Hein Lin Thu

Hein Lin Thu

Share

အဆစ်အပို
မယူလိုပါ
ကိုယ်စီ သီလနှင့်မို့
ညီမျှသောအကျိုးသာ ရကြစေလို၏

22/03/2025

အဆင်မပြေမှုတွေအကုန်လုံး ချမ်တဲ့သက်ပြင်းတွေနဲ့ပါသွားရင်ကောင်းမယ်😔

Photos from Easy English 's post 16/03/2025
17/10/2024

သီတင်းကျွတ်ဆုတောင်းကတော့
စစ်ကြီးတွေလည်း အမြန်ပြီးပါစေ။
အချစ်ခရီးတွေလည်း တကယ်နီးပါစေ။
အမိမြေလည်း အေးချမ်းပါစေ။
ချစ်ရတဲ့သူတွေလည်း ပျော်ရွှင်ပါစေ။
ရင်ထဲကအပူမီးတွေရော
အပြင်ကမီးတွေရော အမြန်ငြိမ်းပါစေ။
တစ်ချိန်က အေးချမ်းနေတဲ့ ဒီမြေလေး
အပူသောကတွေနဲ့အမြန်ဝေးပါစေ။
မေတ္တာတိုင်းသည် အေးချမ်းစေ၍
ပေးကမ်းမှုတိုင်းသည် နွေးထွေးကြပါစေ။❤
တောထဲကရဲဘော်တိုင်းလည်း အိမ်အမြန်ပြန်နိူင်ပါစေ
တရားသောစစ်လည်း အမြန်ပြီးပါစေ

10/09/2024

အသက်တွေ တစ်နှစ်ပြီး တစ်နှစ် ကြီးလာပြီး
ဘာတွေ သိလာလဲ မေးရင်
ဖြေစရာက နည်းပါတယ်။

ပိုက်ဆံက အသံတိတ်စကားပြောတဲ့အကြောင်းရယ်
အချိန်တွေကြာရင် လူတွေက
ပြောင်းလဲသွားတတ်တယ် ဆိုတာရယ်

ဒီလောက်ပါပဲ။

05/09/2024

ကိုယ်ဟာ ဘယ်တော့မှ တစ်စုံတစ်ယောက်ကိုမေ့ဖို့
အခြားတစ်ယောက်ကို မချစ်ဘူး။
ကိုယ် ချစ်တယ်ဆိုတာ အဲ့ဒီလူကို ချစ်လို့ပဲ၊
အရင်လူကို လုံးလုံးလျားလျား သတိမရတော့မှ၊
တွယ်တာလိုစိတ်မရှိတော့မှ
အခြားသူကို ချစ်စိတ်ဝင်နိုင်တယ်။
အခြားသူကို လိမ်လို့ရပေမယ့် "ချစ်တယ်"ပြောတိုင်း
မြင်ယောင်နေတဲ့ ပုံရိပ်ဟာ
ကိုယ့်ဘေးနားမှာ ရှိနေသူ မဟုတ်တဲ့
ခံစားချက်ကို မခံစားနိုင်ဘူး။
ချစ်ခြင်းတရားမှာ ကိုယ်ဟာ အလိမ်အညာ ကင်းပါတယ်။
ချစ်တယ်ဆိုတာ ချစ်တာပါပဲ၊
မမေ့သေးဘူးလို့ ဆိုလာရင်လည်း
တကယ် မမေ့သေးလို့ပါပဲ...။🥀

5.9.2024

04/09/2024

အခု ကြိုးစားနေတာတွေက
နောက်(၂)နှစ်မှာ နေရာတစ်ခုရဖို့ပါပဲ

ဘယ်သူ့ကိုမှ မပြိုင်သလို
ဘယ်သူ့အကြောင်းမှလဲ စိတ်မဝင်စားတတ်ပါဘူး။
ကိုယ့်အလုပ် ကိုယ်လုပ်တယ်

မနှစ်က "ငါ" ထက် ဒီနှစ် "ငါ"က
ပိုကျန်းမာလာရမယ်၊ ပိုချမ်းသာလာရမယ်၊
ဒီလောက်ပါပဲ။

03/09/2024

☹️☹️☹️
တကယ်ကိုရူးချင်နေပြီ

02/09/2024

လူတွေရဲ့အကြည့်ကို
ကျွန်တော် ကောင်းကောင်း နားလည်တယ်

လူတွေရဲ့ စကား အတိမ်အနက်
ကျွန်တော် ကောင်းကောင်း နားလည်တယ်

ကြိုးစားနေတဲ့ အချိန်မို့
ကျွန်တော် ရူးချင်ယောင်ဆောင် နေတာပါ။

01/09/2024

နဂိုက တခုခုကိုပိုင်ဆိုင်ရပြီဆိုရင် ဆုံးရှုံးသွားမှာကို

အရမ်းကြောက်မိတယ်

ကိုယ်ကလဲ ကိုယ့်အပိုင်လို့ အသေမှတ်ထားတတ်တာကို

ခုနောက်ပိုင်း ငါပိုင်ဆိုင်တဲ့အရာက သူတစ်ပါးလည်းပိုင်ဆိုင်သွားနိူင်တာပဲလို့ စိတ်ထဲပြန်မှတ်ယူထားတယ်

ဆုံးရှုံးသွားခဲ့ရင်တောင် ခံနိူင်ရည်ရှိအောင်လို့😉😉

1.9.2024

29/08/2024

ကော်ဖီတွေ သောက်ပြီးရင်လေ
စိတ်တွေမှာ လွတ်လပ်သွားသလိုခံစားရတယ်၊
ဒါကြောင့်
ဘဝမှာ မျိုသိပ်ပစ်မှဖြစ်မယ့်
ခံစားချက်တွေ ရှိလာတဲ့အခါ
ကော်ဖီတွေကို ပိုပြီးသောက်ဖြစ်တယ် !!

30.8.2024

28/08/2024

အသစ်ဆိုတာ
အမြဲတွေ့ကြုံနေရမှာပဲ---"

စိတ်ယိုင်ခြင်း မယိုင်ခြင်းက
သစ္စာနဲ့ ကိုယ်ကျင့်တရား အပေါ်မှာပဲမူတည်တာ---"

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon