MYAT Electronic &Store
လာရောက်အားပေးနိုင်ပါသည်
18/05/2022
*ရိုးသားပါ။
သို့သော်
မတုံးအပါနှင့်။
*စာနာပါ။
သိူ့သော်
အားမနာပါနှင့်။
*နားလည်ပေးပါ။
သို့သော်
အလှည့်စားမခံပါနှင့်။
*ခွင့်လွှတ်ပါ။
သိူ့သော်
မေ့မပစ်ပါနှင့်။
*ဖြူစင်ပါ။
သို့သော်
အလိမ်ညာမခံပါနှင့်။
*တည်ငြိမ်ပါ။
သို့သော်
မအေးစက်ပါနှင့်။
*ပြတ်သားပါ။
သို့သော်
တစ်ကိုယ်ကောင်း မဆန်ပါနှင့်။
*ယဉ်ကျေးပါ။
သို့သော်
မနိမ့်ကျပါစေနှင့်။
*အိပ်မက်မက်ပါ။
သို့သော်
စိတ်ကူးမယဉ်ပါနှင့်။
*အတူနေပါ။
သို့သော်
အရမ်းမရောပါနှင့်။
လေးစားစွာဖြင့်
(ဘဝစာပေ)
ပျော် အောင် နေ ပါ "pageလေးကိုလည်း ဖော်လိုး လုပ်ခဲ့ပေးနော် 😘
https://www.facebook.com/ပျော်-အောင်-နေ-ပါ--106501395362107/
အကြီးမြတ်ဆုံးလူသား
----------------------
ပန်းပုဆရာကြီးက သူ့တပည့်များကို ရွှံ့ဖြင့်ပုံဖော်ခြင်း အတတ်ပညာကို သင်ပေးနေသည်။
“ကိုင်း တပည့်တို့ အလွန်ကြီးမြတ်သူတစ်ဦး၏ ပုံကို ဖော်ဆောင်နိုင်မည့် ရွှံ့ရုပ်လုံးတစ်ခုကို သင်တို့ကိုယ်တိုင် စုပေါင်း ထုလုပ်ကြလော့”
“ဆရာ … အလွန်ကြီးမြတ်သူဆိုသည်မှာ မည်သူဖြစ်မည်နည်း”
“တပည့်တို့ ကြီးမြတ်သူဆိုသည်မှာ ကြီးမြတ်အောင် လုပ်ယူသူမဟုတ် … ကြီးမြတ်သူဟူ၍ အလိုလို လက်ခံကာ သတ်မှတ်နိုင်သူသာဖြစ်သည် … သင်တို့စိတ်က ကြီးမြတ်သူဖြစ်မှ ကြီးမြတ်သည်”
ဆရာကြီးက ထွက်သွားချိန်တွင် တပည့်အများ ဆွေးနွေး ငြင်းခုန်ကြကုန်၏
“ကြီးမြတ်သူဆိုသည်မှာ ကိုးကွယ်ရာအရှင် ဖြစ်နိုင်သည်”
“ကြီးမြတ်သူဆိုသည်မှာ ခွန်အားရှိသူ ဖြစ်နိုင်သည်”
“ကြီးမြတ်သူဆိုသည်မှာ ငါတို့မင်းကြီး ဖြစ်နိုင်သည်”
တပည့်များ အများက နောက်ဆုံးအဆိုကို လက်ခံလိုက်ကြသည်။ တိုင်းပြည်တွင် စိုးမိုးအုပ်ချုပ်နေသော ငါတို့ဘုရင်သည်သာ အကြီးမြတ်ဆုံးဖြစ်ကြောင်း ဆုံးဖြတ်ကြသည်။
ထိုအချိန်တွင် တပည့်တစ်ဦးက
“ကြီးမြတ်သူဆိုသည်မှာ မိခင်ဖြစ်သည် … မိခင်ထက်ကြီးမြတ်သူ ဤလောကတွင်မရှိ” ဟုဆိုသည်။
သူတို့အငြင်းပွားမှုကို နိဂုံးချုပ်လိုက်သည်။
ဘုရင်
မိခင်
နှစ်ဖွဲ့ကွဲသွားသည်။
နောက်ဆုံးတွင် နှစ်ဖွဲ့ခွဲကာ ဘုရင်ရုပ်နှင့် မိခင်ရုပ်ကို ထုလုပ်ကြရန် ဆုံးဖြတ်ကြသည်။
ဘုရင်ရုပ်ကို ထုလုပ်မည့်သူတွေက မတ်မတ်ရပ်ကာ၊ ခေါင်းကိုမော့ပြီး၊ လက်ကို မြှောက်ထားသော ရွှံ့ရုပ်တုကြီးအား ကြီးကျယ်စွာ တည်ဆောက်ကြကုန်သည်။ ဘုရင်ကြီး၏ ရုပ်တုကား မာန်ဝင့်ပြီး အသက်ပါလှသည်။ ဘုရင်ရုပ်သည် လက်နှစ်ဖက်ကိုမြှောက်ကာ မျက်နှာကလည်း ခက်ထန်ပြီး အားပါလှ သည်။
တစ်ဖက်အဖွဲ့က ထုလုပ်နေသော ရွှံ့ရုပ်မှာ ထိုင်နေသော အမျိုးသမီးကြီးသည် သားငယ်ကို နို့တိုက် နေပုံဖြစ်သည်။ မိခင်က သားလေးကို ငုံ့ကြည့်နေသည့်မျက်နှာ၊ သားငယ်၏ မြူးတူးနေသည့် မျက်နှာတို့မှာ အသက်ဝင်လှသည်။
အားလုံးပြီးစီးသည့်အခါတွင် ရုပ်တုနှစ်ခုကို မျက်နှာချင်းဆိုင်ထားကာ ဆရာသခင်အား သွားခေါ်ပြီး အဆုံးအဖြတ်ပေးစေသည်။
ဆရာကဆိုသည်
“နှစ်ရုပ်တောင်မှလား”
“လောကတွင် ကြီးမြတ်သူကို တပည့်တို့ နှစ်ဖွဲ့ကွဲကာ လက်ခံခဲ့ကြပါသည်။ မိခင်နှင့် ဘုရင်ကို ခွဲခြားကာ ထုလုပ်ထားခြင်း ဖြစ်ပါသည်”
ဆရာက ကြည့်နေရင်းမှာပင် လက်နှစ်ဖက်ကို မြှောက်ကာ မာန်ဝံ့နေသော ဘုရင်ရုပ်တုကြီးမှာ တဖြည်းဖြည်း ခါးမှ ကိုင်းညွှတ်ကျသွားသည်။ ရွှံ့တွေက မခြောက်သေးသောကြောင့်ဖြစ်သည်။
လက်နှစ်ဖက်ကို မြှောက်ကာ မျက်နှာကိုမော့ထားသည့် ဘုရင်သည် ယခုတော့ မိခင်ရှေ့တွင် ခါးကိုကုန်းကာ လက်ကိုရှေ့ပစ်ပြီး ဦးချသူကဲ့သို့ ဖြစ်သွားသည်။ တပည့်တွေက ပြန်လည် ထူမတ်ရန် သွားကြသည်။ ဆရာက
“ထားလိုက်ပါလေ … ပြန်မထူနဲ့ … လောကမှာ အကြီးမြတ်ဆုံးဘယ်သူဆိုတာ သူ့အလိုလို ဆုံးဖြတ်ပေး လိုက်တာပဲ။ နောက်ဆုံးမှာ မိခင်ကို လူတိုင်းဦးညွှတ်ရတာပဲ။ ဘုရင်လည်း ဘာကောင်မို့လို့လဲ” ဟုဆိုသည်။
ဆရာက ပြန်သုံးသပ်ပြသည်
“ဘုရင်ရုပ်က ဘာဖြစ်လို့ အလိုလို ကိုင်းညွှတ်သွားရသလဲ သိလား”
“မသိပါဆရာ” ဟု တပည့်တွေကဆိုသည်
“ကျောထောက်နောက်ခံနဲ့ ထောက်ကန်ထားမည့်အရာ မရှိသောကြောင့် ဖြစ်သည်။ လူတစ်ယောက် မတ်မတ်ရပ်ကာ လက်ကိုမြှောက်ပြီး အောင်ပွဲခံနိုင်ရန်အတွက် ကျောထောက်နောက်ခံနှင့် အထောက်အခံ ရှိရန်လိုသည် … သင်တို့ ကျောရိုးထည့်ရန် မေ့သွားကြသည်”
ဆရာက မိခင်ရုပ်တုရှေ့တွင် ရပ်လိုက်သည်
“ကြီးမြတ်လှတဲ့ မိခင်က ဘာဖြစ်လို့ ခါးကိုင်းပြီး ဘုရင်ကို ဦးမညွတ်သနည်း သိပါ၏လော”
“မသိပါဆရာ”
“မှတ်ထား … မိခင်ရဲ့ ရင်ခွင်ထဲမှ သူ့သားက အထောက်အကန်ပြုပေးထားသည် … ထို့ကြောင့် မိခင်က ဘယ်တော့မှ ညွှတ်ကျသွားမည် မဟုတ်”
ဘုရင်ရုပ်က မိခင်ကို အလိုလို ကိုင်းညွှတ်ရန်အတွက် ပညာနှင့် စေတနာက သတ်မှတ်လိုက်ပြီးသား ဖြစ်ပါသည်။
တင်ညွန့်
၁၇.၁၁.၂၀၂၁
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon