Talent Stitch Sewing Studio

Talent Stitch Sewing Studio

Share

အဝတ်အစားဆိုတာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ဖော်ပြတဲ့ အနုပညာတစ်ခုပါ

Photos from Talent Stitch Sewing Studio's post 28/01/2026

Patternကောင်းသလို Stitching Quality လဲကောင်းမှ ပုံထွက်လှမယ်

အကွက်တွေချုပ်ရင် ပက်တန်မှာ Side seams နေရာမှာ Front နဲ့ Back အကွက်လိုင်းတွေညီအောင်ကို ညှိရတာမှာ အရမ်း အချိန်ပေးရပါတယ်

ဒါကြောင့် တခြားနိုင်ငံတွေမှာ အကွက်တွေချုပ်ရင် ချုပ်ခ ပိုပေးရတယ်

ဒီသင်တန်းသူဝတ်ထားတဲ့ အကျီမှာ အားနည်းချက်က အဲ့ဒါပဲ
အိတ်ကပ်တပ်မယ့်ကိုယ်ထည်နဲ့ အကွက်လိုင်းညှိတပ်ရမယ် Side seamမှာလဲ အကွက်လိုင်းတွေ ညှိပြီး cutting လုပ်ခဲ့ရမှာဖြစ်တယ်

အစမ်းချုပ်ကြည့်တာမို့ ဒါကို သတိမမူပဲ လုပ်ခဲ့မိပေမယ့် နေဒီအချက်တွေဟာ သတိထားပြီး လုပ်ရမယ်ဆိုတာ နားလည်ရမှာဖြစ်တယ်

18/10/2025

“အောင်မြင်မူ့ဆိုတာ ဘယ်တော့မှလွယ်လွယ်မရဘူးဆိုတဲ့အချက်ကို သိသာထင်မြင်စေတဲ့ Uniqlo brand ကို တည်ထောင်ခဲ့သူ”

Uniqlo brand ကို တည်ထောင်ခဲ့သူကတော့ ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ကြီး Tadashi Yanai ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာ ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပြီး၊ Uniqlo ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Fast Retailing ရဲ့ ဥက္ကဌနဲ့ CEO လည်း ဖြစ်ပါတယ်။

သူ့ရဲ့ နောက်ခံသမိုင်းနဲ့ Uniqlo ဖြစ်လာပုံကပြောရရင်
Tadashi Yanai ဟာ ဒီလုပ်ငန်းကို လုံးဝအစကနေ စခဲ့တာ မဟုတ်ပါဘူး။
၁၉၇၂ ခုနှစ်မှာ သူ့ရဲ့ဖခင်ပိုင်ဆိုင်တဲ့ "Ogori Shoji" ဆိုတဲ့ အမျိုးသားဝတ် ဝတ်စုံ (Men's Suits) အပ်ချုပ်ဆိုင်လေးကို ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆိုင်ခွဲ ၂၂ ဆိုင်လောက် ရှိတယ်လို့ ဆိုပါတယ်။

သူဟာ အနောက်နိုင်ငံတွေ (အထူးသဖြင့် ဥရောပနဲ့ အမေရိကန်) ကို ခရီးထွက်ရင်း Gap တို့ Benetton တို့လို Casual Wear (ပေါ့ပေါ့ပါးပါး နေ့စဉ်ဝတ်) အဝတ်အစား Brand တွေရဲ့ အောင်မြင်မှုကို သတိပြုမိခဲ့ပါတယ်။
ဂျပန်မှာလည်း ဒီလို အရည်အသွေးကောင်းပြီး ဈေးနှုန်းသင့်တင့်တဲ့ ပေါ့ပေါ့ပါးပါး အဝတ်အစား Brand တစ်ခု လိုအပ်နေတယ်လို့ သူမြင်ခဲ့ပါတယ်။
ဒါကြောင့် ၁၉၈၄ ခုနှစ်မှာ ဟီရိုရှီးမားမြို့မှာ "Unique Clothing Warehouse" ဆိုတဲ့ နာမည်နဲ့ ပထမဆုံးဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီနာမည်ကို နောက်ပိုင်းမှာ အတိုကောက်အနေနဲ့ "Uniqlo" ဆိုပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။

Tadashi Yanai ဟာ Uniqlo ရဲ့ ရှေ့ပြေးဖြစ်တဲ့ "Unique Clothing Warehouse" ပထမဆုံးဆိုင်ကို ၁၉၈၄ခုနှစ် ဟီရိုရှီးမားမြို့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့အချိန်တုန်းက သူ့ရဲ့ အသက်ဟာ ၃၅ နှစ် ရှိနေပါပြီ။ ဒါကတော့ သူ့ရဲ့ ကိုယ်ပိုင် Brand အိပ်မက်ကို အကောင်အထည်ဖော်ပြီး ပထမဆုံး မျိုးစေ့ချနိုင်ခဲ့တဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။

သူ့ရဲ့ အဓိက အောင်မြင်မှု လျှို့ဝှက်ချက်က စိတ်ဝင်စားစရာပါ။
Uniqlo ဟာ တခြား Fast Fashion Brand တွေ (H&M, Zara) တို့လို ခဏတာပေါ်တဲ့ Trend တွေနောက်ကို အပြေးအလွှား လိုက်တာမျိုး မဟုတ်ပါဘူး။
သူ့ရဲ့ အဓိက ဒဿနက "LifeWear" ပါ။ ဆိုလိုတာကတော့ -
• အရည်အသွေး (Quality): ကြာရှည်ခံမယ့်၊ အရည်အသွေးကောင်းမယ့် အထည်အလိပ်တွေကို သုံးတယ်။
• နည်းပညာ (Technology): Uniqlo က အထည်အလိပ် နည်းပညာပိုင်းမှာ အရမ်းရင်းနှီးမြှုပ်နှံပါတယ်။ ဥပမာ - ဆောင်းတွင်းအတွက် HEATTECH (ဝတ်ထားရင် နွေးစေတဲ့အထည်)၊ နွေရာသီအတွက် AIRism (အေးပြီး ပေါ့ပါးစေတဲ့အထည်) တွေက သူတို့ရဲ့ နာမည်ကြီး တီထွင်မှုတွေပါ။
• ရိုးရှင်းမှု (Simplicity): ဘယ်သူမဆို၊ ဘယ်အချိန်အခါမဆို ဝတ်ဆင်နိုင်မယ့် ရိုးရှင်းပြီး အခြေခံကျတဲ့ (Basic) ဒီဇိုင်းတွေကို အဓိကထား ထုတ်လုပ်ပါတယ်။
ဆိုင်စဖွင့်ပြီး (၁၄) နှစ်အကြာ၊ ၁၉၉၈ ခုနှစ် မှာတော့ Uniqlo အတွက် အကြီးမားဆုံး အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီနှစ်မှာ Uniqlo ဟာ တိုကျိုမြို့ရဲ့ ဖက်ရှင်အချက်အချာဖြစ်တဲ့ ဟာရာဂျူကူ (Harajuku) မှာ ဆိုင်ခွဲကြီးတစ်ခု ဖွင့်လှစ်ခဲ့ပြီး၊ သူတို့ရဲ့ "Fleece Jacket" (ဖလန်သား အနွေးထည်) တွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချတဲ့ Campaign တစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဒီ Campaign ဟာ ဂျပန်တစ်နိုင်ငံလုံးမှာ အကြီးအကျယ် 'ပေါက်' သွားခဲ့ပြီး Uniqlo ဆိုတဲ့ နာမည်ကို ဂျပန်နိုင်ငံရဲ့ အိမ်တိုင်းလိုလို သိရှိသွားစေခဲ့ပါတယ်။ ဒါကို Uniqlo ရဲ့ တကယ့် အောင်မြင်မှု အစလို့ သတ်မှတ်ကြပါတယ်။အဲဒီ ၁၉၉၈ ခုနှစ်မှာတော့ Tadashi Yanai ရဲ့ အသက်ဟာ ၄၉ နှစ် ရှိနေပါပြီ။

အနှစ်ချုပ်ရရင်တော့ Tadashi Yanai ဟာသူ့အဖေရဲ့ အပ်ချုပ်ဆိုင်လုပ်ငန်းကို အမွေဆက်ခံပြီး၊ ကမ္ဘာ့အမြင်နဲ့ ပေါင်းစပ်ကာ "LifeWear" ဆိုတဲ့ ဒဿနအသစ်နဲ့ အရည်အသွေးမြင့် Basic အဝတ်အစားတွေကို နည်းပညာသုံးပြီး ထုတ်လုပ်ရောင်းချခဲ့တဲ့အတွက် အကြီးအကျယ် အောင်မြင်သွားတဲ့ ဂျပန်လုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။
သူဟာ အသက် ၃၅ နှစ်မှာ လုပ်ငန်းကို စတင်ခဲ့ပြီး၊ အသက် ၄၉ နှစ် အရွယ်ကျမှ ဂျပန်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသိအမှတ်ပြုခံရတဲ့ အောင်မြင်မှုကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အောင်မြင်မှုဆိုတာ ချက်ချင်းရတာမဟုတ်ဘဲ ဆယ်စုနှစ်တစ်ခုကျော် ဇွဲရှိရှိ တည်ဆောက်ခဲ့ရတယ်ဆိုတာ ဒီအချက်က သက်သေပြနေပါတယ်

Talent Stitch Sewing Studio

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Phoyarzar
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00