Blue Frog

Blue Frog

Share

We can make everything with GOD. GOD bless you all. We are called Blue Frog.We are working with Karen youth who live in Myanmar.

23/05/2023

Vacancy Announcement

စကောကရင်စာ ဘာသာပြန်အလိုရှိပါသည်၊

- သင့်အနေနဲ့ အင်္ဂလိပ်ကနေ စကောကရင်လို၊ မြန်မာကနေစကောကရင်လို ဘာသာပြန်ဆိုနိုင်ရပါမယ်။
- နောက်ထပ်လိုအပ်ချက်တစ်ခုကတော့ သင်ဟာ စကောကရင်ကို Unicode (Pyidaungsu 0r Paduk) နဲ့လည်း ရိုက်နိုင်ပါရပါမယ်။

Project ကာလ ကတော့ ဇူလိုင် ၂၀၂၃ မှ ဒီဇင်ဘာ ၂၀၂၃ အထိ ဖြစ်ပါတယ်၊ လစဉ်ငွေကတော့ ၂သိန်းကျပ် ရရှိမည့် အပြင် အင်တာနက်ခ ကိုလေးပေးအပ်သွားမှာဖြစ်ပါတယ်။ Project မှာအဓိက ဘာသာပြန်ပေးရမဲ့ အကြောင်းအရာများဟာ မြန်မာ Wikipedia မှ အကြောင်းအရာများကို ဘာသာပြန်ပေးရမှာဖြစ်ပါတယ်။

သင့်အနေနဲ့ အထက်ပါလိုအပ်ချက်တွေနဲ့ ပြည့်မှီမယ် စိတ်ဝင်စားတယ် ဆိုရင်တော့ အောက်ပါစာပိုဒ်ကို ကရင်လိုဘာသာြပန်ထားတာနဲ့အတူ သင့်ရဲ့ ကိုယ်ရေးအချက်အလက်ကို [email protected] ကို June လ ၁၀ ရက်နေ့နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါတယ်။

ဖျောက်ဆိပ်ကြယ်စု (အင်္ဂလိပ်: Pleiades) (/ˈplaɪədiːz/ သို့မဟုတ် /ˈpliːədiːz/) သို့မဟုတ် ကြတ္တိကာနက္ခတ် သို့မဟုတ် သူခိုးနက္ခတ် သို့မဟုတ်ညီအစ်မ ခုနှစ်ဖော်ကြယ် သည် ကြယ်အစုအဝေး (open star cluster) ဖြစ်ပြီး အလယ်အလတ်သက်တမ်း ရှိကြသော B-type ကြယ်များ ပါဝင်ကာ တောင်းရပ် ကြယ်စုတန်းတွင် တည်ရှိသည်။ ယင်းသည် ကမ္ဘာမြေနှင့် အနီးဆုံး ကြယ်အစုအဝေးဖြစ်ပြီး ညဘက်ကောင်းကင်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သည်။ ထိုကြယ်အစုအဝေးအား ကမ္ဘာတစ်ဝန်း မတူညီသည့် ဓလေ့ထုံးတမ်းစဉ်လာ နာမည်များ မှည့်ခေါ်ကြသည်။

ကြယ်စုအား အပြာရောင် ပူပြင်းသည့် အင်မတန်တောက်ပသောကြယ်များဖြင့် လွှမ်းမိုးထားကာ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ မီလီယံအကြာမှ ဖွဲ့တည်ခဲ့သည်။ တောက်ပသောကြယ်များကြားမှ မှေးမိန်သောဖုန်နယ်မြေသည် ကြယ်အစုအဝေးဖွဲ့တည်စဉ်က လက်ကျန်များဖြစ်သည်။ နက္ခတ္တပညာရှင်များ ခန့်မှန်းချက်အရ ဖျောက်ဆိပ်ကြယ်စုသည် နောင်နှစ်ပေါင်း ၂၅၀ မီလီယံကြာသည်အထိ တည်ရှိမည်ဖြစ်ပြီး ထိုအလွန်တွင်မူ အိမ်နီးနားချင်းများဖြင့် ဒြပ်ဆွဲအားသက်ရောက်ပြီး ပျံ့နှံ့သွားမည်ဖြစ်သည်။[၇]

မြန်မာ့ရိုးရာ ဓလေ့အရ မနက် နေမထွက်ခင် အရှေ့ကောင်းကင်တွင် ဖျောက်ဆိပ်ကြယ် ပေါ်သောအချိန်အခါသည် မိုးစတင်ရွာတော့ မည် ဟူသော အဓိပ္ပါယ်ရှိသည်ဖြစ်၍ ရှင်းလင်းထားပြီး လယ်ယာမြေ တို့တွင် မိုးဦးသီးနှံတို့ကို ချထားရတော့မည့် အချိန်ဖြစ်ကြောင်း သတိပေးနှိုးဆော်သော နိမိတ် ဖြစ်သည်။

13/04/2020
The Karen People of Burma 16/10/2019

The Karen People of Burma The Karen People of Burma. A Study in Anthropology

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Building (14) , 4 Th Floor, MICT Park , Universities' Hlaing Campus, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00