Sein Moe
ကျန်းမာရေး အသိပညာ၊ အတွေးအမြင် နှင့်
Celebrating my 7th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
04/08/2025
ချက်ပြုတ်ဝါသနာပါတဲ့သူတွေ၊ မီးဖိုခြောင်ကိုစိတ်ဝင်စားသူတွေ၊ စားသောက်ဆိုင်မှာချက်ပြုတ်ခြင်းဟာ သင်္ချာဗေဒလား၊ ဖန်တီးမှုလား ဆိုတဲ့ မီးဖိုခြောင် အိုင်ဒီယာလော်ဂျီကို တီးခေါက်ခြင်သူတွေကြည့်ဖို့ ရုပ်ရှင်တကားနဲ့မိတ်ဆက်ပေးခြင်ပါတယ်။ ဒီကားကတော့ ဒိန်းမတ်ရှပ်ရှင်တကားဖြစ်တဲ့ “Toscana” ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်တယ်။ ဒီရုပ်ရှင်ဟာ 2022 ခုနှစ်မှာ Netflix မှတင်ဆက်ထားတဲ့ Danish romantic drama ဖြစ်ပြီး ဒါရိုက်တာက Mehdi Avaz ပါ။
ဇတ်လမ်းအကျဉ်းကတော့ “သီအို “ဆိုတဲ့ ချက်ကြီးတယောက်ဟာ သူ့အဖေဆုံးတော့အမွေရတဲ့ အီတလီ က စားသောက်ဆိုင်တခုကိုသွားရင်း ဆိုဖီရာဆိုတဲ့ အမျိုးသမီးတယောက်နဲ့ဆုံတွေခဲ့ရတဲ့အကြောင်းကို အခြေခံထားတဲ့ ဒရာမာကားတကားပါ။ ဇတ်လမ်းအရတော့ သိတ်ပြီးထူးလှတာမဟုတ်ပေမယ့် အပေါ်ဖက်မှာကျနော်ပြောသလို စားသောက်ဆိုင်ရဲ့ သဘောသဘာဝတွေက စိတ်ဝင်စားစရာပါ။ တခြားစိတ်ဝင်စားစရာ ဇတ်ကောင်စားရိုက်တွေ၊ သဘာဝအလှတွေလည်း အများကြီးပါပါသေးတယ်။
ဒိန်းမတ်က စားသောက်ဆိုင်ကမီးဖိုခြောင်ကြီးက စံချိန်မှီလှပခန့်ငြားစနစ်ကျသလို အီတလီကဆိုင်လေးကလည်း မညီမညာတဲ့အုတ်နဲတွေကြားတဲ့လှနေတဲ့အကြောင်းတွေ၊ စားသောက်ဆိုင်ကြီးက စံချိန်စံညွန်းနဲ့အညီချက်ပြုတ်ပေမယ်ံ့ အီတလီတော့နယ်ကဆိုင်လေးမှာတော့ ဘယ်လို သဘာဝကျကျချက်ကျသလည်းဆိုတာတွေအပြင်……. ။
ကားထဲ တင်ဆက်ထားတဲ့ ကွန်ပိုဇေးရှင်းတွေ၊ အရောင်တွေ၊ အလင်းအမှောင်တွေကလည်း သဘောကျမှာပါ။
စိတ်ဝင်စားရင်ကြည့်နိုင်အောင်လို့ညွန်ပါရစေ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11421