Content Magnet
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Content Magnet, No.91, Yangon.
Hello...
20/08/2025
Post တင်ဖို့ Idea မထွက်လို့ စိတ်ညစ်နေတယ်မလား။ တကယ်တော့ မိတ်ဆွေရဲ့ ဦးနှောက်လည်း အစာလိုတယ်ဗျ!
Page admin တော်တော်များများရဲ့ ရင်ဖွင့်သံတစ်ခုရှိတယ်။ "နေ့တိုင်း Post တင်ရမှာသိတယ် ဒါပေမဲ့ ဘာတင်ရမှန်းမသိတော့ဘူး။ Idea ကလုံးဝထွက်မလာတော့ဘူး။" ဆိုတဲ့ ရင်ဖွင့်သံပါပဲ။ ဖုန်းကိုင်ပြီး စဉ်းစားရင်း...စဉ်းစားရင်းနဲ့ အချိန်တွေသာကုန်ပြီး နောက်ဆုံးတော့လည်း စိတ်ညစ်ပြီး ဘာမှမတင်ဖြစ်လိုက်ပါဘူး။
ဒီလိုဖြစ်ရတာ မိတ်ဆွေမတော်လို့၊ မိတ်ဆွေ Creative မဖြစ်လို့ မဟုတ်ပါဘူး။ ပြဿနာက မိတ်ဆွေမှာမဟုတ်ပါဘူး မိတ်ဆွေရဲ့ ဦးနှောက်ထဲမှာ "ကုန်ကြမ်း" (Input) မရှိလို့ပါ။
မိတ်ဆွေရဲ့ ဦးနှောက်ကို အစာအိမ်တစ်ခုလို မြင်ယောင်ကြည့်ပါ။
ကျွန်တော်တို့ရဲ့ ဦးနှောက်က အစာအိမ်တစ်ခုနဲ့ ဆင်ပါတယ်။
အစာမရှိတဲ့ အစာအိမ် ဆိုတာ...
ဗိုက်ထဲမှာ အစာမရှိရင် ဘာဖြစ်မလဲ။ လူက အားမရှိဘူး။ ခေါင်းမူးမယ်။ အိပ်ရာထဲလဲနေရုံပဲရှိမယ်။ ဘာအလုပ်မှလည်းလုပ်နိုင်မှာမဟုတ်ပါဘူး။ ဦးနှောက်လည်း ထိုနည်း၎င်းပဲ။ သူ့ထဲမှာ အချက်အလက်၊ အတွေးအခေါ် (Input) တွေမရှိရင် ဘာစိတ်ကူး (Output) မှ ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ Blank ဖြစ်နေပါလိမ့်မယ်။
အာဟာရဖြစ်တဲ့ အစာရှိတဲ့ အစာအိမ် ဆိုတာ...
အာဟာရပြည့်ဝတဲ့ အစားအစာတွေစားလိုက်တဲ့အခါ လူက လန်းဆန်းတက်ကြွပြီး အလုပ်လုပ်ဖို့ ခွန်အားတွေရှိလာပါတယ်။ ဒီလိုပဲ ဦးနှောက်ကိုလည်း အာဟာရဖြစ်စေမယ့် "Content ဖြည့်စွက်စာ" တွေ ပုံမှန်ကျွေးနေမှ သူကလည်း တန်ဖိုးရှိတဲ့၊ ဆွဲဆောင်မှုရှိတဲ့ Content Idea တွေကို ပြန်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
❗"ထိုင်နေရင်း ဘာမှမရဘူး" ဆိုတာ ဒါပါပဲ။ ထိုင်ပြီး Idea ကိုစောင့်နေလို့မရပါဘူး။ Idea ရလာစေမယ့် Input တွေကို ကိုယ်တိုင် တက်တက်ကြွကြွ ရှာဖွေဖြည့်တင်းရမှာပါ။
---
Content Idea အတွက် ဦးနှောက်ရဲ့ "အာဟာရဖြည့်စွက်စာ" တွေက ဘာတွေလဲ။
Post တင်ဖို့ Content Idea မထွက်လို့ ဘူနေပြီဆိုရင် ဦးနှောက်ကို အခုပြောပြမယ့် အာဟာရတွေထဲက တစ်ခုခု သွားကျွေးလိုက်ပါ။
စာဖတ်ခြင်း✅
လုပ်ငန်းနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေဖတ်ပါ။ ပုံပြင်၊ ဝတ္ထုတွေဖတ်ပြီး Storytelling အတတ်ပညာကိုလေ့လာပါ။ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ သတင်းတွေဖတ်ပါ။ စာတစ်ကြောင်းကနေ Content Idea တစ်ခု ဖြစ်သွားနိုင်ပါတယ်။
ပြိုင်ဘက်များထံမှ သင်ယူခြင်း (Competitor Analysis)✅
ပြိုင်ဘက် Page တွေ ဘာတွေတင်နေလဲ။ ဘယ် Post အမျိုးအစားက Engagement အကောင်းဆုံးရလဲ။ သူတို့ဆီက ကောင်းတာကိုယူ၊ သူတို့လစ်ဟာနေတဲ့အချက်ကို ကိုယ့်အတွက် အခွင့်အရေးအဖြစ်သုံးပါ။
လုပ်ငန်းတူများကို လေ့လာခြင်း (Industry Research)✅
ကိုယ့်နိုင်ငံက လုပ်ငန်းတွေအပြင် နိုင်ငံတကာက ဒီလုပ်ငန်းတွေ ဘယ်လို Content မျိုးတွေနဲ့ လူတွေကိုဆွဲဆောင်နေလဲ လေ့လာပါ။ သူတို့ရဲ့ Idea ကို ကိုယ့်ဒေသ၊ ကိုယ့် Audience နဲ့ ကိုက်ညီအောင် ပြန်ဖန်တီးပါ။
Podcast/Audiobook နားထောင်ခြင်း✅
အလုပ်သွား အလုပ်ပြန်လမ်းမှာ ဒါမှမဟုတ် အားလပ်ချိန်တွေမှာ ကိုယ့်နယ်ပယ်နဲ့ဆိုင်တဲ့ Podcast တွေ၊ စာအုပ်ဖတ်ပြတာတွေ နားထောင်ပါ။ အမြင်သစ်၊ အတွေးသစ်တွေ ရစေပါတယ်။
လမ်းလျှောက်ရင်း စဉ်းစားခြင်း✅
တစ်နေရာတည်းမှာ အကြာကြီးထိုင်စဉ်းစားမယ့်အစား ပတ်ဝန်းကျင်သစ်ဖြစ်တဲ့ ပန်းခြံလိုနေရာမျိုးမှာ လမ်းထွက်လျှောက်ပါ။ ဦးနှောက်ကို အောက်ဆီဂျင်ပေးရင်း ခေါင်းရှင်းသွားတဲ့အခါ Idea တွေက အလိုလိုဝင်လာတတ်ပါတယ်။
သင်တန်းတက်ခြင်း၊ ပညာရှင်များနှင့် စကားပြောခြင်း🥲
ကိုယ့်အရည်အသွေးကိုမြှင့်တင်ဖို့ အရင်းအနှီးလုပ်ပါ။ သင်တန်းတွေတက်ပါ။ ကိုယ့်ထက်တော်တဲ့သူတွေနဲ့ စကားပြောပြီး သူတို့ရဲ့အမြင်တွေကို မေးမြန်းပါ။
---
ကွန်ပျူတာမှာ Input ထည့်မှ Process လုပ်ပြီး Output ထွက်လာသလိုပါပဲ။
Input (လေ့လာဖတ်ရှုခြင်း) » Process (ဦးနှောက်က စဉ်းစားချိတ်ဆက်ခြင်း) » Output (Content Idea ထွက်လာခြင်း)
---
ကုသိုလ်ရချင်ရင် ကုသိုလ်လုပ်ရသလို၊ Content ကောင်းတွေ နေ့စဉ်ဖန်တီးနိုင်ချင်ရင်လည်း Input တွေထည့်နေဖို့ မမေ့ပါနဲ့။
ဒါကြောင့် နောက်တစ်ခါ Content Idea မထွက်လို့ ခေါင်းကိုက်လာရင် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဖုန်းကိုခဏချ၊ ကွန်ပျူတာကိုပိတ်ပြီး သင့်ဦးနှောက်ကို အာဟာရရှိတဲ့ "Content ဖြည့်စွက်စာ" လေး သွားကျွေးလိုက်ပါ။
အဲ့ဒီအခါကျရင် အိုင်ဒီယာတွေက သူ့အလိုလို ပြန်လည်စီးဆင်းလာပါလိမ့်မယ်။
---
မိတ်ဆွေရဲ့ Page အတွက် Content လိုအပ်ရင် Cb ကနေ ဆက်သွယ်လိုက်ပါ။
Content Magnet (Facebook Content Writing Service)
စာသားမှရောင်းအားဆီသို့...
😮💨"Content Marketing လုပ်တယ်ဆိုတာ တီဘီရောဂါကုရသလိုပါပဲ။ ဆေးဖြတ်လိုက်တာနဲ့ အစကနေပြန်စရတယ်"😮💨
"Content Marketing လုပ်ကြည့်သေးတယ်။ Facebook မှာ Post တွေ တင်တယ်။ Like တော့ရပါတယ် ဒါပေမယ့် အရောင်းက ထင်သလောက် တက်မလာတော့ ဆက်မလုပ်ဖြစ်တော့ဘူး။"
⦿ ဒီစကားဟာ လုပ်ငန်းရှင်တော်တော်များများဆီကနေ ကြားနေရတဲ့ စကားတစ်ခုပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ အဖြေကတော့ Content Marketing ကို ရိုးရိုးဖျားနာတာလောက်ပဲ သဘောထားပြီး "ဆေးတစ်ခွက်သောက်၊ ချွေးနည်းနည်းထွက်ရင်ပြီးရော" ဆိုတဲ့ Mindset ကြောင့်ပါပဲ။
⦿ တကယ်တော့ Content Marketing ရဲ့ သဘောသဘာဝဟာ တီဘီရောဂါ (TB) ကုသတဲ့ဖြစ်စဉ် နဲ့ အလွန်တူပါတယ်။ TB ရောဂါဆိုတာ ရေတိုမဟုတ်ဘဲ စနစ်တကျနဲ့ အချိန်ယူကုသမှ အမြစ်ပြတ်ပျောက်ကင်းနိုင်တဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။
ဘာကြောင့် Content Marketing ကို တီဘီရောဂါကုထုံးနဲ့ ဥပမာပေးရတာလဲ။
တီဘီရောဂါကုသရာမှာ ဆရာဝန်တွေ အမြဲတမ်းအလေးပေးပြောတာက "ဆေးကို ရက်မပြတ်၊ အချိန်မှန်၊ ဆေးပတ်လည်အောင်" သောက်ဖို့ပါပဲ။
ဘာလို့လဲဆိုတော့...
၁။ 𝙄𝙩'𝙨 𝙖 𝙈𝙖𝙧𝙖𝙩𝙝𝙤𝙣, 𝙉𝙤𝙩 𝙖 𝙎𝙥𝙧𝙞𝙣𝙩
တီဘီရောဂါကို တစ်ရက်၊ နှစ်ရက်နဲ့ ကုလို့မရပါဘူး။ အနည်းဆုံး (၆) လ ကနေ တစ်နှစ်အထိ အချိန်ယူရပါတယ်။ Content Marketing လည်း ထိုနည်းတူပါပဲ။ ဒီနေ့ Post တင်ပြီး နက်ဖြန် Customer တွေ တန်းစီလာဖို့ မျှော်လင့်လို့မရပါဘူး။ မိတ်ဆွေရဲ့ Audience ရဲ့ ယုံကြည်မှုကို တဖြည်းဖြည်းတည်ဆောက်ရတယ်၊ မိတ်ဆွေရဲ့ Brand ကို သူတို့ရဲ့ စိတ်ထဲမှာ နေရာတစ်ခုရလာအောင် အချိန်ပေးရပါတယ်။
၂။ 𝘾𝙤𝙣𝙨𝙞𝙨𝙩𝙚𝙣𝙘𝙮 𝙞𝙨 𝙩𝙝𝙚 𝘾𝙪𝙧𝙚
တီဘီဆေးကို ဒီနေ့သောက် နောက်နေ့မေ့သွားရင် ရောဂါပိုးက ဆေးယဉ်ပါးပြီး ကုသရပိုခက်သွားတတ်ပါတယ်။ Content Marketing မှာလည်း Consistency က အသက်ပါပဲ။ တစ်ပတ်မှာ ၃ ရက် ပုံမှန် Post တင်နေရာကနေ တစ်လလောက်ပျောက်သွားပြီးမှ ပြန်မလာရင် မိတ်ဆွေကို Follow လုပ်ထားတဲ့ Audience တွေက မိတ်ဆွေကိုမေ့သွားပါပြီ။ Social Media Algorithm တွေကလည်း မိတ်ဆွေရဲ့ Content ကို လူတွေဆီအရောက်ပို့ပေးတော့မှာ မဟုတ်ပါဘူး။ "ရောဂါ" ပြန်ထလာတာနဲ့ အတူတူပါပဲ။
၃။ 𝙎𝙩𝙤𝙥𝙥𝙞𝙣𝙜 𝙈𝙞𝙙𝙬𝙖𝙮 𝙍𝙚𝙨𝙚𝙩𝙨 𝙔𝙤𝙪𝙧 𝙋𝙧𝙤𝙜𝙧𝙚𝙨𝙨
ဆေးကုသမှုကို လမ်းခုလတ်မှာ ရပ်လိုက်တဲ့လူနာဟာ ရောဂါပြန်ထတဲ့အခါ အရင်ကထက် ပိုပြင်းထန်တဲ့ဆေးတွေနဲ့ အစကနေပြန်ကုသရပါတယ်။ Content Marketing မှာလည်း မိတ်ဆွေတည်ဆောက်ထားသမျှ Audience Engagement, Brand Trust, SEO Ranking တွေဟာ ရပ်လိုက်တာနဲ့ တဖြည်းဖြည်း ပြန်ကျသွားပါတယ်။ လပေါင်းများစွာကြာပြီးမှ ပြန်စတဲ့အခါ အရာအားလုံးကို သုညကနေ ပြန်ကြိုးစားရသလို ဖြစ်သွားတတ်ပါတယ်။
၃။ 𝙎𝙩𝙤𝙥𝙥𝙞𝙣𝙜 𝙈𝙞𝙙𝙬𝙖𝙮 𝙍𝙚𝙨𝙚𝙩𝙨 𝙔𝙤𝙪𝙧 𝙋𝙧𝙤𝙜𝙧𝙚𝙨𝙨
တီဘီဆေးသောက်ပြီး တစ်လအကြာမှာ ချောင်းဆိုးတာ၊ ဖျားတာ သက်သာသွားနိုင်ပေမယ့် ရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ ရှိနေသေးလို့ ဆေးဆက်သောက်ရပါတယ်။ Content Marketing မှာလည်း Post တစ်ခု Viral ဖြစ်သွားတာ၊ Like တွေ အများကြီးရတာဟာ "ရောဂါလက္ခဏာ" သက်သာသွားသလိုပါပဲ။ တကယ့် "အမြစ်ပြတ်ပျောက်ကင်းခြင်း" ဆိုတာကတော့ မိတ်ဆွေရဲ့ Brand ကို Customer တွေက အမြဲတမ်းသတိတရရှိနေပြီး ပြိုင်ဘက်တွေထက် မိတ်ဆွေကိုဦးစားပေးစဉ်းစားတဲ့ ခိုင်မာသော Brand Loyalty ကို တည်ဆောက်နိုင်ခြင်းဖြစ်ပါတယ်။
----
--------
ဒါဆို ဒီလောက်လက်ဝင်တာ ဘာလို့လုပ်သင့်လဲ။ အကြောင်းကတော့ "တန်ဖိုးက ထိုက်တန်လို့ပါ"
⦿ Contents Marketing ကို စနစ်တကျနဲ့ ရေရှည်လုပ်ဆောင်တဲ့အခါ မိတ်ဆွေရဲ့ လုပ်ငန်းအတွက် Organic Growth တိုးတက်လာပြီး ကြော်ငြာကုန်ကျစရိတ် သက်သာလာတဲ့အပြင် လူတွေကလည်း မိတ်ဆွေကို ရှာဖွေတွေ့ရှိမှု (Search/Discovery) ကနေတစ်ဆင့် သိလာတဲ့အတွက် တည်ငြိမ်တဲ့ Customer ရှိသွားတဲ့အတွက်ကြောင့် ရေရှည်မှာ ဝင်ငွေမှန်မှန်ရရှိစေပါတယ်။
⦿ ကိုယ့်လုပ်ငန်းရဲ့ Marketing ကို ခဏတာသက်သာစေမယ့် အကိုက်အခဲပျောက်ဆေးအဖြစ် သုံးစွဲနေတာကို ရပ်ပြီး ရေရှည်ကျန်းမာကြံ့ခိုင်စေမယ့် "တီဘီရောဂါကုထုံး" လို စိတ်ရှည်ရှည်နဲ့ ပုံမှန်ပြုစုစောင့်ရှောက်ဖို့ အချိန်တန်ပါပြီ။
⦿ ဆေးပတ်လည်အောင်သောက်ဖို့ အသင့်ဖြစ်ပြီလား။ ကိုယ့် Brand ရဲ့ ကျန်းမာတဲ့အနာဂတ်ဆိုတာ ကိုယ်ဒီနေ့စတင်မယ့် ပုံမှန်ကြိုးစားမှုတွေအပေါ်မှာ မူတည်နေပါတယ်။
page အတွက် Content Writing Service ပေးပါတယ်။
Content Magnet ( Facebook Content Writing Service )
စာသားမှရောင်းအားဆီသို့
16/08/2025
Page မှာကိုယ်တင်လိုက်တဲ့ Post တွေကို ကိုယ့်ဘာသာကိုယ်ပဲ ပြန် Like လုပ်နေရသလို ခံစားနေရလား။
"Like 3 ခု" ဆိုတဲ့ Notification က မိတ်ဆွေကို တစ်နေ့တာလုံး စိတ်ဓာတ်ကျစေပါသလား။
ဒါက မိတ်ဆွေတစ်ယောက်တည်း မဟုတ်ပါဘူး။ အဲ့ဒါ လုပ်ငန်းရှင်တိုင်းရဲ့ စိတ်ညစ်ရတဲ့ ကိစ္စတစ်ခုပါ။
ကျွန်တော်တို့ မေ့နေတဲ့ အမှန်တရားတစ်ခုရှိတယ်။ Facebook ဆိုတာ လူတွေ ပစ္စည်းလာဝယ်ဖို့ သီးသန့်ဖွင့်ထားတာမဟုတ်ပါဘူး။ တကယ်တော့ Mark Zuckerberg က Facebook ဆိုတာကို သူငယ်ချင်းတွေနဲ့ စကားပြောဖို့၊ ပျော်ဖို့၊ ခံစားချက်တွေ မျှဝေဖို့ တည်ဆောက်ထားတာပါ။
အဲ့ဒီ "လူ" တွေရဲ့ အလေ့အထကို နားမလည်ဘဲ ကိုယ်က "ဒါ ငါ့ပစ္စည်း၊ လာဝယ်" လို့ချည်းပဲ အော်နေရင် ဘယ်သူကမှ လှည့်ကြည့်မှာမဟုတ်ပါဘူး။
Engagement Content ဆိုတာ တခြားမဟုတ်ပါဘူး။ မိတ်ဆွေရဲ့ Page ကို ကြော်ငြာဘုတ်ကြီးတစ်ခုအဖြစ်ကနေ လူတွေစုပြီး စကားတွေဖောင်ဖွဲ့ပြောကြတဲ့ "အာလူးဖုတ်ဝိုင်း" လေးတစ်ခုဖြစ်အောင် ပြောင်းလဲလိုက်တာပါ။ မိတ်ဆွေက အဲ့ဒီဝိုင်းရဲ့ စကားစပေးတဲ့သူပေါ့။
ဥပမာဗျာ...
"ဒီနေ့ ရာသီဥတုက အိုက်တယ်နော်၊ အသားအရေအတွက် ဘယ်လိုတွေပြင်ဆင်ဖြစ်လဲ။"
"ညဘက် skin care ဖို့ ပျင်းတဲ့နေ့တွေရှိလား။ ကျမကတော့ရှယ်ပျင်း။"
"သူငယ်ချင်းတို့ရော ကိုယ့်ကိုကိုယ်ယုံကြည်မှုအရှိဆုံးဖြစ်တဲ့နေ့က ဘယ်လိုနေ့မျိုးလဲ။" စသဖြင့်ပေါ့ဗျာ...
ဒီလို ရိုးရိုးရှင်းရှင်းနဲ့ သူတို့ဘဝနဲ့တစ်သားတည်းကျတဲ့ မေးခွန်းတွေ၊ စကားတွေကပဲ သူတို့ရင်ထဲက Comment တွေကို ဆွဲထုတ်လာနိုင်တာပါ။ သူတို့က ကိုယ့်ကို "ရောင်းသူ" လို့ မမြင်တော့ဘဲ "အသိမိတ်ဆွေ၊သူငယ်ချင်း" တစ်ယောက် လို့ မြင်သွားတဲ့အခါ မိတ်ဆွေကဘာလေးပဲပြောပြော သူတို့နားထောင်တော့မှာပါ။
ကဲ Page ကို ပျင်းစရာကောင်းတဲ့ Page အဖြစ်ကနေ လူတိုင်းပါဝင်ချင်တဲ့ စကားဝိုင်းလေးတစ်ခုဖြစ်အောင် ဘယ်လိုပြောင်းလဲရမလဲ။
Page Messenger မှာ "Free Counsaltion" လို့ စာပို့ပြီး ပျော်စရာ Content Idea တွေကို အခမဲ့ လာရောက်တိုင်ပင်နိုင်ပါတယ်။
Content Magnet
စာသားမှရောင်းအားဆီသို့
15/08/2025
Customer တွေ Cbမှာ စာမပို့တာ မိတ်ဆွေကို မယုံလို့မဟုတ်ပါဘူ။ မိတ်ဆွေနဲ့ Customer ကြားမှာ "ယုံကြည်မှု" မတည်ဆောက်ရသေးလို့ပါ။
Brand Trust တည်ဆောင်တယ်ဆိုတာဘာလဲ။
ဆိုင်အသစ်လေးတစ်ဆိုင်ဖွင့်ပြီး ဈေးလေးရောင်းကာ ပိုက်ဆံရှာနေတဲ့လူတစ်ယောက်က ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား ဖွင့်ထားပေမယ့် လာဝယ်သူမရှိ၊ လူသူတိတ်ဆိတ်နေတဲ့အခါ ရင်ထဲမှာ ဟာတာတာကြီး ဖြစ်သွားတဲ့ ခံစားချက်မျိုးနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။
Facebook မှာ Page အသစ်စထောင်တဲ့ လုပ်ငန်းရှင်တိုင်းလည်း ဒီခံစားချက်ကို ကောင်းကောင်းနားလည်မှာပါ။
ကျွန်တော်တို့ လုပ်ငန်းရှင်တွေမှာ အကြီးမားဆုံး အိပ်မက်တစ်ခုရှိတယ်။ အဲ့ဒါကတော့ ကိုယ့်ကုန်ပစ္စည်းကောင်းကောင်းလေးတွေကို လူတွေသိပြီး အားပေးစေချင်တာပဲ။ ဒါပေမယ့် မိတ်ဆွေမေ့နေတာက Customer ဆိုတာ သူ့ပိုက်ဆံကို မိတ်ဆွေဆီမပေးခင် မိတ်ဆွေအပေါ် သူ့ရဲ့ "ယုံကြည်သင့်တယ်၊ မယုံကြည်သင့်ဘူး" ဆိုတာကို သူ့အတွေးထဲ အရင်ထည့်ပါတယ်။
"ယုံကြည်မှု" ဆိုတာ ကြော်ငြာကောင်းကောင်းတွေ၊ ဒီဇိုင်းလှလှတွေနဲ့ချည်းပဲ တည်ဆောက်လို့မရပါဘူး။ ဒါဟာ "ရိုးသားမှု" နဲ့ တည်ဆောက်ရတာပါ။
အခုခေတ်မှာ ယုံကြည်ခံရဖို့ဆိုတာ တော်တော်လေးကြိုးစားဖို့လိုပါတယ်။
မိတ်ဆွေ Brand (လုပ်ငန်း)ရဲ့ နောက်ကွယ်က story ကဘာလဲ။ ဒီလုပ်ငန်းကို ဘယ်လိုအခက်အခဲတွေကြားက စခဲ့ရတာလဲ။ ဘာကြောင့် ဒီကုန်ပစ္စည်းကို တခြားသူတွေထက် မိတ်ဆွေက ပိုကောင်းအောင်လုပ်ပေးနိုင်တာလဲ စတာတွေကို ရိုးရိုးရှင်းရှင်းနဲ့ အပိုအလိုမရှိ ပြောပြတာဟာ Customer ရဲ့ နှလုံးသားကို တိုက်ရိုက်ရောက်တဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။
မိတ်ဆွေရဲ့ Page ဟာ ကုန်ပစ္စည်းတွေချည်းပဲ တန်းစီပြထားတဲ့ စတိုးဆိုင်ကြီးတစ်ခုလို မဖြစ်ပါစေနဲ့။ မိတ်ဆွေရဲ့ အကြောင်း၊ မိတ်ဆွေရဲ့ customer တွေအပေါ်ထားတဲ့ စေတနာ အကြောင်းတွေ ပြောပြပြီး Cb လာတဲ့သူတိုင်းကို နွေးထွေးတဲ့ပုံစံနဲ့ ကြိုဆိုတဲ့ နေရာလေးတစ်ခုဖြစ်အောင် ဖန်တီးပါ။ အဲ့ဒီအခါကျမှ Customer တွေက မိတ်ဆွေကို "ရောင်းသူ" တစ်ယောက်လို့ မမြင်တော့ဘဲ သူတို့ရဲ့ အားကိုးရတဲ့သူ တစ်ယောက်အဖြစ် မြင်လာမှာပါ။
ယုံကြည်မှု ဘယ်လိုတည်ဆောက်ရမလဲ မသိတဲ့သူတွေကို
Page Messenger မှာ "Free Consultation" လို့ စာပို့ပြီး ကျွန်တော်နဲ့ အခမဲ့ လာရောက် ဆွေနွေးငဖလှယ်နိုင်ပါတယ်။
Content Magnet
စာသားမှရောင်းအားဆီသို့
15/08/2025
⦿ ကျွန်တော်တို့ရဲ့𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐌𝐚𝐠𝐧𝐞𝐭 (𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐚𝐠𝐞) ကို 𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 ပေးခဲ့ကြတဲ့ မိတ်ဆွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
⦿ ကျွန်တော်တို့ ဝန်ဆောင်မှုအပေါ်ထားခဲ့တဲ့ မိတ်ဆွေတို့ရဲ့ ယုံကြည်မှုက ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။
⦿ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေက မိတ်ဆွေတို့အတွက် တကယ်ပဲ အကျိုးရှိစေတယ်ဆိုတာကို သိရတဲ့အတွက်လည်း အထူးဝမ်းသာပီတိဖြစ်ရပါတယ်။
⦿ မိတ်ဆွေတို့အပေါ် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကျွန်တော်တို့အမြဲကြိုးစားနေပါတယ်။
⦿ ဒါကြောင့် မိတ်ဆွေရဲ့လုပ်ငန်းကို 𝐂𝐨𝐧𝐭𝐞𝐧𝐭 ကနေတစ်ဆင့် အောင်မြင်စေချင်တယ်ဆိုရင် ကျွန်တော်တို့ကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါတယ်။
⦿ မိတ်ဆွေရဲ့ လုပ်ငန်း 𝐏𝐚𝐠𝐞 ကိုလူသိများလာစေဖို့၊ ရောင်းအားတက်လာစေဖို့အတွက် 𝐂𝐨𝐧𝐭𝐞𝐧𝐭 တွေ ဖန်တီးဖို့ အခုပဲ ကျွန်တော်တို့နဲ့ ဆက်သွယ်လိုက်ပါ။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်။❣
Content Magnet
စာသားမှရောင်းအားဆီသို့
07/07/2025
အပိုင်း (၄) - လူတွေ သိပ်သတိမမူတဲ့ အရေးကြီးတဲ့ လျှို့ဝှက်ချက်များ (Advanced Secrets)
၁။ Marketing Psychology
Scarcity (ရှားပါးမှု) - "Stock ကုန်တော့မယ်" "Limited Edition" ဆိုတာမျိုးတွေက လူတွေကို ချက်ချင်းဆုံးဖြတ်ချက်ချစေပါတယ်။
Urgency (အရေးတကြီးဖြစ်မှု) - "ဒီနေ့တစ်ရက်တည်း ဒီဈေး" "နောက် ၁ နာရီဆို Promotion ပိတ်ပြီ" ဆိုတာမျိုးက ဝယ်ဖို့လွယ်လွယ်ဆုံးဖြတ်စေပါတယ်။
Social Proof (လူအများရဲ့ သက်သေ) - Customer Review တွေ၊ သူတို့ဝယ်ထားတဲ့ပစ္စည်းနဲ့ တွဲရိုက်ထားတဲ့ ပုံတွေ (User-Generated Content) ကို Page မှာပြန်တင်ပါ။ လူတွေက တခြားသူတွေဝယ်တဲ့ ပစ္စည်းကို ပိုယုံကြည်ကြပါတယ်။
၂။ Data ကို နားလည်ပါ (Understanding Facebook Insights)
Page ရဲ့ Insights Tab ကို ပုံမှန်ဝင်ကြည့်ပါ။
Reach & Engagement - ဘယ် Post မျိုးကို လူတွေပိုကြိုက်လဲ။ ပုံလား။ Video လား။
Audience - ကိုယ့် Page ကို Like လုပ်ထားတဲ့သူတွေက ဘယ်မြို့ကလဲ။ အသက်အပိုင်းအခြားဘယ်လောက်လဲ။
Activity Times - ကိုယ့် Fan တွေ Facebook အသုံးအများဆုံးအချိန်ကို သိမှ Post တင်ရမယ့်၊ Live လွှင့်ရမယ့် အကောင်းဆုံးအချိန်ကို ရွေးနိုင်မှာပါ။ ဒေတာကိုနားလည်မှ ရှေ့ဆက်ရမယ့်လမ်းကိုသိပါမယ်။
၃။ Community တည်ဆောက်ပါ (Build a Community)
Page မှာ ရောင်းရုံသက်သက်မဟုတ်ဘဲ ကိုယ့် Customer တွေအတွက် သီးသန့် Facebook Group တစ်ခုထောင်ပါ။ အဲ့ဒီ Group မှာ အဖွဲ့ဝင်တွေအတွက်ပဲ သီးသန့် Promotion တွေ၊ အသိပညာမျှဝေမှုတွေ ပြုလုပ်ပါ။ ဒါက ရေရှည်မှာ ကိုယ့် Brand ကို အားပေးမယ့် အမာခံပရိသတ်တစ်စုကို တည်ဆောက်ပေးနိုင်ပါတယ်။
၄။ Personal Branding
Page နောက်ကွယ်က ကိုယ့်ကို Customer တွေမြင်ပါစေ။ တခါတလေ ကိုယ့်လုပ်တဲ့အလုပ်တွေ၊ ကိုယ့်အကြောင်းကို Social မှာချပြပေးပါ။ ဒါမှ ရင်းနှီးမှု မြန်စေမှာပါ။
အောင်မြင်ကြပါစေ။
#𝐂𝐨𝐧𝐭𝐞𝐧𝐭𝐌𝐚𝐠𝐧𝐞𝐭
#လုပ်ငန်းကိုသာအာရုံစိုက်၊
ိုင်းကိုလက်လွှဲလိုက်။
04/07/2025
အပိုင်း (၃) - လုပ်ငန်းကို နေ့စဉ် လည်ပတ်ပေးရမယ့်ပုံစံ (Daily Operations)✨
၁။ Customer Service
Chatbot + Human Touch - မေးနေကျမေးခွန်းတွေ (ဈေးဘယ်လောက်လဲ၊ ပစ္စည်းရှိလား) ကိုဖြေဖို့ Messenger ရဲ့ Automated Responses တွေ၊ Chatbot တွေသုံးနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်လူတစ်ယောက်က စိတ်ရှည်လက်ရှည် ပြန်ဖြေပေးတဲ့ Personal Touch က Customer ကို ကိုယ့်ရဲ့ ပုံမှန်ဝယ်ယူသူ (Loyal Customer) ဖြစ်လာစေပါတယ်။
Message ဝင်လာရင် Min30 အတွင်း အမြန်ဆုံးပြန်ဖြေနိုင်အောင် ကြိုးစားပါ။
Order တွေကို စာအုပ်နဲ့ပဲဖြစ်ဖြစ်၊ Excel နဲ့ပဲဖြစ်ဖြစ် စနစ်တကျမှတ်သားပါ။ Customer နာမည်၊ ဖုန်း၊ လိပ်စာ၊ မှာတဲ့ပစ္စည်း၊ ငွေလွှဲထားတဲ့ Screenshot (အရေးကြီးဆုံး) တွေကို မှတ်တမ်းတင်ထားပါ။
၂။ Live Sale - မြန်မာနိုင်ငံရဲ့ အထိရောက်ဆုံးနည်းလမ်း
Live လွှင့်မယ့် အချိန်နဲ့ ရောင်းမယ့် ပစ္စည်းအကြမ်းဖျင်းကို အနည်းဆုံး တစ်ရက်ကြိုတင်ကြေညာပါ။
Live လွှင့်ချိန်အတွင်း မီးအလင်းရောင်ကောင်းကောင်း၊ အသံကြည်လင်မှုနဲ့ တည်ငြိမ်တဲ့ Internet Connection က အရေးအကြီးဆုံးပါ။ စကားကို ရွှင်ရွှင်လန်းလန်းပြောပါ၊ ကြည့်ရှုသူတွေရဲ့ Comment တွေကို နာမည်ခေါ်ပြီး တုံ့ပြန်ပါ။ "Live မှာပဲရမယ့်ဈေး" "Share ပေးသူအတွက် မဲဖောက်ပေးမယ်" ဆိုတာမျိုးတွေနဲ့ ပိုပြီးစိတ်ဝင်စားအောင်လုပ်ပါ။
Live ပြီးရင်လည်း Order တွေကို အမြန်ဆုံးကောက်၊ ငွေစာရင်းကိုက်ပြီး Delivery အတွက် ပြင်ဆင်ပါ။
၃။ Packaging နှင့် Delivery
ပစ္စည်းကို သေချာထုတ်ပိုးပါ။ Bubble wrap နဲ့ ပစ္စည်းမပျက်စီးအောင်ကာကွယ်ပါ။ ကျေးဇူးတင်လွှာ (Thank You Card) လေးတစ်စောင် ဒါမှမဟုတ် လက်ဆောင်ပစ္စည်းသေးသေးလေးတစ်ခု ထည့်ပေးလိုက်တာက Customer ကို အထူးခံစားရစေပါတယ်။
ကိုယ့်မြို့နယ်နဲ့ တခြားမြို့တွေကို ပို့ပေးနိုင်တဲ့ ယုံကြည်ရတဲ့ Delivery Company တွေနဲ့ ချိတ်ဆက်ထားပါ။
အပိုင်း (၄) ကို စောင့်မျှော်ပေးပါဦးနော်။
#𝐂𝐨𝐧𝐭𝐞𝐧𝐭𝐌𝐚𝐠𝐧𝐞𝐭
#လုပ်ငန်းကိုသာအာရုံစိုက်၊
ိုင်းကိုလက်လွှဲလိုက်။
03/07/2025
အပိုင်း (၂) - Page ထောင်ခြင်းနှင့် လုပ်ငန်းစတင်ခြင်း (Setup & Launch)✨
၁။ page ကို စနစ်တကျတည်ထောင်ပါ။
Page Category ကို Shopping & Retail or E-commerce Website လိုမျိုး ကိုယ့်လုပ်ငန်းနဲ့ အကိုက်ညီဆုံးကို ရွေးပါ။
About Section ဆိုတဲ့ နေရာမှာ ကိုယ့်လုပ်ငန်းအကြောင်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Email တွေကို ပြည့်ပြည့်စုံစုံဖြည့်ပါ။ ဒါက Customer ရဲ့ ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။
Call-to-Action (CTA) Button - Page ရဲ့ ထိပ်ဆုံးက Button ကို Send Message or Shop Now လို့ ထားပါ။ Message ကနေ အမေးအဖြေလုပ်ပြီး ရောင်းရတာများတဲ့အတွက် Send Message က မြန်မာနိုင်ငံမှာ ပိုထိရောက်ပါတယ်။
၂။ Content
ရောင်းကုန်ပုံများ - ပုံတွေကို ဖြစ်နိုင်ရင် Background အဖြူနဲ့ သပ်သပ်ရပ်ရပ် ရိုက်ပါ။ ပစ္စည်းရဲ့ အနီးကပ်ပုံ၊ အသုံးပြုနေတဲ့ပုံ၊ အားသာချက်ကိုပြတဲ့ပုံ စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ တင်ပါ။
Video
ပစ္စည်းကို ဘယ်လိုသုံးရလဲဆိုတဲ့ How-to video ၊ ပစ္စည်းအသစ်တွေရောက်တုန်းဖောက်ပြတဲ့ Unboxing video တွေက ပုံထက်ပိုပြီး လူစိတ်ဝင်စားပါတယ်။ Reels တွေက လက်ရှိမှာ Reach အကောင်းဆုံးမို့လို့ စက္ကန့် ၃၀ အောက် Video လေးတွေ ပုံမှန်တင်ပါ။
Value Content
ရောင်းချည်းဘဲမနေပါနဲ့။ ကိုယ့်ပစ္စည်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အကြံပေးချက်တွေကိုပါ မျှဝေပါ။ ဥပမာ - အသားအရေထိန်းပစ္စည်းရောင်းရင် "မိုးရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ" ဆိုတဲ့ post မျိုးတင်ပေးပါ။ ဒါကို 80/20 Rule လို့ခေါ်ပါတယ် (80% Value Content, 20% Sales Content)။
အပိုင်း (၃) ကို စောင့်မျှော်ပေးပါဦးနော်။
#𝐂𝐨𝐧𝐭𝐞𝐧𝐭𝐌𝐚𝐠𝐧𝐞𝐭
#လုပ်ငန်းကိုသာအာရုံစိုက်၊
ိုင်းကိုလက်လွှဲလိုက်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No.91
Yangon
11101