Mobile Guide Journal

Mobile Guide Journal

Share

Whatever you want to know about mobile phones, Mobile Guide Journal is just around you.

06/06/2026

အာရှ ရဲ့ ဒုတိယ အချမ်းသာဆုံးသူ ဖြစ်လာတဲ့ TikTok တည်ထောင်သူ

ByteDance co-founder ဖြစ်သူ Zhang Yiming ဟာ အာရှ တိုက်မှာ ဒုတိယ အချမ်းသာဆုံးသူဖြစ်လာကာ တ- ရုတ် နိုင်ငံမှာ တော့ အချမ်းသာဆုံး သူအဖြစ် မှတ်တမ်း ဝင်ထားပါပြီ။ ByteDance ရဲ့ video app TikTok ဟာ လစဉ်တိုင်းမှာ သုံးစွဲသူတွေ ပိုတိုးလာနေကာ အခုဆိုရင် သူ့ရဲ့ ပိုင်ဆိုင်မှုက US$92.8 billion အထိ ဖြစ်လာပါပြီ။ အာရှ တိုက်ရဲ့ အချမ်းသာဆုံး ပထမ နဲ့ တတိယ နှစ်ယောက်ကတော့ အိန္ဒိယ က ဖြစ်ကာ သူတို့တွေဟာ တခြား စီးပွားရေး နယ်ပယ်က ဖြစ်ပါတယ်။အာရှ တိုက်မှာ လက်ရှိ အနေအထားအရ နည်းပညာလုပ်ငန်း နဲ့ ပတ်သက်လို့ အချမ်းသာဆုံး ဖြစ်လာတဲ့ သူက Zhang Yiming ပဲ ရှိပါသေးတယ်။

04/06/2026

Facebook ကို တရားစွဲမယ့် ထိုင်းစားသုံးသူများကောင်စီ

Facebook အသုံးပြုသူများကို လိမ်လည်နေတဲ့ ကြော်ငြာတွေ l အွန်လိုင်းပေါ်က ပစ္စည်းအတုအပ ရောင်းချနေမှုတွေနဲ့ တခြားနစ်နာအောင်လုပ်နေတဲ့ အကောင့်တွေ စာမျက်နှာတွေကို Meta အနေနဲ့ ထိရောက်အောင်မကာကွယ်ပေးလို့ ထိုင်းစားသုံးသူများကောင်စီက Facebook နဲ့ ပတ်သက်လို့ တရားစွဲဖို့ ပြင်ဆင်နေပါပြီ။ Meta ကို ထိုင်းဘက်က တရားစွဲတာဟာ အခုအကြိမ်က ပထမဆုံး ဖြစ်ပါတယ်။ ထိုင်းမှာ Facebook သုံးသူ 51 သန်း ဝန်းကျင်ရှိပါတယ်။ Facebook နဲ့ ပတ်သက်လို့ ကောင်စီ ဆီကို တိုင်ကြားတဲ့ အမှုအရေအတွက်ဟာ 2024 ခုနှစ် ကနေ 2026 ခုနှစ်အတွင်းမှာ 3800 ဝန်းကျင်ရှိပါတယ်။ လာမယ့် ၈ ရက်နေ့မှာ အမှုကိစ္စ ကို စတင်မှာ ဖြစ်ပါတယ်။

Photos from Mobile Guide Journal's post 02/06/2026

လောင်စာ တစ်လီတာ နဲ့ 911 km အကွာအဝေးကို မောင်းနိုင်မယ့် မော်တော်ယာဉ်

အမေရိကန် Brigham Young တက္ကသိုလ်က ကျောင်းသားတွေ တီထွင်ထားတဲ့ အဲဒီ ယာဉ်ဟာ 49 kg အလေးချိန်ပဲ ရှိကာ လောင်စာ တစ်လီတာကို 911 km အကွာအဝေးလောက်အထိ မောင်းနိုင်ပါမယ်။ တစ်ယောက်တည်း စီးလို့ရမယ့် ယာဉ် ဖြစ်ကာ carbon fiber နဲ့ အဓိက တည်ဆောက်ထားပါတယ်။ အမြန်ဆုံး မောင်းနိုင်မယ့် နှုန်းကတော့ 37 km/h ဖြစ်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon