SkillEdge Academy
We offer a range of training services with the necessary tools and expertise to help your business.
27/10/2024
2024 ဟာ ကမ္ဘာကျော် Nike brand အတွက် ကြီးမားတဲ့အချိုးအကွေ့တစ်ခုပါပဲ။ June 28, 2024 မှာ တစ်ရက်ထဲအတွင်း၂၅ ဘီလီယံဒေါ်လာ ကို စတော့စျေးကွက်မှာ ဆုံးရှုံးခဲ့ပြီး၊ စုစုပေါင်း ၇၀ ဘီလီယံဒေါ်လာကို ၉ လအတွင်းဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် CEO ဖြစ်တဲ့ John Donahoe ဟာ September မှာထုတ်ပယ်ခြင်းခံခဲ့ပါတယ်။
Nike ရဲ့ အဓိက မဟာဗျူဟာ ဆိုင်ရာ အမှားတွေကတော့
၁- မူလက professional အားကစားသမားတွေအတွက် ရည်စူးထုတ်လုပ်မှုကနေ၊ လူကြိုက်များတဲ့ lifestyle ဖက််ရှင်ဖက်ကိုပိုပြီးအလေးပေးချဲ့ထွင်ခဲ့ပါတယ်။ အရင်က သူ့ပြိုင်ဘက်တခြား brand တွေကို အပေါ်ယံ ဖက်ရှင်သမားတွေအတွက်ဆိုပြီးသမုတ်ပြီးပြိုင်ခဲ့တဲ့အစဉ်အလာရှိခဲ့ပါတယ်။ ဒါကြောင့် brand power ကျဆင်းသွာပါတယ်။
၂- ဖြန့်ချိရေးလမ်းကြောင်းကိုလည်း လက်လီ physical ဆိုင်တွေကနေ၊ Direct to Customer (DTC) ပြောင််းလဲခဲ့တယ်။ ကြားခံတွေမရှိတော့အမြတ် margin ကတော့ ပိုများခဲ့ပါတယ်။ ဆိုင်တွေမှာ အတင်နည်းသွားတဲ့အတွက်၊ online ထက် physical ဆိုင်တွေမှာဝယ်နေကျ customer တွေက တခြား brand တွေကိုပြောင်းလဲဝယ်ယူသွားကြတယ်။
၃- ဒါကိုပြန်ထိန်းဖို့ loyalty program တွေကိုအားစိုက်လုပ်ခဲ့ရာမှာလည်း အလုပ်ဖြစ်သင့်သလောက် ဖြစ်ခဲ့ပေမယ့်၊ customer အသစ်တွေထပ်ရဖို့ကြိုးပမ်းမှုမှာအားနည်းသွားပြန်ပါတယ်။
၄- အရင်က လူကြိုက်များပြီး Limited Edition နဲ့ ထုတ်တဲ့ Panda Dunks 👟လိုဖိနပ်မျိုး တွေကို ဖောဖောသီသီထုတ်လုပ်ရောင်းချတယ်။ ဒါကြောင့် ထူးခြားရှားပါးတဲ့ ဂုဏ်ပုဒ်ပျောက်သွားခဲ့တယ်။ ရေတိုမှာတော့ ဝင်ငွေပို ဝင်ပါတယ်။
၅- ဆုံးဖြတ်ချက်တွေချရာမှာလည်း အချက်အလက် data ပေါ်မှာ အလွန်အကျွံအားပြုခဲ့တယ်လို့လည်းဆိုကြပါတယ်။ Data တွေဟာ ပမာဏ (how many/much) တွေကိုသာညွှန်ပြနိုင်ပြီး၊ အကြောင်းအရင်း (why) တွေကို ညွှန်ပြလေ့မရှိပါ။
၆- ထုတ်ကုန်တွေကို အားကစားအလိုက်ခွဲပြီး စီမံထုတ်လုပ်ရာမှ၊ ကျား/မ အလိုက်ခွဲပြီးစီမံခန့်ခွဲထုတ်လုပ်မှုကိုပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။ ဒါဟာ အားကစားလိုက်စိတ်အားထက်သန်မှုနဲ့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို demotivate ဖြစ်စေပါတယ်။
CEO တစ်ယောက်ဟာ သက်ဆိုင်သူ stakeholder တွေဖြစ်ကြတဲ့
၁) စားသုံးသူ၊
၂) ဝန်ထမ်း၊
၃) အစုရှယ်ယာရှင်/ပိုင်ရှင်၊
၄) စီးပွါးမိတ်ဖက်၊
၅) စည်းကမ်းထိန်းကျောင်းသူ (regulator)၊ နဲ့
၆) လူ့ဘောင် အတွက်အကျိုးစီးပွါးတွေဖြစ်ထွန်းအောင်ဆောက်ရွက်ရမှာဖြစ်ပါတယ်။
John Donahoe ဟာ စရိတ်လျှော့ချပြီး အမြတ်ပိုဖန်တီးရာမှာ အစုရှယ်ယာရှင်/ပိုင်ရှင် အကျိုးကြည့်တာပိုကဲသွားပြီး၊ စားသုံးသူ၊ ဝန်ထမ်း နဲ့ စီးပွါးမိတ်ဖက် အကျိုးကို မဖန်တီးပေးနိုင်တဲ့အကျိုးဆက်ကိုတွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ရေတိုအကျိုးအမြတ်ကို အလေးပေးမှု နဲ့ Nike ရဲ့နဂိုဝိသေသကနေသွေဖယ်သွားတဲ့ လုပ်ရပ်ကတော့ သက်ရောက်မှုအများဆုံးဖြစ်မယ်လို့ထင်ပါတယ်။
ref: https://medium.com/red-and-yellow-strategy-business-psychology/once-trusted-then-ousted-customers-have-fired-nikes-ceo-5dffda420187
စိုင်းဝန်းဆိုင်
Oct 26,2024
SkillEdge Academy
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
Opening Hours
| Wednesday | 09:00 - 05:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 17:00 |