Pwal - Property Sell & Rent
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pwal - Property Sell & Rent, Real Estate, 1006, Yuzana Tower, West Shwegonedine, Bahan Township, Yangon.
20/05/2026
"နည်းပညာတွေ ခက်ခဲနေလို့ Listing မတင်ဖြစ်သေးတဲ့ အကျိုးဆောင်များအတွက် "
အိမ်ခြံမြေ App တွေက သုံးရတာ ခက်ခဲတယ်လို့ ထင်နေပါသလား?
Pwal App ကတော့ အကျိုးဆောင်တွေနဲ့ Developer တွေအတွက် အလွယ်ကူဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။
ရှုပ်ထွေးတဲ့ Step တွေမပါဘဲ မိနစ်ပိုင်းအတွင်းမှာတင် သင့်ရဲ့ အချက်အလက်တွေကို အတိအကျ တင်နိုင်မှာပါ။
User Interface က ရိုးရှင်းပြီး ရှင်းလင်းနေတာကြောင့် ဘယ်သူမဆို အလွယ်တကူ သုံးတတ်မှာဖြစ်သလို၊ ဝယ်သူတွေဘက်ကလည်း သင့်ဆီကို ဆက်သွယ်ဖို့ လမ်းကြောင်းတွေက အရမ်းကို အဆင်ပြေပါတယ်။
အခုပဲ စမ်းသုံးကြည့်လိုက်ပါ၊ ဘယ်လောက်လွယ်ကူလဲဆိုတာ ကိုယ်တိုင်သိသွားမှာပါ။
ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ရယူဖို့ Pwal App ကို အခုပဲ စမ်းသုံးကြည့်ပါ။
14/05/2026
သင့်ရဲ့ အိမ်ခြံမြေအရောင်းတွေကို လူပေါင်းသောင်းခြည်ဆီ အရောက်ပို့ပေးဖို့ အသင့်ပဲလား?
အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ Developer ကုမ္ပဏီတွေအတွက် အခက်ခဲဆုံးက ကိုယ့်ဆီမှာရှိတဲ့ အိမ်၊ ခြံ၊ မြေ အချက်အလက်တွေကို ဝယ်ယူမယ့်သူတွေဆီ အရောက်ပို့ပေးဖို့ပဲ ဖြစ်ပါတယ်။
Pwal App မှာ Listing လာတင်ထားရုံနဲ့ မိတ်ဆွေရဲ့ ပိုင်ဆိုင်မှုတွေကို ကျွန်တော်တို့ရဲ့ page နဲ့ TikTok Channel တွေမှာ အခမဲ့ ကြော်ငြာတင်ပေးသွားမှာဖြစ်လို့ မိတ်ဆွေရဲ့ Data တွေကို လူအများ မြင်နိုင်ယုံမကပဲ မိတ်ဆွေရဲ့ Company (သို့) မိတ်ဆွေရဲ့နာမည်ကိုပါ လူအများက တခါတည်းသိရှိသွားမှာဖြစ်ပါတယ်။
ဈေးကွက်ထဲမှာ ဝယ်မယ့်သူ၊ ငှားမယ့်သူတွေ အများဆုံးရှိနေတဲ့ Social Media ပလက်ဖောင်းတွေပေါ်ကို Pwal ကနေတစ်ဆင့် အရောက်လှမ်းလိုက်ဖို့ ဖိတ်ခေါ်ပါတယ်။
Pwal App အသုံးပြုခြင်းက အိမ်ဝယ်သူ၊ အိမ်ငှားသူတွေဆီ တိုက်ရိုက်ရောက်ရှိမှာဖြစ်လို့ အရောင်းပိတ်ရတာ ပိုမြန်ဆန်လာပါလိမ့်မယ်။
အခုပဲ Pwal App ကို ဒေါင်းလုဒ်လုပ်ပြီး မိတ်ဆွေရဲ့ ပထမဆုံး Listing ကို စတင်တင်လိုက်ပါ။
#အိမ်ခြံမြေအကျိုးဆောင်များ
01/05/2026
အိမ်ခြံမြေဝယ်တော့မယ်ဆိုရင် "သတင်းစာကြော်ငြာ" ဖို့ ဘာကြောင့် မေ့ထားလို့မရတာလဲ?
အိမ်ခြံမြေတစ်ခုကို ငွေအလုံးအရင်းနဲ့ မဝယ်ခင်မှာ လူအများစုက မြေပုံကြည့်မယ်၊ ဂရန်စစ်မယ်၊ ဒါတွေနဲ့တင် လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ တကယ်တမ်း "ပိုင်ဆိုင်မှုခိုင်မာဖို့" နဲ့ "နောင်ရေးစိတ်အေးရဖို့" အတွက် သတင်းစာထဲမှာ ကန့်ကွက်ရန်ရှိ/မရှိ လူသိရှင်ကြား ကြော်ငြာထည့်ခြင်း က မဖြစ်မနေလုပ်ရမယ့် အရေးကြီးဆုံးအဆင့်ဖြစ်ပါတယ်။
◼️ တကယ့်ပိုင်ရှင် ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ခြင်း
ရောင်းသူဟာ အမည်ပေါက်ပိုင်ရှင်အစစ် ဟုတ်မဟုတ်နဲ့ အရှုပ်အရှင်းရှိမရှိကို လူသိရှင်ကြား စုံစမ်းပြီးသား ဖြစ်စေပါတယ်။
◼️ အမွေဆိုင်ပြဿနာများ ကာကွယ်နိုင်ခြင်း
လူမသိအောင် ခိုးရောင်းတာမျိုး မဟုတ်ဘဲ အမွေဆိုင်တွေရှိနေရင် ကန့်ကွက်နိုင်ဖို့ အခွင့်အရေးပေးခြင်း ဖြစ်ပါတယ်။
◼️ ပေါင်နှံ မှုများ သိရှိနိုင်ခြင်း
တစ်ခြားသူထံမှာ စာချုပ်နဲ့ ပေါင်နှံထားတာမျိုး ဒါမှမဟုတ် တရားရုံးမှာ အမှုဖြစ်နေတာမျိုးရှိရင် သိရှိနိုင်ပါတယ်။
◼️ ဥပဒေကြောင်းအရ အထောက်အထားခိုင်လုံခြင်း
သတ်မှတ်ရက် (၁၄ ရက် သို့မဟုတ် ၁၅ ရက်) အတွင်း ကန့်ကွက်မယ့်သူမရှိမှသာ အရောင်းအဝယ်ကို စိတ်ချလက်ချ ဆက်လက်ဆောင်ရွက်သင့်ပါတယ်။
ဒါဟာ နောင်တစ်ချိန် အမှုအခင်းဖြစ်လာရင်တောင် မိမိဘက်က "သန့်ရှင်းသောသဘောဖြင့် ဝယ်ယူခြင်း (Bona fide purchaser)" ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။
ဒါကြောင့် ငွေမချေခင်မှာ သတင်းစာကြော်ငြာထည့်ဖို့ ဘယ်တော့မှ လက်မနှေးပါနဲ့။ ဘေးကင်းပြီး စိတ်ချရတဲ့ အိမ်ခြံမြေ အရောင်းအဝယ်တွေဖြစ်ဖို့ Pwal က အမြဲတိုက်တွန်းပါတယ်။
မိမိစိတ်ကြိုက် အိမ်ခြံမြေတွေကို စိတ်ချလက်ချ ရှာဖွေချင်တယ်ဆိုရင်တော့ Pwal App ကို အခုပဲ Download လုပ်ထားလိုက်ပါ။
#အိမ်ခြံမြေဗဟုသုတ #သတင်းစာကန့်ကွက်ရန်ကြော်ငြာ
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
1006, Yuzana Tower, West Shwegonedine, Bahan Township
Yangon
11201