DBA Myanmar

DBA Myanmar

Share

ပြည်သူကြားက ပြည်သူ့ အတွက် ပြည်သူသတင?

13/02/2026

သန်လျင်ဂေါက်ကွင်းရေကန်မှာ ရေဆင်းကူးတဲ့ လူငယ်အမျိုးသားနှစ်ဦး ရေနစ်သေဆုံး

၁၃ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ သန်လျင်ဂေါက်ကွင်း ကန်နီရေကန်တွင် အမျိုးသား(၂)ဦး ရေနစ်နေသေဆုံးခဲ့ပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည် ၁၂ နာရီကျော်အချိန်က ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး သန်လျင်မြို့ နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ပြည်သူများ လူမှုကူညီရေးအသင်းများက ရှာဖွေမှုတွေ လုပ်ခဲ့ကြပါတယ်။

ရေနစ်သေဆုံးသူ အမျိုးသား(၂)ဦးမှာ သန်လျင်ဂေါက်ကွင်းရေကန်မှာ ရေဆင်းကူးရာမှ ယနေ့နေ့လည်ပိုင်းက ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး အလောင်းကိုတော့ မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် သန်လျင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးခဲ့သူ အမျိုးသား၂ဦးမှာ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးနဲ့ အသက် (၂၀)နှစ်အရွယ် လူငယ်တွေဖြစ်တယ်လို့ ကူညီရေးတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။

13/02/2026

သင်္ဃန်းကျွန်းမြို့နယ် ဆ/ခရပ်ကွက် သမာဓိ(၄)လမ်းတွင် မီးလောင်

၁၃ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/ခရပ်ကွက်၊ သမာဓိ(၄)လမ်းတွင် ယနေ့နေ့လည်ပိုင်းအချိန်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည် ၁၁ နာရီခွဲကျော်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိ ခိုက်သေဆုံးမှု မရှိဘူးလို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နေရာကို သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ လူမှုကူညီရေး အသင်းအဖွဲ့များ သွားရောက်ကူညီငြှိမ်းသတ်ပေးခဲ့ကြပြီး နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာတော့ မီးငြိမ်းသွား တယ်လို့ သိရပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ စစ်ဆေးတွက်ချက်နေဆဲဖြစ်တယ် လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

12/02/2026

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့မဈေးရှေ့တွင် မီးလောင်မှုဖြစ်ပွားနေ

၁၂ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၆ (Crime Media)

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့မဈေးရှေ့တွင် မီးလောင်မှုဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ နေအိမ် ၃ လုံး မီးလောင်းဆုံးရှုံးခဲ့ပြီး မီးမှာငြိမ်းသတ်လို့မရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ည ၈ နာရီခွဲကျော်အချိန်က မီးစတင်လောင်ကျွမ်း ခဲ့တာဖြစ်ပြီး မီးသတ် ကားတွေလာရောက် မီးငြိမ်းသတ်ကြပေမယ့် မီးများတဲ့အတွက် ငြိမ်းသတ်လို့မရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းနဲ့ လူထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ မသိရသေးသလို မီးလောင်မှုကို ရက်ကွက်နေပြည်သူတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ ဝိုင်းဝန်းငြိမ်းသတ်နေကြတယ်လို့ သိရပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
1111