Myanmar Business Executives Association - MBE

Myanmar Business Executives Association - MBE

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Business Executives Association - MBE, Non-Governmental Organization (NGO), Room 602, 5th Floor, Building 16, MICT Park, Thamine College Road, Hlaing Township, Yangon.

Photos from Myanmar Business Executives Association - MBE's post 17/07/2026

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က Supporting Partner အဖြစ် ပါဝင်ပံ့ပိုးထားပြီး မိတ်ဖက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် Enterprise Asia က ဦးစီးကျင်းပသည့် Asia Economic Forum (2026) နှင့် Asia Pacific Enterprise Awards 2026 Regional Edition Gala Dinner တို့ကို (2026) ခုနှစ်၊ ဇူလိုင်လ (15) ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) မှ အလုပ်အမှုဆောင် ဒေါ်ထွဋ်သီရိဝင်း ပါဝင် တက်ရောက်ခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

Photos from Myanmar Business Executives Association - MBE's post 26/05/2026

Myanwen Friendship Badminton Tournament 2026 ပြိုင်ပွဲ

မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) နှင့် မြန်မာနိုင်ငံ ကြက်တောင်အားကစား အဖွဲ့ချုပ် Myanmar Badminton Federation (MBF) တို့ ပူးပေါင်းကျင်းပသော Myanwen Friendship Badminton Tournament 2026 ပြိုင်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ (၂၃) ရက် (စနေနေ့) နှင့် မေလ (၂၄) ရက် (တနင်္ဂနွေနေ့) တို့တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ ကြက်တောင်အားကစား အဖွဲ့ချုပ်မှာ ကျင်းပခဲ့ပါတယ်။

ယခု ပြိုင်ပွဲ၌ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ကိုယ်စားပြု Men's Double အဖွဲ့ (၅) ဖွဲ့၊ Mixed Double အဖွဲ့ (၂) ဖွဲ့၊ စုစုပေါင်း (၇) ဖွဲ့ဖြင့် MBE အသင်းဝင် ကြက်တောင်အားကစားသမား (၁၁) ဦးတို့က အကောင်းဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး MBE အသင်းဝင်များက ပြိုင်ပွဲဝင် MBE ကြက်တောင် အားကစားအဖွဲ့ကို ချစ်ကြည်‌ နွေးထွေး စည်းလုံးစွာ လာရောက် အားပေး ဝန်းရံခဲ့ကြပါသည်။

🏆 MBE အသင်းအနေဖြင့် ကြက်တောင်ပြိုင်ပွဲတွင် Men's Doubles Winner🥉တတိယဆု နှင့် Mixed Doubles 🥉တတိယဆု တို့ကို ဦးသက်စံမှ ထိုက်တန်စွာ ရရှိခဲ့သည့်အတွက် ရွေးချယ် ချီးမြှင့်ပေးသည့် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ တက်ကြွစွာ အားပေးပံ့ပိုးခဲ့ကြသည့် MBE အသင်းဝင်များ အားလုံးနှင့်တကွ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။

MBE အသင်းအနေဖြင့် မိတ်ဖက် MYANWEN အသင်း အပါအဝင် မိတ်ဖက် အဖွဲ့အစည်းများနှင့် ရင်းနှီးဖော်ရွေသော ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

12/05/2026

🌍 The future of sustainable business starts here.

Be part of the International CSR & Sustainability (ICS) Summit 2026 on 26 June 2026 at InterContinental Kuala Lumpur, Malaysia — where leaders, changemakers, and innovators come together to shape the next era of ESG and responsible growth.

Under the theme “Leveraging Technology for a Regenerative and Inclusive Tomorrow”, discover how AI, clean technology, data, and digital innovation are transforming the way organisations create impact and long-term value.

✨ Why attend?
✅ Actionable ESG insights
✅ High-value networking opportunities
✅ Future-ready business strategies

🎟️ Unlock Special Ticket Rates with Promo Code: ICS2026

🚀 Don’t miss the opportunity to be part of the conversations and connections driving tomorrow’s responsible economy by registering now at https://enterpriseasia.org/area/ics/

Photos from First Private Bank's post 25/04/2026

MBE was honoured to host First Private Bank for a constructive discussion on advancing collaboration initiatives under our MoU Partnership 🚩🚩🚩

24 Apr 2026

30/03/2026

Finance for Executives and Business Owners ( Decision-Focus Program)

(Online Course)

စီးပွားရေး လုပ်ငန်းများကို ဦးဆောင် စီမံခန့်ခွဲ နေကြတဲ့လုပ်ငန်းပိုင်ရှင်တွေ အမှုဆောင်အရာရှိတွေ အတွက် စာရင်းနဲ့ ဘဏ္ဍာရေးပိုင်း ဆိုင်ရာတွေကို မျှဝေပေးနိုင်ဖို့ ရည်ရွယ်ပြီး သင်တန်းလေး တစ်ခု BCB Center က စီစဉ်ထားပါတယ်။

👉 ဒီသင်တန်းမှာတော့
“စာရင်းနားလည်ဖို့” မဟုတ်ပဲ
လုပ်ငန်းကို ဦးဆောင်နိုင်အောင် Financial Insight တွေ ပေးမှာ ဖြစ်ပါတယ်။

ပါဝင်မယ့် အကြောင်းအရာ ခေါင်းစဉ်တွေကတော့✍️

🔹 Scope of Finance for Business Leaders
🔹 How to Read & Interpret Financial Statements
🔹 Effective Financial Management Techniques
🔹 Financial Ratios for Decision Making
🔹 Budgeting & Break-even Analysis (BEP)

စသဖြင့် စီးပွားရေး လုပ်ငန်းတွေမှာ လက်တွေ့အသုံးချလို့ ရတဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု နှင့် ရင်နှီးမြှမ်နှံမှု ဆိုင်ရာအကြောင်းအရာတွေကို ရှင်းလင်း ဆွေးနွေး သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်တန်းကြေး ကတော့ တစ်ဦးလျှင် ၃သိန်းကျပ် ဖြစ်ပြီး Zoom Online Class ‌ပုံစံနဲ့ လေ့လာ ကြရမှာ ဖြစ်ပါတယ်။

ဧပြီလ ၁ ရက်ကနေ ၅ရက် နေ့အထိ သင်တန်း အပ်ကြသူတွေ အတွက် Early Bird Discount 30% ရရှိမှာ ဖြစ်ပါတယ်။

တတ်ရောက်သင့်တဲ့ သူတွေကတော့

📍ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ
📍စီးပွားရေး လုပ်ငန်းတွေမှာ ဦးဆောင် တာဝန်ယူ လုပ်ကိုင်နေကြတဲ့ မန်နေဂျာတွေ ဒါရိုက်တာတွေ
📍ဘဏ္ဍာရေး အသိပညာ တိုးတက်ချင်သူတွေ တက်သင့်ပါတယ်။

သင်တန်းက
ဧပြီလ ၁၃ရက် ကနေ ၁၇ ရက်အထိ 🗓️
Monday to Friday ၅ရက် ဖြစ်ပါမယ်။
နေ့စဉ် ည ၇နာရီ မှ ၉နာရီ🕖🕘 အထိ
စုစုပေါင်း ၁၀ နာရီ သင်ကြားမှာ ဖြစ်ပါတယ်။

✍️သင်တန်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက

✔ Financial Statements တွေကို လွှမ်းခြုံ နားလည် သဘောပေါက် နိုင်မယ်
✔ Profitability ကို တိုးတက်အောင် ထိမ်းကြောင်း စီမံ လုပ်နိုင်မယ်
✔ Financial Ratios ကို လုပ်ငန်းဆုံးဖြတ်ချက်တွေ အတွက် အသုံးချနိုင်မယ်
✔ Budget & Break-even ကို လက်တွေ့ အကောင်အထည်ဖော်နိုင်မယ်
✔ Investment Decision တွေကို ယုံယုံကြည်ကြည် ချနိုင်မယ်။

✍️သင်ကြားပေးမယ့် ဆရာ ကတော့

ဦးခင်ဇော်ဝင်း
Financial Consultant
B.Com, MBA, DA, EDBM
စီးပွားရေး‌၊ စာရင်း နဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု နယ်ပယ်မှာ လုပ်သက် အတွေ့အကြုံ နှစ် ၂၀ ကျော် ရှိပြီး လက်တလော Company အဖွဲ့အစည်းတွေမှာ ဘဏ္ဍာရေးအတိုင်ပင်ခံ နှင့် ပုဂ္ဂလိက သင်တန်းကျောင်းတွေမှာ အချိန်ပိုင်း ဆရာအဖြစ် တာဝန်ယူ လုပ်ဆောင်နေသူ တစ်ဦး ဖြစ်ပါတယ်။

Zoom Live မတက်နိုင်သူများအတွက် Recording Video စီစဉ်ပေးထားပါမယ်။

အတန်းချိန် ရက်ပြည့် တက်ရင် E-Certificate ကို Email ပို့ပေးပါမယ်။

စိတ်ဝင်စားလို့ စုံစမ်း‌ မေးမြန်း ချင်တယ် တက်ရောက်ချင်တယ် ဆိုရင်တော့ ယခု post မှာ တင်ပေးထားတဲ့
Viber ဖုန်းနံပါတ် 09 4200 699 02 ကို ဆက်သွယ် မေးမြန်း စာရင်းပေးနိုင်သလို အောက်ပါ register link ၌လည်း စာရင်းပေးသွင်းနိုင်ပါတယ်။

https://forms.gle/AZywCXn7etmTTh3c8

📝📝📝


Statements


Management

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Room 602, 5th Floor, Building 16, MICT Park, Thamine College Road, Hlaing Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00