Shwe Mate Thit
👉UPVC နဲ့ ပတ်သက်ရင် ဘယ်လိုခက်ခဲတဲ့ ပုံစံမျိုးပဲလာလာ 👈
💛ရွှေမိတ်သစ် ကိုသာ သတိရလိုက်ပါ🩵
08/05/2026
PVC မှာ ဘာလို့ "U" က ပိုလာတာလဲ❓
🤔
မနေ့က စက်ရုံကို လာဝယ်တဲ့ ချစ်ကာကာတစ်ယောက်နဲ့ စကားပြောရင်း မေးလာတာလေးက…
"သမီးရေ... ဦးတို့ ဟိုးတုန်းက သိတာ PVC ပဲ ရှိတာ၊ အခုကျမှ ဘာလို့ 'U' တစ်လုံး ပိုလာတာလဲ" တဲ့။
ဒီမေးခွန်းလေးက တကယ်ကို စိတ်ဝင်စားဖို့ကောင်းလို့ ချစ်ကာကာကြီးကို ရှင်းပြရင်းနဲ့မှ တခြား ကာကာလေးတွေလည်း သိသွားအောင် ဒီပို့စ်လေးနဲ့ပဲ မျှဝေပေးလိုက်ပါတယ်နော်။
တကယ်တော့ UPVC ဆိုတာ PVC ထဲကို 'U' တစ်လုံး အပိုထည့်လိုက်တာ မဟုတ်သလို နာမည်ပြောင်းလိုက်တာလည်း မဟုတ်ပါဘူးရှင့်။
PVC နဲ့ UPVC က ပစ္စည်းချင်း လုံးဝကို မတူတာပါ။
UPVC မှာ ပါတဲ့ 'U' ဆိုတာ Unplastic ကို ပြောတာပါ။
အဓိပ္ပာယ်ကတော့ "ပလတ်စတစ် ပျော့ဆေး မပါဘူး" လို့ ပြောတာပါ။
ဒါကြောင့် သူက ပလတ်စတစ်လို မပျော့ဘဲ ခိုင်မာတောင့်တင်း နေတာပေါ့။
နောက်တစ်ခုက PVC နဲ့ UPVC ဘာတွေ ကွာခြားသလဲ? ဆိုတဲ့ ကွာခြားချက်လေးကိုပါ တလက်စထဲ ပြောပြပေးချင်ပါတယ်။
PVC က အသားပါးတယ်၊ ပျော့တယ်။ (Ready-made) အဆင်သင့် လုပ်ပြီးသား ဆိုဒ်တွေပဲ ရတတ်ပြီး နေပူထဲထားရင် ကြာလာရင် အရောင်လွင့်တာ၊ ကြွပ်ဆတ်တာမျိုး ဖြစ်တတ်ပါတယ်။
UPVC ကတော့ သူ့အသားက အထူ(2)mm ဝန်းကျင်အထိ ထူပြီး ခိုင်ခံ့ပါတယ်။
နေပူမိုးရွာ လုံးဝမကြောက်တဲ့အပြင် ရာသီဥတုဒဏ်ကိုလည်း ကြံ့ကြံ့ခံနိုင်ပါတယ်ရှင့်။
ကိုယ်လိုချင်တဲ့ အိမ်ဒီဇိုင်းအတိုင်း နဲ့ကိုက်ညီအောင် စိတ်ကြိုက် ပြုလုပ်ပေးလို့ရတာကတော့ UPVC ရဲ့ အဓီကအားသာချက်ပဲ ဖြစ်ပါတယ်။
ချစ်ကာကာကြီးတွေ အနေနဲ့ အရောင်ရွေးချယ်လို့ရပြီး ပေါ့ပေါ့ပါးပါး၊စျေးသက်သက်သာသာ သုံးချင်ရင် PVC ကို ရွေးချယ်သင့်ပြီးတော့ တစ်သက်လုံး ခိုင်ခံ့ပြီး လှလှပပ၊ စမတ်ကျကျ စိတ်ကြိုက်ပုံဖော်ချင်တယ် ဆိုရင်တော့ UPVC ကိုပဲ ရွေးချယ်သင့်ပါတယ်ရှင့်။
အခုဆိုရင် 'U' တစ်လုံးရဲ့ လျှို့ဝှက်ချက်ကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်ရှင်။🤗
UPVC နဲ့ပတ်သက်လို့ ချစ်ကာကာကြီးတွေ သိချင်တာမှန်သမျှ ဖြေကြားပေးသွားမှာဖြစ်လို့ သိချင်တာလေးတွေရှိရင်လည်း Comment လေးမှာ ရေးခဲ့ပေးပါအုံးရှင့်။🥰
◼◼◼◼◼◼◼◼◼
𝐒𝐡𝐰𝐞 𝐌𝐚𝐭𝐞 𝐓𝐡𝐢𝐭 𝐔𝐏𝐕𝐂 𝐒𝐚𝐥𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐅𝐚𝐜𝐭𝐨𝐫𝐲
📲 𝟎𝟗 𝟒𝟓 𝟏𝟏𝟏 𝟗𝟗𝟗 𝟐
📲 𝟎𝟗 𝟒𝟓 𝟏𝟏𝟏 𝟗𝟗𝟗 𝟑
☎️ 𝟎𝟗 𝟕𝟕 𝟓𝟓𝟗 𝟕𝟏𝟕𝟏
☎️ 𝟎𝟗 𝟕𝟕 𝟓𝟓𝟗 𝟕𝟏𝟏𝟕
⏰ ရုံးချိန် 𝟖:𝟎𝟎𝐚𝐦 - 𝟓:𝟎𝟎𝐩𝐦 အတွင်းသာ ဖုန်းခေါ်ဆိုပါ။
🏠 အမှတ် (၁၉) နဝရတ်လမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၊ အောင်ချမ်းသာ (၁)ရပ်ကွက်၊ သန်လျင်မြို့နယ်၊ ရန်ကုန်။
👉UPVC👈 နဲ့ ပတ်သက်ရင် ဘယ်လိုခက်ခဲတဲ့ ပုံစံမျိုးပဲလာလာ "ရွှေမိတ်သစ်" ကိုသာ သတိရလိုက်ပါ 💛
#ရွှေမိတ်သစ် #ရွှေမိတ်သစ်တံခါးစက်ရုံ ံခါး ်လီလက်ကား #ရန်ကုန် #သန်လျှင် ဲ့ပတ်သက်လာရင်ဘယ်လိုခက်ခဲတဲ့designမျိုးပဲလာလာရွှေမိတ်သစ်ကိုသာသတိရလိုက်ပါ
မနှစ်က ဆုတွေ အများကြီး သိမ်းပိုက်သွားတဲ့"ဆုရှင်ကြီး" ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်တင်ပေးလိုက်တယ်နော်။ 🥰
ထုတ်လုပ်ရေး ဝန်ထမ်းအားလုံးထဲမှာရော၊ထုတ်လုပ်မှုပိုင်းမှာရော အတော်ဆုံး၊အကောင်းဆုံးဝန်ထမ်း ဆုတွေကိုပိုင်ဆိုင်သွားတဲ့ မောင်ဝေယံဖြိုး(၁) မှတ်မိကြဦးမယ် ထင်ပါတယ်နော်။🤗
ရရှိသွားတဲ့ ဆုတွေကတော့...
🏆 နှစ်ချုပ် Bonus ဆု
🏆 ထုတ်လုပ်ရေး ဝန်ထမ်းများထဲမှာမှ အကောင်းဆုံး ဝန်ထမ်းဆု
🏆 ထုတ်လုပ်မှု အကောင်းဆုံး ဝန်ထမ်းဆု
ရွှေမိတ်သစ်ရဲ့ Annual Award ပွဲကြီးကလည်း မကြာခင် လာတော့မှာဆိုတော့... ဒီတစ်ခေါက်မှာကော ဘယ်သူတွေက အောင်မြင်မှုတွေ ထပ်ယူကြမလဲ? ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦးနော်✨
#ရွှေမိတ်သစ် #ရွှေမိတ်သစ်တံခါးစက်ရုံ ံခါး ်လီလက်ကား #ရန်ကုန် #သန်လျှင် ဲ့ပတ်သက်လာရင်ဘယ်လိုခက်ခဲတဲ့designမျိုးပဲလာလာရွှေမိတ်သစ်ကိုသာသတိရလိုက်ပါ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
အမှတ် (၁၉) နဝရတ်လမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၊ အောင်ချမ်းသာ (၁)ရပ်ကွက်၊ သန်လျင်မြို့နယ်၊
Yangon
11291
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |