Japan Innovation Academy Yangon

Japan Innovation Academy Yangon

Share

Japanese Language School in Yangon.

23/01/2024
04/05/2020

"ゴールデンウィーク(Golden Week) ရွှေရောင် အားလပ်ရက်ရှည်အကြောင်း"

ဂျပန် မှာ ရွှေရောင်အားလပ်ရက် တွေလို့ ခေါ်တဲ့ ပိတ်ရက်ရှည်ကို ၄ လပိုင်း အကုန် မှ ၅လပိုင်း ပထမဆုံးအပတ် အထိ ၇ရက် (သို့) ၁၀ရက်‌ လောက်ကြာအောင် ပိတ်ပါတယ်။

အနောက်နိူင်ငံတွေနဲ့ နှိုင်းယှဉ်လျှင် ဂျပန်နိူင်ငံက အလုပ် ပိတ်ရက်နည်းပါတယ်။ဒါကြောင့် အခုလို တစ်ပတ်ကျော်ကျော် ပိတ်ရက်ရှည် ကို နားရက် အကြီး‌‌ဆုံး (Golden week) လို့ခေါ် ဆိုပြီး လူကြီး တွေကော ကလေးတွေပါ ပျော်ရွှင်စွာနဲ့စောင့်မျှော် နေတတ်ပါတယ် ☺️

ဂျပန်လူမျိုးတွေ က အဲ့ဒီ အားလက်ရက်တွေ မှာ မွေးရပ်မြေကို ပြန်တာတို့ ၊အပန်းဖြေ ခရီးထွက်တာတို့ လုပ်ကြတဲ့ အတွက် ကားတွေ၊မီးရထား တွေမှာ လူတွေအရမ်းကြပ်တတ်ပါတယ်😌

Golden (ရွှေ)လို့‌ ပြောရတာက တော့အဲ့ဒီရက်တွေ မှာ ကုမ္ပဏီတွေ၊ စာသင် ကျောင်းတွေပါ ပိတ်ပြီး တစ်မိသားစုလုံး အတူတူ ပျော်ပျော်ရွှင်ရွှင် နဲ့ဖြတ်သန်း ရတဲ့ ပိတ်ရက်ရှည်ဖြစ် တဲ့အတွက် (ရွှေ) လို့ တန်ဖိုးရှိစွာ တင်စားထားတာပါ 🥰

နောက်ရက်တွေလည်း ဂျပန်မှာရှိတဲ့ ယဉ်ကျေးမှုလေး တွေ မျှဝေပေးပါမယ် နော် 🙏

08/04/2020

💦 သင်္ကြန်တွင်း ရုံးပိတ်ကြောင်း အသိပေးကြေငြာခြင်း...

💦 သင်္ကြန်တွင်း ရုံးပိတ်ရက်များ ဖြစ်သော 10.4.2020 မှ 19.4.2020 အထိ Japan Innovation Academy Yangon မှ ရုံးပိတ် ထားမည် ဖြစ်ပါသည်😊

💦 သင်တန်းသို့ စုံစမ်း လိုသူများ အနေဖြင့်Page Messenger မှသိလိုသည် များကိုစာချန်ခဲ့၍ရပါသည်👌

💦 လူကြီးမင်းတို့ အားလုံး သင်္ကြန်ကာလ မှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာ ဖြင့် လိုအင်ဆန္ဒ ပြည့်ဝ ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါသည် ✌️☺️😇

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 149, 11st Floor, AMBO Tower, Bo Aung Kyaw Road, Kyauktada Township
Yangon