Phoe Pyae Shun
ABout
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်
ဘီလ်ဂိတ် ( 64 ) နှစ်က ကိုရိုနာဗိုင်းရပ်
ကာကွယ်တိုက်ဖျက်ရေးအတွက်
ဒေါ်လာ ( 85 ) သန်းလှူလိုက်ပါတယ်
သူကပြောတယ်
အရေးကြီးတဲ့ သင်ခန်းစာတွေပေးဖို့
ကိုရိုနာဗိုင်းရပ်စ်က
ရောက်လာတာပါတဲ့
ယူ မယူကတော့
ကျွန်တော်တို့အပေါ်ပဲ
မူတည်တာပါတဲ့ သူပြောတာတွေက
( ၁ ) ကိုရိုနာက ဘာသာ လူမျိုး
အလုပ်အကိုင် ကြွယ်ဝမှု ကျော်ကြားမှု
မခွဲခြားပါ
( ၂ ) လူတစ်ဦးနဲ့ တစ်ဦးက
ဆက်နွယ်နေတာပါ
တစ်ယောက်ဖြစ်ရင်
နောက်တစ်ယောက်လည်း ဖြစ်နိုင်တာပါ
( ၃ ) ကျန်းမာရေးက
အဖိုးတန်ပါတယ် ဂရုစိုက်ရမှာပါ
( ၄ ) ဘဝက တိုတောင်းပါတယ်
အိုမင်းသူ နာမကျန်းသူတွေကို ကူညီပါ
( ၅ ) ရုပ်ဝတ္ထုတွေ မမက်ပါနဲ့
ဇိမ်ခံပစ္စည်းထက် အစားအစာ
ရေနဲ့ ဆေးဝါးက ပိုလိုအပ်တာပါ
( ၆ ) မိသားစုက အရေးကြီးပါတယ်
အိမ်မှာနေတုန်း မိသားစုကို
ခိုင်မြဲအောင် တည်ဆောက်ပါ
( ၇ ) အသက်မွေးဝမ်းကျောင်း
အလုပ်အပြင် တစ်ဦးကို တစ်ဦး
စောင့်ရှောက် ကာကွယ် အကျိုးပြုတဲ့
အလုပ်ကိုလည်း လုပ်ပါ
( ၈ ) မာနတွေ အတ္တတွေ မကြီးပါနဲ့
ကိုယ်က ဘယ်လောက်ပဲ ကြီးမြတ်ပါစေ
ဗိုင်းရပ်စ်တစ်ခုက လောကကြီးကို
အဆုံးသတ်ပစ်နိုင်ပါတယ်
( ၉ ) ကိုယ့်ဆီမှာ
စွမ်းအားတွေ ရှိပါတယ်
( ၁၀ ) အတိတ်မှာ ကပ်အများကြီး
ဆိုက်ခဲ့ဖူးပါတယ် သတိနဲ့နေပါ
ကြောက်တာက အကောင်းထက်
အဆိုးပဲ ဖြစ်နိုင်တယ်
( ၁၁ ) ကမ္ဘာကြီးက ဖျားနာနေလို့
လူတွေ ဖျားနာကြတာပါ
ကမ္ဘာကြီးကျန်းမာအောင်
သစ်တောတွေ ပြန်စိုက်ပါ
လေထု ရေထု သန့်ရှင်းအောင် လုပ်ပါ
( ၁၂ ) မုန်တိုင်းပြီးရင်
လေပြည်လာမှာမို့ကြောက်စရာ မလိုဘူး
( ၁၃ ) ကိုရိုနာက လူတွေကို
မှန်ကန်စွာ တွေးတတ် နေတတ်အောင်
အမှားပြင်ပေးဖို့ရောက်လာတာပါ တဲ့
ဘီလ်ဂိတ် ( Billgate )
Credit to original uploader
ဆွဲဆောင်မှု ရှိတဲ့ ခေါင်းစဉ်ရေးနည်းများ
•••••••••••••••••••••••••••••••••••••
Facebook မှာပဲဖြစ်ဖြစ် Website မှာပဲဖြစ်ဖြစ် Blog မှာပဲ ဖြစ်ဖြစ် စာတွေရေးတဲ့အခါ ခေါင်းစဉ် က တော်တော် အရေးကြီးပါတယ်။ အထူးသဖြင့် Facebook ပေါ်မှာ နေ့စဉ် အချိန်တိုင်း Page ပေါင်းစုံ၊ အကောင့်ပေါင်းစုံက စာတွေ တက်နေတဲ့အခါ ကိုယ့်ရဲ့ page က စာကို ဖတ်မိစေဖို့ ခေါင်းစဉ်ဟာ အရေးကြီးတဲ့ အစိအပိုင်း တစ်ခုပါ။
ဒါကြောင့်မလို့ ဆွဲဆောင်မှု ရှိတဲ့ခေါင်းစဉ်ရေးနည်း များစွာထဲက (၁၀) ခုကို မျှဝေပေးလိုက်ပါတယ်။
1. How to …
Whiteboard Animation ကို ကိုယ်တိုင် ဘယ်လိုလုပ်မလဲ …?
2. Number …
အကောင်းဆုံး အသားရည် ထိန်းသိမ်းနည်း (၁၀) ချက်
အင်္ဂလိပ်ဘာသာစကားကို လေ့လာသင့်တဲ့ အချက် (၁၀) ချက်
လုပ်ငန်းငယ်တွေ မှားတတ်တဲ့ အမှား (၁၀) ခု
ဝယ်သူတွေကို ဆွဲဆောင်နိုင်မယ့် နည်းလမ်း (၁၀) မျိုး
3. The Secret of …
လေ့ကျင့်ခန်းမလုပ်ဘဲ အဆီကျခြင်းရဲ့ လျှို့ဝှက်ချက်
4. Little Known Ways to …
လူသိနည်းတဲ့ ရောင်းအားတက်နည်းများ
လူသိနည်းတဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်နေရာများ
5. Get Rid of (Problem) …
ခါးနာခြင်းကို အမြစ်ပြတ်စေဖို့
6. Quick Way to …
အင်္ဂလိပ်စာ အမြန်တတ်စေမယ့် နည်းလမ်းများ
ရောင်းအား အမြန်တတ်စေမယ့် နည်းလမ်းများ
7. Now You Can Have/Do something …
ကင်ချီ ကိုယ်တိုင်ပြုလုပ် နည်း
page ကိုယ်တိုင် ပြုလုပ်နည်း
8. Everybody Ought to Know ….
အိမ်ရှင်မတိုင်း သိသင့်တဲ့ မီးဖိုချောင်က အသုံးဝင်ပစ္စည်းများ
9. Make Your ______ in Just [Number] Hours/ Day …
၃ လအတွင်း အင်္ဂလိပ်စာတိုးတက်စေဖို့
၃ လအတွင်း ဝိတ်ကျစေဖို့
10. You Still Wasting Money/ Time on (__________)
ကားလက်မှတ်ဝယ်ဖို့ အချိန်တွေ ကုန်နေတုန်းပဲလား …
ကဲ မိတ်ဆွေတို့ ခုပဲ လက်တွေ့ အသုံးချလို့ရအောင် ကိုယ့်လုပ်ငန်းအတွက် တစ်ခုလောက် နမူနာရေးပြီး မန့်ခဲ့ပါဗျ …
ကျေးဇူးတင်ပါတယ်
သင့်ကို တစ်စုံ တစ်ယောက်က၊ တိုက်ခိုက် ဝေဖန်လာပြီ ဆိုရင်၊
သေချာပါတယ်။
သင့်မှာ တစ်စုံတစ်ရည် အရည်အချင်း ရှိလို့ပါ။
ဘာ အရည်အချင်းမှ မရှိတဲ့ သူကို၊ ဘယ်သူကမှလည်း တိုက်ခိုက်မှာ မဟုတ်ဘူး။
စိတ်မပျက်ပါနဲ့။
စိတ်ဓာတ် မကျပါနဲ့။
ခံစား မနေပါနဲ့။
ကိုယ့်အလုပ် ကိုယ်လုပ်။
သူ့အလုပ်၊ သူလုပ်လိမ့်မယ်။
ခွေးဆိုရင်၊ ဟောင်မယ်။
ကျွဲဆိုရင်၊ ခတ်မယ်။
ကြောင်ဆိုရင်၊ ကုပ်မယ်။
လူဆိုရင် အတင်း တုတ်မယ်။
ဒါသဘာဝ ပဲ။
အောက်တန်းစား လူတွေရဲ့ အောက်လုံးတွေကို
အထက်တန်းစား လူတွေက ခံစားနေရင်
ခံယူချက်တွေ လွဲသွားမယ်။
- အရှင်လက္ခဏ(အင်းပါ)
မိတ်ဆွေများ အောင်မြင်၊ ပျော်ရွှင်၊ ငြိမ်းချမ်းစေဖို့ မျွှဝေပေးလိုက်ပါတယ်။
စေတနာ မေတ္တာများစွာဖြင်း
စျေးရောင်းတယ်ဆိုတာ
စျေးရောင်းတာက အမတန်မှ လွယ်ကူတဲ့ အလုပ်ပါ ရောင်းစရာရှိရမယ် နောက် ကုန်ပစ္စည်းတခုကို စျေးသတ်မှတ်လိုက်ရုံနဲ့ စျေးရောင်းလို့ရပါတယ် {{အရင်ဆုံးလုပ်ရတာကစျေးသတ်မှတ်ဖို့ပါပဲ }} ဒီထဲမှာမှ စျေးရောင်းနည်း Trick လေး တခုတင်ပြပေးချင်တာပါ ဘာလဲဆိုတော့ ဒီစာကို ဆုံးအောင်ဖတ်ဖို့လို့ပါတယ်
ဟိုးယခင်က USA မှာ Phramacy shop တွေ ရှိပါတယ် ဒီ ဆေးဆိုင်တွေထဲက မှ တဆိုင်က အရောင်းသမားဟာ စတင်စဉ်းစားပါတယ် လူတွေက ဆေးဆိုင်တွေကို နေမကောင်း ဖြစ်မှ ဆေးလာစပ်ကြတယ် ဆေးလာဝယ်ကြတယ် ဒီနေရာမှာ လူတွေ နေ့စဉ် ငါတို့ဆိုင်ကိုလာဝယ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကို အရောင်းသမားက စတင်တွေးခေါ်ပါတယ် ဆေး တွေ ပဲ မရောင်းပဲ သူက ဆေးနဲ့ သက်ဆိုင်သယောင်ယောင်ရှိတဲ့ နွားနို့ ကိုပါ တွဲရောင်းပါတယ် နွားနို့ရောင်းတော့ လူတွေ က နွားနို့ လိုချင်ရင် ဆေးဆိုင်ကိုလာပါတယ် ဒီလိုနဲ့ သူဆိုင်က ဆေး ရော နွားနို့ရော စျေးကွက်ရရှိလာပါတယ် နွားနို့က အားရှိပါတယ် - လူတိုင်းသိကြပါတယ်
ဆေးဆိုင်အတွက် နွားနို့ အိုးတခုတည်ပြီး အိတ်နဲ့ ထည့်ပေးရတာ ဘာမှ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး ဒီလိုနဲ့ ဆေး ရော နွားနို့ရော လူရောပုံမှန် ရနေတဲ့ အချိန်မှာ ထပ်ပြီးတွေးပါတယ် ဘာတွဲရောင်းလို့ ရအုံးမလဲ ဒီမှာ ကြက်ဥ ကို ပါတွဲရောင်းပါတယ် ခက်တာက လူတွေ က ကြက်ဥ ကိုသိပ်မဝယ်ကြဘူး ဘာလို့လဲမသိပါဘူး ဒီမှာတင် ကိုနေစေး ဆိုတဲ့ သူတယောက် ရောက်လာပါတယ်
ဆေးပိုင်ရှင်က ညီးညူပါတယ် ကျနော်ဗျာ Idea ကောင်းတော့ ဆေးဆိုင်ကို လူလဲ လာပါတယ် နွားနို့လဲ ရောင်းရပါတယ်တဲ့ ဒါပေမယ့် ကြက်ဥ တွဲရောင်းတော့ မရောင်းရဘူး ဖြစ်နေတယ်တဲ့ အဲတာဘယ်လို လုပ်သင့်လဲဆိုပြီး အကြံတောင်းပါတယ်
ကိုနေစေးက တိုးတိုးလေးပြောပြလိုက်တယ် ဒီလူဟာ အရမ်းကို ပျော်ရွင်သွားပါတယ်
နောက်နေ့မှာ ဆေးဆိုင်ကို နွားနို့လာဝယ်ပါတယ် နွားနို့အိုးနဲ့အတူကြက်ဥရှိပါတယ် နွားနို့ ဝယ်တဲ့ သူ ဆိုင်ရှင်က မေးပါတယ် နွားနို့ 10KG ပေးပါ ဆိုတော့ ဆိုင်ရှင်ကမေးပါတယ်( ကြက်ဥ ဘယ် နှစ်လုံးထည့်မလဲ ) ဆိုတာပဲ ကာစတန်မာက တွေဝေပြီး ကြက်ဥ တလုံးပေးပါ လို့ဆိုတယ် အနည်းဆုံး ဆေးဆိုင်က နွားနို့ တခါလာဝယ်တိုင်း ကြက်ဥ တလုံး ရောင်းရပါတယ် ဒါဟာ Sale Trick ပါ
ကြက်ဥယူပါအုံးလား ပြောမယ့်အစား
ကြက် တ လုံးထည့်မလား ၂လုံးထည့်မလား ဆိုတဲ့ မေးခွန်းကို Change လိုက်တာပါပဲ နွားနို့ နဲ့ ကြက်ဥ ဘာဆိုင်လဲလို့မေးကောင်းမေးမဲ့သူရှိပေမယ့် သင်ပြန်ပြောပြရမှာက အခြားလူတွေလဲ နွားနို့နဲ့ ကြက်ဥ တွဲဝယ်ကြလို့ လို ဖြေရှင်းချက်ပေးရုံပါပဲ ဒါလေးကို တွဲစပ်စဉ်းစားပါ တွဲရောင်းဖို့ နဲ့ စျေးဝယ်ကို ရွေးချယ်ခိုင်းတဲ့ စျေးရောင်းနည်းစနစ်ကို သင်မြင်နိင်ပါတယ် ဒါဟာ အနုပညာပါပဲ
ဒါမို့ Sale တခုမှ Base တခုကနေ တွဲပီး ရောင်းနိင်တဲ့ Product လုပ်ရပါမယ် ထပ်ခါ ထပ်ခါ အရောင်း Sale Boost ကို တွဲပြီး ပြောပြဖို့လဲ လိုနေပါတယ်
ဥပမာ
ထီဆိုင်တဆိုင်က ဘုရားဖူးကားလက်မှတ်တွဲလို့ရတယ်
ဆိုက်ကားသမားက Online Delivery တွဲလုပ်လို့ရတယ်။အပ်ချုပ်ဆိုင်က အကျီဆိုင် တွဲလို့ရတယ်
ကွမ်းယာဆိုင်က ဖုန်းငွေဖြည့်ကတ်ရောင်းရတယ်
ကုန်စုံဆိုင်က ရေသန့်ဘူး ပို့ရတယ်
လေပျံလက်မှတ်ရောင်းသူက Insurence တွဲလို့ရတယ်
Credit: မူရင်းရေးသားသူ
စီးပွားရေးမှာ မြင်ဖို့လိုတယ်
====================
ပြီးခဲ့တဲ့ လပိုင်းက စီးပွားရေးမှာ မြန်ဖို့လိုတယ် .. ဆိုတဲ့ စာတစ်ပုဒ် ရေးခဲ့ပါတယ်၊ အဓိကကတော့ ဈေးကွက်ကို လက်ဦးမှု ရယူဖို့ အကြောင်းပါ၊ ဒီနေ့ ပြောချင်လာတာက တရုပ်ပြည်က ကော်ဖီဆိုင် ဈေးကွက်မှာ Starbucks ပြီးရင် နံပါတ် (၂) နေရာကို ရောက်လာတဲ့ Luckin ကော်ဖီအကြောင်းပါ၊ ဒီအကြောင်းကို ကျွန်တော် Page နာမည် မမှတ်မိတော့တဲ့ App ရေးတဲ့ လုပ်ငန်းတစ်ခုက နည်းပညာကို အသုံးချဖို့ အကြောင်းပြောထားတဲ့ ဗွီဒီယိုမှာ ကြားလိုက်မိပြီးတော့ စိတ်ဝင်စားသွားပြီးတော့ လိုက်မွှေတာ … Ref တွေက အစုံဆိုတော့ Credit တွေ မဖော်ပြတော့ပါဘူး … မွှေနှောက်ပြီးသမျှ မှတ်မိသလောက် ပြန်မျှဝေတယ်လို့ပဲ သဘောထားလိုက်ပါဗျ။
Starbucks ဆိုတာ ကော်ဖီဆိုင်လောကမှာ တကမ္ဘာလုံးရဲ့ ဘုရင် လို့ ပြောလို့ရသလို တရုပ်ပြည်မှာလည်း ဘုရင်ပါပဲ၊ Luckin မပေါ်ခင်အထိတော့ တရုပ်ပြည်က ကော်ဖီဆိုင်တော်တော်များများဟာ Starbucks ကို မယှဉ်နိုင်ဘဲ ပြိုလဲကုန်ကျတာ များပါတယ်။ Starbucks က ဘာတွေ အားသာလဲ … နံပါတ် (၁) ကတော့ Branding ပါ .. Starbucks ဆိုတဲ့ နာမည်တစ်လုံးဟာ တော်တော်ကြီးကို အရှိန်ရှိပါတယ် … ဥပမာ iPhone လိုပဲပေါ့ .. ဒါပေမယ့် Mobile Phone လောကမှာလည်း တရုပ်ကုမ္ပဏီတွေ ဖြစ်တဲ့ ဟွာဝေး၊ ရှောင်မီ တို့ဟာ Apple ရဲ့ ဈေးကွက်ကို တော်တော်လေး ဖဲ့ယူလာပြီလို့ ပြောရမှာ ဖြစ်ပါတယ်၊ ထားလိုက်ပါ၊ ကော်ဖီအကြောင်းပဲ ဆက်သွားရအောင် … နံပါတ် (၂) က အရသာပါ၊ ကျွန်တော်လည်း Starbucks အရသာ ကို ကြိုက်ပါတယ် … နာမည်ကြီးတိုင်း ကျွန်တော် မကြိုက်ဘူးဗျ … ဥပမာ ကိုကာကိုလာပေါ့ … ကိုကာကိုလာဟာ ကျွန်တော့်အတွက် Marketing ပိုင်းမှာ Idol Brand တစ်ခုပါ .. ဒါပေမယ့် ကျွန်တော် ကိုကာကိုလာကို မကြိုက်ဘူး … နောက်တစ်ခုက Starbuck ဟာ နေရာတွေ ရွေးတာ ကောင်းတယ်၊ Shopping Mall ပတ်လည်တွေစတဲ့ ကော်ဖီယဉ်ကျေးမှု နဲ့ နီးစပ်တဲ့ နေရာတွေကို ရွေးပြီးတော့ ဖွင့်တယ်၊ ပြီးတော့ Table Exchange Rate လို့ ခေါ်တယ်ထင်တာပဲ (မှားရင်လည်း F&B က သူတွေ ထောက်ပြပေးကြပါဗျ) ဆိုလိုတာက ဆိုင်မှာ Customer တစ်ယောက်က အကြာကြီးထိုင်နေတာက လူပါးတဲ့အချိန်မှာ သိပ်ကိစ္စမရှိပေမယ့် လူကျတဲ့အချိန်ဆို အဲဒါက အခက်အခဲဖြစ်စေတယ်၊ အဲဒါကို သူက Control လုပ်နိုင်တယ်၊ ဘယ်လိုလုပ်လဲဆိုတာတော့ ဒီမှာ မပြောပြတော့ဘူးဗျာ သိတဲ့သူတွေလည်း သိကြပါတယ်။
အဲဒီလို ကမ္ဘာမှာရော .. တရုပ်ပြည်မှာပါ ကော်ဖီလောကရဲ့ ဘုရင် ဖြစ်တဲ့ Starbucks နောက်က ၂၀၁၇ မှ စခဲ့တဲ့ Luckin ကော်ဖီက လိုက်လာပြီးတော့ နံပါတ် (၂) နေရာတင်မကဘဲ Starbucks ကိုပါ ကသောက်ကယက်တွေ ဖြစ်လာစေခဲ့ပါတယ် …
Luckin ဟာ O 2 O လို့ခေါ်တဲ့ Offline to Online နဲ့ ကျွန်တော့် အယူအဆဖြစ်တဲ့ O + O (Offline+ Online) တွေကို သုံးသွားပါတယ်။ Starbucks ဟာ Branding ဖြစ်နေတဲ့အတွက် .. ဆိုလိုတာက Starbucks ခွက်လေးကို ရိုက်ပြီးတင်ရတာကိုက အထာလို့ သတ်မှတ်တဲ့ သူတွေ ရှိတဲ့အတွက် … Luckin ဟာ သူ့ရဲ့ တံဆိပ်ကို တရုပ်ရဲ့ နာမည်ကြီးတွေသုံးပြီးတော့ ကြော်ငြာပါတယ်။ ပြီးတော့ သူလည်း Starbucks လိုပဲ နေရာကို သေချာရွေးပါတယ်၊ Luckin ရဲ့ Target မှာ ရုံးတွေနဲ့ လူနေအိမ်ရာတွေကို target ထားပါတယ်၊ အပြာရောင် လေးကို မြင်လိုက်တာနဲ့ သူလို့ ဖြစ်လာအောင်ကို ကြော်ငြာတွေကို offline + Online ပတ်လည် အကုန် သုံးပါတယ်။ Tang Wei, Zhang Zhen စတဲ့ တရုပ်နာမည်ကြီး သရုပ်ဆောင်တွေကို သုံးပြီး ကြော်ငြာတယ်၊ Online မှာ တရုပ်မှာ အရမ်းသုံးတဲ့ WeChat က ကြော်ငြာတယ် စသည်ဖြင့် အသားကုန်ဝုန်းပါတယ်၊ သူတို့ ကော်ဖီကို Word of Mouth ညွှန်းပေးရင် Free Coffe ရတယ် …
သူတို့ရဲ့ App ကို ဒေါင်းပြီး install လိုက်ရင် Fee Coffee ရတယ်၊ တစ်ယောက်က နော်ကတစ်ယောက်သောက်ဖို့ ခေါ်လာရင် တစ်ယောက်အတွက် Fee ပေးတယ် … ဆိုင်ကိုလာရင် တန်းစီစရာမလိုဘဲ အိမ်က ထွက်လာာကတည်းက App ကနေ အော်ဒါတင်ထားလိုက် ဆိုင်မှာ တန်းပြီးတော့ ဝင်ယူရုံပဲ … တန်းစီစောင့်စရာမလိုဘူး … ရုံးတက်နေရင်း ကော်ဖီသောက်ချင်တယ် မထွက်အားရင်လည်း App ကနေ လှမ်းမှာလိုက် … Deli နဲ့ လာပို့ပေးတယ် … ဈေးနှုန်းကလေည်း Starbucks ထက် သက်သာတယ်
သက်သာတယ်ဆိုသူက ဆိုင် (၃) မျိုး ရှိတယ် (၁) ပုံမှန်အတိုင်း လာမယ်၊ ထိုင်မယ်၊ ကော်ဖီသောက်မယ်။ (၂) ကကျတော့ ကြိုပြီးတော့ အော်ဒါတင်ထားတဲ့ ကော်ဖီကို ယူရုံပဲထားတာ (၃) က Deli ပို့ရမယ့် ကော်ဖီအတွက်ပဲ ပြင်တာ အဲဒီတော့ ဆိုင်တိုင်းအတွက် ငှားရမ်းခတွေက များမနေဘူး၊ ပြီးတော့ လူတွေက ပိုလွယ်တာကို ကြိုက်တယ် … ဆိုပါတော့ ကျွန်တော် မြို့ထဲက ပြန်လာတယ် .. အိမ်ရောက်ရင် စားစရာ မရှိဘူး၊ လှည်တန်းမှာ ကျွန်တော်စားချင်တာ ရှိတယ် … ဖုန်းနဲ့ ဘိုကင် တင်လိုက်မယ် … ရောက်ရင်ကားလေး ခဏရပ်ပြီး ယူသွားရုံပဲ အဲလိုရမယ်ဆိုရင် ကျွန်တော်လည်း ပိုဝယ်မိမှာပါပဲ။ (ကျွန်တော်ဆီမှာက Mobile Money က မတွင်ကျယ်သေးတော့ မှာပြီးလာမယူမှာလဲ စိုးရတော့ ဆိုင်ေ်တွက အဆင်မပြေဘူး) Luckin ကကျတော့ ပိုက်ဆံကိုလည်း Mobile Money နဲ့ ပေးလို့ရတော့ အဆင်ပြေတယ်။
Luckin ဟာ Data Analysis ပိုင်းမှာလည်း တော်တော်လေး လုပ်တယ်လို့ ပြောရမယ် သူ့ရဲ့ ဆိုင်တွေကို နေရာ ရွေးဖို့အတွက် (၃) နေရာလောက် စမ်းပြီးဖွင့်တယ်၊ သူတို့ရဲ့ Target Customer နဲ့ ဘယ်လိုနေရာက ပိုအဆင်ပြေလဲ ဆိုတာကို တွက်ချက်တယ်၊ ကော်ဖီသောက်တာ ဆိုင်ထိုင်သောက်တဲ့ အလေ့အထ တင်မဟုတ်ဘူး ဆိုတာကိုလည်း တွေ့သွားတယ်၊ ကြိုမှာပြီးဝင်ယူတာ၊ Deli နဲ့ ပို့ပေးတာ စတဲ့ Differentiation တွေ လုပ်နိုင်တယ်၊ Luckin ဟာ Customer တွေ ဘာလိုလဲ ဆိုတာကို မြင်အောင် ကြည့်နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အခုဆိုရင် Starbucks တောင် တင်းမခံနိုင်တော့ဘဲ Deli ပို့ရတဲ့ အဖြစ် ဖြစ်သွားပြီ .. Physical Store မှာ မှာတာကိုက Starbucks ထက် ပိုပြီးတော့ မြန်ပါတယ် …
၂၀၁၇ ကမှ စတဲ့ ဒီ Brand ဟာ ၂ နှစ်စွန်းစွန်း၊ ၃-နှစ်ထဲ ဝင်စလေးမှာ ဒီလောက်ဖြစ်အောင် ဝုန်းသွားနိုင်တာ တော်တော်ချီးကျူးဖို့ ကောင်းပါတယ်၊ ပိုက်ဆံ ဘယ်လောက်ပဲ သုံးနိုင် သုံးနိုင် Customer နဲ့ သဟဇာတ မဖြစ်ရင် သိတော့ သိသွားမယ် ဒါပေမယ့် ရေရှည်ရောင်းဖို့ မလွယ်ပါဘူး .. ဘယ်ဈေးကွက်မှာ မဆို မားကက်ရှယ်ယာ အများဆုံးရထားတဲ့ သူတွေလည်း ပေါ့နေလို့မရဘူး ဆိုတာ Luckin က ပြသွားတာပါပဲ .. ထို့အတူ အသစ်တွေ အနေနဲ့လည်း အကြီးကြီးတွေကို တိုးနိုင်ပါ့မလား ဆိုတဲ့ အတွေးကို ဖယ်ထုတ်နိုင်အောင် ပြသွားသလိုပါပဲ ..
ဒီလုပ်ငန်း မြန်မာပြည်မှာဆို အောင်မြင်နိုင်လား … ? ဒီလိုမေးလာရင်တော့
Myanmar is Myanmar ပါပဲ .. မြန်မာမှာ လုပ်ရင် မြန်မာ ဘာကြိုက်လဲ … ? မြန်မာနဲ့ ဘာက သဟဇာတ ဖြစ်လဲ ဆိုတာကို စဉ်းစားရမှာပါ … သေချာတယ် .. ကျွန်တော် ထင်တယ် … မြန်မာမှာဆို Luckin မအောင်မြင်နိုင်ပါဘူး … ဘာကြောင့်လဲ … ?
နံပါတ် (၁) ကော်ဖီ ယဉ်ကျေးမှု က အရမ်း Strong မဖြစ်သေးဘူး
(ဘီယာကို အိမ်တိုင်ရာရောက်၊ ပါတီလုပ်မယ့်နေရာ အရောက် အေးအေးကို ထိန်းပြီး ပို့နိုင်ရင်တော့ တော်တော် အဆင်ပြေလောက်တယ်-စကားချပ်)
နံပါတ် (၂) Mobile Money က အဆင်မပြေသေးတော့ Pre Order တွေမှာ Cancel တွေ ဖြစ်နိုင်တယ်၊
နံပါတ် (၃) လက်ဖျော်/ စက်ဖျော် အရသာ ဆိုတာထက် Instant ယဉ်ကျေးမှုက ပိုအားကောင်းနေသေးတယ်
(ဒါမေပယ့် ဆိုက္ကားတို့၊ မွှေးတို့၊ မင်္ဂလာပါ တို့လည်း ဖောက်နေကြသလို ပေါက်တော့ ပေါက်နေပါတယ်၊ သူတို့လည်း instant လိုင်းကိုပဲ ဖောက်နေကြတာပါ)
ဘာပဲ ဖြစ်ဖြစ် ရေးရင်း ရေးရင်းနဲ့ တောင်ရောက် မြောက်ရောက်တွေ ဖြစ်ကုန်ပြီဆိုတော့ ဒီလောက်နဲ့ပဲ နားပါတော့မယ် …
စာဖတ်သူ လုပ်ငန်းလုပ်ချင်သူ၊ လုပ်ငန်းလုပ်နေသူတွေ အတွက် တွေးဆစရာ တစ်စုံတစ်ရာ ရမယ်လို့ ယုံကြည်ပါတယ်
ကျေးဇူးတင်ပါတယ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 28, Ground Floor, Shwe Dagon Pagoda Road
Yangon
11142
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |