Treasure - English
Let's learn English...
09/08/2019
" ဘဝ မှာ အခက်အခဲ အကြပ်အတည်းနဲ့ ကြုံ တွေ့ လာ ခဲ့ ရ တဲ့ အခါ “
.............................
တချို့ဆိုရင်......
ဆောက်တည်ရာမရဖြစ်ကြတယ် ။
တချို့ဆိုရင်......
အတွေးလွန်ပြီး စိတ်အာရုံပျံ့လွင့်ကြတယ် ။
အဲ့...တချို့ကျပြန်တော့...
စိတ်ကို Relax လုပ်ထားပြီး ၊ ပြဿနာကို အာရုံစူးစည်းမှုအားကောင်းကောင်း နဲ့ တည်တည်ငြိမ်ငြိမ်ဖြေရှင်းတတ်ကြပါတယ် ။
ဒါကိုတော့ ကျွန်မတို့တတွေ ကြားကြားနေတဲ့ Focus လို့ခေါ်ပါတယ် ။ တနည်း Consideration ပေါ့ ။ အဲ့လိုဖြစ်အောင် ဆိုရင် ကျွန်မတို့ဟာ စိတ်ကို အရင်ဆုံး Calm Down ဖြစ်အောင်လုပ်ဖို့် လိုမယ်။
Relax လုပ်နည်း အမျိုးမျိုးရှိပါတယ်။ အစားတွေပဲလှိမ့်စားနေရင်း ကိုယ့်ရဲ့အာရုံကို အဲ့ထဲသွင်းပစ်တာ ၊ အရက်တွေပဲသောက်ပြီး မူးလာတဲ့အခါ စိတ်တွေလွင့်မျောရတာကို ကြိုက်ကြတာ ၊ အနုပညာအလုပ်တွေလုပ်ပြီး အနုပညာဈာန်ဝင်တာ စသဖြင့် လူတွေဟာ သူတို့ရဲ့ စိတ်တွေကို တစ်ခုခုမှာ နစ်မြုပ်စေခြင်းအားဖြင့် စိတ်ရောကိုယ်ပါ Relax လုပ်တတ်ကြပါတယ် ။
တစ်ခုခုမှာ နစ်မြုပ်နေတဲ့အခါ လူ့စိတ်က အတွေးနှစ်မျိုးကို တစ်ပြိုင်တည်းမတွေးနိုင်တဲ့အတွက် မကောင်းတဲ့အတွေးတွေ ၊ ပြဿနာတွေ ကို မေ့သွားမယ် ။ ဒီလိုအားဖြင့် လူတွေဟာ Relax လုပ်ကြတာပါ။
ဒါပေမယ့် အရေးကြီးဆုံးကတော့
မကောင်းတဲ့အရာတွေမှာ နစ်မြုပ်ခြင်းထက် ကောင်းတဲ့အရာ၊ ကောင်းတဲ့အတွေးတစ်ခုထဲမှာ နစ်မြုပ်တာဟာ
"ပြဿနာ”ထဲက "အခွင့်အလမ်း"ဆိုတာကို ဆွဲထုတ်နိုင်ဖို့အတွက် အကောင်းဆုံး သော့ချက်တစ်ခုလည်းဖြစ်ပါတယ်။
အတွေးကောင်းတွေထဲမှာ ဘယ်လိုနစ်မျောမလဲ???
သိပ်မခက်ဘူးရယ်….
အရိပ်ကောင်းကောင်း ၊ လူသူကင်းရှင်း တိတ်ဆိတ်တဲ့နေရာတစ်ခုကို စာအုပ်တစ်အုပ်ကိုင်ပြီး သွားလိုက်ပါ ။ ပြီးရင် အရာအာလုံးကို ခဏမေ့၊ အဲ့စာအုပ်ကို ဖတ်ပြီး ကမ္ဘာတစ်ခုထဲမှာ မျောနေလိုက်ပါ။ စာအုပ်ဆိုတဲ့နေရာမှာ ဘယ်စာအုပ်မဆိုရတယ်နော် ။ ဖတ်နေရင်း အိပ်ပျော်သွားလဲ ဘာအရေးလဲ အိပ် ပစ် ပ လိုက် ။ လူကြီးမင်း က Relax လုပ်နေတယ်ဆိုတာကို လည်း သတိရပါစေ ။ Relax လည်းလုပ်ပြီးသားဖြစ် ၊ ကိုယ်လည်း ဗဟုသုတရ ၊ Focus တွေကောင်းလာ....။
ကဲ ဟန်မကျ ဘူးလားကိုယ့်ဆရာ
ဟန်ကျဆို အဲ့လို လုပ်ဖို့အတွက်ကို အားပေးတဲ့အနေနဲ့ နိုင်ငံတကာမှာ သြဂုတ်လ ၉ရက်နေ့ကို "စာအုပ်ချစ်သူများနေ့"လို့သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင့်။
ဒီနေ့ သြဂုတ်လ(၉)ရက်ဟာ စာအုပ်ချစ်သူများနေ့ပါ။
(စာအုပ်ချစ်သူများနေ့နဲ့ ပတ်သက်ပြီး အပြည့်အစုံကို ဖတ်ရှုချင်ရင်တော့
Book Lovers Day လို့သာ Google it လိုက်ပါ )
စာအုပ်ချစ်သူတွေနေ့အထိမ်းအမှတ်အနေနဲ့ စာဖတ်ခြင်းရဲ့ ကောင်းကျိုးတစ်ခုစီလောက် ပြောပြပေးခဲ့ပါလား။
ဗဟုသုတ မျှဝေကြတာပေါ့….။
🏆🏆🏆 One of our stories
✨✨✨ Unique Star Team
ဆယ်တန်း အောင်စာရင်းတွေလည်း ထွက်လာတော့မယ်နော် ချစ်ဆွေတို့😃😃😃
🌟အသက်မွေးဝမ်းကြောင်းနှင့် ဝိဇ္ဇာသိပ္ပံ
တက္ကသိုလ် တက်ရောက်တော့မည့်သူတွေ
အဝေးသင်တက်ရင်း တစ်ဖက်တစ်လမ်းက အလုပ်လုပ်မယ့်သူတွေ
အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး Freelancerအဖြစ် အသက်မွေးဝမ်းကျောင်းပြုချင်သူတွေ
အရပ်ဖက်အဖွဲ့အစည်း (INGO, NGO, CSO....)တွေမှာ Volunteer လုပ်ရင်း မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို ထိထိရောက်ရောက် အကျိုးပြုချင်သူတွေ...........................................................................................................................................
စတဲ့ စတဲ့
ရည်မှန်းချက်အပြည့်နဲ့ တက်သစ်စ လူငယ်လေးတွေလည်း မကြာခင် ပေါ်ထွက်လာတော့မှာဆိုတော့ မင်မင်က လမ်းညွှန်တဲ့အနေနဲ့ တစ်ခု ပြောပါရစေနော်...။
Dayပဲတက်တက်
အဝေးသင်ပဲ တက်တက်
ဆယ်တန်းအောင်ပြီးလို့ဖြစ်ဖြစ်၊ လုပ်ငန်းခွင်တစ်ခုခုမှာ ဝင်ရောက်လုပ်ကိုင်လို့ပဲ ဖြစ်ဖြစ် မိမိအချိန်ကို အကျိုးရှိရှိ ကုန်ဆုံးလိုသူများ
ဘယ်လိုလမ်းကြောင်းပဲ လျှောက်လျှောက်
ဘယ်လိုရည်မှန်းချက်ကိုပဲ အကောင်အထည် ဖော်ဖော်
ဘယ်လိုအလုပ်အကိုင်မျိုးဖြစ်ဖြစ်
အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ Skill တစ်ခုကတော့ `ဘာသာစကား´ ပါပဲ။
`ဘာသာစကား´ထဲကမှ English ဘာသာစကားကို ပထမခြေလှမ်းအနေနဲ့ ရွေးချယ်ပြီး စတင်သင့်ပါတယ်။
ဘာလို့လဲ?
-အင်္ဂလိပ်စာဟာ ကျွန်တော်တို့အားလုံးအတွက် အစိမ်းသက်သက်မဟုတ်ဘဲ ရင်းနှီးနေတာကြောင့် လေ့လာရသိပ်မခက်ခဲတော့လို့ပါ။
-ကမ္ဘာ့အသုံးအများဆုံး ဘာသာစကားထဲက တစ်ခု၊ လုပ်ငန်းခွင်မှာ အသုံးအဝင်ဆုံးဘာသာစကားတစ်ခု၊ ပညာရေးနယ်ပယ်မှာ အသုံးအချဆုံး ဘာသာစကားတစ်ခု ဖြစ်နေတာကြောင့်ပါ။
-ဘာသာစကားဆိုတဲ့ သဘောသဘာဝကိုက တစ်ခုလေ့လာပြီး အခြားတစ်ခုကို လေ့လာရလည်း သိပ်ကို လွယ်ကူတယ်လေ။
အားလုံးအတွက် ဝမ်းသာစရာ သတင်းလေး လာပြီနော်။
ရည်မှန်းချက်ကြီးမားပြီး အင်္ဂလိပ်စာကို လေ့လာလိုတဲ့ လူငယ်လူရွယ်တိုင်းအတွက် အင်္ဂလိပ်စာကို စာမဆန်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ထိရောက်စွာ တတ်မြောက်အောင် သင်ကြားပေးနေတဲ့ သင်တန်းတစ်ခု ရှိပါတယ်။ အင်္ဂလိပ်စာကို ပေါ့ပေါ့ပါးပါးနဲ့ ကိုယ် လိုချင်တဲ့အတိုင်းအတာတစ်ခုအထိ တက်ရောက်သင်ယူပြီး ဘဝရဲ့နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ကျွန်တော်တို့ Unique Starကို ဆက်သွယ်လိုက်ပါ။
✨English Speaking Class
Time - Sat/Sun 5:00-6:30 pm
Duration - 38 hours
Fee - 50000 Ks (စာရွက်စာတမ်းအပါအဝင်)
✨English Reading and Writing Class
Time - Sat/Sun 3:00-4:30 pm
Duration - 38 hours
Fee - 50000 Ks (စာရွက်စာတမ်းအပါအဝင်)
📱 09 400 150 677, 09 400 150 688
🏠 အမှတ်(၅၄၆)၊ တိုက်ခန်း (ပ) ထပ်၊ စံပယ် (၂)လမ်း၊
၆ကွေ့မှတ်တိုင်အနီး၊ မြောက်ဥက္ကလာမြို့နယ်။
👍သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ လူငယ်တွေ ကြုံတွေ့နေရတဲ့ အင်္ဂလိပ်ဘာသာစကား အခက်အခဲတွေကို နည်းစနစ်ကောင်းကောင်းနဲ့ ထိထိရောက်ရောက် ကူညီဖြေရှင်းပေးဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11031
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |