Miracle - BIM or Revit Training Centre
Miracle_BIM or Revit Training Centre
Everyone who interested BIM can discuss me.
Page ထဲက လူများ
Page ကမသုံးသလောက်ဖြစ်နေလို့ပါ။
အောက်ပါ telegram group ကို join ကြပါ။
BIM01 to BIM04 ထိ free ပေးထားပါတယ်
03/11/2023
Copy ယူလာတာပါ။ page ကလူတွေ အတွက်အသုံး၀င်မလားလို့ပါ။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
🏘️အိမ်ဆောက်နည်း အခြေခံသဘောတရားများ🏘️
✅မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။
မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့်သိပ်သည်းမှု့အနေအထားရအောင် ဆောင်ရွက်ပေးရမည်။
✅ အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ...
တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား
မြေအဝင် ၃ပေ ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။
✅အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ...
အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။
ဥပမာ...
(၃၊၄၊၅) (၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။
✅ အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။
✅ (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။
✅Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။
✅Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။
✅လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။
အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ် (၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။
ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
✅အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။
✅ အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။
✅ဝါးငြမ်းများဆင်သောအခါ... အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။
✅သံကိုဖြတ်တောက်သည့်အခါ... (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။
(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။
(၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။
(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)
✅တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊
အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။
✅အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။
✅အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။
✅လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။
✅ နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။
နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။
✅ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။
✅မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။
Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန် Vi****or အသုံးပြုရာတွင် Rodတံကိုတည့်မတ်စွာထိုးရပါမည်။ Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရန်သတိပြုရမည်။
Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။
Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။
✅သံချောင်းဆက်ရာတွင်... အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။
သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။
✅အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။ သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။
✅Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။
✅ရေကိုဂါလံတွက်သည့်အခါ...
အလျား × အနံ × အမြင့် × 6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။
ရေကိုလီတာဖြင့်တွက်သည့်အခါအလျား×အနံ×အမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။
✅(8"×8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"×12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"×12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '×2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '×2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်
🏠🏠🏠
✅သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"×1")=600'
(11"×1")=655'
(10"×1")=720'
(9"×1")=800'
(8"×1")=900'
(7"×1")=1029'
(6"×1")=1200'
(5"×1")=1440'
(4"×1")=1800'
(3"×1")=2400'
(2"×1")=3600'
(1"×1")=7200'
(2"×1-1/2")=7200 '
(3"×1-1/2")=1600 '
(6"×6")=200 '
( 3"×3")=800 '
(3"×2")=1200 '
(4"×4")=450 '
(4"×2")=900 '
(4"×1-1/2")=1200 '
(5"×5")=288 '
(5"×3")=480 '
(5"×2")=720 '
(6"×2")=600 '
(6"×1-1/2")=2400 '
✅1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်...
12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"
8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"
10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km
✅တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ
✅ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။
Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)
😊
အထက်ပါကဲ့သို့ ဆောက်လုပ်ရေးနှင့် ပက်သက်သော ဗဟုသုတရဖွယ်ရာအကြောင်းအရာများကို အလျဉ်းသင့်သလို တင်ဆက်ပေးသွားမှာမို့
ကျွန်တော်တို့ ❝𝐊𝐈𝐍𝐆(မန္တလေး)❞ ရဲ့ 𝐏𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားကြဖို့ မမေ့ပါနဲ့ ခင်ဗျာ။
💘🙆♂️
📱𝟎𝟗-𝟕𝟕 𝟏𝟎𝟎 𝟏𝟑𝟎𝟎 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
📬📬📬
မေးမြန်းလိုသည်များကို 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ စာပို့ထားလျှင်လည်း ရုံးချိန်အတွင်း အမြန်ဆုံး ပြန်လည်ဖြေကြားပေးပါမယ်ခင်ဗျာ။
🏢🏢🏢
လိပ်စာအမှတ်(တတ ၁၀/၇၁+၆၀) ၊၆၂ လမ်း၊ အနော်ရထာလမ်း (၁၂၄) နှင့် အောင်ဇေယျလမ်း (၁၂၅)ကြား၊ တွတ်ပီကွေ့အနီး၊ (စ) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့သို့ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
#ဆောက်လုပ်ရေးဗဟုသုတ
#အိမ်ဆောက်ချင်သူများ
💕💕BIM07 မှာဘာတွေပါ၀င်လဲတစ်ယောက်ကမေးလို့ပါ။
💕💕Design Analysis က BIM07 မှာသင်တာပါ။
💕💕Revit အပြင် Analysize လုပ်တဲ့ software တွေဖြစ်တဲ့ Formit, IES စတာတွေပါ၀င်ပါတယ်။
Sun Analysize လုပ်တာ၊ Design Analysize လုပ်တာတွေ အပြင် Structure တွေ M and E Design တွေကို ပြန်လှန်သုံးသပ်တာတွေ သုံးမဲ့ Material တွေကိုလည်း အသေးစိတ်စီစစ်တာတွေပါ၀င်ပါတယ်။
ကိုယ်ကတော့ ပွင့်ပွင့်လင်းလင်းပါပဲ။ Analysize အပိုင်းကိုလုံး၀ မတတ်မြောက်သေးပါဘူး။ လေ့လာဆဲပါ။
Overseas မှာအလုပ်ရဖို့ဆို အဲလောက်ထိ မတတ်မြောက်လဲရပါတယ်။ Documentation, Coordination ထိလုပ်နိုင်ရင် အဆင်ပြေပါတယ်။
Miracle
21/09/2023
🧡🧡 BIM01 Archi+Structure+MEP သုံးခုလုံးပေါင်းသင်မဲ့သင်တန်းလေးဖွင့်ဖို့ရှိပါတယ်။🧡🧡
🧡🧡2nd October, 2023 မှာစတင်ပါမယ်။
🧡🧡Online Class Type ပါ။ Google Meet နဲ့သင်ပါမယ်ရှင့်။
🧡🧡 095131915 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🧡🧡သင်တန်းချိန်
Monday to Thursday
7:00 to 9:00PM
🧡🧡သင်ကြားမဲ့ပုံစံ
🧡သင်ကြားမဲ့ပုံစံနဲ့ပတ်သက်ပြီး တစ်ခုလောက် ရှင်းပြချင်ပါတယ်။ BIM 01 မှာပုံမှန်အားဖြင့် Archi+Structure ရယ် MEP ရယ်ဆိုပြီးနှစ်ပိုင်းခွဲထားလေ့ရှိပါတယ်။ အခုက အားလုံးသင်မှာပါ။ သို့သော်ကျောင်းသားများမှ အားလုံးမတက်ချင်ဘူး။ ခွဲတက်ချင်ဆိုပါစို့။
Ex: Archi+Structure ပဲတက်ချင်တာ၊ M &E ပဲတက်ချင်တာ ဆိုပါတော့။ အဲလိုလဲခွဲတက်လို့ရပါတယ်။ Monday to Thursday တစ်ပတ် 4 ရက်ကို 2ရက်ဆီခွဲပြီး Archi, Structure ပိုင်းနဲ့ M & E ပိုင်း ခွဲသင်ဖို့စီစဉ်ထားပါတယ်။
🧡🧡အားလုံးအဆင်ပြေမယ်ထင်ပါတယ်။
🧡🧡သင်တန်းကြေး
BIM01 Archi, Structure , M&E 270000
BIM01 Archi, Structure 180000
BIM01 M&E 180000
🧡🧡ဘာသာရပ်လိုက်သင်ရိုးညွန်းတမ်းများငိချင်ရင်အောက်ပါ Link မှာပါ။
https://m.facebook.com/story.php?story_fbid=1001969267363850&id=338593203701463&mibextid=Nif5oz
🧡🧡 095131915 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🧡🧡ေငွလွဲ
Kpay, Wavepay
Banking အနေနဲ့ AYA, KBZ, Yoma, UAB ရပါတယ်။
🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡
Miracle
❤️❤️အားလုံး မင်္ဂလာပါ။
💕💕ဒီတစ်ခါ . Miracle BIM Training ဘက်မှ ကျောင်းသားများအတွက် ဘာတွေလုပ်ပေးနိုင်သလဲဆိုတာ တွေပါ။ ဘယ်လိုပြောရမလဲဆိုတော့ ပေးနိုင်တဲ့၀န်ဆောင်မှုလို့ဆိုနိုင်ပါတယ်။
⭐⭐ပထမဆုံးအနေနဲ့ သင်တန်းက ဘာတွေလုပ်ပေးထားတယ်ထင်လဲ။ အားလုံးသိပြီးသားဖြစ်မှာပါ။ Family Creation ကို အားလုံးအတွကါသင်ရိုးပြည့် free ပေးထားပါတယ်နော်။ လိုချင်ရင် လာတောင်းလို့ရပါတယ်။
⭐⭐သင်တန်းတက်လျှင်အလုပ် Interview တွင်မေးနိုင်သော မေးခွန်းများကိုလဲ Assignment အနေနဲ့လေ့ကျင့်ပေးပါတယ်။
⭐⭐အခြားသင်တန်းများနှင့်မတူ ထူးခြားသည်က BIM01တွင် Archi , Structure, M and E မခွဲပဲ အားလုံးပေါင်းသင်ပါတယ်။ ခွဲသင်ချင်တဲ့ကျောင်းသားများအတွက်လဲ အဆင်ပြေအောင် စီစဉ်ပေးပါတယ်။ ၎င်းအတွက် သင်တန်းကြေး အပြည့်မဟုတ်ပဲလျှော့ချထားပေးပါတယ်။
⭐⭐ကျောင်းသားများဘက်မှ Facebook မှ တင်ထားသော video recording များကို နားထောင်ပြီးလေ့လာကြည့်ပါ။အဆင်ပြေမှ တက်ရောက်နိုင်ပါသည်။ Video များသည် Miracle ၏ FB Page , Wall ထဲတွင်အလွယ်တကူ ရှာကြည့်နိုင်ပါသည်။ တက်ရောက်ပြီးကျောင်းသားမျာ၏ မှတ်ချက်များ recommend များကိုလဲ Page Review တွင်၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
⭐⭐ သင်တန်းပြီးဆုံးသွားပါက ဆိုင်ရာဘာသာရပ်ကိုကျွမ်းကျင်စွာရေးဆွဲနိုင်ဖို့ တာ၀န်ယူပါသည်။
⭐⭐ သတ်မှတ်ချိန်တွင်းအမြန်ပြီးဆုံးအောင် အတင်းတွန်းသင်ခြင်း ပြီးလွယ်စီးလွယ်သင် ကြားခြင်းမျိုး မရှိပါ။
⭐⭐ ကျောင်းသားများအမှန်တတ်မြောက်အောင် ရှင်းပြသည်ကိုနားလည်အောင် အဓိကထားပါသည်။
⭐⭐ ဆရာစားလုံးဝမချန်ပါ။ ကျောင်းသားဘက်က ဝီရိယ သာ စိုက်ထုတ်ပါ။ လုပ်ငန်းခွင်ဝင်နိုင်တဲ့ထိတာဝန်ယူပါသည်။
⭐⭐ မည်သည့်သင်တန်းမှမဆို 3D Modeling တက်ရောက်ပြီးသူတိုင်း BIM 02, BIM 03, BIM04 တို့ကိုဆက်လက်တက်ရောက်နိုင်ပါသည်။
⭐⭐BIM03, BIM04 သည် Archi, Structure,M&E မခွဲပါ။အားလုံးပါ၀င်သည့်အတွက် ၎င်းသုံးခုထဲမှမတတ်မြောက်သေးသည့်အပိုင်းကို အရင် train ပေးပြီးမှ ဆိုင်ရာ ဘာသာရပ်ကို ဆက်သင်ပါတယ်။၎င်းအတွက် သင်တန်းကြေးမယူပါ။
⭐⭐ Assignment များ Project များ Exercise များဖြင့်တတ်မြောက်အောင် သေချာ သင်ကြား ပေးပါသည်။
⭐⭐ သင်တန်းပြီးဆုံးသွားပေမဲ့လဲ အချိန်မရွေး ပြန်လည်ဆက်သွယ်ပြီး စာများမေးမြန်းနိုင်ပါသည်။
⭐⭐ သင်တန်းတစ်ကြိမ်တက်ရောက်ပြီး သူတိုင်းအချိန်ကာလ မည်မျှ ကြာသည်ဖြစ်စေ ဆိုင်ရာ အပိုင်းကို ပြန်လည် ထပ်မံ တက်ရောက်နိုင်သည်။ ၎င်းအတွက် သင်တန်းကြေး ထပ်မံ ပေးရန်မလိုပါ။
⭐⭐Facility Management နှင့်ဆိုင်သော knowledge များကိုလဲထည့်သွင်းသင်ကြားပေးပါမည်။
⭐⭐Revit 3D Modeling တစ်ခုတည်းသာမက BIM နှင့်ဆိုင်သော knowledgeများ BIM Ex*****on Plan (BEP) များ BIM Code of Pratice များလဲသေချာရှင်းလင်းပြပေးပါမည်။
095131915 သို့ဆက်သွယ်နိုင်ပါသည်။
Miracle
❤️💕💞♥️💗💖💔❣️💝💓💞💕💗💔❣️💞
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
15AB, Myayadanar Street, 5 Quarter, Hlaing Tsp
Yangon