Swan & Signal
Cartomancy ၊ Oracle & Intuitive Guidence.
27/09/2025
လမ်းပျောက်နေရင် ဘာလုပ်မလဲ။ Discussion
comment မှာ ကိုယ့်အထင်အမြင်တွေ လွတ်လွတ်လပ်လပ် ဝင်ပြီးရေးပါ။ ကျတော့်ရဲ့အတွေးအမြင်တွေကတော့ နောက်မှ သက်သက်တင်ဖို့ရှိပါတယ်။
အခုကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးကို သိချင်တာမလို့ ဘယ်သူမဆို ဝင်ရေးသွားလို့ရပါတယ်။
26/09/2025
ကိုယ့်မသိစိတ်က အလိုလို လျစ်လျူရှုနေမိတဲ့အရာ ဘာဖြစ်မလဲ။ Pick a pile reading.
11/09/2025
Your next love...♥🌌 Pick a pile.
မကြာခင်ရလာမယ့် အချစ်သစ်။ ( နှစ်သက်ရာတခုရွေးပါ )
10/09/2025
♦ Your Guidence for 11.09.2025♦
- သတိတရားကို လက်ကိုင်ထားသင့်သောရက်ဖြစ်ပါတယ်။ မိမိပြုလုပ်မည့်ကိစ္စများကို သတိဖြင့် ကိုင်တွယ်ပါ။ သတိလွတ်ပါက မိမိအတွက် ဆုံးရှုံးစရာများ ဖြစ်ပေါ်နိုင်သည်။
- ချစ်သူ / အိမ်ထောင်ဖက်ပေါ် သစ္စာမရှိသူများ ပြဿနာတက်နိုင်သည်။ ဆင်ခြင်ပါ။ အရှက်ကွဲတတ်ပါသည်။
- အလုပ်ပြောင်းချင်တဲ့သူတွေ အလောမကြီးသင့်တဲ့နေ့ ဖြစ်ပါတယ်။ မျောက်သစ်ကိုင်းလွတ်ဖြစ်တတ်ပါတယ်။
- ပညာရေး ပိုပြီး အားစိုက်ဖို့ လိုပါတယ်။ အာရုံများပြီး မလိုအပ်ပဲ လွဲချော်မှုတွေဖြစ်တတ်ပါတယ်။
- ကုသိုလ်ကောင်းမှုပြုပါ။ ဘုရားဖူးခရီးတို ထွက်နိုင်လျှင် ပိုကောင်းပါတယ် ( အနီးအနား ဘုရားရှိလည်း သွားပြီး ကုသိုလ်ကောင်းမှုပြုပါ )
အဓိဌာန် ဒီနေ့မှပြီးလို့ ပေါ့ပေါ့ပါးပါးလေးနေနေတာပါနော်။ မနက်ဖြန်မှ pick a pile တွေ Collective reading တွေ အဟောတွေ ပုံမှန်အတိုင်းပြန်လုပ်ပေးသွားပါမယ်။
08/09/2025
ပြောပါတယ် air signတွေ အာသိပ်မချောင်ပါနဲ့ဆို။ လက်ရဲဇက်ရဲ fire signsတွေနဲ့ တွေ့တော့ပါသွားပြီ ဘာတတ်နိုင်သေးလည်း။ 😆😆😆
08/09/2025
Manifest ( ဆုတောင်း ) အမြန် ပြည့်ဖို့ ဘာတွေလိုလည်း။ ✨✨
🌌 Universe ( စကြာဝဠာ )ဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးမှာပါ။ Universe ဆီကနေ ကိုယ်လိုချင်တဲ့အရာတွေ manifest လုပ်ကြတယ်။ အောင်မြင်တဲ့သူတွေရှိသလို မအောင်မြင်တဲ့သူတွေလည်းရှိတယ်။ အများအားဖြင့် လိုတာမရ ရတာမလို ဖြစ်တဲ့သူတွေများတယ်ပေါ့။
Universe ဆီ manifest ဖို့ ဘာတွေလိုလည်းမေးရင် ဘာမှမလိုပါဘူး။ စာရွက်တရွက် ဘောပင်တခု ရှိရုံနဲ့ရတယ်။ ကိုယ်လိုချင်တဲ့အရာကို ချရေးပေါ့။ တိတိကျကျရေးနိုင်လေ ကောင်းလေပဲ။
ဥပမာ ။ ။ ကိုယ်က phone လိုချင်တယ်ဆိုပါစို့။ I phone 16 ပဲထားပါတော့။
" I phone 16 လိုချင်ပါတယ် " လို့ ရေးမယ့်အစား
" ပုံလှလှလေးတွေရိုက်ချင်လို့ တယောက်ယောက်က ငါ့ကို I phone 16 လေး ခုကနေစပြီး တပတ်အတွင်း လက်ဆောင်ပေးရင်ကောင်းမှာပဲ " ကိုယ်လိုချင်တာလေးအဲ့လိုမျိုးသေချာရေးပေါ့နော်။
အနည်းဆုံး ၁၀ရွက်လောက်ရေး။ စာရွက်ကြီးကြီးပေါ်မှာ စာလုံးကြီးကြီးရေးနော်။
ပြီးရင် တရွက်ကို အိမ်ခေါင်မိုးပေါ်ကိုတက် universe မြင်အောင် အာ့စာရွက်ကို တိတ်နဲ့ပြန့်နေအောင်ကပ်ထား။
တရွက်ကို အိမ်ရှေ့တံခါးပေါက်မှာ တိတ်နဲ့သေချာကပ်။
တရွက်ကို ဓာတ်ပုံရိုက်ပြီး story တင်။
တရွက်ကို ကိုယ့်ချစ်ချစ်ဆီပို့။ ချစ်ချစ် ၂ ယောက်ရှိ ၂ ရွက်ပို့။
ကျန်တာကို ကိုယ့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဆီ လက်ဆင့်ကမ်း။ မသိမသာလေး ထည့်ပေးလိုက်နော်။ တိုက်ရိုက်သွားမပေးနဲ့။
တပတ်အတွင်းမရလာရင် ထပ်ရေးပါ။ လူပြောင်းပို့ပါ။ မရသေးရင် လူရွေးမမှန်သေးလို့ပါ။ မရမချင်းပို့ပါ။
အားလုံးပဲ manifest တွေ မြန်မြန်ပြည့်ကြပါစေနော်။
08/09/2025
အကောင်လေးရမှာလားဟင်ဒါက tiktok ကဖောက်လို့ရတယ်ပြောလို့
ရတယ်ဆို လိုချင်လို့ 🤧
Let’s hatch a Streak Pet on TikTok! Swan & Signal invited you to hatch a Streak Pet on TikTok!
08/09/2025
energy boost ဖြစ်အောင် မမရင်ခွင်မှာ ထိုင်ဟောချင်တယ် 😣😣😣
07/09/2025
အိပ်ရာထတော့ အမှတ်တမဲ့ကြည့်လိုက်တာ 6:25ဆိုတော့ ဟား ငါစောစောထတယ်ပေါ့ ထမင်းစားဖို့ အပေါ်တက်လာတော့မှ မိုးချုပ်လို့ လတောင်ထွက်နေပြီ။ 🙂
Btw Captured this moment for memories. The moon's so damn gorgeous!
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |