555 Mix

555 Mix

Share

555 Mix Myanmar

13/10/2025

လူတန်နည်းပြသစ်အဖြစ် တာဝန်ယူတော့မယ့် အာဆင်နယ်ကစားမားဟောင်း ဝီလ်ရှီးယား

အာဆင်နယ်ကစားသမားဟောင်း ဂျက်ခ် ဝီလ်ရှီးယားကတော့ ပရီးမီးယားလိဂ် တန်းဆင်းကလပ် လူတန်တောင်းအသင်းရဲ့ နည်းပြအဖြစ် ပထမတန်းမှာ စတင်ကိုင်တွယ်ဖို့ သဘောတူညီလိုက်ပြီဖြစ်သလို လူငယ်နည်းပြနဲ့ နည်းပြအဖွဲ့ဝင်အဖြစ် အတွေ့အကြုံယူ ဖြတ်သန်းမှုတွေအပြီးမှာ သူ့ရဲ့ ပထမဆုံး အသင်းတစ်သင်းကို နံပါတ် ၁ နေရာက ကိုင်တွယ်မှုဖြစ်လာတော့မယ်လို့ စကိုင်းစပို့စ်က ကြေငြာလိုက်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်တို့ကနေ နှစ်ရာသီအတွင်း ဆက်တိုက်တန်းဆင်းခဲ့ရတဲ့ လူတန်အသင်းအနေနဲ့ ပထမတန်းရဲ့ အဆင့် ၁၁ မှာ ရပ်တည်နေခဲ့တာဖြစ်ပြီး နည်းပြ မတ် ဘလွန်းဖီးလ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့အပြီးမှာ အာဆင်နယ်ကစားသမားဟောင်းကို ပဲ့ကိုင်ရှင်အဖြစ် ဒီတနင်္လာနေ့က စပြီး နေရာပေးဖို့ လုပ်ဆောင်နေပြီး ဒီရာသီကုန်မှာ ချန်ပီယံရှစ်ကို ပြန်လည်တန်းတက်နိုင်ဖို့အတွက်တော့ ရည်မှန်းချက် ထားနေတာဖြစ်ပါတယ်။

ဒဏ်ရာတွေကြောင့် ကစားသမားဘဝကနေ စောစောစီးစီး အနားယူခဲ့ရအပြီးမှာ အာဆင်နယ် ယူ-၁၈ အသင်းကို ကိုင်တွယ်ခဲ့ပြီးတဲ့နောက် နော့ဝစ်ချ်စီးတီးအသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် စွန့်စားခန်းဖွင့်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် နည်းပြဟာ ကြီးမားတဲ့ စိန်ခေါ်မှုကို စတင်ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းဟောင်း အာဆင်နယ်တို့ဆီက ကစားသမားတချို့ကို လာမယ့် ဇန်နဝါရီ ဈေးကွက်ဖွင့်ချိန်မှာ အငှားနဲ့ ခေါ်ယူသွားမလားဆိုတာလည်း စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

08/10/2025

ဘယ်တောင်ပံကို ကြည့်လိုက်ရင် မင်းမရှိတာကို လွမ်းနေရလိမ့်မယ်ဆိုတဲ့ မက်ဆီ

အင်တာမိုင်ယာမီအသင်းရဲ့ ဂုတ်ကြီး လီယွန်နယ် မက်ဆီကတော့ သူကစားနေတဲ့ အသင်းရဲ့ ဘယ်တောင်ပံကို ကြည့်လိုက်ရင် အရင်ကနဲ့ မတူတော့ဘဲ ကာလကြာရှည် လက်တွဲခဲ့တဲ့ အသင်းဖော် ဘယ်နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာရဲ့ ဒီရာသီကုန်မှာ အနားယူတော့မယ်ဆိုတဲ့ ကြေငြာလိုက်မှုကြောင့် ကြေကွဲနေပြီး ကေျးဇူးတင်စကားနဲ့ စိတ်ပျက်စကားကို အတူတွဲပြီး ပြောကြားလိုက်ပါတယ်။

"ကျေးဇူးတင်ပါတယ် ဂျော်ဒီ... ငါမင်းကို သိပ်လွမ်းနေတော့မှာပဲ။ မင်းနဲ့ ငါနဲ့ အတွေ့အကြုံတွေ အများကြီး အတူရှာခဲ့ပြီး အတူဖြတ်သန်းခဲ့ကြတဲ့နောက်မှာ ကစားနေရင်း ဘယ်တောင်ပံကို လှမ်းကြည့်တဲ့ နေ့မှာ မင်းကို မမြင်ရဘူးဆိုရင် ငါ့အတွက် အတော်လေး စိမ်းကားနေတော့မှာပဲ။ ဒီလောက် နှစ်တွေ အများကြီးမှာ မင်းငါ့အတွက် ဖန်တီးပေးခဲ့တဲ့ ဂိုးတွေကတော့ မယုံနိုင်စရာပါပဲ"လို့ မက်ဆီက ပြောသွားခဲ့တာပါ။

၃၉ နှစ်သားကြီး မက်ဆီနဲ့ ၃၆ နှစ်အရွယ် ဂျော်ဒီ အယ်လ်ဘာတို့ဟာ ဘာစီလိုနာအသင်းမှာ ၁၁ နှစ်ကြာအောင် တွဲကစားခဲ့ဖူးပြီး အာဂျင်တိုင်းကြီးရဲ့ ပီအက်စ်ဂျီအရေွ့မှာတော့ တစ်ကွဲတစ်ပြားဖြစ်ခဲ့ရသလို အင်တာမိုင်ယာမီမှာတော့ ပြန်လည်ဆုံစည်းခဲ့ပြီး ၃ နှစ်အပြည့်မှာတော့ စပိန်သားက အနားယူတော့မှာပါ။ အသင်းဘက်ကတော့ ဘယ်နောက်ခံနေရာကွက်လပ်အတွက် စပိန်သားတစ်ဦးဖြစ်တဲ့ ဆာဂျီယို ရက်ဂီလွန်နဲ့ ပြန်လည်အစားထိုးဖို့ ပြင်ဆင်နေကြောင်းလည်း သိရှိရပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Pyay Road
Yangon
11041