U Book Store

U Book Store

Share

Education Solutions Providers

02/07/2026

🚗 ကစားရင်းနဲ့ သင်ယူမယ် - Hands-on Educational Learning Kits 🚀
ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ပဲ အချိန်ကုန်နေတဲ့ သားသားမီးမီးတို့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးစေမယ့် နည်းလမ်းကောင်းတစ်ခု ရှိပါတယ်!
Wonder House ကနေ အထူးထုတ်ဝေလိုက်တဲ့ ကလေးတို့အကြိုက် Hands-on Educational Kits (၃) အုပ် ကို U Book Store မှာ အဆင်သင့် ဝယ်ယူရရှိနိုင်ပါပြီ။ လက်နဲ့တိုက်ရိုက် ထိတွေ့ကိုင်တွယ်ပြီး ဆော့ကစားရင်း သင်ယူရတာမို့ ကလေးတို့ရဲ့ အာရုံစူးစိုက်မှုနဲ့ အရည်အချင်းတွေကို အကောင်းဆုံး ပျိုးထောင်ပေးနိုင်မှာပါ။
ဘယ်လိုစိတ်ဝင်စားစရာ စာအုပ်လေးတွေလဲဆိုတာ အတူတူကြည့်လိုက်ရအောင် 👇

1️⃣ My First Stickers Book: 100 Vehicles 🚙
ကား၊ ရထား၊ လေယာဉ်ပျံတွေကို သဘောကျတဲ့ သားသားမီးမီးတို့အတွက် အကြိုက်တွေ့စေမယ့် စတစ်ကာစာအုပ်လေးပါ။

ဘာတွေပါလဲဆိုရင် : စတစ်ကာပေါင်း (၁၀၀) ကျော်ကို စာအုပ်ထဲမှာ စနစ်တကျ ကပ်ရင်း ယာဉ်အမျိုးမျိုးရဲ့ အခေါ်အဝေါ်တွေကို လေ့လာနိုင်မယ်။
ကလေးအတွက် အကျိုးကျေးဇူး: စတစ်ကာခွာကပ်လုပ်ခြင်းက ကလေးတို့ရဲ့ လက်ချောင်းလေးတွေ သန်မာစေပြီး (Fine Motor Skills) မျက်စိနဲ့ လက်နဲ့ တစ်သားတည်း လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေပါတယ်။

2️⃣ 201 Amazing Activity Book 🎨
ကလေးတွေ ငြိမ်ငြိမ်လေးနဲ့ အာရုံစူးစိုက်မှုကောင်းလာဖို့ ဉာဏ်စမ်းဂိမ်းပေါင်း ၂၀၁ ခု ပါဝင်တဲ့ စာအုပ်ကြီးပါ။
ဘာတွေပါလဲ‌ဆိုရင်: ရောင်စုံခြယ်တာ၊ ဝင်္ကပါရှာတာ (Mazes)၊ အစက်အပြောက်ဆက်တာ (Dot-to-Dot) နဲ့ ပဟေဠိ အစုံအလင် ပါဝင်ပါတယ်။
ကလေးအတွက် အကျိုးကျေးဇူး: ပြဿနာကို ကိုယ်တိုင်ဖြေရှင်းတတ်တဲ့ အလေ့အထ (Problem-Solving) ကို မွေးမြူပေးပြီး တီထွင်ဖန်တီးနိုင်စွမ်းကို နှိုးဆွပေးပါတယ်။

3️⃣ 201 Sight Words 📚
အင်္ဂလိပ်စာကို အခြေခံကစပြီး ကိုယ်တိုင်ဖတ်တတ်ချင်တဲ့ ကလေးတို့အတွက် မရှိမဖြစ် စာအုပ်ပါ။Sight Words ဆိုတာ စာဖတ်တဲ့အခါ ခဏခဏတွေ့ရပြီး မြင်တာနဲ့ တန်းသိနေရမယ့် စကားလုံးတွေ ဖြစ်ပါတယ်။
ဘာတွေပါလဲဆိုရင်: အသုံးများဆုံး စကားလုံး ၂၀၁ ခုကို ချစ်စရာ ရုပ်ပုံလေးတွေ၊ ဥပမာစာကြောင်းလေးတွေနဲ့ လေ့လာရမှာပါ။
ကလေးအတွက် အကျိုးကျေးဇူး: စာလုံးတွေကို အလွယ်တကူ မှတ်မိစေပြီး ကလေးရဲ့ အင်္ဂလိပ်စာ ဖတ်စွမ်းရည် (Reading Vocabulary) ကို သိသိသာသာ မြန်ဆန်လာစေပါတယ်။

✨ Wonder House စာအုပ်တွေရဲ့ ထူးခြားချက်: ရုပ်ပုံအရောင်အသွေးတွေက တောက်ပစွဲမက်စရာကောင်းပြီး ကလေးတို့ရဲ့ အရွယ်အစားနဲ့ ကိုက်ညီအောင် စက္ကူသားအထူစား သုံးပေးထားလို့ အလွယ်တကူ ဆုတ်ပြဲမသွားပါဘူး။
ဖုန်းစခရင်တွေရှေ့မှာ အချိန်ကုန်မယ့်အစား ဒီလို Hands-on Educational Kits လေးတွေနဲ့ ကလေးရဲ့ ဦးနှောက်ကို အားဖြည့်ပေးလိုက်ပါ။

U Book Store က နိုင်ငံခြား Authentic Original စာအုပ်နဲ့ Origianl Game Boardတွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။

✨ မှာယူလိုပါက: 💬 page Messenger သို့ စာပို့နိုင်သလို
☎️ Phone Number: 09977221703 သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်။

"ကလေးများအတွက် အကောင်းဆုံးရွေးချယ်ရာ - U Book Store ပါ" 💡

24/06/2026

🎲 Weekend မှာ ဖုန်းကြည့်မယ့်အစား ကလေးတွေနဲ့အတူ Board Game ကစားကြရအောင် 👨‍👩‍👧‍👦✨

ကျောင်းပိတ်ရက် Weekend လေးမှာ ကလေးတွေနဲ့အတူ တန်ဖိုးရှိပြီး ပျော်စရာကောင်းတဲ့ မိသားစုအခိုက်အတန့်လေးတွေကို အတူတူဖန်တီးလိုက်ရအောင်။ တစ်အိမ်သားလုံး ဆုံဆည်းနေတုန်းမှာ အချင်းချင်း စကားတွေအများကြီးပြောဖြစ်ပြီး ပိုမိုရင်းနှီးချစ်ခင်လာစေဖို့နဲ့ ကလေးတို့ရဲ့ ငယ်ဘဝအချိန်လေးတွေကို ပျော်ရွှင်စရာအမှတ်တရတွေနဲ့ ဖြည့်ဆည်းပေးဖို့အတွက် အိမ်မှာတင် အတူတူဆော့ကစားလို့ရမယ့် အစီအစဉ်ကောင်းလေးတစ်ခု ရှိပါတယ်နော်။

U Book Store ကနေပြီး ပိတ်ရက်မိသားစုအချိန်လေးတွေကို ပိုမိုအဓိပ္ပာယ်ရှိစေမယ့်အပြင် ကစားရင်းနဲ့ ကလေးတို့ရဲ့ ဉာဏ်ရည်နဲ့ ဗဟုသုတကို တိုးတက်စေမယ့် Best-Seller Board Game တွေကို ညွှန်းပေးပါရစေ။ 👇

1️⃣ Knowledge Safari (Part 1 & 2) — ကစားရင်းသင်ယူမယ့် ဗဟုသုတရတနာသိုက် 🧩🌍
ကလေးတို့ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် စာအုပ်ဖတ်ရုံပဲလား? မဟုတ်ပါဘူး။ သိပ္ပံ၊ ပထဝီနဲ့ General Knowledge တွေကို ပျော်ပျော်ပါးပါး လေ့လာနိုင်ဖို့ မေးခွန်းနဲ့အဖြေပေါင်း (၁,၄၄၀) ကျော် ပါဝင်တဲ့ ပညာပေး Board Game များ ဖြစ်ပါတယ်။

📍 Knowledge Safari (Part 1) [သမိုင်း၊ လူသားနှင့် အနုပညာ]: ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအကြောင်း၊ လူသားတို့ရဲ့ ယဉ်ကျေးမှု သမိုင်းကြောင်းတွေကို မေးခွန်း (၇၂၀) နဲ့ ဉာဏ်စမ်းရမှာပါ။

ပါဝင်တဲ့ကဏ္ဍများ: Arts, Movies & Philosophies | Sports | Inventions & Explorations | History & Politics

📍 Knowledge Safari (Part 2) [ကမ္ဘာ့ပထဝီနှင့် သဘာဝအံ့ဖွယ်]: အိမ်ထဲမှာတင် ထိုင်နေရင်း ကမ္ဘာပတ်ရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်ပြီး ကမ္ဘာ့ပထဝီဝင်နဲ့ သဘာဝတရားရဲ့ အံ့ဖွယ်တွေဆီကို ဦးတည်မိတ်ဆက်ပေးသွားမှာပါ။

ပါဝင်တဲ့ကဏ္ဍများ: Continents and Oceans | Countries and Cities | Famous Tourist Places | Earth’s Extremes

2️⃣ International Business Game — နိုင်ငံတကာလှည့်ပြီး စီးပွားရေးလုပ်ကြမယ် 💰🎲
မိဘတွေအတွက် ငယ်ဘဝအမှတ်တရတွေကို ပြန်လည်ပုံဖော်ပေးပြီး ကလေးတွေအတွက် လက်တွေ့အကျဆုံး ဖြစ်စေမယ့် Classic ဂိမ်းကြီးပါ။ Monopoly ကစားနည်းစနစ်အတိုင်း ကမ္ဘာ့နိုင်ငံတွေကို လှည့်ပတ်ရင်း အပြိုင်အဆိုင် စီးပွားရေးလုပ်ရမှာ ဖြစ်ပါတယ်။

ငွေကြေးစီမံခန့်ခွဲမှု : ဘဏ်နဲ့ ဆက်သွယ်လုပ်ကိုင်တာ၊ နိုင်ငံတွေကို ဝယ်ယူရင်း အိမ်ငှားခကောက်တာတွေက ကလေးတွေကို ငွေကြေးတန်ဖိုးနဲ့ စီးပွားရေးတွေးခေါ်မှုကို လက်တွေ့ကျကျ နားလည်စေပါတယ်။

နိုင်ငံတကာ ပထဝီဝင်ဗဟုသုတ : အမေရိကန်၊ အိန္ဒိယ၊ သြစတေးလျအထိ ကမ္ဘာပတ်ရင်း အိမ်တွေ၊ ဟိုတယ်တွေ ဆောက်ကြမယ်။ ဂိမ်းကစားရင်းနဲ့တင် နိုင်ငံအမည်တွေနဲ့ ၎င်းတို့ရဲ့တည်နေရာတွေကို ကလေးတွေ အလိုလို မှတ်မိသွားစေပါတယ်။

အရည်အသွေးမြင့် ကစားနည်း: Player (၂) ဦးမှ (၆) ဦးအထိ ဆော့နိုင်ပြီး အရည်အသွေးမြင့် Board ပြားနဲ့ Play Money ကတ်တွေ ပါဝင်လို့ ပိုက်ဆံပြဲမှာ၊ ရေစိုမှာ စိုးရိမ်စရာမလိုဘဲ စိတ်ကြိုက်ဆော့နိုင်ပါတယ်။

3️⃣ Other Educational & Fun Board Games 🧩🧠
ဒါတင်မကသေးပါဘူး... ကလေးတို့ရဲ့ ဉာဏ်ရည်ကို ဘက်စုံဖွံ့ဖြိုးစေပြီး တီထွင်ဖန်တီးနိုင်စွမ်း (Creativity) ကို လုံ့ဆော်ပေးမယ့် သင်ယူမှုကစားနည်း (Educational Games) မျိုးစုံလည်း U Book Store မှာ အဆင်သင့်ရှိနေပါတယ်!

U Book Store က နိုင်ငံခြား Authentic Original စာအုပ်နဲ့ Origianl Game Boardတွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။

✨ မှာယူလိုပါက: 💬 page Messenger သို့ စာပို့နိုင်သလို
☎️ Phone Number: 09977221703 သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်။

"ကလေးများအတွက် အကောင်းဆုံးရွေးချယ်ရာ - U Book Store ပါ" 💡

Photos from U Book Store's post 22/06/2026

Fresh Arrival! နိုင်ငံတကာအသိအမှတ်ပြု Authentic ကလေးပုံပြင်စာအုပ်များး 📚✨

ဖေဖေမေမေတို့ရေ… သားသားမီးမီးတို့ရဲ့ စာဖတ်စွမ်းရည်၊ အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်းတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးနိုင်ဖို့ U Book Store မှာ အသစ်စက်စက် ရောက်ရှိလာတဲ့ နိုင်ငံတကာအသိအမှတ်ပြု Authentic ကလေးစာအုပ်ကောင်းလေးတွေကို မိတ်ဆက်ပေးပါရစေခင်ဗျာ။ 🥰

ဒီတစ်ခေါက် Fresh Arrival မှာဆိုရင် ကလေးတို့အကြိုက် ကမ္ဘာကျော် စာအုပ်တိုက်ကြီးတွေရဲ့ အရည်အသွေးမြင့် စာအုပ်မျိုးစုံကို အောက်ပါအတိုင်း စုံစုံလင်လင် ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

🌟 UK အခြေစိုက် Igloo Books ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်များ
You are Big Brother / Big Sister 👦👧 အိမ်မှာ မောင်လေး၊ ညီမလေးအသစ် ရလာတော့မယ့် သားကြီး/သမီးကြီးလေးတွေအတွက် အစ်ကိုကြီး၊ အစ်မကြီး တာဝန်တွေကို ပျော်ရွှင်စွာ နားလည်လက်ခံတတ်စေဖို့ အေးချမ်းတဲ့ ပုံပြင်လေးတွေနဲ့ ဖော်ပြပေးထားတဲ့ စာအုပ်လေးပါ။

Magical Stories (5-Minute Tales) 🦄✨ တစ်ပတ်တာရဲ့ နေ့ရက်တိုင်းအတွက် (၇) ရက် (၇) ပုဒ် တိတိ ပါဝင်ပြီး၊ ညအိပ်ရာဝင်ခါနီး (၅) မိနစ်အတွင်း ဖတ်ပြရုံနဲ့ ကလေးတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို ပိုမိုဆန်းသစ်စေမယ့် မှော်ဆန်ဆန် ပုံပြင်အလန်းစား ၇ပုဒ်ဖြစ်ပါတယ်။

Look I am Happy💖🤩 ကလေးငယ်တို့ရဲ့ စိတ်လှုပ်ရှားမှု (Emotions) တွေကို ဖော်ပြတတ်စေဖို့ ပညာပေးရုပ်ပြစာအုပ်လေးဖြစ်ပြီး၊ စာအုပ်ထဲမှာ မှန်အစစ်လေး (Safety Mirror) ပါဝင်တာကြောင့် ကလေးငယ်က ပျော်ရွှင်တဲ့မျက်နှာ (Happy)၊ အံ့သြတဲ့မျက်နှာ (Surprised) စတာတွေကို မှန်ထဲကြည့်ပြီး အတူတူလိုက်လုပ်ရင်း အပြန်အလှန် (Interactive) ဆော့ကစားနိုင်မှာပါ။

🦁 Mind to Mind ရဲ့ Animal Series (ရွေးချယ်စရာ စုစုပေါင်း ၁၆ အုပ်)
တိရစ္ဆာန်ကမ္ဘာအကြောင်း စိတ်ဝင်စားတဲ့ သားသားမီးမီးတို့အတွက် ခေါင်းစဉ်စုံလင်လှတဲ့ Animal Series စာအုပ် စုစုပေါင်း (၁၆) အုပ် တောင် ရောက်ရှိလို့လာပါပြီ။
ရောင်စုံရုပ်ပုံလှလှလေးတွေနဲ့အတူ သဘာဝတောတောင်ထဲက သတ္တဝါလေးတွေရဲ့ အကြောင်းကို အင်္ဂလိပ်စာအသုံးအနှုန်း အလွယ်ကူဆုံးနဲ့ ဖတ်ရှုလေ့လာနိုင်မှာမလို့ Vocabularyတိုးတက်ဖို့အတွက် အကောင်းဆုံးပါပဲ။

🏰 Wonder House ရဲ့ Pop-Up Books (ရွေးချယ်စရာ စုစုပေါင်း ၆ အုပ်)
စာမျက်နှာလေးတွေကို လှန်လိုက်တာနဲ့ ရုပ်ပုံလေးတွေက အပြင်မှာ တကယ်ရှိနေသလို အသက်ဝင်လှုပ်ရှားလာမယ့် Pop-Up ရုပ်ကြွစာအုပ်လေးတွေ ကိုလည်း (၆) အုပ် တိတိ စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
စာဖတ်ရုံတင်မကဘဲ လက်ကလေးနဲ့ ကိုင်တွယ်ဆော့ကစားရင်း ပုံပြင်ကမ္ဘာထဲကို စီးမျောသွားစေမှာမလို့ ကလေးတို့ အကြိုက်ဆုံးနဲ့ အသည်းစွဲဖြစ်စေမယ့် စာအုပ်လေးတွေပါ။

💎 U Book Store က ကလေးငယ်တွေအတွက် စိတ်ချရတဲ့ နိုင်ငံခြား Authentic Original Book တွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်ပါတယ်။

✨စာအုပ်လေးတွေ ကိုမှာယူချင်တယ်ဆိုရင်တော့ page messenger နဲ့
☎️ 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 – 09977221703 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။

"ကလေးများရဲ့အကောင်းဆုံးရွေးချယ်ရာ 𝑼 𝑩𝒐𝒐𝒌 𝑺𝒕𝒐𝒓𝒆 ပါ " 💡

04/06/2026

ကလေးတို့စိတ်ကြိုက် ပုံဖော်ပေးထားတဲ့ Mind to Mind ရဲ့ "I am a..." Series 🐾

မလေးရှားနိုင်ငံထုတ် နာမည်ကြီး ကလေးစာပေအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Mind to Mind ရဲ့ ကမ္ဘာကျော် "I am a..." Series (၁၆ အုပ်တွဲ) ကို ကျွန်တော်တို့ရဲ့ U Book Store မှာ အစုံအလင် ပြန်လည်ရရှိနေပါပြီခင်ဗျာ။ ✨

ဒီစာအုပ်အတွဲလေးဟာ စာဖတ်စအရွယ် ကလေးငယ်တွေအတွက် အခြေခံအင်္ဂလိပ်စာရော၊ တိရစ္ဆာန်လေးတွေရဲ့ သဘာဝဗဟုသုတကိုပါ တစ်ပြိုင်နက်တည်း ပေးစွမ်းနိုင်လို့ မိဘတွေ ကြိုက်ကြတဲ့ Series တစ်ခု ဖြစ်ပါတယ်။ ရိုးရိုးမြင်နေကျ စာအုပ်ပုံစံတွေနဲ့မတူဘဲ ကလေးတွေအကြိုက်ဆုံး တိရစ္ဆာန် ၁၆ ကောင်ရဲ့ ခန္ဓာကိုယ် shape အတိုင်း Die-cut (ပုံဖော်) ဖြတ်တောက်ပေးထားလို့ သားသားမီးမီးတို့ လက်ကမချချင်အောင် ဖြစ်နေမှာပါ။ 🥰🥰🥰

ဒီ Series လေးရဲ့ အဓိက အားသာချက်များ
🌟Premium Quality စက္ကူနှင့် ဆေးသား
မလေးရှားနိုင်ငံထုတ် မူရင်းစာအုပ်စစ်စစ် ဖြစ်လို့ အရောင်အသွေး စုံလင်တောက်ပပြီး ကလေးငယ်တွေ ကိုင်တွယ်ဆော့ကစားပြီး ဖတ်တဲ့အခါ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် Quality အကောင်းဆုံး စက္ကူသားနဲ့ ဘေးကင်းတဲ့ ဆေးသားကိုသာ သုံးစွဲထားပါတယ်။

🌟Early Readers ကလေးငယ်များအတွက် အဆင်ပြေခြင်း
စကားလုံး ရိုးရိုးရှင်းရှင်းနဲ့ စာလုံးကြီးကြီး ရေးသားထားလို့ အင်္ဂလိပ်စာ စတင်လေ့လာနေတဲ့ ကလေးတွေရဲ့ စကားလုံးမှတ်မိနိုင်စွမ်းကို သိသိသာသာ တိုးတက်စေပါတယ်။

🌟ရင်းနှီးလွယ်သော ပုံပြင်ပြောဟန်
"ငါကတော့ ဆင်ကြီးပါ..." စသဖြင့် တိရစ္ဆာန်လေးတွေက သူတို့အကြောင်းကို ကိုယ်တိုင်မိတ်ဆက်တဲ့ ပထမလူ (First-person) ပုံစံမျိုးနဲ့ ရေးသားထားလို့ ကလေးတွေ နားထောင်ရတာ ပိုပြီး ရင်ဘတ်ထဲ ရောက်စေပါတယ်။

🐾 Series တစ်ခုလုံးမှာ ချစ်စရာတိရစ္ဆာန် ၁၆ ကောင် စုံစုံလင်လင် ပါဝင်ပါတယ် -
🐱 Cat (ကြောင်) | 🐶 Dog (ခွေး) | 🐘 Elephant (ဆင်) | 🐸 Frog (ဖား)
🦛 Hippopotamus (ရေမြင်း) | 🐎 Horse (မြင်း) | 🦁 Lion (ခြင်္သေ့) | 🐒 Monkey (မျောက်)
🐼 Panda (ပန်ဒါ) | 🐧 Penguin (ပင်ဂွင်း) | 🐰 Rabbit (ယုန်) | 🦏 Rhinoceros (ကြံ့)
🐑 Sheep (သိုး) | 🐍 Snake (မြွေ) | 🐯 Tiger (ကျား) | 🐢 Turtle (လိပ်)

တစ်အုပ်ကို စာမျက်နှာ ၁၆ မျက်နှာစီ ပါဝင်ပြီး အရောင်အသွေးစုံလင်လှပတဲ့အတွက် မိဘတွေနဲ့ ကလေးတွေ တူတူဖတ်ရင်း အရည်အသွေးရှိတဲ့ မိသားစုအချိန် (Quality Time) ကို ဖြတ်သန်းနိုင်မှာပါ။ စာအုပ်အတုအပ မဟုတ်ဘဲ Original Series စစ်စစ်ကိုမှ ရှာဖွေနေတဲ့ မိဘများအတွက် U Book Store မှာ အဆင်သင့် ရှိနေပါပြီဗျာ ........

🛒 မှာယူလိုပါက: 📩 page Messenger မှတစ်ဆင့် ဖြစ်စေ၊

☎️ ဖုန်းနံပါတ် – 09-977221703 ကို ဆက်သွယ်၍ ဖြစ်စေ မှာယူနိုင်ပါပြီ။

"ကလေးများရဲ့ အကောင်းဆုံး ရွေးချယ်ရာ U Book Store ပါ" 💡📖

28/05/2026

ဘယ်တော့မှ အိပ်မပျော်တဲ့ အလုပ်သမားလေးများ။ 🐜💤

"ပုရွက်ဆိတ်တွေက ဘယ်တော့မှ မအိပ်ဘူး" ဆိုတဲ့ စကားကို သားသားမီးမီးတို့ကြားဖူးကြမှာပါ။ တကယ်တော့ ဒါက အမှန်ကြီး မဟုတ်ပါဘူးနော် သူတို့လည်း အိပ်စက်အနားယူကြပါတယ်၊ ဒါပေမဲ့ လူတွေအိပ်သလိုမျိုး ညဘက်ကြီး အကြာကြီး အိပ်ပစ်လိုက်တာမျိုး မဟုတ်ပါဘူး။

🔍ပုရွက်ဆိတ်လေးတွေရဲ့ ထူးခြားပြီး အံ့သြစရာကောင်းတဲ့ အိပ်စက်ခြင်း ပုံစံလေးတွေကတော့... 👇

🔹 တစ်ရေးနိုး အိပ်စက်ခြင်း (Power Naps): ပုရွက်ဆိတ်အလုပ်သမားတွေဟာ တစ်ခါအိပ်ရင် (၁) မိနစ်ကနေ (၅) မိနစ်လောက်အထိပဲ အချိန်တိုလေး ခဏတာ မှေးစက်လေ့ရှိပါတယ်။ 🕒

🔹 တစ်နေ့ကို အကြိမ်ပေါင်း ရာနဲ့ချီ အိပ်တယ်: အဲဒီလို မိနစ်ပိုင်းအိပ်စက်ခြင်းကို တစ်နေ့ထဲမှာတင် အကြိမ်ပေါင်း (၂၅၀) ကနေ (၃၀၀) ကျော်အထိ ခဏခဏ အိပ်ကြတာပါ။ အားလုံး စုစုပေါင်းလိုက်ရင်တော့ တစ်နေ့ကို (၄) နာရီကနေ (၅) နာရီလောက် အိပ်စက်အနားယူကြပါတယ်။ 😴

🔹 ဘုရင်မကြီးရဲ့ အခွင့်ထူး: အသိုက်ထဲက ပုရွက်ဆိတ်ဘုရင်မကြီးကတော့ အလုပ်သမားတွေထက် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ရပါတယ်။ တစ်ခါအိပ်ရင် (၉) မိနစ်လောက် ကြာတတ်ပြီး တစ်နေ့ကို (၉) နာရီအထိ အိပ်စက်ခွင့်ရှိပါတယ်။ ဒါကြောင့်လည်း ဘုရင်မကြီးတွေက အလုပ်သမားပုရွက်ဆိတ်တွေထက် အသက် ပိုရှည်ကြတာပါ။ 👑

ပုရွက်ဆိတ်လေးတွေဟာ တစ်နေကုန် မနားတမ်း အလုပ်လုပ်နေကြပုံ ပေါက်ပေမဲ့၊ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက် ပြန်လည်လန်းဆန်းဖို့အတွက် အချိန်တို Power Naps လေးတွေ ယူပြီး အနားယူတတ်ကြတာ တကယ်ကို အံ့သြဖို့ကောင်းပါတယ်။ 🧠✨

ဒီနေရာမှာ ကလေးတို့အတွက် အတုယူစရာ လျှို့ဝှက်ချက်လေး ရှိပါတယ်။ ကမ္ဘာပေါ်မှာ အလုပ်အကြိုးစားဆုံးဆိုတဲ့ ပုရွက်ဆိတ်လေးတွေတောင် ခန္ဓာကိုယ်နဲ့ ဦးနှောက် လန်းဆန်းဖို့အတွက် အနားယူခြင်းကို မဖြစ်မနေ လုပ်ကြတာပါ။ ကလေးတို့လည်း ပုရွက်ဆိတ်လေးတွေထက် ပိုတော်ပြီး ထက်မြက်တဲ့ Super Kids လေးတွေ ဖြစ်ဖို့ဆိုရင် ခန္ဓာကိုယ်နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးအောင် အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ ပိုတောင် လိုအပ်ပါတယ်နော်။ 🥰

ကမ္ဘာလောကကြီးရဲ့ ထူးဆန်းအံ့သြဖွယ် သဘာဝသိပ္ပံဗဟုသုတတွေနဲ့ ကလေးတို့ရဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွပေးမယ့် သိပ္ပံနဲ့ ဗဟုသုတစာအုပ်ကောင်းမျိုးစုံကိုလည်း U Book Store မှာ အမြဲ ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ 🌍🔬

💎 U Book Store က ကလေးငယ်တွေအတွက် စိတ်ချရတဲ့ နိုင်ငံခြား Authentic Original Book တွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ၁၀၀% ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်ပါတယ်။

🛒 မှာယူလိုပါက: 📩 page Messenger မှတစ်ဆင့် ဖြစ်စေ၊

☎️ ဖုန်းနံပါတ် – 09-977221703 ကို ဆက်သွယ်၍ ဖြစ်စေ မှာယူနိုင်ပါပြီ။

"ကလေးများရဲ့ အကောင်းဆုံး ရွေးချယ်ရာ U Book Store ပါ" 💡📖

27/05/2026

စာအုပ်ဖတ်တဲ့ ကလေးတွေက ဘာလို့ ပိုပြီး ကိုယ်ချင်းစာစိတ် ရှိကြတာလဲ?📖❤️

စာအုပ်ဖတ်ခြင်းက ကလေးတွေကို စာတတ်ရုံတင်မကဘဲ သူတစ်ပါးအပေါ် နားလည်ပေးနိုင်တဲ့ "ကိုယ်ချင်းစာစိတ်" (Empathy) ကိုလည်း အလိုအလျောက် ပျိုးထောင်ပေးပါတယ်။ 🫂 ဒါက အရွယ်ရောက်လာတဲ့အခါ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ အရေးကြီးဆုံး စိတ်ဓာတ်တစ်ခုပါ။ ✨

ကလေးတွေ ပုံပြင်စာအုပ်တွေ ဖတ်တဲ့အခါ သူတို့ရဲ့ ဦးနှောက်ထဲမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ 🧠

အခြားသူနေရာမှာ ဝင်ခံစားတတ်လာတယ်💭

ဇာတ်ကောင်လေးတွေ ခံစားရတဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို လိုက်ဖတ်ရင်း "သူ့နေရာမှာ ငါဆိုရင်ကော" ဆိုတဲ့ အတွေးမျိုး တွေးတတ်လာပါတယ်။

ကွဲပြားခြားနားမှုတွေကို နားလည်လာတယ်🤝

မတူညီတဲ့ နောက်ခံအကြောင်းအရင်း၊ မတူညီတဲ့ စရိုက်တွေပါတဲ့ ဇာတ်ကောင်လေးတွေကို တွေ့ရတဲ့အခါ မိမိနဲ့မတူတဲ့ သူတပါးကို လက်ခံပေးနိုင်စွမ်း ရှိလာပါတယ်။

ကူညီဖေးမလိုစိတ် ရှိလာတယ်💕

ပုံပြင်ထဲက ဇာတ်လိုက်လေးတွေ ဒုက္ခရောက်နေသူကို ကူညီတာကို မြင်ရတဲ့အခါ အပြင်လောကမှာလည်း သူငယ်ချင်းတွေအပေါ် ပိုပြီး ကြင်နာတတ်လာပါတယ်။

စာအုပ်ဆိုတာ ကလေးတွေအတွက် တစ်ပါးသူရဲ့ ခံစားချက်ကို နားလည်ဖို့ သင်ယူရတဲ့ အကောင်းဆုံး ပြတင်းပေါက်တစ်ခုပါ။ ကလေးကို တော်ရုံတင်မကဘဲ ကြင်နာတတ်တဲ့ ကလေးတစ်ယောက် ဖြစ်စေချင်ရင် စာအုပ်ကောင်းလေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါ။

ကလေးတို့ရဲ့ စိတ်နှလုံးကို နူးညံ့ပျော့ပျောင်းစေမယ့် ကလေးပုံပြင်စာအုပ်ကောင်းတွေကို U Book Store မှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ 📚✨

💎 U Book Store က ကလေးငယ်တွေအတွက် စိတ်ချရတဲ့ နိုင်ငံခြား Authentic Original Book တွေကိုသာ တင်သွင်းဖြန့်ဖြူးပေးနေတာကြောင့် အရည်အသွေးပိုင်းမှာ ၁၀၀% ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်ပါတယ်။

🛒 မှာယူလိုပါက: 📩 page Messenger မှတစ်ဆင့် ဖြစ်စေ၊

☎️ ဖုန်းနံပါတ် – 09-977221703 ကို ဆက်သွယ်၍ ဖြစ်စေ မှာယူနိုင်ပါပြီ။

"ကလေးများရဲ့ အကောင်းဆုံး ရွေးချယ်ရာ U Book Store ပါ" 💡📖

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 1110, Tower(B), Myaing Hay Wun Condo, 8th Miles Mayangone Township
Yangon
11181

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30