သိချင်ရင် ဒီ 𝑷𝒐𝒔𝒕 ကို အဆုံးထိဖတ်ကြည့်ပါ

"လုပ်ငန်းတစ်ခုတိုးတက်ဖို့ဆိုတာ အချိန်အပေါ်မှာသာ မူတည်နေတာမဟုတ်ဘဲ၊ အဲဒီအချိန်ကို ဘယ်လိုအသုံးချသလဲဆိုတဲ့ “အချိန်ကို ဘဏ္ဍာရေးနဲ့ ဆပ်စက်ပြီး အသုံးချနိုင်တဲ့ စွမ်းရည်” ပေါ်မှာများစွာ မူတည်ပါတယ်။

စာရင်းကိုင်ပညာ (𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴) နဲ့ ဘဏ္ဍာရေးပညာ (𝗙𝗶𝗻𝗮𝗻𝗰𝗲) ဟာ တကယ်တော့ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။

အတိတ်ကဖြစ်ရပ်တွေကို မှတ်တမ်းတင်တာက 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴 ဖြစ်ပြီး၊ အဲဒီအချက်အလက်တွေကို အသုံးချပြီး အနာဂတ်အတွက် ဆုံးဖြတ်ချက်ချမှတ်တာက 𝗙𝗶𝗻𝗮𝗻𝗰𝗲 ဖြစ်ပါတယ်…..

တစ်နည်းအားဖြင့် ပြောရရင် စာရင်းကိုင် (𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴) ဟာ လုပ်ငန်းလည်ပတ်မှု နဲ့ ပိုမိုသက်ဆိုင်ပြီး ဘဏ္ဍာရေး (𝗙𝗶𝗻𝗮𝗻𝗰𝗲) လုပ်ငန်းရဲ့ ဗျူဟာနဲ့ ပိုမိုသက်ဆိုင်ပါတယ်…..

ကမ္ဘာကျော်လုပ်ငန်းရှင်ကြီးတွေဟာ သူတို့ရဲ့ Product တွေ ကောင်းရုံတင်မကဘဲ 𝗙𝗶𝗻𝗮𝗻𝗰𝗲 ကို မဟာဗျူဟာမြောက် အသုံးချနိုင်ခဲ့လို့သာ ဒီနေ့လို အောင်မြင်လာကြတာပါ။

ဒါကို နားလည်လွယ်အောင် အောင်မြင်နေတဲ့ လုပ်ငန်း (၅) ခုရဲ့ 𝗙𝗶𝗻𝗮𝗻𝗰𝗲 ကို မဟာဗျူဟာမြောက် အသုံးချနိုင်ခဲ့ပုံကို မျှဝေပေးလိုက်ပါတယ်…..

-----------------------------------------

၁။ 𝗠𝗮𝗿𝗸 𝗭𝘂𝗰𝗸𝗲𝗿𝗯𝗲𝗿𝗴 နဲ့ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 ရဲ့ (အရင်းအနှီးခွဲဝေမှုနှင့် လုပ်ငန်းကြီးထွားမှုအတိုင်းအတာ) ဗျူဟာ (𝘾𝙖𝙥𝙞𝙩𝙖𝙡 𝘼𝙡𝙡𝙤𝙘𝙖𝙩𝙞𝙤𝙣 & 𝙎𝙘𝙖𝙡𝙖𝙗𝙞𝙡𝙞𝙩𝙮)

• Mark Zuckerberg ဟာ Facebook ကို စတင်ချိန်မှာ Product ကောင်းဖို့တင် မဟုတ်ဘဲ ဝင်ငွေရလမ်းရှာပုံ (𝗥𝗲𝘃𝗲𝗻𝘂𝗲 𝗠𝗼𝗱𝗲𝗹) နဲ့ ပစ်မှတ်ထားတဲ့ဖောက်သည် (𝗧𝗮𝗿𝗴𝗲𝘁 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿) ကို Finance ရှုထောင့်ကနေ သေချာချိတ်ဆက်ခဲ့ပါတယ်…..

• Facebook ဟာ အသုံးပြုသူ (User) တစ်ယောက်ချင်းစီရဲ့ Data ကို Finance အရ “ပိုင်ဆိုင်မှု” (Asset) လို့ ရူမြင်ခဲ့ပါတယ်။ အဲဒီ Asset ကို အခြေခံပြီး “ကြော်ငြာစနစ်” (Advertising Model) နဲ့ ချိတ်ဆက်ကာ “ဝင်ငွေ” (Revenue) ကိုရှာဖွေခဲ့ပါတယ်…..

• ရရှိလာတဲ့ အမြတ်ငွေတွေကို ကိုင်ထားရုံတင်မဟုတ်ဘဲ Instagram နဲ့ WhatsApp လို ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ကုမ္ပဏီတွေကို ဝယ်ယူဖို့ (Acquisition) အတွက် Finance ကို မဟာဗျူဟာကျကျ အသုံးချခဲ့ပါတယ်…..

• ဒါဟာ ရေရှည်တည်တံ့ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုမှပြန်ရမှု (ROI) ကို အကောင်းဆုံး တွက်ချက်နိုင်ခဲ့တဲ့ “ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာ” ပဲ ဖြစ်ပါတယ်…..

၂။ 𝗘𝗹𝗼𝗻 𝗠𝘂𝘀𝗸 နဲ့ 𝗧𝗲𝘀𝗹𝗮 ရဲ့ ရင်းနှီးမတည်ငွေလိုအပ်ချက် နှင့် အနာဂတ် လုပ်ငန်းတန်ဖိုးမြင့်တင်မှု ဗျူဟာ (𝘾𝙖𝙥𝙞𝙩𝙖𝙡 𝙄𝙣𝙩𝙚𝙣𝙨𝙞𝙩𝙮 & 𝙁𝙪𝙩𝙪𝙧𝙚 𝙑𝙖𝙡𝙪𝙖𝙩𝙞𝙤𝙣)

• Elon Musk ဟာ Tesla ကို တည်ထောင်ရာမှာ "ကုန်ကျစရိတ်၊ ရောင်းအားပမာဏနှင့် အမြတ် ဆက်နွယ်မှု" (𝗖𝗼𝘀𝘁-𝗩𝗼𝗹𝘂𝗺𝗲-𝗣𝗿𝗼𝗳𝗶𝘁) ဆက်နွယ်မှုကို ကောင်းကောင်းအသုံးချခဲ့ပါတယ်…..

• လျှပ်စစ်ကားထုတ်လုပ်တာဟာ ကုန်ကျစရိတ်အရမ်းများတဲ့ (Capital Intensive) ဖြစ်တဲ့လုပ်ငန်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် Tesla ဟာ အစပိုင်းမှာ ဈေးကြီးတဲ့ (Roadster) ကို အနည်းငယ်ထုတ်ပြီး အမြတ်ယူကာ၊ အဲဒီအမြတ်နဲ့ (Model 3) လိုမျိုး လူတိုင်းစီးနိုင်တဲ့ ကားတွေကို အမြောက်အမြားထုတ်လုပ်ဖို့ (Mass Production) ကိုအစီအစဉ်ဆွဲခဲ့ပါတယ်…..

• 𝗘𝗹𝗼𝗻 𝗠𝘂𝘀𝗸 ဟာ Tesla ရဲ့ ရှယ်ယာစျေးနုန်းကို မြှင့်တင်ပြီး ငွေကြေးဈေးကွက်ကနေ မတည်ရင်းနှီးငွေ (Capital) တွေ အဆက်မပြတ် ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါဟာ Finance ရဲ့ အဓိကလုပ်ငန်းစဉ်ဖြစ်တဲ့ "ဘယ်ကနေ ငွေရှာမလဲ (Capital Sourcing)" နဲ့ "ဘယ်မှာ သုံးမလဲ (Capital Utilization)" ကို ပါးနပ်စွာ ကစားသွားတဲ့ မဟာဗျူဟာ ဖြစ်ပါတယ်…..

၃။ 𝗦𝘁𝗲𝘃𝗲 𝗝𝗼𝗯𝘀 နဲ့ Apple ရဲ့ အဆင့်မြင့်စျေးနှုန်းသတ်မှတ်ခြင်း နှင့် ပိုင်ဆိုင်မှုများမှ ဝင်ငွေဖော်ဆောင်နိုင်မှုနှုန်း (𝙋𝙧𝙚𝙢𝙞𝙪𝙢 𝙋𝙧𝙞𝙘𝙞𝙣𝙜 & 𝘼𝙨𝙨𝙚𝙩 𝙏𝙪𝙧𝙣𝙤𝙫𝙚𝙧)

• Steve Jobs ဟာ Apple ကို ပြန်လည်ဦးစီးချိန်မှာ Accounting အရ စာရင်းတွေအာရုံစိုက်နေတာထက် Finance အရ 𝗪𝗼𝗿𝗸𝗶𝗻𝗴 𝗖𝗮𝗽𝗶𝘁𝗮𝗹 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 ကို အာရုံစိုက်ခဲ့ပါတယ်…..

• 𝗦𝘁𝗲𝘃𝗲 𝗝𝗼𝗯𝘀 ပြန်ရောက်လာချိန်မှာ ပထမဆုံးလုပ်တာက ရောင်းမထွက်တဲ့ ပစ္စည်းလက်ကျန် (Inventory) တွေကို ရှင်းထုတ်ပစ်တာပါ။ ငွေတွေ Inventory ထဲမှာ ပိတ်မိနေတာဟာ Finance အရ ဆုံးရှုံးမှုလို့ သူမြင်ခဲ့ပါတယ်…..

• Apple ရဲ့ Product တွေကို 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗣𝗿𝗶𝗰𝗶𝗻𝗴 (ဈေးနှုန်းအမြင့်) ထားပြီး အမြတ်ရာခိုင်နှုန်း (Profit Margin) ကို မြှင့်တင်ခဲ့ပါတယ်။ ဒါကြောင့် Apple ဟာ ငွေသားလက်ကျန် (Cash Reserve) အများဆုံးရှိတဲ့ ကုမ္ပဏီဖြစ်လာပြီး အသစ်သစ်သော နည်းပညာတွေအတွက် ရဲရဲဝံ့ဝံ့ ရင်းနှီးမြှုပ်နှံနိုင်ခဲ့တာပါ…..

၄။ 𝗝𝗲𝗳𝗳 𝗕𝗲𝘇𝗼𝘀 နဲ့ 𝗔𝗺𝗮𝘇𝗼𝗻 "ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု" (𝙁𝙧𝙚𝙚 𝘾𝙖𝙨𝙝 𝙁𝙡𝙤𝙬 & 𝙇𝙤𝙣𝙜-𝙩𝙚𝙧𝙢 𝙂𝙧𝙤𝙬𝙩𝙝)

• Jeff Bezos ကတော့ Finance ရဲ့ အနှစ်သာရဖြစ်တဲ့ "𝗖𝗮𝘀𝗵 𝗶𝘀 𝗞𝗶𝗻𝗴" ဆိုတာကို ကမ္ဘာကို သက်သေပြခဲ့သူပါ။

• Jeff Bezos ဟာ စာရင်းကိုင်အမြတ် (Accounting Profit) ကို သိပ်ဂရုမစိုက်ဘဲ Free Cash Flow (လုပ်ငန်းမှာ တကယ်လည်ပတ်နေတဲ့ ငွေသား) ကိုပဲ အဓိကထားပါတယ်…..

• အမြတ်ရသမျှကို အိတ်ထဲမထည့်ဘဲ Logistics (သယ်ယူပို့ဆောင်ရေး) နဲ့ AWS (Cloud System) တွေမှာ ပြန်လည်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အမြတ်မပြဘဲ လုပ်ငန်းကို ချဲ့ထွင်နေခြင်းဟာ Finance အရ "ကြီးထွားမှုနှုန်း (Growth Rate)" ကို ဦးစားပေးတဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ဖြစ်ပါတယ်…..

၅။ 𝗝𝗮𝗰𝗸 𝗠𝗮 (𝗔𝗹𝗶𝗯𝗮𝗯𝗮): "ယုံကြည်မှု (Trust) ကို ကြားခံထိန်းသိမ်းတဲ့စနစ် (Escrow System) နဲ့ ချိတ်ဆက်ပြီး ကြီးမားတဲ့ Float (ငွေသားလည်ပတ်မှုစနစ်) ကို ဖန်တီးကာ ဘဏ္ဍာရေးဂေဟစနစ်တစ်ခုလုံးကို တည်ဆောက်နိုင်ခဲ့ပါတယ်။"

အောင်မြင်ချင်တဲ့ လုပ်ငန်းရှင်တိုင်းဟာ စာရင်းကိုင် (𝗔𝗰𝗰𝗼𝘂𝗻𝘁𝗮𝗻𝘁) မဟုတ်ကြပေမယ့် ဘဏ္ဍာရေးစီမံခန့်ခွဲသူ (𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝘀𝘁) တွေ ဖြစ်ဖို့လိုအပ်ပါတယ်…..
လုပ်ငန်းတစ်ခုမှာ 𝗙𝗶𝗻𝗮𝗻𝗰𝗲 ကို လျှော့တွက်နေခြင်းဟာ လမ်းပြမြေပုံမပါဘဲ ခရီးသွားနေတာနဲ့ တူပါတယ်။

𝗙𝗶𝗻𝗮𝗻𝗰𝗲 ကို စနစ်တကျနားလည်မှသာ လုပ်ငန်းရဲ့ 𝗦𝗰𝗮𝗹𝗮𝗯𝗶𝗹𝗶𝘁𝘆 (ချဲ့ထွင်နိုင်စွမ်း) နဲ့ 𝗦𝘂𝘀𝘁𝗮𝗶𝗻𝗮𝗯𝗶𝗹𝗶𝘁𝘆 (ရေရှည်တည်တံ့မှု) ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဆရာဦးသန်းအောင် ပို့ချပေးနေသော ဘဏ္ဍာရေးဆိုင်ရာ အသိပညာ (𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗟𝗶𝘁𝗲𝗿𝗮𝗰𝘆) များ အကြောင်း သိချင်ပါက အောက်ပါ 𝑳𝒊𝒏𝒌 များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

လုပ်ငန်းစီမံခန့်ခွဲမှုမှာ မရှိမဖြစ်လိုအပ်တဲ့ 𝗙𝗶𝗻𝗮𝗻𝗰𝗲 𝗖𝗼𝗻𝗰𝗲𝗽𝘁𝘀 တွေကို ဆရာကိုယ်တိုင် ရှင်းပြထားတဲ့ Video များ -

🔹 𝗜𝗻𝗰𝗼𝗺𝗲 (ဝင်ငွေ) နဲ့ 𝗪𝗲𝗮𝗹𝘁𝗵 (ကြွယ်ဝမှု) ရဲ့ ကွာခြားချက်
👉 https://www.facebook.com/reel/2128638294341866/

🔹 𝗖𝗮𝘀𝗵 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 နှင့် 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 ဘယ်လိုကွာသလဲ?
👉 https://www.facebook.com/share/v/1GmKRjCbmz/

🔹 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗣𝗹𝗮𝗻 နှင့် 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗕𝘂𝗱𝗴𝗲𝘁 ကို ဘယ်လိုဆွဲမလဲ?
👉 https://www.facebook.com/share/r/1DpwoK9Dtj/

🎓 ဆရာ ဦးသန်းအောင် ကိုယ်တိုင် သင်ကြားပို့ချပေးထားသော ဘဏ္ဍာရေးဆိုင်ရာအသိပညာ (𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻) များအကြောင်း အသေးစိတ်လေ့လာလိုပါက
အောက်ပါ 𝑳𝒊𝒏𝒌 မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

👉 https://www.facebook.com/share/p/1BBhtM6u5h/

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


Address; No. 5, 4th Floor, Room-B, Thitsar Road, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00