G3 Group Limited

G3 Group Limited

Share

𝑾𝒆 𝑩𝒖𝒊𝒍𝒅 𝒀𝒐𝒖𝒓 𝑫𝒓𝒆𝒂𝒎𝒔
“Creating spaces where life and investment grow together”

05/06/2026

အဆောက်အဦတစ်လုံး ဆောက်ဖို့ ပြင်ဆင်တဲ့အခါ ဆောက်လုပ်ချင်တဲ့ အဆောက်အဦအမျိုးအစားပေါ်မူတည်ပြီး မတူကွဲပြားတဲ့ ကျွမ်းကျင်မှုတွေ ရှိဖို့လိုအပ်ပါတယ်။

ဒါကြောင့် Project တစ်ခု အပ်နှံမယ်ဆိုရင် အပ်နှံမယ့် Construction အဖွဲ့အစည်းရဲ့ တာဝန်ယူနိုင်မှု၊ ကျွမ်းကျင်မှုနဲ့ အမှားအယွင်းမရှိ ဆောက်လုပ်ပေးနိုင်ဖို့က အဓိက အရေးကြီးဆုံးပါပဲ✨

G3 Group ကတော့ လူကြီးမင်းတို့ရဲ့ ဘယ်လိုဆောက်လုပ်ရေး Project မျိုးကိုမဆို စိုးရိမ်ပူပန်မနေရအောင် တာဝန်ယူဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

မိသားစုနေထိုင်ဖို့ ကိုယ်ပိုင်လုံးချင်းအိမ်မှသည် Condo Project, အကြီးစား အိမ်ရာစီမံကိန်းတွေအထိ အကောင်းဆုံး ဆောက်လုပ်ပေးနေပါတယ်။

ဘယ်လိုအဆောက်အဦကိုပဲ ဆောက်ဖို့ စိတ်ကူးပါစေ စိတ်ကူးထဲကအတိုင်း လက်တွေ့ကျကျနဲ့ အရည်အသွေးအာမခံချက်ရှိရှိ ရရှိဖို့အတွက် G3 Group ရဲ့ ဆောက်လုပ်ရေးကျွမ်းကျင်ပညာရှင်များက အနီးကပ် ကြီးကြပ်ပေးသွားမှာမို့ လူကြီးမင်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် G3နဲ့အတူ လက်တွဲစတင်လိုက်စို့နော်👷🏻‍♂️

ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက -

📞Phone: 09 777 155 999, 09 886 44 55 77

📍 Office: အမှတ် (၂၅၃)၊ သံသုမာလမ်း၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် သို့ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

03/06/2026

အိမ်ဆောက်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ နံရံတွေ အက်ကွဲလာတာ၊ ရေစိမ့်တာ၊ ဝါယာရှော့ခဏခဏဖြစ်တာမျိုးတွေ ကြုံဖူးကြလား👷🏻‍♂️

ဒါတွေက အဆောက်အဦရဲ့ ပြင်ပ ဗိသုကာဒီဇိုင်းကိုပဲ ဦးစားပေးပြီး အဓိက အတွင်းပိုင်းအင်ဂျင်နီယာပိုင်းဆိုင်ရာ စနစ်တွေကို သတိမထားမိခဲ့လို့ပါပဲ။ ပြန်လည်ပြုပြင်မယ်ဆိုရင်လည်း အချိန်ကုန်၊ ငွေကုန် လူပင်ပန်းဖြစ်ရတတ်ပါတယ်။

ဒီလို ပြဿနာမျိုးတွေ မကြုံရအောင် အိမ်မဆောက်ခင်မှာ ဒီအချက်တွေကို သေချာလေး စစ်ဆေးသင့်ပါတယ်။✨

▪️မြေသားနှင့်𝓕𝓸𝓾𝓷𝓭𝓪𝓽𝓲𝓸𝓷

အဆောက်အဦတည်ဆောက်မယ့် မြေအမျိုးအစားနဲ့ ဝန်ခံနိုင်ရည်ကို သေချာစစ်ဆေးပြီးမှ အိမ်အောက်ခြေ လုံးဝကျွံမသွားစေမယ့် ဖောင်ဒေးရှင်းတိုင်တွေကို တိကျစွာ တွက်ချက်ပုံဖော်သင့်ပါတယ်။

▪️ငလျင်နှင့် ဝန်အားခံနိုင်ရည်ရှိသော အကြမ်းထည်

ရာသီဥတုဒဏ်နဲ့ ငလျင်ဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ တိုင်၊ ရက်မတွေရဲ့ သံကူ ကွန်ကရစ် အချိုးအစားကို နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း ကျွမ်းကျင်အင်ဂျင်နီယာများကိုယ်တိုင် တွက်ချက်ပြီးမှ တည်ဆောက်သင့်ပါတယ်။

▪️ရေပိုက်စနစ်နှင့် ရေစိမ့်မှုကာကွယ်ခြင်း

ရေဖိအားကြောင့် ပိုက်ပေါက်ခြင်း၊ နံရံနဲ့ ကြမ်းပြင်တွေမှာ ရေစိမ့်ပြီး မှိုတက်ခြင်းများ လုံးဝမရှိစေရန် Premium ပိုက်လိုင်းများနှင့် အဆင့်မြင့် Waterproofing Chemical များကို အထပ်ထပ် စနစ်တကျ အသုံးပြုသင့်ပါတယ်။

▪️ရေဆိုးထုတ်စနစ်နှင့် မိလ္လာကန်များ

အိမ်တွင်း အနံ့အသက်ဆိုးထွက်ခြင်းနှင့် ရေပိတ်ဆို့ခြင်း ကင်းဝေးစေရန် ရေဆိုးနှင့် အညစ်အကြေးလိုင်းများကို သီးသန့်ခွဲထုတ်ပြီး စံနှုန်းမီ မိလ္လာကန်များကို လေလုံစနစ်ဖြင့် စီမံတည်ဆောက်သင့်ပါတယ်။

▪️ဘေးကင်းသော လျှပ်စစ်မီးသွယ်တန်းခြင်း

ဝါယာရှော့ဖြစ်ခြင်းနဲ့ မီးဘေးအန္တရာယ်မှ ရာနှုန်းပြည့် စိတ်အေးရစေဖို့ မီးအားနဲ့ ကိုက်ညီမည့် အရည်အသွေးမြင့် ကေဘယ်ကြိုးများကို Circuit Breaker ၊ မြေစိုက်ကြိုးစနစ်တွေနဲ့ စနစ်တကျ သွယ်တန်းပေးသင့်ပါတယ်။

ကျွန်တော်တို့ 𝖦3 𝖦𝗋𝗎𝗈𝗉 မှာဆိုရင် ပြင်ပဒီဇိုင်းလှပမှုတင်မကဘဲ အဆောက်အဦတစ်ခုလုံးရဲ့ အတွင်းပိုင်းစနစ်တွေပါ ပြီးပြည့်စုံအောင် အတွေ့အကြုံရင့် ကျွမ်းကျင်ပညာရှင်များနဲ့ စနစ်တကျ တည်ဆောက်ပေးနေတာကြောင့် လူကြီးမင်းတို့ အပ်နှံလိုက်တဲ့ Project တိုင်းကို စိတ်ချရဖို့ အာမခံပါတယ်ခင်ဗျာ🌟

ဒါကြောင့် 𝖦3 ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက -

📞Phone: 09 777 155 999, 09 886 44 55 77

📍 Office: အမှတ် (၂၅၃)၊ သံသုမာလမ်း၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် သို့ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


ThanThuMar Road
Yangon
11072

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00