Photon Wave Technology
Photon Wave Technology : The Future of Secure, High-Speed Internet
Photon Wave သုံးစွဲသူ Client ကြီးများခင်ဗျာ။ Photon Wave Server များထဲမှ Server အမှတ် ၁ တွင် IP assign error ဖြစ်ပေါ်နေပါသဖြင့် ချိတ်ဆက်၍ မရခြင်းများရှိပါက Photon Wave id လေးဖြင့် Complaint ပြုလုပ်လို့ရပါတယ်ခင်ဗျာ။ Server Ban ခံရခြင်းမျိုးမဟုတ်ပဲ IP assign လုပ်ပေးတဲ့စနစ်လေးချွတ်ယွင်းသွားခဲ့လို့ပါခင်ဗျာ။ အဆင်မပြေမှုလေးဖြစ်ခဲ့တဲ့အပေါ် Photon Wave မိသားစုမှတောင်းပန်အပ်ပါတယ်ခင်ဗျာ။ မူရင်း Server နှင့် မူလသက်တမ်းများအတိုင်းပြန်ရပါ့မယ်ခင်ဗျာ။
Photon Wave Admin Team
05/04/2026
Photon Wave New Version QR စနစ်က
အဆင်သင့်ဖြစ်သွားပါပြီ။ Design Colour ဘာညာအနေအထားကတော့ဖြင့်ပေါ့ 🙄
Photon Wave Admin Team
ကျွန်တော်တို့ Client ထဲက နှစ်ဦး ဒီနေ့ကျွန်တော်တို့ဆီ Complaint လာပါတယ် တစ်လလုံး ကောင်းကောင်းမသုံးရသေးဘူးတဲ့။ နှစ်ဦးစလုံးတစ်ပုံစံတည်း Complaint ပါ။တစ်ဦးကတော့ Resolved ပါ ကျန်တစ်ဦးကတော့ On going ပါ။ ကျွန်တော်တို့လဲ "ဟာ အစ်မ ဘာလို့ Complaint မလုပ်တာလဲ"ပေါ့။ ပထမ Client ဆို Public Key error ဖြစ်နေတာပါ။ Server Ban ခံရတာမျိုးလဲမဟုတ်။ Import သွင်းတဲ့အချိန်မှာ Error ဖြစ်ပြီး ပြန်Connect တဲ့အချိန် Server က Reject လုပ်သလိုဖြစ်နေတာ။ အားနာလို့ Complaint မလုပ်တာတဲ့။ 🥺 ကျွန်တော်တို့ Photon Wave ကို အားနာစရာလုံးဝ(လုံးဝ) ကိုမလိုတာပါ။ ကျွန်တော်တို့ အနေနဲ့က ဝန်ဆောင်မှု လုပ်ငန်းလုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ Client တစ်ဦးစီတိုင်းကို အကောင်းဆုံးဆိုတဲ့ဝန်ဆောင်မှုပေးဖို့အသင့်ရှိသလို အဆိုပါဝန်ဆောင်မှုအတွက်လဲ ကျွန်တော်တို့ အခကြေးငွေရယူထားပြီးဖြစ်ပါတယ်။ တစ်လစာ ဝန်ဆောင်မှုရယူထားပြီးရင် တစ်လစာလုံးအတွက် စက္ကန့်မလပ် ကျွန်တော်တို့ တာဝန်ရှိပါတယ်။ စာချုပ်စာတမ်းတွေနဲ့ကြီးကြီးကျယ်ကျယ်စာမချုပ်ထားပေမယ့် ဒါဟာ ကျွန်တော်တို့ Client တွေနဲ့ ကျွန်တော်တို့ကြားထဲက Agreement ပါ။ တစ်လသက်တမ်းကုန်သွားမှ ကျွန်တော်တို့ တာဝန်ပြီးမြောက်ပါတယ်။ ထို့အတူပဲ ၃ လ ၆ လ ၁ နှစ် ဝန်ဆောင်မှုရယူထားတဲ့ Client တွေလဲ ရယူထားတဲ့ ဝန်ဆောင်မှုကာလအတွင်း ကျွန်တော်တို့တာဝန်ရှိပါတယ်။ Client ၂၀၀၀ ကျော်ကိုကျွန်တော်တို့ ဝန်ဆောင်မှုပေးရတဲ့အခါ အားနဲချက်တွေရှိကောင်းရှိနိုင်ပါတယ်။ သုံးလို့အဆင်မပြေဘူးဆို အားနာစရာမလိုပါဘူး။ စိတ်တိုရင် CB ထိလာဆဲလဲ ကျွန်တော်တို့ လက်ခံရမှာပါ။ လုံးဝသုံးလို့အဆင်မပြေသလို