HEIN Educational Service

HEIN Educational Service

Share

English Speaking Class Business & Everyday English Language Proficiency Training

20/11/2024
24/12/2023

Amusia = ဂီတသံများကို မကြားနိုင်ခြင်း

There are individuals who lack the ability to process, remember, and/or produce music while having perfectly normal speech. This can happen after damage to the right hemisphere of the brain, but it can also occur in individuals with seemingly healthy brains. This situation is called amusia (which you might have heard referred to as "tone deafness"). For instance, Pope Francis has said he suffers from tone deafness despite being multilingual!

ပုံမှန်စကားပြောနိုင်စွမ်း မချွတ်ယွင်းပါဘဲလျက် ဂီတကို ခံစား၊ မှတ်မိ၊ ဖန်တီးနိုင်စွမ်း ချွတ်ယွင်းနေသော လူပုဂ္ဂိုလ်များ ရှိပါသည်။ ဤအခြင်းအရာသည် ဉီးနှောက်ကြီး ညာဘက်ခြမ်း ထိခိုက်ပျက်စီးခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော် ကျန်းမာသည်ဟု ထင်ရသော ဉီးနှောက်များရှိသည့် လူပုဂ္ဂိုလ်များတွင်လည်း ဖြစ်တတ်သည်။ ဤအခြေအနေကို 'amusia' ဟု ခေါ်သည်။ "ဂီတသံများကို မကြားနိုင်ခြင်း" ဟု ညွှန်းဆိုတတ်ကြသည်ကို ကြားဖူးကြပေမည်။ ဉပမာအားဖြင့် ပုပ်ရဟန်းမင်း ဖရန်စစ်က သူသည် ဘာသာစကားအများအပြားကို ကျွမ်းကျင်စွာ ပြောနိုင်သော်လည်း ဂီတသံများကို မကြားနိုင်ပါ ဟု ပြောခဲ့ဖူးလေသည်။

Ref: https://blog.duolingo.com/music-and-language-in-the-brain/

16/09/2023

ကာတွန်းတစ်ကွက် အစွန်းတစ်ဖက်

ဒီလို Over simplified အတွေးနဲ့ ကာတွန်းမျိုးကို ဘာလို့ ကြိုက်ကြသလဲ။ ဒါကရှင်းပါတယ်။ နားလည်ရလွယ်တယ်၊ ရင်ကို ထိမှန်တယ်။ ဒါပေမယ့် သူပြတာက ချုံ့ထားတဲ့ ရုပ်ပုံလွှာပဲ။
ဒီထဲမှာ မပါသေးတဲ့ ပညာရဲ့ အကြောင်းတွေ အများကြီးရှိသေးတယ်။

၁၉၈၀ ကျော် ၁၉၉၀ ကျော် ခေတ်မှာမွေးတဲ့ ကလေးတွေရဲ့ ပညာသင်ခရီးကိုလည်း ရွာထဲက အရပ်ထဲက လူတွေကလည်း ဒီကာတွန်းထဲကလို ထင်ခဲ့တာပဲ။ ပညာတတ်ရင် ဆင်းရဲမယ်။ ပညာသင်တဲ့သူနဲ့ ငွေစောစောရှာတဲ့သူမှာ ပညာရှာသူက အနာဂတ် မျှော်လင့်ချက်မဲ့သူလို ခွဲခြားဆက်ဆံခံရတယ်။ ပညာရှာနေရင်ကို အပြစ်လို မြင်ခဲ့ကြတာ လှောင်ပြောင်ရယ်မောခဲ့ကြတာ အများကြီးပဲ။ စာဖတ်ရင်ကို ဂေါက်သီးလို့ အထင်ခံရတယ်။ ဒါပေမယ့် ပညာခန်းက အလုပ်ရဖို့ ငွေရှာဖို့ တစ်ခုတည်းလား။ ကားစီးတိုက်ဆောက်ရင် အစစ မြင့်မားပြီလား။ စက်ဘီးစီးနေတဲ့ ကျောင်းဆရာရဲ့ ချွေးစက်မှာ အောက်က အချက်တွေ ထည့်ဆွဲမထားဘူးမဟုတ်လား။ ဘဝမှာ ပညာပါတဲ့အခါ-

၁။ ပညာအခြေခံရင် သုခီအတ္တာနံ ပရိဟရန္တုဆိုတဲ့ မိမိကိုယ်ကိုကောင်းစွာ ဆောင်နိုင်ဖို့ ဘာတွေကို ရွေးချယ်ရမလဲ ရွေးစရာရှိတဲ့လမ်းတွေကို ပိုလေ့လာနိုင်မှာပဲ။ ရွေးချယ်စရာတွေရှိတယ်လို့ သိရတဲ့အခါ စိတ်မလုံခြုံမှုလည်း ပိုနည်းနိုင်တာပဲ။
၁။ လာမယ့်အန္တရာယ်ကို ချိန်ဆနိုင်တဲ့ အချက်အလက်တွေရပြီး မိမိကိုယ်ကို ဘယ်လိုစောင့်ရှောက်ရမယ် ဆိုတာ ပိုပြီး ချင့်ချိန်နိုင်တယ်။
၃။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ရောဂါမဖြစ်အောင် ဘယ်လိုစားသောက်နေထိုင်ရမလဲ။ အစာလည်းဆေး ဆေးလည်းအစာ ငွေချည်းသက်သက်ရှိမှ ကျန်းမာတဲ့ အဖြစ်မျိုးမဟုတ်အောင် သက်တောင့်သက်သာ နေထိုင်နိုင်ဖို့ ပိုများတယ်။ ပိုက်ဆံရှိပြီး အာဟာရနားမလည်လို့ Junk food စားရတဲ့သူတွေ၊ မဖြစ်သင့်ဘဲ ဆေးရုံဆေးခန်း ခဏခဏ ရောက်ရသူတွေ အများသား။
၄။ ဘယ်သတင်းမျိုးက မှန်တယ် မှားတယ် ချင့်ချိန်နိုင်မှာပဲ။
၅။ ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးက သင့်တော်သလဲ ချိန်ဆနိုင်မှာပဲ။
၆။ အိမ်ထောင်ကို၊ မိသားစုကို ဘယ်လို‌စောင့်ရှောက်ရမယ် ပိုတွေးနိုင်မှာပဲ။
၇။ ရပ်ရေးရွာရေးမှာ ဘယ်လိုပါဝင်ရမလဲ ပိုပြီးမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာပဲ။
၈။ တိုင်းပြည်က ဘယ်လို လမ်းပေါ်ကို ဦးတည်သွားနေတယ်ဆိုတာ ချင့်ချိန်ပြီး လမ်းမလွဲအောင် ဝိုင်းတည့်မတ်ကြတဲ့နေရာမှာ ပိုပြီး အဓိပ္ပါယ်ရှိရှိပါနိုင်ကြတယ်။

နောက်ပြီး ကားနဲ့ စည်းစိမ်ရွှေငွေဟာ ပညာမဲ့သူတောင် အလွယ်ရတဲ့အရာလို့ ထင်ပေမယ့် ဒီလူကရော တကယ် ပညာမဲ့တာ ဟုတ်ရဲ့လား။ နောက်ပြီး ပညာမဲ့တဲ့ လူတိုင်းအတွက်ရော အဲဒီလို ကားစီးနိုင်တာက မှန်ပါ့မလား။ အကျင့်စာရိတ္တဆိုင်ရာ မေးခွန်းတွေကိုရော ဆက်စဉ်းစားဖို့ မလိုတော့ဘူးလား။ နောက်ပြီး အကျင့်ပျက်သူ ကြီးပွားခွင့်ရတဲ့ စီးပွားလူမှုစနစ်ကြီးကရော မှန်ကန်နေတာလား။ ကာတွန်းတစ်ကွက်ရဲ့ အန္တရာယ်ကိုပြောတာပါ။ ကာတွန်းဟာ ဒေတာမဟုတ်။ မှန်တယ်ထင်ရသော်လည်း မမှန်။ နောက်ဆုံးမတော့ ပညာဆိုတာ အတန်းပညာသက်သက်မဟုတ်ဘူးဆိုတာလည်း အဓိပ္ပါယ်သစ်ဖွင့်ဖို့က လိုနေသေးတာပဲ။ ကာတွန်းတစ်ကွက် ဖြန့်ထွက်တွေးမိသော အတွေးမျှင် တစ်စမျှသာ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Corner Of Kamar Lane (West), Yay-na-thar Street, Thanthumar Road, Thuwunna
Yangon
N/L

Opening Hours

Saturday 07:00 - 18:00
Sunday 07:00 - 18:00