Market Rays

Market Rays

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Market Rays, Advertising/Marketing, Yangon.

07/11/2020

ကျွန်တော်တို့အားလုံး အတူတကွ မဲပေးကြပါစို့.....



#2020

Photos from Market Rays's post 01/10/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
(၃၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၃၅၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၀၁၀)ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

23/09/2020

ရန်ကုန်ကို အခြေခံစားကုန် ရာရှင်စနစ်ပေးရန် ပြင်ထား
=================================
ရန်ကုန်တိုင်းဒေသကြီးမှာ အခြေခံစားသောက်ကုန်တွေကို ရာရှင်(Ration)စနစ်နဲ့ ဖြန့်ဖြူးပေးနိုင်ဖို့ ပြင်ဆင်ထားရေး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။

Stay at Home ပြုလုပ်ထားတာမှာ လိုအပ်ပါက တိုင်းဒေသကြီးအတွင်း ပြည်သူ (၇) သန်းခန့်ကို နေ့စဉ်စားသောက်ရေးအတွက် ရာရှင်စနစ်နဲ့ အခြေခံစားသောက်ကုန်တွေကို အိမ်ထောင်စုအလိုက် ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင်ထားဖို့အတွက် အခုလိုညွှန်ကြားလိုက်တာပါ။

COVID -19 ကူးစက်မှုနှုန်း ထိန်းချုပ်ဖို့ ကန့်သတ်ချက်တွေ ရှိလာတဲ့အတွက် Stay at Home အမိန့်ကို ထပ်မံထုတ်ပြန်ဖို့ လိုအပ်လာရင် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်သူတွေ နေ့စဥ်စားသောက်ရေး အဆင်ပြေစေဖို့ အခြေခံစားသောက်ကုန်တွေ ကို ဖြန့်ဖြူးပေးနိုင်ရေး စီစဥ်ဆောင်ရွက်ထားတယ်လို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက အတည်ပြုပြောပါတယ်။

အဲဒီလို စီမံဆောင်ရွက်ထားတာမှာ မြို့နယ်အားလုံး လမ်းအလိုက် အခြေခံစားသောက်ကုန်တွေကို အိမ်တိုင်ရာရောက်ပေးသွားမှာ ဖြစ်တယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြော ပါတယ်။

Stay at Home ကာလမှာ ပြည်သူ့အားလုံး စားဝတ်နေရေးအခက်အခဲ မဖြစ်စေဖို့ စီစဥ်တာ ဖြစ်တဲ့ အတွက် အကျိုးရှိမှာ ဖြစ်တယ်လို့ ဦးထွန်းချစ်က ပြောပါတယ်။

လက်ရှိမှာ အခြေခံစားသောက်ကုန်တွေကို ဖြန့်ဖြူးတဲ့အခါ လူစုလူဝေးနဲ့ မဟုတ်ဘဲ စနစ်တကျဖြစ် စေဖို့ စီမံဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးကလည်း ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at home မြို့နယ် (၄၄) မြို့နယ်မှာ နေထိုင်တဲ့ အိမ်ထောင်စု တ်စစုချင်းစီအလိုက် ထောက်ပံပေးဖို့ လိုအပ်တဲ့ အဓိက ရိက္ခာအမယ် အရေအတွက် ၊ ဖြန့်ဖြူးပေးနိုင်ရေးအတွက် စုပုံ / ထုပ်ပိုးတဲ့ ကြာချိန် ၊ အိမ်ထောင်စုအားလုံးကို ဖြန့်ဝေပေးဖို့ ကြာမြင့်တဲ့ အချိန်နဲ့ ဖြန့်ဖြူးတဲ့ အခါ လူစုလူဝေးမဖြစ်စေရေး ဆောင်ရွက်မယ့် အစီအမံတွေကို ကြိုတင်တွက်ချက် ပြင်ဆင်ထားဖို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက လမ်းညွှန်ထားပါတယ်။

News Myanmar
မှ ကူးယူဝေမျှဖော်ပြပါသည်။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon