Effective English
We believe all the students can achieve 100% output of their effort in learning English through our c
19/04/2017
I had a cold last week.
I've had a cold for the last week.
အဲ့ဒီစာကြောင်းနှစ်ကြောင်း ဘာကွာပါသလဲ???
မြန်မာလို ဘာသာပြန်ရင်တော့…
I had a cold last week.
= ငါအရင်အပတ်ကဖျားခဲ့တယ်
I've had a cold for the last week.
= ငါဖျားနေတာ တစ်ပတ်(၇ ရက်) ရှိပြီ
last week ဆိုတာ ပြက္ခဒိန်ထဲမှာ အခုသီတင်းပတ်မတိုင်မီ အရင်တစ်ပတ်ကိုပြောတာပါ…
the last week ဆိုတာကတော့ the ပါတဲ့အတွက် တိကျတဲ့သဘောကိုဆောင်ပါတယ်…
ဒီကနေ့မတိုင်မီ ၇ ရက်တာ (တစ်ပတ်) ကိုပြောတာပါ…
last month နဲ့ the last month
last year နဲ့ the last year တို့ဟာလည်းအလားတူပါပဲ…
ဒီလက April ဆို last month ဆိုတာ March လကိုပြောတာပါ…
ဒါပေမယ့် the last month ဆိုတာကတော့ ဒီနေ့ April 20 ရက်နေ့ဆိုရင် March 21 ကနေ April 20 ဒီနေ့အထိ ရက်ပေါင်း ၃၀ (၁လတာ) ကာလကို ပြောတာပါ…
ဒီနှစ်ဟာ 2017 ဆို last year ဆိုတာ 2016 ကိုပြောတာပါ…
ဒါပေမယ့် the last year ဆိုတာကတော့ 2016 April 21 ကနေ ဒီ 2017 April 20 အထိ ၃၆၅ ရက် (၁ နှစ်တာ) ကာလကို ရည်ညွှန်းတာပါ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon