G Fatt Real Fan

G Fatt Real Fan

Share

All post saving page

13/02/2023

မေတ္တာတွေသာစစ်ပါစေ

27/11/2022

Breaking News
________
ခရစ်စတီယာနို ရော်နယ်ဒိုဟာ Instagram မှာ Follower သန်း ၅၀၀ ရှိတဲ့ ပထမဆုံး လူသားဖြစ်ခဲ့ပါပြီ

Congratulations CR7 ...

Photos from G Fatt Real Fan's post 09/11/2022

သားနာမည်က ဝေဖြိုးအောင်။ ဒါပေမဲ့ သားကို
ငပုတိုပဲခေါ်ကြတယ်။ သားက နာမည်ကြီးတယ်။
ပလုံးကောက်တဲ့ငပုတို ဆို ရပ်ကွက်အနီးအနားကလူတွေအကုန်သိကြတာ။

သားအသက်က ၉နှစ်။
ကျောင်းလား။ နေဖူးပါတယ်။ သားတို့ရပ်ကွက်က သားကို ကျောင်းအပ်ပေး ၊ ထမင်းချိုင့်ပါထည့်ပေးလို့ ကျောင်းတက်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက သားပျော်လိုက်တာ။ စာရေးစာဖတ် သူငယ်ချင်းတွေနဲ့ကစား... တအားပျော်တာ။

သားကျောင်းတက်တာ
သိပ်တော့မကြာလိုက်ပါဘူး။ အိမ်မှာပိုက်ဆံမရှိတော့ အဘွားက ကျောင်းမသွားခိုင်းတော့
အရင်လိုပဲ ပလုံးပြန်ကောက်ရရော။ သားစိတ်မကောင်းဘူး။ ဒါပေမဲ့ သားမှာ ညီလေး ညီမလေးတွေလည်းရှိသေးတော့ စိတ်ပါလက်ပါ ပလုံးကောက်ပါတယ်။

သားရတဲ့ပလုံးတွေကို ဒိုင်မှာသွားသွင်းတယ်။ ရတဲ့ပိုက်ဆံအိမ်ကိုအပ်တယ်။ အခုတလော သားတို့လို ပလုံးကောက်ကြတာတွေလည်း များလာတော့ နေရာစုံလျှောက်ရှာရတယ်။ ရေသန့်ဘူးအလွတ်သန့်သန့်တွေ၊ အရက်ပုလင်းသန့်သန့်တွေများဆို လုတောင်လုရတယ်။ သွားရင်းလာရင်း ပရဟိတအဖွဲ့တွေကျွေးမွေးနေတာနဲ့ကြုံရင် ပျော်ပျော်ပါးပါးစားတော့တာပဲ။
ဘုန်းကြီးကျောင်းမှာ ဟင်းကျန်ဆွမ်းကျန်တွေပိုလို့ပေးရင်လည်း အိမ်ကိုယူလာတယ်။ အလှူတွေဘာတွေရှိရင် သားလည်း အဝစား၊ အိမ်အတွက်လည်း သယ်လာတာပေါ့။

သားစိတ်ကူးထားတာရှိတယ်။
သား ဒီထက်နည်းနည်းကြီးလာရင် ပလုံးမကောက်တော့ဘူး။ လဖက်ရည်ဆိုင်တို့ ထမင်းဆိုင်တို့မှာ ဝင်လုပ်မယ်။ ညီလေးနဲ့ညီမလေးလည်း ကျောင်းတက်ရရင်ကောင်းမှာ။ သားလိုပလုံးမကောက်စေချင်ဘူးလေ။ တချို့လူကြီးတွေက သားတို့ကို သူခိုးထင်ကြတာတွေလည်းရှိတယ်။ ခွေးလိုက်ဆွဲလို့ပြေးရတာတွေလည်းရှိတာကိုး။

ဒါပေမဲ့.... ဒါပေမဲ့လေ အဲ့ဒီနေ့က သားညီလေးနဲ့ညီမလေးကိုရော၊ အဘွားကိုရော အကုန်လုံးကို အပြီးခွဲခဲ့ရတယ်။ အဲ့ဒီနေ့က
သားလမ်းဖြတ်ကူးလာတာ။ ပလုံးတွေ ဒိုင်မှာသွင်းပြီးအပြန် ပိုက်ဆံလေးတွေကိုဆုပ်ပြီး လမ်းဖြတ်ကူးလာတာပေါ့။ ခဏနေတော့
ဝုန်းဆို အသံကြီးကြားလိုက်တယ်။

ဟာ လုပ်ကြပါဦး
ဂတ်စ်အိုးတင်တဲ့ကားကြီးက ကလေးကို တိုက်ပြေးသွားပြီ

အရေးပေါ်ကားဖုန်းဆက်၊ အရေးပေါ်ကားခေါ်

မရတော့ပါဘူး၊ ဆီးခုံကိုဖြတ်ကြိတ်သွားတာ၊ ဒုက္ခပဲ

ဆိုတဲ့အသံတွေ သားဝေဝေဝါးဝါးကြားတယ်။ နာလိုက်တာဗျာ။ သားအသံတောင်မထွက်နိုင်တော့ပါဘူး။ သားပိုက်ဆံလေးတွေ လွင့်ကုန်ပြီလားမသိဘူး။ သားထထိုင်ဖို့ကြိုးစားတာမရဘူး။ နာတယ်။ တအားနာတာပဲသိတော့တယ်။

ဟင်...ရုတ်တရက်ကြီး မနာတော့ပါလား။ နေလို့ကောင်းသွားလိုက်တာ။ သားအိမ်ကိုပြန်ပြေးမှဖြစ်မယ်။ ဒီနေ့ ပလုံးကောက်လို့ရလာတဲ့ပိုက်ဆံလေးတွေပျောက်ကုန်တာ အဘွားသိရင် ငပုတိုဟာ အရာရာနဲ့အကြောင်းကြောင်းလို့ ဆူတော့မှာပဲ။

သားတို့အိမ်ရှေ့မှာ လူတွေအများကြီးရောက်နေကြတယ်။ စကားတွေပြောနေကြတာဆူညံနေတာပဲ။ ညီလေးနဲ့ညီမလေးက ကစားနေကြတယ်။ သားဆီလည်းပြေးမလာကြဘူး။ မမြင်ကြဘူးထင်ပါရဲ့။
တချို့အန်တီကြီးတွေကတော့ ငပုတိုသနားပါတယ်လို့ ပြောနေကြတယ်။ သားပိုက်ဆံတွေပျောက်သွားလို့သနားကြတာလားမသိဘူး။

ဟာ...ဟိုမှာ ဟိုမှာ သယ်လာတာ သားနဲ့တစ်ပုံစံတည်းတူတဲ့ကောင်လေးပါလား။ သူ့မှာသွေးတွေနဲ့ ။ လူတွေကလည်း ဝိုင်းကြည့်နေကြတယ်။
မဟုတ်ဘူး ။ မဟုတ်ဘူး။ သားနဲ့တူတဲ့ကောင်လေးမဟုတ်ဘဲ သားကိုယ်တိုင်ပါပဲ။

ဟုတ်တာပေါ့။ သားကို ဂတ်စ်အိုးတင်တဲ့ကားကြီး တိုက်ချသွားတာပဲ။ သားအသက်မှမရှိတော့တာ။
သားရဲ့နောက်ဆုံးခရီးတဲ့။ ဦးဦးတချို့က စိတ်မကောင်းဖြစ်နေကြတယ်။ သားနာရေးမှာ ဓာတ်ပုံထောင်ဖို့တောင်းတော့ အိမ်ကလူတွေဆီမှာ သားဓာတ်ပုံတစ်ပုံမှမရှိကြပါဘူး။ သားရဲ့သက်မဲ့ခန္ဓာကိုယ်ကိုပဲ ဓာတ်ပုံရိုက်ပြီး ထောင်ထားလိုက်ကြတယ်။

သားတစ်ခုတော့ဝမ်းသာတယ်။ သားခန္ဓာကိုယ်ပေါ်မှာ အပြာရောင်စပန့်သားဝတ်စုံအသစ်လေးတင်ပေးထားတယ်။ သားအရင်က အဲ့လိုလေးတွေ ဝတ်ကြည့်ချင်ခဲ့ဖူးတာ အခုဝတ်ရပြီ။ ခေါင်းအုံးကလည်း မဲတူးနေတဲ့ခေါင်းအုံးမဟုတ်တော့ဘူး။ အသစ်ကလေး ။

တဖြည်းဖြည်းနဲ့ သားအတွက်အချိန်ရောက်လာပြီ။
သားအတွက် ဘယ်သူတွေငိုနေကြလဲ သားလိုက်မကြည့်နေတော့ပါဘူး။ ရှုပ်ထွေးကြပ်သိပ်နေတဲ့ အိမ်လေးမှာလည်း သားနေလို့မရတော့ဘူးလေါ
အဘွားတို့ ညီလေးနဲ့ညီမလေးကို ပလုံးကောက်ခိုင်းဦးမှာလား။ လမ်းဖြတ်ကူးရင် အန္တရယ်များတယ်လို့ သတိပေးလိုက်ဦးနော် လို့ သားပြောနေတာကိုလည်း မကြားကြပါဘူး။

သားထွက်လာခဲ့ပါပြီ။ ညီလေးနဲ့ညီမလေး၊ သား ပုလုံးကောက်တဲ့အိတ်လေး၊ သားသူငယ်ချင်းတွေ အကုန်လုံးကို ထားခဲ့ရတော့မှာဆိုပေမဲ့ တအားကြီး ဝမ်းမနည်းနေသလိုပါပဲ။

လူ့ဘဝကရခဲတယ်တဲ့။ တချို့လူကြီးတွေပြောတာသားကြားဖူးတယ်။ ရခဲတာလည်း ကောင်းတယ်လို့သားထင်ပါတယ်။ သားလူ့ဘဝမှာကိုးနှစ်ပဲနေခဲ့ရတာတောင် ထပ်မနေချင်တော့ဘူး။ သားနောင်ဘဝက ဘယ်မှာလဲမသိပေမဲ့ အဲ့ဒီကိုပဲသွားပါတော့မယ်။

သားလေ
နောက်ဘဝမှာ
တကယ်ပဲ
ပျော်ချင်ပါတယ်။
........................................
လူ့ဘဝကရခဲသည်တဲ့။ မှန်ပါသည်။
သို့သော် ရခဲလှသည့်လူ့ဘဝကို ငရဲဘုံဟုထင်သွားကြပြီး လူ့ဘဝကိုမခုံမင်နိုင်တော့သော
ကလေးငယ်များစွာရှိသည်။ ထိုသို့သောဘဝများ အတွက် အဖြေကားမရှိ။ ကံစီမံရာဟုသာ ဇွတ်အတင်းပုံချနေကြရသည်။

လွန်ခဲ့သောရက်ပိုင်းတွင် သာကေတရှုခင်းသာပတ်လမ်း၌ ကားတိုက်၍ ကွယ်လွန်သွားသော မောင်ဝေဖြိုးအောင် အသက်၉နှစ် အကြောင်းကို
ဇာတ်ကြောင်း
အနည်းငယ်ပြင်ဆင်ရေးဖွဲ့ထားပါသည်။
ဓာတ်ပုံပိုင်ရှင် အစ်ကိုသီဟသူ Thiha Thu ကို ကျေးဇူးအထူးတင်ပါသည်။

သားငယ်ဝေဖြိုးအောင် အေးငြိမ်းရာအရပ်သို့ရောက်ရှိပါစေ။
Myat Mon Phyo #ဘဝရဲ့ခရီးသည်
3.11.2022

04/08/2022

အရေးကြီးတာက ရပ်ပြီး မနေဖို့ပဲ။




ချစ်ခြင်းအားဖြင့်
ပြေခိုင်

Credit:imagine_values

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon