Shwe Auzar
သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်?
17/03/2023
🌟🌟🌟အာရောဂျံ ပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဆိုတဲ့အတိုင်း ကျန်းမာရေးကောင်းဖို့ဆိုရင် အိမ်မှာအသုံးပြုနေတဲ့ ဆီက ဆီကောင်းဆီသန့်ဖြစ်ဖို့လိုမယ်နော်
🛎️🛎️🛎️ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး သားသတ်လွတ်ဆီသန့်ဖြစ်တဲ့ Golden Power ဟင်းသီးဟင်းရွက်ဆီသန့်လေးကို မင်မင်တို့ဆီမှာ ဝယ်ယူလို့ရနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်
🥇🥇🥇မလေးရှားနိုင်ငံမှ အဆင့်မြင့်သန့်စင်ထားတဲ့ ကုန်ကြမ်းများကို တင်သွင်းပြီး အရည်အသွေးပြည့်၀စွာ ထုတ်လုပ်ထားပါတယ်
👍👍👍ကိုလက်စရောလည်းမပါဝင်တာမို့ အရည်အသွေးလည်းကောင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီကောင်းဆီသန့်ကြိုက်တဲ့ အိမ်ရှင်မလေးများ Golden Power ဆီကို စိတ်ချစွာ မှာယူသုံးစွဲနိုင်ပါတယ်နော်
# ပြန်လည်ရောင်းချလိုသူများအတွက်လည်း လက်ကားစျေး သီးသန့် ရှိလို့ chat box ကတဆင့် ဆက်သွယ် စုံစမ်း မှာယူနိုင်ပါတယ်နော်
🏠စုံစမ်းမေးမြန်း၀ယ်ယူနိုင်တဲ့ နေရာ
ရန်ကုန် - အမှတ် (၇၉/ ခ) ၊ သခင်အုန်းဖေကြီးလမ်း၊ ဖြိုးစပယ်မှတ်တိုင်အနီး၊ ၄၈ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်မြို့ ကိုလာရောက်ဝယ်ယူပေးနိုင်ပါတယ်။
24/07/2022
ချက်ရပြုတ်ရတာကို သဘောကျသူတွေအတွက် အားလပ်ရက်မှာ အပျင်းလည်းပြေအောင် ကိုရီးယား အရသာကိုလည်း ကိုယ်တိုင်လုပ်ပြီး ခံစားကြည့်လို့ ရအောင် မင်မင်က ကိုရီးယား Bibimbap လုပ်နည်းလေး ပြောပြပေးသွားမှာပါ 😋
သိပ်လည်း အခက်ကြီး မဟုတ်တာမို့လို့ ကျွမ်းကျွမ်းကျင်ကျင် မချက်တတ်လည်း အဆင်ပြေပါတယ်နော် 🥰
ပါဝင်မယ့် ပစ္စည်းလေးတွေကတော့
♨️ ရွှေဩဇာဆန် (သို့မဟုတ်) ရှမ်းဆန်
♨️ ကိုရီးယား ငရုတ်သီးအနှစ်
♨️ ကြက်သား
♨️ ကြက်ဥ
♨️ မှို
♨️ ဆလပ်ရွက်
♨️ ဟင်းနုနွယ်ရွက်
♨️ သခွားသီး
♨️ မုန်လာဥ
♨️ ပဲပင်ပေါက်
♨️ ရေညှိ
♨️ ကင်ချီ တို့ပဲ ဖြစ်ပါတယ်။
လိုအပ်တာလေးတွေ ရပြီဆိုရင် Cooking အပိုင်းလေးကို စလို့ရပါပြီ။
အရင်ဆုံး ကြက်သားနုပ်နုပ်စင်းပြီးသားလေးကို ကြော်ထားလိုက်ပါ။ သခွားသီးတွေ မုန်လာဥတွေကိုလည်း ခပ်ပါးပါးလေးတွေ လှီးထားပါ။
ပဲပင်ပေါက်ရယ်၊ သခွားသီးရယ်၊ မုန်လာဥနီရယ်၊ ဟင်းနုနွယ်ရွက်တွေကို ဆီနည်းနည်းလေးနဲ့ မိနစ်နည်းနည်းလောက် ပူရုံလေး ကြော်ထားလိုက်ပါ။ ပုံစံမပျက်အောင်လို့ ခွဲပြီး ကျော်ရပါမယ်နော်
ထမင်းရပြီဆိုရင် ထမင်းကို ဇလုံတစ်လုံးထဲ အရင်ထည့်ပါ။နောက်ပြီးရင်တော့ ကြော်ထားပြီးသားတွေ အကုန်လုံး ထမင်းဇလုံထဲ ထပ်ထည့်ပါ။ အကုန်ထည့်ပြီးသွားရင် ကိုရီးယား ငရုတ်သီးအနှစ်လေးတွေ ကိုယ်နှစ်သက်သလောက် ထည့်ပါ။ နှမ်းဆီလေး နည်းနည်း လေးဆမ်းလိုက်ရင် ပိုကောင်းပါတယ်။
ဇလုံထဲအကုန်ထည့်ပြီးပြီဆိုရင်တော့ ရောသမမွှေအောင်နယ်ပါ။
အကုန်လုံး ရေသမမွှေအောင် နယ်ပြီးသွားရင်တော့ ရေညှိလေးကို အပေါ်ကနေ ဖြူးလိုက်ပါ။
ကြက်ဥကို ဟက်ဘွိုင်ကြော်ပြီး ထပ်ထည့်လိုက်ရင် ကိုရီးယား Bibimbap ရပြီမို့လို့ ကင်ချီလေးနဲ့ နှစ်သက်သလို စားလို့ရသွားပါပြီ။
အားလုံး အဆင်ပြေကြပါစေရှင့် 😍
#ကိုရီးယားBibimbap
#ချက်နည်းပြုတ်နည်း
19/07/2022
၁၉.၇.၂၀၂၂ နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
#အာဇာနည်နေ့
16/07/2022
သင်သတိမထားမိတဲ့ ဆီထိန်းသိမ်းနည်း (၅) ချက်
အိမ်ရှင်မလေးတို့ရေ ဒီနေ့မှာတော့ မင်မင်က လူတော်တော်များများ သတိမထားတတ်ကြတဲ့ ဆီထိန်းသိမ်းနည်းလေးကို ပြောပြပေးသွားမှာပါ။
ဆီဈေးတွေအရမ်းကို တက်နေတဲ့ အချိန်မှာ ဆီကိုချွေတာပြီး သုံးနေရတာတော့ မင်မင်အပါအဝင် လူတိုင်းလိုလိုပါပဲ။ ဒါကြောင့် မင်မင်က ဆီရဲ့အာနိသင်မလျော့ဘဲ ကြာရှည်ခံအောင်ထိန်းသိမ်းဖို့ နည်းလမ်းလေးတွေ မျှဝေပေးသွားမှာပါ။
ကဲဆက်ကြည့်ကြည့်လိုက်ရအောင် 💁♀️
(1) အေးတဲ့နေရာမှာထားပါ။
ဆီတွေကို အေးတဲ့ နေရာမှာ ထားသင့်ပါတယ်။ ဒါမှလည်း ဆီရဲ့အာနိသင်ကို အကြာကြီးထိန်းနိုင်ပြီး လိုအပ်ချိန်တိုင်းမှာ ကောင်းကောင်းအသုံးပြုနိုင်မှာပါ။
(2) အလင်းရောင် ထိတွေ့မှုတွေ့ကို ရှောင်ပါ။
အလင်းရောင်က ဆီကို ချေဖျက်နိုင်ပါတယ်။ ဒါကြောင့် အလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့မယ့် နေရာမျိုးကို ရှောင်ပြီး သေချာ ထိန်းသိမ်းထားသင့်ပါတယ်နော်၊ မရှောင်နိုင်ရင်လည်း အလင်းရောင်နဲ့ ထိတွေ့မှုကို တတ်နိုင်သလောက် လျော့ချပါ။
(3) အကြည်ရောင်ဘူးတွေမသုံးပါနဲ့
အလင်းရောင်ဖောက် လို့ရမယ့် အကြည်ရောင် ဘူးမျိုးတွေဆိုရှောင်ပါ။ ဒီအချက်ကို သတိမထားမိခဲ့လို့ သုံးနေတုန်းပဲဆိုရင် အခုပဲ ဖန်ပုလင်းတွေ၊ အလင်းပိတ်ဘူးတွေနဲ့ပဲပြောင်းသုံးကြည့်ပါနော်။
(4) အချိန်အကြာကြီး လေသလပ်မခံပါနဲ့
အိမ်ရှင်မတို့ သတိထားမိကြမှာပါ။ အပြင်မှာ အချိန်အကြာကြီးရှိနေခဲ့တဲ့ ဆီတွေက အရင်လို မဟုတ်တော့ဘဲ အာနိသင် ကျသွားတယ်ဆိုတာကိလေ။ ဒါကြောင့် ဆီကိုအသုံးပြုပြီးတာနဲ့ ဘူးကိုသေချာလုံအောက် ပြန်ပိတ်ဖို့လိုပါတယ်နော်။
(5) လုံခြုံသေချာစွာ သိမ်းထားပါ။
ဟင်းချက်ပြီးတာနဲ့ ဆီပုလင်း၊ ဆီဘူးတွေကို မြင်သာထင်သာတဲ့ နေရာမျိုးတွေမှာ မထားခဲ့ပါနဲ့။ အပေါ်က အချက်တွေကြောင့် ဆီဘူးတွေကို အသုံးပြုပြီးသွားတိုင်း ကြောင်အိမ်လိုနေရာမျိုးလေးတွေနဲ့ ဘီရိုလိုနေရာမျိုးတွေမှာ စနစ်တကျ ထိန်းသိမ်းဖို့ လိုပါတယ်နော်။ ဒါမှလည်း ဆီရဲ့ အရည်အသွေးကို ကြာရှည်ထိန်းသိမ်းနိုင်ပြီး ဟင်းချက်တိုင်း ကိုယ်နဲ့ အတူ ကောင်းကောင်းကြီး အသုံးတော်တ်ောခံနိုင်မှာပါနော်။
အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ ယောက်မတွေ သိအောင်လည်း Like & Share လေး လုပ်ပေးသွားကြပါဦးရှင့် 🥰
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No (903), Thumana (3) Street, 16/4 Ward, Thingangyun Township
Yangon
11071
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 15:30 |