ကျွန်တော်တို့ Service Team အနေနဲ့လဲ ဖြေရှင်းမပေးနိုင်တဲ့ ကိစ္စမျိုးဆိုရင် Full refund ကိုကျွန်တော်တို့ဆောင်ရွက်ပေးပါတယ်။ တချို့ Client တွေကျတော့ လိုင်းဖြတ်ဒေသမှာသုံးလို့ရတယ်ထင်ပြီးဝယ်မိတာတွေကြုံဖူးပါတယ်။ ရန်ကုန်မှာဝယ်သွားပြီး လိုင်းဖြတ်ဒေသရောက်သွားတော့သုံးလို့အဆင်မပြေဘူးပေါ့။ Complaint လုပ်လာတဲ့အခါ ကျွန်တော်တို့ Full refund ပြန်လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ မဖြေရှင်းပေးနိုင်တဲ့ကိစ္စမို့ပါ။ ကျန်ကိစ္စအားလုံးကို ကျွန်တော်တို့ Team က ဖြေရှင်းပေးနိုင်ပါတယ်။ Complaint လုပ်ဖို့ပဲ လိုတာပါ။ ဒါမှကျွန်တော်တို့ကအဆင်မပြေတာကိုသိပြီး ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာကိုသိတာမို့ပါ။ Photon Wave ကိုသည်းခံပြီးမသုံးပါနဲ့ဆိုတာ ကျွန်တော်တို့ ပြောလေ့ရှိပါတယ်။ တကယ်ပါ လုံးဝသည်းခံပြီးသုံးဖို့မလိုတာပါ။ စိတ်မရှည်လို့ ဆဲရင်တောင် မင်မင် Team က ရန်ပြန်မတွေ့ပဲ အကောင်းဆုံးဝန်ဆောင်မှုကိုပဲ ဆောင်ရွက်ပေးမှာပါ။ Client ၂၀၀၀ ကျော်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ Client ကြီးများရှိရင် ကျွန်တော်တို့ကိုပြောပေးပါ။ ဒါမှကျွန်တော်တို့ ဖြေရှင်းပေးလို့ရတာမို့ပါခင်ဗျာ။ လုံးဝအားနာဖို့မလိုပါဘူးခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ မည်သည့် Client တစ်ဦးတစ်ယောက်ရဲ့ Service Fees ကိုမှ အလကားယူရတာမျိုးလုံးဝအဖြစ်မခံနိုင်လို့ပါခင်ဗျာ။
Photon Wave Admin Team
မင်မင် Admin Team အပြင်သွားစရာလေးရှိလို့
Customer Service ကို ည ၁၀ နာရီအထိ
ထားထားသော်လဲ ဒီနေ့တစ်ရက်တော့
ဖုန်းလေးခဏပိတ်ထားပါ့မယ်ခင်ဗျာ
ည ၉ နာရီခွဲလောက်မှာ Online လေး
ပြန်ဖြစ်ပါမယ်ခင်ဗျ။
Photon Wave Admin Team
13/03/2026
မင်မင် Team ချွေးပျံတဲ့နေ့
နေ့လည်က Announce လုပ်လိုက်တယ် တစ်နာရီလောက်အတွင်း ဝန်ဆောင်မှုပေးနိုင်တော့မယ်ရယ်လို့ပေါ့။
ဘယ်နှယ့်ကသာ load test failed သွားတယ်လေ။ Ban ခံရတာမဟုတ်ဘူးနော် Server မှာ ကျွန်တော်တို့ SOP နဲ့ မကိုက်တဲ့ RAM ဆိုတာဟာရဲ့ Speed ။ Client 1800 ဝန်းကျင်အတွက်လဲ Run လိုက်ရော RAM က ခိုသံပေါက်သွားတယ်။ 🥲 အဲ့လိုနဲ့ Server ကုမ္ပဏီကို ချက်ချင်းလှမ်းပြော အဲ့ RAM မကြိုက်ဘူး ခုလဲပေး မရဘူးလဲပေး မလဲပေးရင် ငိုမှာနော်ဆိုပြီး ဂျီသွားကျတာ ကံကောင်းချင်တော့ ကုမ္ပဏီမှာ လိုချင်တဲ့ RAM ကအသင့်ရှိတယ်။ ကုမ္ပဏီနဲ့ဈေးပြန်ညှိတော့ ဈေးနဲနဲများပေမယ့်။ မတတ်နိုင် လဲပေးပါဆိုပြီးလဲခိုင်း။ OS ပြန် Install Config ပြန်လုပ်။ ပြန်စမ်း အဆင်ပြေသွားလို့ စိတ်ချပြီး နာရီတစ်ချက်ကြည့်လိုက်တော့ ည ၁၀ နာရီခွဲလေပြီ။ CB ဝင်လိုက်တော့ Client တွေကိုစာမပြန်ထားရသေးတာတစ်ပုံတစ်ပင်။ Network Admin နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်။ မင်းစာမပြန်တာ ဆိုတဲ့ ဘုရှိုးတွေနဲ့။ ပြီးတော့ အပြိုင်အဆိုင်လုပြီး Reply ပြန်ကြပေါ့။ ကဲအခုတော့ပီးပါပီ နောက်ဆုံး Client တစ်ဦးကိုလဲ Service ပေးပြီးပြီဆိုတော့ ညစာစားပါပီ။ ကြားထဲက Photon Wave ရဲ့ပင်မလုပ်ငန်းမှာ ပြသနာတက်လို့ ပြေးလုပ်ရတာကို ဤ ပို့စ်၌ချန်လှပ်ထားလိုက်ရသည်။ သို့သော် ပျော်ပါတယ်။ Photon Wave မင်မင်တွေ ကအလုပ်လုပ်နေရရင်ကို ပျော်တာ။မိမိတို့ Client တွေရဲ့ Positive Feedback လေးတွေပြန်ရတဲ့အချိန်မျိုးဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ ပင်ပမ်းသည်ဟုကိုမထင်။အဲ့အချိန်မျိုးဆို မင်မင်ကော်လံတစ်ထောင်ထောင်ပဲ 🥰
Photon Wave Admin Team
Finally!!!!!
Server အသစ် စက်စက်တစ်လုံးရရှိ။ Setup လုပ်ပြီး။
နောက်တစ်နာရီလောက် Performance Test စမ်းပြီးရင် ရပါပြီ။Client အသစ်များအား ဝန်ဆောင်မှုပြန်ပေးနိုင်ပါပြီ 😊
Photon Wave Admin Team
Photon Wave Client တွေ အားပေးကြမ်းချက်က Photon Wave မှာ ရှိသမျှသော Server တွေ Maximum Seat နီးပါးတွေဖြစ်နေပြီမို့ နောက် Server အသစ်တွေ မရခင်အထိ Client အသစ်တွေကို ဝန်ဆောင်မှုပေးခြင်း ခေတ္တ ရပ်ထားရပါတယ်။ လက်ရှိ ရှိရင်းစွဲ Client ကြီးတွေကတော့ သက်တမ်းတိုးတာမျိုးဆိုရင် နဂို Seat တွေကိုပဲသက်တမ်းတိုးရတာမို့အဆင်ပြေပေမယ့် Seat အသစ်လုပ်ဖို့တော့ ကျွန်တော်တို့ Photon Wave အနေနဲ့အနဲငယ်အခက်အခဲရှိလာနေပါတယ်။ Server အသစ်တွေလဲ မှာထားပါတယ်။ တစ်ရက်နှစ်ရက်အတွင်းရမှာပါ။ဒီတစ်နေ့လုံး Client ကြီးများကို သက်တမ်းကုန်ပြီး သက်တမ်းမတိုးဖြစ်တဲ့ Client များရဲ့ Seat ထဲမှ ခွဲပေးနေရပြီး ကုန်သွားလို့ဝန်ဆောင်မှုမပေးနိုင်လိုက်တဲ့ Client ကြီးများကိုလဲ Photon Wave အနေနဲ့ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ ဝန်ဆောင်မှုတကယ်ကိုပေးချင်ပေမယ့် Photon Wave Server တွေရဲ့ Performance နဲ့ ပိတ်ဆို့မှုများမှကင်းဝေးစေဖို့ ဝန်ဆောင်မှုပေးနိုင်တဲ့အတိုင်းအတာကို လုံးဝမကျော်လွန်စေဖို့ အရမ်းဂရုစိုက်ရတာမို့ပါခင်ဗျာ။ Client များလေ Photon Wave အတွက်ပိုကောင်းလေးဖြစ်ပေမယ့် ဘယ်လိုမှ မတတ်သာတဲ့အဆုံးမို့ ဝန်ဆောင်မှု မပေးနိုင်ခဲ့ရခြင်းအပေါ် Photon Wave မှ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ ရက်ပိုင်းအတွင်း ဝန်ဆောင်မှုပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားပါ့မယ်ခင်ဗျ။
Photon Wave Admin Team
11/03/2026
မင်မင်တို့ Photon Wave ကမည်သူ တစ်ဦးတစ်ယောက်ကိုမှ Block ထားခြင်းမရှိပါဘူးနော်။ အချို့ Client တွေကိုက စာပြန်လို့မရလို့ပါ။ အကယ်၍ Messenger မှာ ဆက်သွယ်လို့မရခဲ့ရင် Admin Telegram မှာလဲ ဆက်သွယ်လို့ရပါတယ်ခင်ဗျာ။
Photon Wave Admin Team
Server Maintenance Announcement
ကျွန်တော်များ Photon Wave Server များထဲမှ Server အမှတ် ၂ စက်ာပူ Server အား 10-3-2026 ရက်နေ့ 00:00 နာရီခန့်မှာ Server Maintenance (Minor Fix)ပြုလုပ်ရန်ရှိပါသဖြင့် အဆိုပါ Server အားအသုံးပြုလျက်ရှိသော Client များအနေဖြင့် ယာယီ ချိတ်ဆက်ရခက်ခဲခြင်းများကြုံတွေ့ရနိုင်ပါတယ်ခင်ဗျာ။ အချိန် ၅ မိနစ်ဝန်းကျင်ခန့် ကြာမြင့်နိုင်ပါတယ်ခင်ဗျာ။ အခြား Server အသုံးပြုသော Client များအပေါ်သက်ရောက်မှုမရှိပါခင်ဗျာ။
Photon Wave Admin Team
"စုံ" "မ" ခွဲတဲ့အထဲမှာ Photon Wave မပါဘူးနော်
"စုံ" ရက်ကော "မ" ရက်ကော Photon Wave က
သုံးလို့ရတယ် လိုင်းလဲကောင်းတယ် 🥴
ကျွန်တော်တို့ Photon Wave Client များကို အားနာစွာဖြင့်တောင်းဆိုအပ်ပါတယ်ခင်ဗျာ။ မိမိတို့ Photon Wave Technology ရပ်တည်လာခဲ့တာ နှစ်နှစ်ပြည့်ဖို့ ၂ လဝန်းကျင်သာ လိုပေမယ့် Page မှာ Good Or Bad Review တစ်ခုမှမရှိသေးတဲ့အပေါ် Photon Wave ရဲ့ Trust Level တစ်ခုကို ရရှိချင်တာမို့ အားနာစွာဖြင့် Review လေးများတောင်းဆိုပါရစေခင်ဗျာ။ ကောင်းသည်ဆိုးသည်ကို ချစ်လှစွာသော Client များစိတ်ထဲရှိသည့်အတိုင်း ပေးခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ Good Review လေးများမျှော်လင့်ပေမယ့် အကယ်၍များ Bad Review တစ်ခုခုများရရှိခဲ့ရင်လဲ အကောင်းဆုံးကြိုးစားပြင်ဆင်သွားပါ့မယ်ခင်ဗျာ။ Photon Wave အား အစဉ်အမြဲအားပေးလျက်ရှိသော Client တစ်ဦးတစ်ယောက်စီတိုင်းအား Photon Wave မိသားစုမှ လေးနက်စွာ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
Photon Wave Admin Team
https://www.facebook.com/profile.php?id=61563070658375&sk=reviews
Photon Wave Technology Photon Wave Technology : The Future of Secure, High-Speed Internet
မင်မင် Team ရဲ့ လက်ရှိမုဒ်
ဘီးကလေးကိုစီး အချစ်ကလေးကိုတင်ပြီး 🎤🎤
Click here to claim your Sponsored Listing.
Website
Address
Yangon
Opening Hours
| Monday | 09:00 - 23:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |