Company Legal Service

Company Legal Service

Share

We provide company registration and advice legal issues.

19/11/2020

ကုမၸဏီ၏အေျခအေန မွာဆိုင္းငံ့ (Suspended) ျဖစ္ေပၚလၽွင္ မည္သို့ေဆာင္ရြက္ ရပါသလဲ။

Company န့ဲ ပတ္သက္ျပီး အကူအညီ တစ္စုံတစ္ရာ လိုအပ္ပါက အခ်ိန္မေရြး ဆက္သြယ္နိုင္ပါတယ္ခင္ဗ်ာ။

19/08/2020

JV ( Joint Venture) လုပ္ေတာ့မယ္ဆို သတိထားသင့္ေသာ အခ်က္တစ္ခ်က္

ျမန္မာနိုင္ငံမွာ နိုင္ငံျခားသားႏွင့္ ျမန္မာနိုင္ငံသား JV ဖက္စပ္ ရင္းႏီွးျမဳပ္ႏွံဖို့ ရွယ္ယာ ရာခိုင္ႏႈန္းမ်ားကို MIL - ျမန္မာနိုင္ငံရင္းႏီွးျမဳပ္ႏွံမႈ ဥပေဒမွာ နိုင္ငံျခားသား ၈၀ ရာခိုင္ႏႈန္းႏွင့္ ျမန္မာနိုင္ငံသား ၂၀ ရာခိုင္ႏႈန္းဆိုျပီး ျပဌာန္းထားပါတယ္။

သို့ေသာ္ျငားလည္း တကယ့္လက္ေတြ ့ အလုပ္လုပ္ဖို့ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြမွာ လိုင္စင္ ယူတ့ဲအခါမွာ MIL မွာ သတ္မွတ္ထားတ့ဲ ရာခိုင္ႏႈန္း ႏွင့္ မတူညီတာေတြ ရွိတတ္ပါတယ္။ ဥပမာ ခရီးသြားလုပ္ငန္း အိမ္ျခံေျမ ဝန္ေဆာင္မႈလုပ္ငန္းေတြမွာ ရွယ္ယာ ရာခိုင္ႏႈန္း သတ္မွတ္ခ်က္ေတြက MIL မွာသတ္မွတ္ထားတ့ဲ ရန္ခိုင္ႏႈန္းေတြႏွင့္ ေတာ္ေတာ္ေလးကို ေျပာင္းျပန္ျဖစ္ေနပါတယ္။

MIL တစ္ခုတည္းဖတ္ျပီး ၈၀% ၂၀ % လို့ အတည္မွတ္ထားမယ္ဆိုရင္ ျပသနာတက္နိုင္ပါတယ္။

By - Ling Kang

31/07/2020

ကုမၸဏီတစ္ခု ပယ္ဖ်က္ခံရျခင္း

ကုမၸဏီတိုင္းသည္ ႏွစ္စဥ္အစီရင္ခံစာ တင္ျပျခင္းအားျဖင့္ အသက္ရွင္ရပ္တည္ေနသည္ဟု မွတ္ယူရပါသည္။

အကယ္၍ ကုမၸဏီတစ္ခု ႏွစ္စဥ္အစီရင္ခံစာ တင္ျပျခင္းမရွိပါက DICA မွ ကုမၸဏီအား ၆ လ တိတိ ဆိုင္းင့ံထားမည္ျဖစ္သည္။

ဆိုင္းင့ံကာလ ၆ လ ျပည့္သည္အထိ ႏွစ္စဥ္အစီရင္ခံစာ တင္ျပျခင္းမရွိပါက ကုမၸဏီအား DICA မွ ပယ္ဖ်က္သြားမည္ျဖစ္သည္။

ကုမၸဏီ မွတ္ပုံတင္ျခင္း စာရင္းမွ ပယ္ဖ်က္ခံရေသာ ကုမၸဏီသည္ ၄င္းနာမည္န့ဲ မည္သည့္လုပ္ငန္းမွတရားဝင္ လုပ္ကိုင္ေဆာင္ရြက္ခြင့္ရရွိေတာ့မည္ မဟုတ္ပါ။

23/06/2020

ခင်မင်ရင်းနှီးသူတစ်ဦးကို လွန်ခဲ့တဲ့ နှစ်နှစ်က သိန်းနှစ်ရာ ထုတ်ချေးခဲ့ပါတယ် ။ အခွန်တံဆိပ်ခေါင်း စာချုပ် ပေါ်မှာ ငွေထုတ်ချေးသူ ၊ ငွေလက်ခံသူ နှင့် အသိသက်သေနှစ်ဦး လက်မှတ်ထိုးထားပါတယ် ။ အခုချိန်မှာ ပြန် ဆပ်ရမယ့်အချိန်ထက် အချိန်ကာလများစွာ ကျော်လွန်နေပြီဖြစ်လို့ တရားစွဲထားပါတယ် ။ အသိသက်သေနှစ်ဦး စလုံးက နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့အတွက် တရားရုံးမှာသက်သေအဖြစ် မလာရောက်နိုင်တော့အတွက် ငွေချေးစာချုပ်ကို သက်သေခံအဖြစ် တင်သွင်းလို့ ရမရ သိလိုပါတယ် ။
===========================

ဒါကတော့ ချေးတယ်ဆိုရင်တော့ တရားမမှုနဲ့တရားစွဲ ရတာပေါ့ကွယ်။ တရားမမှုနဲ့စွဲ တော့ စွဲချင်တိုင်းစွဲလို့မရ ဘူး ။ အကန့်အသတ် ထားတဲ့အချိန် ရှိသေးတယ်။ ဒါက ကာလစည်းကမ်းသတ်ဥပဒေနဲ့ဆိုင်တာပေါ့ ။ ကာလ စည်းကမ်းသတ်ဥပဒေ ပထမဇယား စာတိုင် ၅၇ မှာ ဆိုထားတာက ငွေချေးလိုက်တဲ့နေကစပြီး ၃ နစ်အတွင်း မရရင် တရားစွဲရမယ်ပေါ့။ သူစွဲတာ ၃နှစ်ကျော်ပြီးလား။ ဒါတစ်ချက်ပေါ့ ။ ၃နစ် မကျော်သေးဘူးဆိုရင်တော့ အောင်မြင်နိုင်တာပေါ့။

နောက်တစ်ချက်က သက်သေပေါ့ ။ သက်သေရှိတယ်။ ဘယ်ရောက်နေလဲ ။ ပြည်ပရောက်နေကြတယ်။ ဒါလည်း အခွင့်အရေးရှိပါတယ်။ ဘယ်မှာရှိသလဲဆိုရင် တရားမကျင့်ထုံးအမိန့် ၂၆ ပေါ့ ။ ဒီ၂၆ နည်းတစ်မှာ ဘာ ဆိုထားလဲဆိုရင် အချက် ၃ ချက်ပေါ့ ။ ကင်းလွတ်ခွင့်ရတဲ့ပုဂ္ဂိုလ်၊ မမာမကျန်းတဲ့ပုဂ္ဂိုလ်၊ နောက်တစ်ခုက သန် စွမ်းမှုမရှိတဲ့ပုဂ္ဂိုလ်.. ပြည်ပရောက်နေတယ်။ ဒါမှမဟုတ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ်..အဲ့ဒီလူကို ရုံးကိုမလာနိုင်ရင် ကော်မရှင်နာနဲ့ စစ်လို့ရတယ်။ ကော်မရှင်နာ ပေးပြီးတော့ ..မေးခွန်းပေးပြီးတော့.. သူက ဖြေကြားပြီးတော့ လုပ် လို့ရတယ်။ ပြည်ပရောက်နေတဲ့လူလည်း ဒီလိုပဲ ။ သူက ပုဒ်မ ၄၁ အရ ဆိုရင် ပြည်ပမှရှိနေတဲ့ပုဂ္ဂိုလ်၊ စောစော ကပြောသလို တာဝန်အရ ထမ်းဆောင်နေရမယ်၊ ဒီကိုပြန်မလာခဲ့ဘူးဆိုရင် သူ့ကို ဒီဥစ္စာကော်မရှင် စာပေး ပြီးတော့ စစ်လို့ရတယ်။

စောစောကပြောသလို မသန်စွမ်းတယ်လို့ မမာမကျန်းတဲ့သူဖြစ်နေရင်လည်းရတယ်။ ဒါနဲ့ပတ်သက်လို့ ရုံးတော်က ကော်မရှင်နာနဲ့ စစ်သင့်တယ်လို့ မစစ်သင့်ဘူးဆိုတာတော့ တင်ပြတဲ့အပေါ်မှာ ယုတ္တိတန်သည်၊ မတန်သည်ဆိုတာကို ပိုင်းဖြတ်ပြီးတော့ ဆုံးဖြတ်ရတာတော့ နည်း ၅အရပေါ့ ဆုံးဖြတ်ရတယ်။ ဒါကြောင့်မို့လို့ ဒီအခွင့်အရေးကို ကျင့်သုံးမယ်ဆိုရင်.. ဒီအခွင့်အရေးအရ ရယူမယ်ဆိုရင် ပြည်ပမှာ ရောက် နေတဲ့ သက်သေကိုလည်း ကော်မရှင်နာနဲ့ စစ်မယ်ဆိုရင်လည်း စစ်လို့ရတယ်လို့ပဲ ဖြေချင်ပါတယ်။

#ငွေချေးစာချုပ် #သက်သေခံ

(Zawgyi)

ခင္မင္ရင္းႏွီးသူတစ္ဦးကို လြန္ခဲ႔တဲ႔ ႏွစ္ႏွစ္က သိန္းႏွစ္ရာ ထုတ္ေခ်းခဲ႔ပါတယ္ ။ အခြန္တံဆိပ္ေခါင္း စာခ်ဳပ္ ေပၚမွာ ေငြထုတ္ေခ်းသူ ၊ ေငြလက္ခံသူ ႏွင့္ အသိသက္ေသႏွစ္ဦး လက္မွတ္ထိုးထားပါတယ္ ။ အခုခ်ိန္မွာ ျပန္ ဆပ္ရမယ္႔အခ်ိန္ထက္ အခ်ိန္ကာလမ်ားစြာ ေက်ာ္လြန္ေနၿပီျဖစ္လို႔ တရားစဲြထားပါတယ္ ။ အသိသက္ေသႏွစ္ဦး စလံုးက ႏိုင္ငံျခားမွာ အလုပ္လုပ္ေနၾကတဲ႔အတြက္ တရားရံုးမွာသက္ေသအျဖစ္ မလာေရာက္ႏိုင္ေတာ့အတြက္ ေငြေခ်းစာခ်ဳပ္ကို သက္ေသခံအျဖစ္ တင္သြင္းလို႔ ရမရ သိလိုပါတယ္ ။
===========================

ဒါကေတာ႔ ေခ်းတယ္ဆိုရင္ေတာ႔ တရားမမႈနဲ႔တရားစြဲ ရတာေပါ႔ကြယ္။ တရားမမႈနဲ႔စြဲ ေတာ႔ စြဲခ်င္တိုင္းစြဲလို႔မရ ဘူး ။ အကန္႔အသတ္ ထားတဲ႔အခ်ိန္ ရွိေသးတယ္။ ဒါက ကာလစည္းကမ္းသတ္ဥပေဒနဲ႔ဆိုင္တာေပါ႔ ။ ကာလ စည္းကမ္းသတ္ဥပေဒ ပထမဇယား စာတိုင္ ၅၇ မွာ ဆိုထားတာက ေငြေခ်းလိုက္တဲ႔ေနကစၿပီး ၃ နစ္အတြင္း မရရင္ တရားစြဲရမယ္ေပါ႔။ သူစြဲတာ ၃ႏွစ္ေက်ာ္ၿပီးလား။ ဒါတစ္ခ်က္ေပါ႔ ။ ၃နစ္ မေက်ာ္ေသးဘူးဆိုရင္ေတာ႔ ေအာင္ျမင္ႏိုင္တာေပါ႔။

ေနာက္တစ္ခ်က္က သက္ေသေပါ႔ ။ သက္ေသရွိတယ္။ ဘယ္ေရာက္ေနလဲ ။ ျပည္ပေရာက္ေနၾကတယ္။ ဒါလည္း အခြင္႔အေရးရွိပါတယ္။ ဘယ္မွာရွိသလဲဆိုရင္ တရားမက်င္႔ထုံးအမိန္႔ ၂၆ ေပါ႔ ။ ဒီ၂၆ နည္းတစ္မွာ ဘာ ဆိုထားလဲဆိုရင္ အခ်က္ ၃ ခ်က္ေပါ႔ ။ ကင္းလြတ္ခြင္႔ရတဲ႔ပုဂၢိဳလ္၊ မမာမက်န္းတဲ႔ပုဂၢိဳလ္၊ ေနာက္တစ္ခုက သန္ စြမ္းမႈမရွိတဲ႔ပုဂၢိဳလ္.. ျပည္ပေရာက္ေနတယ္။ ဒါမွမဟုတ္ ျပည္တြင္းမွာပဲ ျဖစ္ျဖစ္..အဲ႔ဒီလူကို ႐ုံးကိုမလာႏိုင္ရင္ ေကာ္မရွင္နာနဲ႔ စစ္လို႔ရတယ္။ ေကာ္မရွင္နာ ေပးၿပီးေတာ႔ ..ေမးခြန္းေပးၿပီးေတာ႔.. သူက ေျဖၾကားၿပီးေတာ႔ လုပ္ လို႔ရတယ္။ ျပည္ပေရာက္ေနတဲ႔လူလည္း ဒီလိုပဲ ။ သူက ပုဒ္မ ၄၁ အရ ဆိုရင္ ျပည္ပမွရွိေနတဲ႔ပုဂၢိဳလ္၊ ေစာေစာ ကေျပာသလို တာဝန္အရ ထမ္းေဆာင္ေနရမယ္၊ ဒီကိုျပန္မလာခဲ႔ဘူးဆိုရင္ သူ႔ကို ဒီဥစၥာေကာ္မရွင္ စာေပး ၿပီးေတာ႔ စစ္လို႔ရတယ္။

ေစာေစာကေျပာသလို မသန္စြမ္းတယ္လို႔ မမာမက်န္းတဲ႔သူျဖစ္ေနရင္လည္းရတယ္။ ဒါနဲ႔ပတ္သက္လို႔ ႐ုံးေတာ္က ေကာ္မရွင္နာနဲ႔ စစ္သင္႔တယ္လို႔ မစစ္သင္႔ဘူးဆိုတာေတာ႔ တင္ျပတဲ႔အေပၚမွာ ယုတိၱတန္သည္၊ မတန္သည္ဆိုတာကို ပိုင္းျဖတ္ၿပီးေတာ႔ ဆုံးျဖတ္ရတာေတာ႔ နည္း ၅အရေပါ႔ ဆုံးျဖတ္ရတယ္။ ဒါေၾကာင္႔မို႔လို႔ ဒီအခြင္႔အေရးကို က်င္႔သုံးမယ္ဆိုရင္.. ဒီအခြင္႔အေရးအရ ရယူမယ္ဆိုရင္ ျပည္ပမွာ ေရာက္ ေနတဲ႔ သက္ေသကိုလည္း ေကာ္မရွင္နာနဲ႔ စစ္မယ္ဆိုရင္လည္း စစ္လို႔ရတယ္လို႔ပဲ ေျဖခ်င္ပါတယ္။

#ေငြေခ်းစာခ်ဳပ္ #သက္ေသခံ

09/12/2019

MIC ခွင့်ပြုမိန့်လျှောက်ထားခြင်း

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအများစုမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရယူဆောင်ရွက်ရန်မလိုအပ် တော့သော်လည်း အောက်ဖောြပါ လုပ်ငန်းများအနေဖြင့်မူ ကော်မရှင်သို့ အဆိုပြုလျှောက်ထားလွှာ တင်သွင်း၍ ခွင့်ပြုမိန့်ရယူရန်လိုအပ်ပေသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရယူရန်လိုအပ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများမှာ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့်လုပ်ငန်းများ၊ မတည်ငွေရင်းကြီးမား သည့် လုပ်ငန်းများ၊သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေနိုင်သည့်လုပ်ငန်းများ၊ နိုင်ငံတော် ပိုင်မြေနှင့် အဆောက်အဦများအသုံးပြုသည့် လုပ်ငန်းများ၊ ခွင့်ပြုမိန့်ရယူ ဆောင်ရွက်ရန်ဟု အစိုးရအဖွဲ့က သတ်မှတ်ထား သည့်လုပ်ငန်းများ ဖြစ်သည်။

အဆင့်(၁) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ လိုအပ်သည့် သတင်းအချက်အလက်များကို စုဆောင်းခြင်း

အဆင့်(၂)
စာရွက်စာတမ်းအထောက်အထားများ ပြင်ဆင်ခြင်း

အဆင့်(၃)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏

အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆန်းစစ်ခြင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဌာနခွဲများအနေဖြင့် ရင်းနှီး မြှုပ်နှံသူ များမှ တင်ပြလာသည့် လျှောက်ထားလွှာအပြည့်အစုံကို စိစစ်သုံးသပ်၍ အဆိုပြုချက် စိစစ်ရေး အဖွဲ့ အစည်းအဝေးသို့ တင်ပြဆွေးနွေးသည်

အဆင့်(၄)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ စိစစ်ခြင်း

အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ စိစစ်သုံးသပ်ပြီးသော ပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာအား မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှ စိစစ်သည်

အဆင့်(၅)
ခွင့်ပြုမိန့်ထုတ်ယူခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုချက်အား လက်ခံပါက ခွင့်ပြုမိန့်ထုတ်ယူနိုင်သည်

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Pyin Road
Yangon