Essential English Grammar Classes

Essential English Grammar Classes

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Essential English Grammar Classes, Language school, No(676), Tapin Shwe Htee Street, (41)Quarter, North Dagon, Yangon.

Photos from Essential English Grammar Classes's post 03/06/2024

2024-2025 ပညာသင်နှစ်အတွက်
ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကျောင်းလေးပါ။

10/03/2024

မိဘများအ​လောကြီးစွာ စာ​ရေးမသင်ပါနှင့်👍👍👍

#မူကြိုကလေးတွေ စာရေးဖို့အချိန်မရောက်သေးဘူးဆိုတာကို ဒီဓါတ်မှန်ရိုက်ထားတဲ့ ပုံလေးက မိဘတွေကိုသက်သေပြနိုင်ပါလိမ့်မယ်။

💯3နှစ်အရွယ်ကလေးတွေရဲ့ ကြွက်သားတွေ အရိုးအဆစ်တွေက စာရေးဖို့ မသင့်တော်သေးတာကလည်း လက်ဖဝါးက အရိုးတွေ အဆစ်တွေဆက်ထားနိုင်တဲ့အချိန်အရွယ်မရောက်သေးတာကိုလည်း မြင်တွေ့ရပါတယ်။

💯ကလေးကို မူကြိုကျောင်းပို့တာနဲ့ စာစပြီးရေးတတ်စေချင်တဲ့အခါ ကလေးစာမရေးတတ်လို့ ငြိုငြင်လာတဲ့အခါ ဒီပုံလေးကြည့်ပြီး ဪ စာရေးခိုင်းဖို့ မလိုအပ်‌သေးပါလားဆိုတာကို နားလည်လက်ခံထားသင့်ပါတယ်။

✅မူကြိုကလေးတွေအတွက် အသင့်တော်ဆုံးက
အရောင်ခြယ်တာ
ရွံအတုတွေနယ်တာ
ကလေးကတ်ကြေးနဲ့ စက္ကူညှပ်တာ
စတေကာတွေ ခွာလိုက်ကပ်လိုက်ကစားတာ
အရုပ်ဆက်တာ သဲမြေကြီး ရွံဗွက်တွေကို ကစားခွင့်ပြုရင် အရိုးအကြောလေးတွေ ကြွက်သားတွေသန်မာလာအောင် ကလေးရဲ့ စားချိန်အိပ်ချိန် ကစားချိန်ကို နေ့စဉ်ပုံမှန်လည်ပါတ်လာအောင် ဂရုစိုက်ပေးရုံပါပဲ။

✅အဓိကက သဘာဝနဲ့ထိတွေ့ကစားခွင့်ပြုတာ
မိဘတွေနဲ့အတူကစားတာ သူငယ်ချင်းနဲ့ ကစားတာ
အကျီဘောင်းဘီကိုယ်တိုင်ဝတ်တတ်အောင် လေ့ကျင့်တာ ဖိနပ်ကြိုးချည်နည်းတွေ အိမ်အလုပ်မှာ နိုင်သလောက်ပါဝင်ခွင့်ပြုတာနဲ့ တာဝန်ယူတတ် တာဝန်သိတတ်အောင် အစားစာကို ကောင်းကောင်းစားတတ်အောင် ကစားစရာတွေ ကိုယ်တိုင်သိမ်းတတ်အောင်ပဲ လမ်းပြပေးရမှာပါ

💯အများနဲ့နေထိုင်တဲ့အခါ စိတ်ခံစားမှုကို ထိမ်းတတ်အောင် နိုင်ငံတကာစံနုန်းအတိုင်းဒီသုံးချကိကို လိုက်နာလာအောင်အချိန်ပေး သင်ရမှာပါ👇👇👇

❎ပစ္စည်းကိုပစ်ပေါက်ဖို့ခွင့်ပြုလို့မရကြောင်း
❎ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းနဲ့
❎သူတပါးကိုနာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းကို နားလည်အောင် အဓိကထား သင်ပေးရမှာဖြစ်ပါတယ်။

✍️ရေးဖို့ အရွယ်ရောက်လာချိန် ရေးတတ်လာမှာပါ။အဓိကက အရွယ်လိုက်ပေးသင့်တဲ့စည်းကမ်းကို အရင်လိုက်နာတတ်အောင် သင်ပေးပါ စံပြနေပေးပါ လက်တွဲခေါ်ပေးပါလို့ မိဘတွေကို အကြံပြုတိုက်တွန်းပါတယ်ရှင့်။

မေတ္တာဖြင့်
Crd

Photos from Essential English Grammar Classes's post 14/01/2024
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No(676), Tapin Shwe Htee Street, (41)Quarter, North Dagon
Yangon